kaiApril 23, 20115min5239
Nanotechnology အကြောင်း တစေ့တစောင်း   ၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နယူးကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။   နာနိုနည်းပညာ ဆိုရာဝယ်   နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ခုရဲ့ အကျယ်အဝန်းခန့်သာ ရှိပြီး၊ 10-9 m နဲ့ ညီမျှပါတယ်။ DNA strand တခုဟာ […]