etoneJune 29, 20114min30425
မနေ့က ကြိုးစားပြီး တင်ထားတဲ့ပုံတွေ တင်ပြီးပြီးချင်း သဂျီးက ဆိုက်ပြောင်းပစ်လိုက်တာ ဘာမှ မမြင်ရတော့လို့ ဒီနေ့ ဒက်ဒစ်ပြန်လုပ်ပေးထားတယ်… မနက်ရှစ်နာရီကျော်ကတည်းက တပုံချင်း ဆိုက်ကြီးနဲ့ တင်ချင်လို့ စောင့်တင်ပေးတာ …. အခုနေ့လည်1နာရီခွဲမှ အကုန်တင်လို့ရတော့တယ်… ။ မမြင်ဖူးတာလေး မြင်ဖူးအောင် ပြချင်ယုံရယ်ပါ … ။ ကိုယ်စတိုင်ကျကျ ဖြစ်ဖို့ … သူများ အသက်တွေ စတေးနေရတယ်ဆိုတာ ……မြွေရေခွံအိတ်မှ ကိုင်ချင်တဲ့ မိန်းမတွေအတွက် သိစေယုံပါပဲ… ။ FWD mail ကရတာပါ …မေးလ်ကနေ မမြင်ဖူးသေးတဲ့လူတွေ အတွက်ပါ … ။ သဂျီးက ပို့စ်တပုဒ် ပွိုင့် ငါးဆယ်တောင်ပေးထားတာ ဘာမှ တင်ပြီး မမြင်ရတာတော့ မဖြစ်သင့်ဘူးပေါ့နော်… သူများတွေ လာမဆဲခင် မြန်မြန် အက်ဒစ်လုပ်လိုက်ရတယ် […]


etoneJune 21, 20111min30818
အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘဝက နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘဝအကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘဝလည်း […]


etoneFebruary 16, 20111min18912
လပ်ကီး ဒရော ကံစမ်းမဲတွေ ၊ ဒစ်စကောင့်တွေ ၊ ပရိုမိုးရှင်းတွေကို မုန်းလာပြီ  … ။ အဲ့ဒါတွေနဲ့ ပတ်သတ်တိုင်း ကျမဘယ်တုန်းကမှ ကံမကောင်းခဲ့ဖူးပါဘူး ..ဒါကိုလည်း ဘယ်တုန်းကမှ အမှတ်မရှိ ထပ်ခါ ထပ်ခါ ကံစမ်း နေမိပြန်တယ် …။  ရွာသူ၊ ရွာသားတို့ရေ  ဖြစ်ပုံက ဒီလိုပါ…. ။ စိန်ဂေဟာ ဆိုင်ခွဲတိုင်းမှာ ပြီးခဲ့တဲ့ ချိုင်းနိ နယူးယီးယား တုန်းက ကျပ်သုံးသောင်းဖိုးဈေးဝယ်တာနဲ့ ဗလာမပါ အံပေါင်း ရမယ်လို့ ကြေငြာထားခဲ့ပါတယ်… ။ ဘယ်ကောင်တာမဆို ဈေးဝယ်ခွင့်ရှိပြီး နောက်ဆုံး ဘေလ်တွေပေါင်းလို့ သုံးသောင်းဆိုလျှင် အံပေါင်းနှိုက်ရပါတယ်တဲ့…. ။ နောက်ပြီး ယုန်နှစ်မွေးတဲ့လူတိုင်းကိုလည်း လက်ဆောင်တွေ ပေးပါသေးတယ် တဲ့…။ ယုန်နှစ် ဟုတ်မဟုတ်ဘယ်လို ခွဲလဲဆိုတော့ မှတ်ပုံတင် […]


etoneOctober 20, 20101min35330
ငယ်ငယ်ကတည်းက ဖြစ်ပျကခဲ့တဲ့အဖြစ်ပျက်ဆိုပေမဲ့ အခုထက်တိုင်နားထဲစွဲနေတဲ့ အသံလေးတစ်ခုရှိတယ် “ငါတို့လည်းစားမယ် … ငါတို့လည်းစားမယ်… ငါတို့လည်းစားမယ် … ဟေးးးးးးးးးးးးးးးးးးးးးးးးးးးး ငါတို့လည်းစားမယ်တဲ့… ” ကလေးပိစိလေးတွေ အသံသေးအသံကြောင်နဲ့ အုပ်စုဖွဲ့အော်သံပါ ။ ကြောင်ပေါက်လေးတွေအော်တဲ့ အသံမျိုးလေးလိုလိုပဲ … ။ ကြောင်လေးတွေစကားပြောတတ်လို့အော်ရင် အဲ့ဒီလို အသံထွက်ပါလိမ့်မယ် ။ ********************************************** Etone ငယ်ငယ်က ခြံထဲမှာပဲ ထမင်းစားခဲ့တာ … ။ခြံကလည်း မှော်ဘီတို့ ၊ ထောက်ကြံတို့ကလိုမျိုး တောအုံကြီးတွေအပင် အိုကြီးတွေမများပါဘူး ။ အရိပ်ရ ဗံဒါပင်ရယ် ၊သရက်ပင်ရယ်၊ အလှပန်းပင်နည်းနည်းရယ်၊ အိမ်နောက်က ဘောလုံးပန်းပင်ကြီးရယ်၊ အုန်းပင် သုံးလေးပင်လောက်ရယ်ပါ ။ ပြောရရင် အရိပ်ရပေမဲ့တောကြီးလိုထူထပ်နေတာမဟုတ်ဘူးပေါ့ ။ခြံဖွဲ့စည်းပုံကလည်း သာမန်ပါပဲ …။ အဘေးတွေ ခေတ်ကတည်းက နေလာခဲ့တဲ့ခြံကြီးပါ ။ […]