ငါ ဘယ်သူလဲ စကားထာ ……………………………………………. ငါဟာ မင်းရဲ့ ဆိုးတူကောင်းဖက် မင်းဘဝခရီးအတွက် အကူအညီကောင်း ဒါမှမဟုတ် မင်းထမ်းသွားကောင်းသွားရမယ့် ဝန်ထုပ်ဝန်ပိုး မင်းကို မိုးပေါ် မြှင့်တင်ပေးမယ့်သူဟာ ငါ ဒါမှမဟုတ် မင်းကို အောက်ဆုံးထိ ဆွဲချမယ့်သူလည်း ငါ ငါဆိုတာ မင်းရဲ့အမိန့်ပေးမှုအောက်မှာ မင်းတစ်ဝက်လုပ်ပြီးတဲ့အခါ ကျန်တာအားလုံး ငါ့တာဝန်။ မင်းကသာ ငါ့ကို ကပ်ထား ငါဆိုတာကို အလွယ်တကူ စီမံသွားလို့ ရရဲ့ မင်း ဘာဖြစ်ချင်တယ်ဆိုတာ နမူနာ တင်ပြ ငါ့က အလိုလို ဆက်လုပ်သွားရမယ့်သူ ငါဟာ အောင်မြင်သူအားလုံးရဲ့ အလုပ်အကျွေး ပြီး ကျရှုံးသူတွေရဲ့ ကျေးကျွန်လည်း ဖြစ်တယ် အောင်မြင်မှုတွေအတွက် ငါဟာ သော့ချက် ကျရှုံးသူတွေအတွက်တော့ ငါက လက်သည်။ ငါဟာ စက်ယန္တယားတော့မဟုတ် […]