Nanotechnology အကြောင်း တစေ့တစောင်း

kaiApril 23, 20115min2919

Nanotechnology အကြောင်း တစေ့တစောင်း

 

၂၁ရာစု ကမ္ဘာ့နည်းပညာလောကမှာ နယူးကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခုကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။

 

နာနိုနည်းပညာ ဆိုရာဝယ်

 

နာနိုနည်းပညာဆိုတာ အလွန်သေးငယ်တဲ့ အရာဝတ္ထုများဆိုင်ရာ နည်းပညာ ဖြစ်ပါတယ်။ တစ်နာနိုမီတာဟာ အက်တမ် ၅ခုရဲ့ အကျယ်အဝန်းခန့်သာ ရှိပြီး၊ 10-9 m နဲ့ ညီမျှပါတယ်။ DNA strand တခုဟာ နှစ်နာနိုမီတာရှိပြီး၊ သွေးနီဥဆဲလ်ရဲ့ အကျယ်အဝန်းက ၇၀၀ဝ နာနိုမီတာ ရှိပါတယ်။ လူ့ဆံပင်ရဲ့ ဆံချည်မျှင်ဟာ ၈ သိန်းနာနိုမီတာနဲ့ ညီမျှပြီး၊ ပရွက်ဆိတ်တကောင်ရဲ့ အရွယ်အစားဟာ ငါးသန်းနာနိုမီတာနဲ့ ညီမျှပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတွေအားလုံးဟာ အက်တမ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နာနို နည်းပညာကို အသုံးပြုပြီး၊ အက်တမ်လေးတွေနဲ့ အရာဝတ္ထုတွေကို ဖွဲ့စည်းတည်ဆောက်လို့ ရပါတယ်။

 

နာနိုနည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများ

 

နာနိုအရွယ်အစား ရိုဘော့တွေဖြစ်တဲ့ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် လူ့လောကအတွက် အကျိုးကျေးဇူးရှိစေမယ်လို့လဲ သိပ္ပံပညာရှင်တွေက ခန့်မှန်းသတ်မှတ်ထားကြပါတယ်။ ဥပမာမော်လီကျူးအနည်းငယ်သာ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ နာနိုဘော့တွေကို တည်ဆောက်လာနိုင်ခဲ့ရင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးတာတွေ၊ သွေးကြောမျှင် လေးတွေကို ပြင်ဆင်တာတွေနဲ့ တစ်ရှုးတွေ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်မယ်လို့ တွက်ဆပြီး သုတေသနတွေ ပြုလုပ်နေကြပါတယ်။

 

အခုဆိုရင် နာနိုနည်းပညာကို အသုံးပြုပြီး ရေသန့်စင်စနစ် တီထွင်ဖို့ သုတေသနပြုမှုတွေ၊ အစားအစာတွေရဲ့ အရသာနဲ့ ပါဝင်မှုတွေကို လိုအပ်သလို ပြောင်းလဲနိုင်ဖို့ သုတေသနပြုမှုတွေ၊ ကာကွယ်ဆေးနဲ့ ရောဂါကုသရေး နည်းပညာသစ် ရှာဖွေရေးအတွက် သုတေသနပြုမှုတွေ အများအပြား ရှိနေပါပြီ။ Estrasorb လို့ အမည်ရှိတဲ့ skin lotion ဟာ ကမ္ဘာ့ဆေးဝါးဈေးကွက်ထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ နာနိုနည်းပညာ အသုံးပြုဆေးဝါးဖြစ်ပါတယ်။

 

နာနိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသန ပြုခြင်းအားဖြင့် နေရောင်ခြည်ဆဲလ်တွေကို ထုတ်လုပ်လာနိုင်မယ်လို့ ယူဆပြီး အကောင်အထည်ဖော်နေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။ ရေနံယိုစိမ့်မှုတွေ ဖြစ်ပွားတဲ့အခါ oil spill ထဲမှာပါဝင်တဲ့ အက်တမ်တွေကို သဘာဝပတ်ဝန်းကျင်ကို ထိခိုင်မှုမရှိအောင် နာနိုပိုက်လိုင်းလေးတွေနဲ့ ပြောင်းလဲ ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သုတေသန စီမံကိန်းတွေလဲ ရှိပါတယ်။

