susunosukiMay 1, 20101min1610
Charles Akara ရေးသားပြီး ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) မြန်မာပြန်တဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။ The Foolish, The Clever, The Wise ဆိုတဲ့အင်္ဂလိပ်လိုကို ဒေါက်တာခင်မောင်ညို(ဘောဂဗေဒ) က အရူး၊လူတော် နှင့် ပညာရှိ ဆိုပြီးဘာသာပြန်ထားပါတယ်။ Planet Forum မှာတော့` တူဒေး အယ်ဒီတာအဖွဲ့ က ဘာသာပြန် ထုတ်တဲ့ ဘာသာပြန်စာအုပ်လေးတစ်အုပ်ပါ..´ လို့ရေးထားတယ်။ ဘာပဲဖြစ်ဖြစ် စာအုပ်ပါအကြောင်းအရာကတော့ တော်တော့်ကို စိတ်ဝင်စား စရာကောင်းပါတယ်။ စာအုပ်ကိုဖတ်ပြီးသွားတော့ ကိုယ့်ကိုယ်ကို တော်တော်လေးပြန်ကြည့်မိသွားပြီး ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ နှိုင်းယှဉ်တတ်လာပါတယ်။ အမှားတွေအများကြီးတွေ့လာပါတယ်။ ကျွန်တော်အချိန်ရရင် ရသလို မြန်မာပြန်လေးရေးတင်ပေးမယ် ဆိုတဲ့အကြောင်း ကြိုတင်အကြောင်းကြားပေးတာပါ။ Myanmar Book Shop Site ကတော့စာအုပ်ကိုခုလိုညွှန်းထားပါတယ်။ `Charles Akara၏ The Foolish, The […]


susunosukiApril 28, 20101min1360
အင်တာနက်လူမှု့ကွန်ယက် ဝဘ်ဆိုဒ်ကြီးface book ဟာ ၎င်းတို့ရဲ့ fan pages ပုံစံမျိုး Community Pages လို့ခေါ်တဲ့feature အသစ်တစ်ခုကို စတင်ဖို့ရှိနေကြောင်းကြေငြာလိုက်ပါတယ်။အဆိုပါ Community Pages ဟာခေါင်းစဉ်တပ်ပေးထားတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ user တွေအကြား အသိ်ပညာတွေ ၊ စိတ်ကူးအမြင်တွေကို မျှဝေနိုင်ဖို့ရည်ရွယ်ထားတာပါ။ဥပမာ Page မှာ ဟင်းချက်ခြင်းလို့ခေါင်းစဉ်တပ်ထားရင် အဆိုပါအကြောင်းနဲ့ပတ်သက်လို့wikipedia ကဆောင်းပါးတွေအပါအဝင် user တွေရဲ့စိတ်ကူးအမြင်တွေ၊အတွေ့အကြံးတွေကိုပါဖော်ပြဖလှယ်နိုင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ face book က“သင်ဟာဟင်းချက်ခြင်း သို့မဟုတ် ဘာသာစကားတစ်ကိုလေ့လာခြင်းစတဲ့ ခေါင်းစဉ်အောက်မှာ face book ထဲကကိုယ့်အသိုင်းအဝိုင်းတွေနဲ့အတူအတွေ့အကြုံတွေအသိပညာတွေပါမျှဝေနိုင်တော့မှာပါ။ကျွန်ုပ်တို့ဟယယခုတော့Wikipedia သတင်းအချက်အလက်တွေကိုစတင်အသုံးပြုပြီးလုပ်ဆောင်နေပါတယ်။ဒါပေမယ့်ဒီခေါင်းစဉ်တွေနဲ့ပတ်သက်လို့စိတ်ဝင်တစားရေးသားမယ့်sign up လုပ်ပြီးဝေမျှမယ်အခြား user တွေကိုလည်းရှာဖွေနေပါတယ်။ ဒါပေမယ့် face book ဟာယခု Community Pages ကိုစမ်းသပ်ဆဲ အဆင့်မှာပဲရှိနေသေးကြောင်းသိရပြီးအောင်မြင်မှု့ရဖို့ရာဆက်လုပ်စရာတွေရှိသေးကြောင်းသိရပါတယ်။ သတင်း-အင်တာနက်သတင်းဂျာနယ်


