maungko uOctober 14, 20151min1710
လူများအုပ်စုအကြိမ်ဖက်ခြင်းတစ်နေ့ထက်တစ်နေ့တိုးများတယ်။ နေရာမရွေး၊အချိန်မရွေးသူတို့ကကျွန်တော်တို့ကိုဆူပူနှောင့်ယှက် ပြီးရိုက်နှက်တယ်။ဒီလိုအခြေအနေအပေါ်တွင်ကျွန်တော်တို့ရွေး ချယ်နှစ်ခုရင်ဆိုင်နေတယ်။သွားတဲ့နေရာရှိရင်ကိုယ့်ဇာတိခွဲ ခါွပြီးသွားတဲ့နေရာမရှိရင်ကြောက်ရွံ့ဘဝနေထိုင်ဖြစ်ဖြစ်သူတို့ို ကိုဆည်းတပ်ဖြစ်ဖြစ်ထိခိုက်မခံရန်ကာကွယ်နိုင်တယ်။ဒီလိုဆိုရင် နေရာတရပ်ရပ်ကိုနယ်မြေတိုးချဲ့ဖြစ်စဉ်ခြင်းပြီးမြောက်အောင် နီးလာပြီ။ဟိုဟာတံဆိပ်ဆိုတာသူတို့(ကုလား)ဟာဟိုနေရာလူ တွေအရေအတွက်အနည်းငယ်ရှိတယ်နို့မဟုတ်အများကြီးရှိတ ယ်(တိုင်းရင်းသားလူမျိုးစုတွင်အကြီးဆုံးတိုင်းရင်းသားအုပ်စုဖြစ် ပါတယ်)အဲဒီအချန်တွင်သူတို့လွှတ်လပ်ရေးတိုက်တွန်းရမယ်၊ကွဲ ပြဲမှုတိုက်တွန်ရမယ်။သူတို့အုပ်စုတွင်နူးညံ့ဂိုဏ်း၎င်း(နှလုံးရည် )ရယ်ဒီကယ်ဂိုဏ်း၎င်း(လက်ရုံးရည်)ပြစ်မှုကျူးးလွန်ဂိုဏ်းလဲရှိ တယ်။စစ်ပွဲစတင်ရင်နူးညံ့ဂိုဏ်းဟာငြင်းချမ်းရေးဝါဒဖြန့်ကြတယ် ။စစ်ပွဲရပ်စဲရင်ရယ်ဒီကယ်ဂိုဏ်းဟာငြိမ်ဝပ်ပိပြားကိုနှောင့်ယှက် တယ်။(အားလုံးဟာကြည့်ကြည့်ယူဆချက်ကိုရေးပေးပါ။ကျေးဇူး အများကြီးပါ)      

myanmar-democracy-cartoon.png

SnowyMay 26, 20111min18610
တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊ 1959 ခုနှစ်လောက်က ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်းအဆောက်အဦးကြီးထဲကို ဝင်ပြီး တအံ့တဩဖြစ်ခဲ့ရပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး …… အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည်ကို မှီဖို့ နောက်ထပ် နှစ်(၅၀)လောက် ကြိုးစားရမယ်”လို့ ပြောသွားခဲ့ဘူးပါတယ်၊ မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအပ်ဗဒူရာမန်း  လည်း မြန်မာပြည်ကို လာပြီးလေ့လာခဲ့တယ်၊ အပြန်ကျတော့ ဖဆပလတိုက်ခန်းပုံစံတွေ ယူပြီး ဆောက်တယ်၊ […]


POLMay 18, 20111min21412
မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။ မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။ သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း […]


သူများတွေက စာလေးတစ်ကြောင်းနှစ်ကြောင်းရေးပြီး ပို့စ်လုပ်နေကြလို့ ကျွန်တော်လည်း အားကျမခံ ပို့စ်တစ်ပုဒ်တင်ပါတယ်ဗျို့။ ကျွန်တော့်စိတ်ထဲမှာ ပြဿနာတက်နေတဲ့ ပုစာ္ဆတစ်ပုဒ်ကတော့ – အနုပညာဟာ နိုင်ငံရေးကို လွှမ်းမိုးသလား။ နိုင်ငံရေးက အနုပညာကို လွှမ်းမိုးသလား။ အနုပညာကို အတော်အတန်လွတ်လပ်ခွင့်ပေးတာဟာ နိုင်ငံရေးကို လွတ်လပ်ခွင့်ပေးတဲ့ သဘောကိုဆောင်သလား။ ဥပမာ တစ်ခုကိုပြောမယ်ဗျာ။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဟာ တိုင်းသူပြည်သားတွေကို သီချင်းနားမထောင်ရ၊ အမျိုးသမီးများ အလှမပြင်ရ၊ စာအုပ်စာပေ မဖတ်ရ၊ စသဖြင့် တင်းကျပ်ခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ အနုပညာလက်ရာတွေ စာကြည့်တိုက်တွေ အလုံးစုံကိုဖျက်ဆီးခဲ့တာပါ။ ဂီတပညာရှင်တွေကို သတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာဟာ ပုန်းလျှိုးကွယ်လျှိုးရှင်သန်ခဲ့တယ်။ အဲဒါလေးကို တွေးမိလို့ပါ။ ဒီမေးခွန်းဟာ ချာတူးများလန်နေရော့သလား။ ဘာပဲဖြစ်ဖြစ် သိချင်ပါတယ်။ ဝိုင်းဝန်းစဉ်းစားပေးကြပါဗျာတို့။ ကျေးဇူးတင်ပါသည်။