 

ရောဂါရှာဖွေကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် နာနိုနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာသုတေသနပြုနေဆဲမှာပဲ၊ ဈေးကွက်ထဲရောက်လာတဲ့ နာနိုနည်းပညာအသုံးပြု ကုန်ပစ္စည်းတွေဖြစ်တဲ့ နေရောင်ကာမှန်တွေ၊ spray ဗီတာမင်တွေနဲ့ wrinkle-resistant fabric တွေရဲ့ အကျိုးကျေးဇူးတွေကိုလဲ စားသုံးသူအချို့ ခံစားနေကြရပါပြီ။

 

သို့ပေမယ့်လဲ လုံခြုံရေး ဆန်းစစ်လေ့လာသူ ပညာရှင်အချို့ကတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ သတင်းနဲ့ နည်းပညာ၊ စွမ်းအင်၊ ဆေးဝါးပစ္စည်း၊ ထောက်လှမ်းရေးကိရိယာနဲ့ စစ်လက်နက်ပစ္စည်း ဆန်းသစ်တီထွင်ရေး တို့အတွက် အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ နာနိုနည်းပညာဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်လာနိုင်ကြောင်း ထင်မြင်ယူဆကြပါတယ်။

 

စစ်လက်နက်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုပြီး ထုတ်လုပ်မှုဟာ ကုန်ကျစရိတ်သက်သာပြီး၊ မြန်ဆန်လာနိုင်ပါတယ်။ လက်နက်တွေရဲ့ အရွယ်အစား ပမာဏကလဲ သေးငယ်တဲ့အတွက် အသုံးပြုရတာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။ ဥပမာကွန်ပျူတာနည်းပညာနဲ့ sensor နည်းပညာတွေကို နာနိုနည်းပညာနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ smart bullets တွေဟာ ပစ်မှတ်ကို တိတိကျကျ ဖော်ထုတ်တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

 

ဓာတုလက်နက်နဲ့ ဇီဝလက်နက် ထုတ်လုပ်မှုတွေမှာလဲ အထောက်အကူဖြစ်လာနိုင်ပါတယ်။ autonomous fighting systems တွေကို တီထွင် ဆန်းသစ်မှုတွေလဲ ရှိလာနိုင်ပါတယ်။ စစ်မြေပြင်က စစ်သားတွေရဲ့ ကျန်းမာရေးအခြေအနေကို ဝတ်ထားတဲ့ စစ်ယူနီဖောင်းတွေကနေတဆင့် သေးငယ်တဲ့ sensors တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့ သုတေသနစီမံကိန်းတွေနဲ့ ပင်ပန်းနွမ်းနယ်မှု၊ ထိခိုက်ဒဏ်ရာရမှုတွေကို စစ်ယူနီဖောင်းတွေကတဆင့် exterior support ပြုလုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သုတေသနစီမံကိန်းတွေလဲ စတင်နေပြီ ဖြစ်ပါတယ်။

 

အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေဆီမှာ nano-weapons of mass destruction တွေ ရောက်ရှိသွားမယ့်အရေးကလဲ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ကြောက်မယ်ဖွယ်ရာ ကောင်းတဲ့ အရေးကတော့ အစားအစာ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ လုံခြုံရေး လေ့လာသူများ ပါဝင်တဲ့ ETC အုပ်စုက နာနိုနည်းပညာဟာ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ တွေကနေ တဆင့် အစားအစာ၊ စားသုံးမှု သဏ္ဍာန်တွေကိုပါ သက်ရောက်မှု ရှိလာစေနိုင်ကြောင်း တင်ပြထားခဲ့ပါတယ်။

