“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ……. ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး…….. ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး  ဘုန်း” နောက်တော့ဆရာကျားဟာသေတ္တာထဲကမြွေတွေကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ပြနေပါတယ်။ မြွေအမျိုးအစားလည်းစုံပါတယ်။ စပါးကြီး စပါးအုံး၊ လိုအကောင်ကြီးကြီးမြွေအပြင် မြက်လျှောလို၊မြွေစိမ်းမီးခြောက်လိုအကောင်သေးလေးတွေလည်းပါ ပါတယ်။ မြွေတစ်ကောင်ချင်းရဲ့အမည်တွေနဲ့ ဘယ်ကဖမ်းခဲ့တယ်ဆိုတာကိုလည်းဖြီးဖျန်းပြီးပြောပါသေးတယ်။ သူ့ရဲ့ အသံပြဲကြီး  အဲလေ…အောင်မြင်ခန့်ညားတဲ့အသံကြောင့် လူတွေဟာလည်းများသထက် များလာပါတယ်။ “ဟော ဒါကတော့ခလောက်မြွေပါ….သူ့အမြီးကို ခါလိုက်ရင် ခလောက်လိုအသံမြည်ပါတယ်။ သူ့ရဲ့အစာကို အသံနဲ့ မျှားခေါ်ပြီး အနားရောက်လာမှ အသာလေး ဖမ်းစားတတ်တဲ့အကောင်ပါ..”(အထင်) “ဒါကတော့ရေထဲမှာ အနေများတဲ့အကောင် ပါ။ ဂျပ်လုံးလို့ခေါ်ပါတယ်……..ဒီကောင်ကိုက်ရင် အရမ်း အိပ်ချင်လာပါတယ်…….ကိုက်ကိုက်ခြင်းမအိပ်မိအောင်သတိထားရပါတယ်………အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ) “ဂျပ်မြွေမှာ နှစ်မျိုးရှိပါတယ် ….ဂျပ်လုံးရှိသလို ဂျပ်ပြားလည်းရှိပါတယ်….ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့) ဆရာကျားလည်းမြွေတွေကိုပြပြီးတဆက်တည်းမှာပဲ “ကဲကဲ ပရိတ်သတ်ကြီးကို ကျနော် ခုနက […]


ကြောင်လေးတစ်ယောက် ရှေ့အလားအလာဘာဖြစ်လာမယ်ကိုတာကိုတွေးရင်း အတော်လေး ခေါင်းစားနေပါတယ်။ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရပါ့ဆိုတာကို အမြဲတွေးနေရတာပေါ့။ ညအိပ်ယာဝင်ရင်ခေါင်းထဲမှာ အစီအစဉ်တွေချ စဉ်းစားရင်းအိပ်ပျော်သွားတဲ့ကြောင်လေး အိပ်မက် မက်ပါတော့တယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” “တွီ…တွီ…..” “တီတီ…” “ဒုံး… ချွမ်း…”   မြို့လယ် ဈေးအနီးက လမ်းဘေးမြေကွက်လပ်ခပ်ကျယ်ကျယ်တစ်နေရာမှာကျနော်ဟာ လက်တစ်ဖက်က ဘင်ကြီးကို တဒုံးဒုံး ထုရင်း တဖက်က ယကွင်းကို တချွမ်းချွမ်း တီးကာ ဆရာကျားကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာကျားဟာ ပလိုင်းထဲကမြွေတစ်ကောင် ဆွဲထုတ်လိုက် ပြီး ဗူးသီးခြောက်ပုလွေကို တတွီတွီမှုတ်လိုက် မြွေကို ပါးပြင်းထောင်အောင် ပုလွေနဲ့ ကလော်လိုက်ပါတယ်။ “ဒုံး… ချွမ်း…” “ဒုံး……  ချွမ်း…..” ကျနော်လည်းကိုယ်အလုပ်ကိုဆက်လုပ်ရင်းရှေ့ကိုကြည့်လိုက်တော့ လူ လေးငါးခြောက်ယောက် လောက် ရောက်လာနေပါပြီ။ “တွီ…တွီ…..တီတီ…” ဆရာကျားကတော့ […]