ဒုသနသော ဟူသော စကားကို ဗုဒ္ဓဘာသာတိုင်း ကြားဖူးကြပါလိမ့်မယ်။ အတိတ်ဘဝက ကာမေသုမိစ္ဆာစာရ ကံကို လွန်ကြူးခဲ့တဲ့ သူဌေးသား လေးယောက်ဟာ ငရဲကို ကျခဲ့ရတယ်။ သူတို့ ကျခံနေရတဲ့ ငရဲက လောဟကုမ္ဘီ ကြေးနီအိုး ငရဲဖြစ်ပြီး အဲဒီ ငရဲမှာ ကျခံနေရတဲ့ ငရဲသားတွေဟာ အနှစ်သုံးသောင်းနေမှ ကြေးနီအိုး နှုတ်ခမ်းဝမှာ တစ်ခါပေါ်ပြီး အနှစ်သုံးသောင်းတိုင်အောင် အောက်သို့ နစ်ကြရပါတယ်။ အပေါ်ကို ရောက်လိုက်၊ အောက်ကို ဆင်းလိုက်နဲ့ ငရဲသက် မပြည့်မချင်း ပွက်ပွက်ဆူနေတဲ့ သံရေတွေထဲမှာ ငရဲခံနေရပါတယ်။ ကျွန်တော်တို့ ဂေါတမ ဘုရားရှင် လက်ထက်တော်မှာတော့ ကဿပ ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို အလွန်အကြူး ပြုကျင့်ခဲ့လို့ ကြေးနီအိုးငရဲမှာ ကျခံနေရတဲ့ သူဌေးသား လေးယောက်ဟာ ကြေးနီအိုး နှုတ်ခမ်းဝကို ပေါ်ခဲ့ပါတယ်။ […]