 

ဒီလိုနာနို နည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်မှုတွေ ကြီးမားလာတာနဲ့အမျှ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နာနိုနည်းပညာအပေါ် အာရုံစိုက်မှုတွေကလဲ ကြီးထွားလာပါတော့တယ်။

 

 

 

နာနိုနည်းပညာအား အာရုံစိုက်ခြင်း

 

ကနဦးအစမှာ နာနိုနည်းပညာကို အင်အားကြီးနိုင်ငံတွေကသာ အာရုံစိုက်ကြပေမယ့်၊ နောက်ပိုင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကပါ အာရုံစိုက်လာကြပါတယ်။ အဓိက အကြောင်းရင်းကတော့ နာနိုနည်းပညာဟာ nano-divide လို့ခေါ်တဲ့ နာနိုနည်းပညာကို ပိုင်ဆိုင်တဲ့ တိုင်းပြည်တွေနဲ့ မပိုင်ဆိုင်တဲ့ တိုင်းပြည်တွေအကြား ကွာခြားမှုကို ဖြစ်လာစေနိုင်လို့ပါပဲ။ အကျိုးအမြတ်များစေနိုင်တဲ့ ကုန်ပစ္စည်းတွေကို နာနိုနည်းပညာအသုံးပြုနိုင်တဲ့ နိုင်ငံတွေက ထုတ်လုပ်ပြီး၊ ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။

 

အထူးသဖြင့် နာနိုနည်းပညာနဲ့ ဆက်နွယ်တဲ့ စက်မှုတော်လှန်ရေးသာ ပေါ်ထွက်လာခဲ့ရင် ကုန်ကြမ်းပစ္စည်းတွေကို နာနိုနည်းပညာနဲ့ တည်ဆောက်လာနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့ commodity market ကြီးတခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး၊ နည်းပညာမရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်လာပါတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် မြေအောက်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရွှေနဲ့ တိုင်တေနီယမ်သတ္တုတွေကို နာနိုနည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်တင်နိုင်မယ့် သုတေသန စီမံကိန်းတွေကို အကောင်အထည်ဖော်နေကြပြီ ဖြစ်ပါတယ်။

 

တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ သဘာဝသယံဇာတပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ်မှာ မူတည်နေတဲ့ တိုင်းပြည်တွေမှာလဲ နာနိုနည်းပညာ လေ့လာမှုတွေ၊ သုတေသန စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်လာကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ အရင်းအမြစ်အပေါ်မှာ မူတည်တယ်ဆိုတဲ့ အချက်ကို နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြင်းဆိုခဲ့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြား ရှိခဲ့ပါတယ်။

 

နာနိုနည်းပညာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင်တော့ သဘာဝသယံဇာတ အရင်းအမြစ် ပိုင်ဆိုင်မှုရဲ့ competitive advantage ဟာ လျော့ကျပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ နာနိုနည်းပညာ တော်လှန်ရေးဟာ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာကိုသာမက ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေကိုပါ ဦးတည်သွားနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ နာနိုလက်နက် အပြိုင်အဆိုင် ထုတ်လုပ်မှု (nano arms race) လဲ ဖြစ်ပွားလာနိုင်ပါတယ်။

 

နိဂုံး

 

နည်းပညာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲနေပါတယ်။ ကောင်းကျိုးတွေကို အကောင်းဆုံး ရယူခံစားနိုင်အောင် ကြိုးပမ်းပြီး၊ ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဖို့ကိုတော့ လူသားတွေကသာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရဲ့ အခြေအနေကို မျက်ချေမပြတ် အာရုံစိုက်ခြင်း၊ သင့်လျော်သော မူဝါဒများ၊ စီမံကိန်းများ ချမှတ်ခြင်းစတဲ့ pre-cautionary approach ကို အသုံးပြုပြီး နာနိုနည်းပညာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက် နိုင်မှုတွေကို လျှော့ချနိုင်ပါတယ်။ နည်းပညာကို တလွဲဆံပင်ကောင်း အသုံးပြုပြီး၊ လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းချောက်လာမယ့် ဆိုးကျိုးတွေကိုလဲ justice approach နဲ့ တားဆီးလျှော့ချနိုင်အောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