susunosukiApril 28, 20101min1411
ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဧပြီလ ၂၈ ရက်မှ စတင်ပြီး မေလ ၁ရက်နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပမယ်လို့ ပြည်တွင်းဂျာနယ်အချို့မှာ ဖော်ပြထားပါတယ်။ ပြပွဲကိုတော့ Milky Way International Co,Ltd မှ MD ဒေါ်နန်းဆုရတီစိုး မှ ဦးစီးကျင်းပကြောင်းသိရပါတယ်။ ပြပွဲမှာ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရောနစ် နှင့်နည်းပညာဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးနှင့်ပတ်သက်သောပစ္စည်းများကို ပြသရောင်းချမည်ဖြစ်ကြောင်းသိရပါတယ်။ ကုမ္ပဏီပေါင်း ၆ဝ ကျော် မှ ပြခန်းပေါင်း ၁၁ဝ ကျော်ခင်းကျင်းပြသမည်ဖြစ်ပြီးအနုပညာရှင်များရဲ့ဖျော်ဖြေမှု့အစီ အစဉ်များလည်းပါဝင်မည်ဟုသိရပါတယ်။ source အင်တာနက်သတင်းဂျာနယ်


susunosukiApril 24, 20101min2353
အောက်မင်္ဂလာဒုံလမ်း အင်းစိန်မြို့နယ်မှာ ဘုရင်နောင်အော်တိုမိုဘိုင်း Bayint Naung Auto Mobile အမည်နဲ့ ကားစက်ပြင်လုပ်ငန်းတစ်ခု ကိုဖွင့်လှစ်လိုက်ပါတယ်။ မော်ဒယ်နိုမ့်မြင့် ကားပေါင်းစုံကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ ကားပစ္စည်းက အစစအရာရာတစ်နေရာတည်းမှာ ရနိုင်တဲ့အတွက်ကြောင့် ကားပိုင်ရှင်တွေအတွက် ပိုပြီးအချိန်ကုန်ငွေကုန် သက်သာလာမယ်လို့ထင်ကြောင်းကားပိုင်ရှင်တစ်ယောက်ကပြောပါတယ် ကားပြင်တဲ့ပစ္စည်းများကိုအီတလီ နိုင်ငံကမှာယူထားကြောင်းသိရပါတယ် တည်နေရာကတော့ အောက်မင်္ဂလာဒုံလမ်းနဲ့ ဗဟိုလမ်းဆုံရာမှာတည်ရှိပါတယ်။


susunosukiApril 22, 20101min2313
ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) ပြည်တွင်း အချိုရည် ဈေးကွက်ရဲ့ အဓိကထုတ်လုပ်သူ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Pinya Manufacturing Company Limited နဲ့ Loi Hein Company တို့က ပြီးခဲ့တဲ့ နှစ်ဦးပိုင်းလောက်ကစပြီး ဂါတ်စ်ပါအချိုရည် ဈေးကွက် ကို တမျိုးတဖုံ ဆန်းသစ် လိုက်ကြပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ 285 ml အရွယ်အစားရှိတဲ့ ဖန်ပုလင်းများနည်းတူ တစ်ခါသုံး ကော်ပုလင်းများ ကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။အရင်ထုတ်လုပ်ခဲ့တဲ့ ဖန်ပုလင်းများနဲ့ တော့ အရွယ်အစားရော ဈေးနှုန်းများပါ ကွာခြားမှု့ ရှိပါတယ်။ ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်) Pinya Manufacturing Company Limited ကထုတ်လုပ်တဲ့ Max Plus အချိုရည်ကော်ဗူးများဟာ အရင်အတိုင်း […]