ကျွန်တော်တို့ လမ်းထဲမှာ လမ်းနံလေး မြောင်းဘောင်တစ်လျှောက် ကြက်ဆူပင်တွေ စိပ်နေအောင်စိုက်ထားပါတယ်။ နွေနွေမိုးဆောင်း ဘယ်လိုပင်ပြောင်းပြောင်း အပင်တွေကတော့ သုံးရာသီစလုံး သန်မာလှတယ်။ ကျွန်တော်တို့ရပ်ကွက်လေးဟာ တိုက်တာသိပ်မရှိတဲ့ ဆင်းရဲသားရပ်ကွက်လေးပါ။ ကြက်ဆူပင်တွေကြားထဲမှာ မြက်တွေတောထနေတယ်။ ရေမြောင်းက ရေမပြတ်စီးဆင်းနေတော့ အပင်တွေသန်တယ်။ ခြင်တွေတရုန်းရုန်း၊ ခြင်ဘယ်လောက်ပေါသလဲဆိုရင် ခြင်ကိုမရိုက်နိုင်ဘူး။ သပ်ချနေရတယ်။ ကျွန်တော်သိထားသလောက် လူကိုကိုက်တာ ခြင်အမပါ။ ခြင်အထီးက လူသွေးမစုပ်၊ သစ်ရည်ပဲစုပ်တယ်လို့သိထားပါတယ်။ ဒါပေမယ့် ခြင်အထီးရှိတဲ့နေရာမှာ ခြင်အမလည်း ရှိပြီပေါ့။ ကျွန်တော် သေသေချာချာသိတာကတော့ အဲဒီခြုံတွေ မြက်တွေကြောင့် ခြင်တွေဒီလောက်အောင်းနေတာပါပဲ။ ရပ်ကွက်ထဲက ကလေးတွေ ညနေခင်း ဆော့ကစားလည်း ခြင်ကိုက်၊ နားနားနေနေလည်း နေမရအောင်ခြင်ကနှိပ်စက်၊ နေ့လည်ဘက် ကလေးတွေ အိုးပုပ်တမ်းဆော့ကြရင် ကျွန်တော်က ဘေးနားမှာခြင်ခတ်ပေးနေရတယ်။ သမီးကိုခြင်ကိုက်မှာ စိတ်အရမ်းပူလို့ပါ။ တစ်လတစ်ခါလောက် အလုပ်သမားခေါ်ပြီး တစ်လမ်းလုံးကို […]


သောက်ညင်ကပ်စရာကောင်းတဲ့ မန်းဒလေးအွန်လိုင်းကြီးကို ဘယ်လိုချေမှုန်းကြမလဲ။ IT နည်းပညာပိုင်းကတော့ စူ့ထက်စူ လူစွမ်းကောင်းချည်းမို့ ဝက်ဘ်ဆိုက်တင်ထားသရွေ့တော့ မန်းဒလေး အွန်လိုင်းဟာ ရှင်သန်နေမှာပါပဲ။ သို့သော်ငြား မန်းဒလေးအွန်လိုင်းကို အရည်အသွေး ချလို့ရမယ်ဆိုရင် သူ့ရဲ့နဂိုအရည်အသွေးတွေကျပြီး ဗေဒင်အဆင့်လောက်၊ celebrity တွေရဲ့ လျှပ်ပေါ်လော်လီတဲ့ ဝတ်ပြစားပြ ကြော်ငြာအဆင့်လောက်ထိ တန်းချပစ်လိုက်လို့ရနိုင်တယ် ထင်ပါ့။ IT နည်းပညာပိုင်းနဲ့ ထိုးနှက်မယ့်အစား အသိဉာဏ်ပိုင်း၊ သိက္ခာပိုင်းကို ထိုးနှက်တာက ပိုမထိရောက်နို်င်ဘူးလား။ ဒါဆိုရင် နဂိုကရှိနေတဲ့ မန်းဒလေးအွန်လိုင်းရဲ့ အတွေးအခေါ်လွတ်လပ်မှုကို ကြိုဆိုတာ၊ ဦးနှောက်လွှတ်ထုတ်မှုကို လက်သင့်ခံတာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာအရေး၊ နည်းပညာအရေး၊ ပရဟိတ အစရှိတဲ့ နယ်ပယ်အစုံစုံ အတွက် ပို့စ်တင်သူနဲ့ ကွန်မင့်ဝင်ပေးသူတွေ အပြန်အလှန်ပါဝင်ရေးသားပြီး အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့၊ ကူညီလမ်းပြ အကြံဉာဏ်ပေးဖို့ စတဲ့ […]


