IT ကို နေရာတကာတွင် အသုံးပြုလာ (ယခင်အပတ်မှ အဆက်) (၂၁) ကျောက်မျက်ရတနာလုပ်ငန်းတွေမှာ ကျောက်မျက်ရတနာလုပ်ငန်းတွေမှာလည်း ကွန်ပျူတာကို အသုံးပြုနေကြပါတယ်။ ကျောက်မျက်ရတနာရဲ့ အရည်အသွေး ကို စစ်ဆေးတဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ ပုံ – ၂၁ ကျောက်မျက်ရတနာတွေကို ဒီဇိုင်းဆွဲတဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ ယနေ့ခေတ် ကျောက်မျက် ရတနာလုပ်ငန်းများမှာလည်း ကွန်ပျူတာကို မရှိမဖြစ်အသုံးပြုလာကြပါတယ်။ ဒီလုပ်ငန်းတွေနှင့် ပတ်သက်ပြီးတော့ ကွန်ပျူတာသင်တန်းတွေမှာ သီးခြားသင်တန်းမရှိပါဘူး။ ဒီတော့ ဦးစွာကွန်ပျူတာသင်တန်းကိုပဲတတ်ပါ။ Microsoft Word တို့၊ Excel တို့ ကိုယ်နဲ့ ကိုက်ကိုက် မကိုက်ကိုက်ဒါပဲတတ်။ အချိန်သိပ်မပေးရပါဘူး။ တစ်လလောက်ပါပဲ။ အဲ့ဒါဆို ကွန်ပျူ တာနှင့် သိပ်ရင်းနှီးသွားလိမ့်မယ်။ အဲ့ဒီလို ရင်းနှီးသွားတာဟာ အခြေခံပဲ။ မလောနဲ့။ အလုပ်ဆိုတာ အသက်ရှင်သရွေ့ […]