 

ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၁)

ရည်ညွှ့န်းကိုးကား။ ။

 

ETC Group (2004) “26 Governments Tiptoe Toward Global Nano Governance: Grey Governance?”, 30 June 2004

 

4th Nanoforum General Report: “Benefits, Risks, Ethical, Legal and Social Aspects of Nanotechnology”, first published in June 2004, updated October2005

 

Ministry of Defence, UK (2003) ‘Nanotechnology: Its Impact on Defence and the MoD’

 

Petersen J.L. & Egan D.M. (2002) ‘Small Security: Nanotechnology and Future Defense’, Defense Horizons 8

9 comments

  • nigimi77

    April 23, 2011 at 9:01 am

    ဒီအကြောင်းကို ဖတ်ချင်နေတာ စက်မှု ့ဒိုင်ဂျတ်စ် မှာတော့ ဖတ်ဖူးတယ်။

  • R Ga

    April 23, 2011 at 9:54 am

    ဒီကောင့်အကြောင်းကြားနေရတာကတော့ ကြာနေပြီ…အခုမှပဲ နည်းနည်းနားလည် သွားတော့တယ်။ အယ်ကြီးရေ..။

  • asiamasters

    April 23, 2011 at 10:18 am

    အလွန်ကောင်းပါတယ်ခင်ဗျာ။ နောက်လဲဆက်ရေးပေးပါဦး.

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 5:21 pm

    သူများကိုကြီးဘဲမပြောနဲ ့လေ
    ကိုယ်လဲရေးပါဦးဘိုးဘိုးကြီးရဲ ့
    ဂေါက်ပစ္စည်းတွေရောင်းတယ်ဆိုတော့
    ဂေါက်အကြောင်းလေးဘာလေးပေါ့
    ကျုပ်ကလည်း ဂေါ်လီကျင်းစိမ်တာဝါတနာပါလေတော့
    ဂေါက်ကျင်းစိမ်တာနဲ ့ဂေါ်လီကျင်းစိမ်တာလေးကို
    သုတေသနလုပ်ပြီး စာအုပ်ထုပ်မယ်စိတ်ကူးပေါ်လာလို ့ပါ

  • kai

    April 24, 2011 at 2:06 am

    ရုပ်၊နာမ်မှာ … ဖြစ်ရပ်ပျက်(ဥပါင်္ဒ၊ဌီ၊ဘင်) သုံးမျိုးရှိတယ်လို့.. အဘိဓမ္မာကဆိုတယ်..။
    ဒစ်ဂျစ်တယ်စံနစ်နဲ့… လော့ဂျစ်ထုတ်လို့ရတာတွေပေါ့..။ သတ္တဝါ..သံသရာ..ဘဝတွေဆိုတာ.. ဒီလိုနဲ့ဖြစ်လာပုံရပါတယ်..။
    ကွန်ပျူတာမှာသုံးနေတဲ့ ..ထရန်စစ်စတာက.. သုံည၊တစ် .. ဘစ်…၂မျိုူးပဲရှိတယ်..။
    အဲဒါနဲ့..အခုလို.. အင်တာနက်တွေ..။ ဂိမ်းတွေထိ ဖန်တီးလုပ်နေတာတွေပေါ့…။

