ပန်းနုJune 21, 20111min57734
ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့လူတွေနဲ့ဝေးသွားတဲ့အခါ ဘဝက အိပ်မက်တစ်ခုလိုဖြစ်သွားတယ်။ ညည အိပ်မက်ထဲမှာတော့ အရင်နေရာမှာ အရင်အတိုင်းရှိနေခဲ့တယ်။ မနက်နိုးလာလို့ မျက်စိနှစ်လုံးပွင့်ကတည်းက ဪ ငါသွားလာနေကျနေရာမဟုတ်ပါလားဆိုပြီး အားငယ် ဝမ်းနည်းသွားရတယ်။ အဲဒီခံစားချက်ကြီးက တကယ်ကိုခံရခက်ပါတယ်။ အခုဆိုရင် အမိမြေနဲ့ခွဲခွါခဲ့ရတာ ၄ရက်ရှိပြီ နေသားမကျသေးပါဘူး။ ရွာသူရွာသားတွေထဲမှာလဲ အမိမြေနဲ့ခွဲခွါနေရတဲ့သူတွေရှိပါတယ်။ ဘယ်လိုနည်းနဲ့ ပျော်ရွှင်အောင်နေကြလည်းဆိုတာ သိချင်ပါတယ်။