susunosukiApril 22, 20101min2275
ကော်ဖီကင်းဓါတ်ပုံ(အင်တာနက်) ပြည်တွင်း အကြွေရှားပါးမှု့ကို အရင်ကလက်လီဆိုင်တွေ ရောင်းချရာမှာ ချိုချဉ်များပေးလို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးမျိုးဖြည့်ယူ စေလို့ပဲဖြစ်ဖြစ် ဖြေရှင်းခဲ့ကြပါတယ်။ အခုအချိန်မှာ တော့ ချိုချဉ်တွေ တစ်ရူးထုတ်တွေအစား တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေ ဈေးကွက်ထဲကို ဝင်ရောက်လာပါပြီ။ ဥပမာ – အကြွေ ငါးဆယ် အမ်းဖို့ အခက်အခဲရှိတယ် ဆိုပါစို့ ၊ ကော်ဖီမစ် ငါးဆယ်တန်တစ်ထုတ် ဖြည့်ယူသွား နိုင်ပါပြီ။ စူပါကော်ဖီမစ်( ဓါတ်ပုံ-အင်တာနက်) လက်လီဆိုင်ရှင်တွေကတော့ ဒီလိုငါးဆယ်နဲ့ရောင်းပေးရတာဟာ သူတို့အတွက် အမြတ်အစွန်းသိပ်မရှိပေမယ့် ဝယ်သူတွေရဲ့ အကြွေအခက်အခဲ ကိုဖြေရှင်းပေးနိုင်လို့ သူတို့အနေနဲ့ကျေနပ်ကြောင်း ပြောဆိုကြပါတယ်။ ငါးဆယ်ကျပ်နဲ့ရောင်းပေးတဲ့ တစ်ခါသောက်ကော်ဖီမစ်ထုတ်တွေကို တော့ စူပါကုမ္ပဏီနဲ့ မီကိုကော်ဖီမစ်ကိုထုတ်လုပ်တဲ့ မီကို ဖုမားကတ်တင်း တို့ကနေထုတ်လုပ်ပါတယ်။ စူပါကင်းတံဆိပ်နဲ့ ရှယ်အမှတ်တံဆိပ်များပဲဖြစ် ပါတယ်။ စူပါကုမ္ပဏီက သိပ်မကြာယခင်ကမှ ကဖီးတူးဂိုး တံဆိပ် […]


susunosukiApril 22, 20101min2064
ဖြောင်း´ `ဖြောင်း´ `အ´ `အင့်´ အင်း…လက်သံပြောင်သားပဲ။ ဆိုင်ရှင် ကိုပေသီးရဲ့ ဘယ်လက်ထဲမှာ ပိုက်ဆံ အကြွေတချို့ကို ကို်င်ထားပြီ်း.. ညာလက်ကတော့ လေထဲ မှာ ….လက်ကအောက်ကို တောင်မရောက်သေး။ စောစောက ကလေး နှစ်ယောက်ရဲ့နားရင်းကိုရိုက် ပြီးတဲ့အနေအထား နဲ့ ပဲ ရှိသေးတယ်။စောစောက ကိုပေသီးရှေ့မှာလက်နောက်ပစ်ပြီး ရို့ ရို့ ကလေးရပ်နေကြတဲ့ ကလေး နှစ်ယောက်ဟာ တိုင်ပင်ထားသလို တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းသွားကြတယ်…………..။ လေကြမ်းဝင်သွားတဲ့ .. စပါးတော လေးလိုပဲ။ တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းလို့ ၊နားရွက်တွေရဲလို့ မျက် နှာ တွေကတော့ ငိုမဲ့မဲ့ နဲ့ ့။ ……………. …………….. ………… `ဟေ့ကောင်တွေ..မင်းတို့ နားလေးနေလား´ `ဗျာ´ […]


susunosukiApril 16, 20101min3578
လူတွေဟာ ပစ္စည်း ပစ္စယာတွေကို ဝယ်ယူ အသုံးပြုကြတယ်။ လိုအပ်ချက်အရရော ၊ လိုချင်တာသက်သက်ကြောင့်ရော ပေါ့။ တန်ဖိုးအနည်းအများသင့်တော် သလိုပေးပြီး သုံးကြတာပေါ့။ ဒါကို ကျုပ်က အသုံးပြုတယ် လို့နာမည်ပေးတယ် ဗျ။ ကျုပ်တို့နေ့စဉ် အသုံးပြုကြတဲ့ ပစ္စည်း ပစ္စယာတွေက အများသားကလား။ စားသောက်ကုန်ဆို လည်း ဆန် ဆီ ဆား ကအစ အဝတ်အထည်လည်း ပါသပေါ့။ ရေလာထည့်သူကို လည်း ရေဖိုးပေး ရသလို လျှပ်စစ်မီး အတွက်လည်း မီတာခပေးရတာပဲလေ။ လူပြောများတဲ့ စကားတစ်ခု လိုဆိုရရင် “ အလကားတော့ ဘာမှ မရဘူးဟေ့လူ” ပေါ့ဗျာ။ ဟုတ်တယ်မို့လား။ အဲ ဟုတ်ပြီ။ ဒီလိုမှ မဟုတ်ပဲ အပိုအမြတ်ထုတ်ချင်တဲ့ ထိုက်သင့်တဲ့ အခကြေးငွေ မပေးပဲ အမြတ်ထုတ်တဲ့ […]