    အနုမြူရုပ်ကလေးတွေ..မော်လီကျူးလေးတွေတခုချင်းစီကို … ဒစ်ဂျစ်တယ်ပြောင်းနိုင်ပြီဆိုရင်.. ကမ္ဘာ့အခြေအနေဟာ ..ကြောက်စရာကောင်းလောက်တဲ့.. တော်လှန်ရေးတခုဖြစ်လိမ့်မယ်..။
    ဆိုလိုတာက… ဘိုင်အိုကွန်ပေါင်းတခုခုကို … ထရန်စစ်စတာ ဖန်ရှင်တွေ …လုပ်လို့ရပြီဆိုရင်ပေါ့…။

    ဘာဖြစ်မလဲဆိုတော့.. အာနိုးရဲ့ တာမနိတ်တာထဲက..ပြဒါးလူသားလို… ပုံသဏ္ဍန်မျိုးံစုံ ဖြစ်နိုင်..ပြောင်းနိုင်တဲ့.. စက်ရုပ် (ဒါမှမဟုတ်) လူသားထွက်လာလိမ့်မယ်ဖြစ်လို့ပါပဲ..။
    ဒီခေတ် သိပ္ပံသွားနေပုံနဲ့.. လေ့လာကြည့်ရတာ… ဒီလိုဖြစ်လာဖို့… သိပ်တော့ မလိုတော့ဘူးနဲ့တူတယ်..။
    အောက်က စာက ၂၀၀၉ကစာကို ပြန်တင်ပေးထားတာပါ…။
    လေ့လာနိုင်ဖို့ပေါ့…။

    Researchers show off functional single-molecule transistor
    By John Timmer | Last updated about a year ago
    Researchers show off functional single-molecule transistor
    Gold electrodes are bridged by a sulfur-benzene compound (center) that resides on top of an aluminum oxide electrode (grey) that controls the flow of current.

    As semiconductor manufacturers continue to push down the size of their products’ wiring, a number of research labs have started looking into whether they can simply take the process to its logical conclusion: a transistor made from a single molecule. A number of these items have been demonstrated, and they do manage to control the current flow through the molecular transistor, but they do so through a variety of tricks that have nothing in common with the methods used for the semiconductors in our electronics. In today’s issue of Nature, an international team reports producing the first voltage-gated molecular transistors.

    The basic principle behind a transistor is simple. All it needs is two electrodes, a source and a sink, and a gate that controls the flow of current between them. In semiconductor transistors, the gate contains a semiconductor and another electrode: raising or lowering the voltage in this electrode controls whether current can flow across the semiconductor between the source and sink.

    For molecular transistors, the semiconductor is replaced by a single molecule. Electrons can flow through a variety of molecules, but controlling that process is not the easiest thing. A few of the past efforts have switched currents on and off by changing the charge on the molecule or playing with the spin of the electrons that pass through it, but these are difficult challenges in their own right, and far more complex than simply applying a voltage to the gate.

    The new work involved creating a nanoscale gap in a gold wire that was placed directly above an aluminum oxide electrode that controls the gate. The gold had been covered with one of two types of molecules in advance and, once the gap was created, there was a chance that one of those molecules dropped into the newly vacated space, bridging the gap and enabling the molecule to conduct currents between the two gold electrodes.

    By demonstrating they could detect the actual molecule in question responding to the gate voltage, the new results leave little room for doubt.

    The authors used two different types of molecules. One was 1,8-octanedithiol, which is essentially a pair of sulfur atoms separated by a linear chain of eight carbons. The carbon chain allows electrons to transit, and the efficiency of the process was influenced by the voltage in the gate: applying a negative voltage brought the energy of the carbons’ orbitals closer to the tunneling energy of the gold electrodes, and increased the current travelling across the molecule.

    The team was able to get a larger effect by replacing the linear chains of carbons with 1,4-benzenedithiol, in which the sulfurs are separated by a benzene ring (shown above). Those of you who remained awake through high school chemistry may remember that the benzene molecule’s mix of single and double bonds creates a single, diffuse electron orbital that extends around the ring. The energy of that orbital, as it turns out, is much easier to influence with an applied voltage, creating a more effective transistor.

