ဖွံ့ဖြိုးရေးနှင့် လူငယ့်စွမ်းအား ့ဖြိုးတိုးတက်မှုဆိုတာ “အရာအားလုံး တိုးတက်ကောင်းမွန်မှုဆက်လက်ဖြစ်ပေါ်နေသောအခြေအနေတစ်ရပ်“ လိုဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးတိုး တက်မှုဆိုတာ ပိုပြီးကြီးထွားလာမှု၊ ပိုပြီးကျယ်ပြန့်လာမှု၊ ပိုပြီးရင့်ကျက်လာမှု ပြီးတော့ တိုးတက်မှုကိုရှေးရှူ့တဲ့ အပြောင်းအလဲလို့ဆိုပါတယ်။ လူ့အဖွဲ့စည်းတွေ၊ လူ့ယဉ်ကျေးမှုတွေဟာ အပြောင်းအလဲကိုအလိုရှိကြတယ်။ တိုးတက်တဲ့အပြောင်းအလဲပေါ့။ အပြောင်းအလဲက ဘာခြားနား သလဲဆိုရင် တရွေ့ရွေ့ တဖြည်းဖြည်းပြောင်းလဲခြင်းနဲ့ တဟုန်ထိုးပြောင်းလဲခြင်း တနည်းပြောရရင် အရှိန်အဟုန်ဖြင့်ပြောင်းလဲခြင်း ဆိုတဲ့ အချက်ပဲခြားတာဖြစ်ပါတယ်။( evolution and revolution) ဒါပေမဲ့ တစ်ခုတော့သတိပြုဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဖြစ်စဉ်တစ်ခုဖြစ်တယ်။( Development is a process, not product) ထုတ်ကုန်တစ်ခုမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သုံးရပ်(Three basic needs for the development)ရှိတယ်လို့တို့တော့ ယုံကြည်တယ်။ အဲဒါတွေကတော့- 1. Character(အကျင့်စာရိတ) 2. Discipline(စည်းကမ်း) 3. […]