The RedsOctober 22, 20101min993
ယခု ဂီရိ ဆိုသောမုန်းတိုင်းကို ကြား ကြမည်ဟုထင်သည် … ကျွန် တော်. အထင်တော.ဒီမုန်းတိုင်းသည် လည်း အစိုးရ ကို ဆန်.ကျင်သည်ဟုထင်သည် ။ အဘယ်ကြောင်.ဆိုသော် ..၂၀၀၈ ခုနှစ် နာဂစ်ကိုမှတ်မိ ကြအုးံမည် ဟု ထင်သည် ။ ၂၀၀၈ ခုနှစ် တုးံ က လဲ ဆန်ဒ ခံ ယူ ပွဲ မ လုပ် ခင် နာဂစ် ဝင် ခဲ. သည် ။ အဲတုးံကလဲ ဆန်ဒ ခံယူပွဲ ဇွတ် အ တင်း လုပ် ခဲ. သည်။ ယခု ရွေးကောက်ပွဲ ကို လည်း ဇွတ် လုပ်အုးံမည် ထင် […]


ေမာင္မႏၲေလးSeptember 10, 20101min650
(ဟာသလေးတစ်ပုဒ် … ကြိုက်လို့တင်လိုက်တယ်) အားလုံးကို ပျော်စေချင်သူ ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ် မှူးကြီး နှင့် စစ်ရုံး ချုပ်မှ ဗိုလ်ချုပ် ကြီး တို့ ရဟတ် ယာဉ် စီးလာ သည်။ ရွာကြီး တစ်ရွာ ပေါ် ရောက်သောအခါ ဗိုလ်ချုပ် မှူးကြီး က ပြောလိုက် သည်။ “အခု နေ ငွေ တသောင်း ထုတ် တထုတ် လောက် ပစ်ချ လိုက်ရင်ကောက်ရ တဲ့ သူတော့ ပျော် မှာပဲ။” ထို အခါ ဒု- ဗိုလ်ချုပ် မှူးကြီး က “တထောင် စီ တထောင် စီ ချရင် ၁ဝ ယောက် လောက် ပျော်ရ […]


Zaw WonnaAugust 29, 20101min21211
အထက်မြန်မာပြည်တွင် မွန်တို့ အရေးနိမ့်ပြီးနောက် အလောင်းဘုရားသည် မြန်မာပြည်တောင်ပိုင်းသို့ တိုင်အောင် ဆက်လက်ချီတက် တိုက်ခိုက်ကာ ၁၇၅၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနှစ် မေလတွင် မွန် တံငါရွာငယ် တစ်ခုဖြစ်သော ဒဂုံသို့ ဝင်ရောက်ခဲ့သည်။ မွန်တို့သည် ဒဂုံကို ကာကွယ်ရန် မကြိုးပမ်းသောကြောင့် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခဲ့ခြင်း မရှိ၍  ဒဂုံသည် စစ်ဘေးဒါဏ်မှ ကင်းလွတ်ခဲ့သည်။ သို့သော် မွန်တို့ အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသတွင် အရေးပါသော ရှုံးနိမ့်မှု တစ်ခုမဟုတ်ခဲ့ပေ။ ထိုနောက်ပိုင်းတွင် ဒဂုံသည် စစ်ဆင်ရေးအတွက် အကောင်းဆုံးသော ဒေသ ဖြစ်လာခဲ့သည်။ ပဲခူးနှင့် သန်လျင်တို့တွင် မွန်တို့ အခြေတကျ နေရာယူထားသည့်အတွက် အလောင်းဘုရားသည် ဒဂုံကို စစ်ဌာနချုပ်အဖြစ် ပြုလုပ်ကာ တစ်ဘက်ကမ်းမှ သန်လျင်ကို […]