    The tour de force in the work, however, was the fact that the authors imaged the molecule sitting within the gate, and tracked the effect of the changes in gate voltage. A technique called inelastic electron tunneling can detect the vibrational modes available to the atoms in the molecule; the researchers used it to demonstrate that applying a voltage to the gate changes the energy of the orbitals, with a corresponding impact on the vibrational energy.

    As an accompanying perspective points out, this is far from a trivial confirmation of the expected. Because of the size of the objects involved in producing molecular-scale gates and the high failure rate of their production, there’s a very real risk of researchers being led astray by a contaminant or malformed structure of some sort that ends up acting like a gate. By demonstrating they could detect the actual molecule in question responding to the gate voltage, the new results leave little room for doubt.

    Where this new research doesn’t differ from past work is that high failure rate during production. Out of 418 devices they produced, only 35 behaved as if a molecule had fallen into place in the gate once the gap between its electrodes was created. Clearly, a success rate of less than 10 percent isn’t anywhere close to being ready for manufacturing.

    It’s also worth pointing out that the wiring on either side of the gate would still be subjected to the same issues that Intel faces in terms of feature shrinks; the gate may be smaller, but that’s only one part of a chip’s wiring.

    Still, the basic physics of the new gate are well understood and easy to control, which may make these devices easier to integrate into some sort of future circuitry. The results mean that the researchers can now shift their focus to application issues, like finding a long-lived molecular gate that attaches to the supporting wiring with high efficiency.

    Nature, 2009. DOI: 10.1038/nature08639

    • bigcat

      April 24, 2011 at 3:04 am

      ရုပ်တော့ ထွင်လို့ဖြစ်နိုင်မယ်၊ စိတ်ကိုတော့ရမယ် မဟုတ်ဘူး။ သဂျီးပြောပြောနေတဲ့ ဒီဂျစ်တယ်တို့၊ ကွန်ပြူတာက သုည၊တစ် ဘစ်တို့ကနေ ပလပ်ကြိုးပြုတ်သွားလို့ ဒေါင်းသွားတဲ့ကွန်ပြူတာ (ဘက်ထရီမရှိရင်၊ ရှိလည်း တသက်လုံးမခံပါဘူး) သူ့ဖာသာသူ ပြန်ပွင့်လာအောင် လုပ်နိုင်တော့မယ်ဆိုရင်တော့ လက်ခမောင်းခတ်ဗျို့….

  • kai

    April 24, 2011 at 8:58 am

    http://www.timesonline.co.uk/tol/news/science/biology_evolution/article7132299.ece
    May 21, 2010
    Scientists create artificial life in laboratory
    Mark Henderson, Science Editor

    Synthetic life has been created in the laboratory in a feat of ingenuity that pushes the boundaries of humanity’s ability to manipulate the natural world.

    Craig Venter, the biologist who led the effort to map the human genome, said yesterday that the first cell controlled entirely by man-made genetic instructions had been produced.

    The synthetic bacterium, nicknamed Synthia, has been hailed as a step change in biological engineering, allowing the creation of organisms with specialised functions that could never have evolved in nature. The team at the J. Craig Venter Institute in Rockville, Maryland, is investigating how the technology could yield microbes that make vaccines, and algae that turn carbon dioxide into hydrocarbon biofuels.
    ….