BayoteApril 5, 20101min2604
ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမဝိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့တာကို ထူးခြားစွာ တွေ့ခဲ့ရပါတယ်။


kaiMarch 29, 20107min1722
[polldaddy poll=3006238] ငလျှင်လှုပ်သော်…ဆိုပြီးလိုက်ရှာတာ…နောက်ဆုံးတော့ ငလျှင်တိုင်းပြည် ဂျပန်က အကောင်းဆုံးလုပ်ပေးထားတာတွေ့တာမို ့ ဒီအတိုင်းပဲကူးတင်ပေးလိုက်ပါတယ်။ သူတို့က အရုပ်ကလေးတွေနဲ့မို ့နားလည်ရလွယ်မယ်ထင်လို့ပါ။ တခြား ကြက်ခြေနီကထုတ်တာတွေလည်းရှိပါတယ်။ မြန်မာပြည်ဟာ ငလျှင်ကြော( ပြတ်ရွေ့ကြော)တွေပေါ်မှာရှိပြီး ယူအက်စ်က ဗမာအများဆုံးနေတဲ့ ကယ်လီဖိုးနီးယားလည်း ပြတ်ရွေ ့ကြိးပေါ်မှာမို ့ ဒီဟာကို သတင်းစာမှာ ပုံနှိပ်ဖေါ်ပြပါမယ်။ နံရံမှာ ကပ်ထားနိုင်အောင်လို့ပါ။ What You Can Do for Preparation (1) Fix furniture and other objects to the floor and/or wall firmly with special metal devices made for this purpose.(2) Don’t keep […]


BayoteMarch 29, 20101min31810
ဘတ်စ်ကားများ မှာ လူပေါင်း အဆမတန် တင်ဆောင်ခြင်း ကို စတင် အရေးယူတော့မယ်လို့ သိရှိရပါတယ်။ ကားစပယ်ယာနှင့် မောင်းနှင်သူ ကိုပါ အရေးယူသွားမှာပါ။ 


kaiFebruary 23, 20101min1781
မြန်မာတွေကွန်ပျုတာနည်းပညာမှာ    အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systemsထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီပေးနိုင်ရန်အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။ http://myanmar-myanmar.net/index.php?option=com_petitions&view=petition&id=122&Itemid=465 လေးစားစွာဖြင့် ဆိုပြီး အီးမေးလ်ရတာမို ့အဲဒီအတိုင်းတင်ပေးလိုက်တာပါ။ ဆိုင်ရာဝက်ဘ်ဆိုက်သွားကြည့်တော့လည်းMyanmars.net  ဖြစ်ပြီး ဝင်းမြန်မာစာတွေ အလကားပေးခဲ့တဲ့ အဖွဲ ့ကဖြစ်တာမို ့ယုံရလောက်ပါတယ်။ ပြောရရင် သူတို့က ယူနီကုဒ်မြန်မာစာကို ထည့်သွင်းပေးနိုင်ဖို ့ကြိုးစားကြပုံလည်းဖြစ်ပြီး အားလုံးဝိုင်းလုပ်ရင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ အခုလို ပြောရသလဲဆိုတော့ မိုက်ခရိုဆော့ဖ်က မြန်မာပြည်ကို ဝင်းဒိုးဆော့ဖ်ဝဲတွေ တရားဝင်ရောင်းတာ မရှိသလောက်ဖြစ်နေလို ့မို ့ငွေရေးကြေးရေးနဲ့ မားကက်တင်းအရ ဘယ်လိုမှ တွန်းအားမရနိုင်သမို ့လူထုအားနဲ့ အခုလို ဝိုင်းတွန်းရတဲ့ဘဝ ရောက်နေတယ်ပဲ လွယ်လွယ်ဆိုကြနိုင်ပါတယ်။ ( ဝင်းဒိုး ရ တခွေ တထောင်လောက်(ဗမာငွေ) ကုန်ကျခံပြီး ဝယ်သုံးထားကြတယ်လို့တော့ မပြောလိုက်ကြနဲ့နော…) ယူနီကုဒ်အစစ်ကြီး သွင်းမှာဆိုတော့ မန္တလေးဂေဇက်ကလည်း […]


kaiFebruary 9, 20101min1750
“တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအ မှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် […]