    စိတ်ကိုလည်း စမ်းသပ်ခန်းထဲထွင်လို့… ရနေပါပြီ..။ အပေါ်သတင်းကိုသာ သေချာဖတ်ကြည့်ပါ..။
    နောက်တခုက.. ဟိုးအပေါ်က စာထဲရေးထားတဲ့ ဘိုင်အိုကွန်ပေါင်းဆိုတာမျိုးက.. လူရဲ့ဆဲလ်တွေလို ထရန်စစ်စတာတွေပါ..။
    ဒါလည်း တော်တော်လေးရနေပါပြီ..။
    ဆိုတေ့ာ .. လျှပ်စစ်ဓါတ်အားက လူ့ဆဲလ်တွေလိုပဲ.. အပြင်ကလျှပ်စစ်ပါဝါမယူပဲ..စွမ်းအင်ကိုပြောင်းယူပြီး… ကိုယ်တိုင်ကလျှပ်စစ်ထုတ်ပေးနိုင်ပါလိမ့်မယ်.။
    ( လူက စဉ်းစား တွေးခေါ်တယ်..မှတ်ညဏ်တွေသိုလှောင်သိမ်းစည်းတယ်ဆိုတာ..လျှပ်စစ်စီးကြောင်းလေးတွေက ..ဦးနှောက်ကိုပို ့ပြီး.. အဲဒီကနေ နဗ်ကြောတွေကတဆင့် ..ကြွက်သားတွေဆီ လျှပ်စီးကြောင်းလေးတွေကတဆင့်ပဲ..ခိုင်းတာဖြစ်ပါတယ.်.
    ပိုကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်.. Neuroscience ကို လေ့လာရမယ်ထင်တယ်..။ ကိုရင်ကြောင်ကြီး
    http://en.wikipedia.org/wiki/Neuroscience
    ဘာသာရပ်ယူပြီး ကျောင်းတက်ကြည့်ပါလား.. အဘိဓမ္မာနဲ့ ဓမ္မကို အဲဒီနည်းပညာနဲ့ရောမွှေလိုက်ရင်.. တော်တော်ထူးခြားမယ်ထင်လို့ပါ..။)

    ရေဒီယိုလှိုင်းထဲ.. လျှပ်စစ်ပါဝါထည့်ပေးလို့ရတဲ့နည်းပညာက..အခုခေတ်တောင် ရှိနေပါပြီ..။
    http://www.nytimes.com/2010/07/18/business/18novel.html
    Bye-Bye Batteries: Radio Waves as a Low-Power Source
    By ANNE EISENBERG
    Published: July 17, 2010
    သဘောက.. ပလပ်ကြိုးပြုတ်ရင်လည်း.. လေထုကနေ လျှပ်စစ်ဓါတ်ယူလို့ရတဲ့သဘောပါပဲ..။
    ===
    ပြောချင်တာက.. အင်တာနက်ကို ယူအက်စ်စစ်တပ်က ထွင်ခဲ့သုံးခဲ့တာပါ..။ အဲဒီကနေ သူတို့တွေသုံးပြိး နှစ်တော်တော်ကြာတော့မှ…. ကလင်တန်လက်ထက်မှာ လူထုကိုချပေးနိုင်ဖို့ ..လူထုသုံးနိုင်ဖို့… ဥပဒေတွေအများကြီးပြုပေးခဲ့တယ်..။
    ဆိုလိုချင်တာက… .ပါ့ဗလစ်လုပ်တဲ့သတင်းတွေအထဲ နည်းပညာသဘောတွေ..အောင်မြင်မှုတွေ စတွေ့လာရပြီဆိုရင်.. ယူအက်စ်အစိုးရရဲ့ အတွင်းစည်းထဲအဲဒါတွေနဲ့ပါတ်သက်လို့.. တော်တော်ရထားပြီလို့ ယူဆနိုင်တာပါပဲ..။

    တွက်တာမမှားဘူးဆိုရင်.. အခုအပေါ်က နည်းပညာတွေရဲ့ လက်တွေ့ကျကျလုပ်ဆောင်လာမှုတွေတွေ့ရဖို့ ရာစုနှစ်ဝက်… မလိုတော့ဘူးဆိုချင်တာပါ..။

    • bigcat

      April 24, 2011 at 8:07 pm

      ကိုရင်ကြောင်ကြီး
      http://en.wikipedia.org/wiki/Neuroscience
      ဘာသာရပ်ယူပြီး ကျောင်းတက်ကြည့်ပါလား.. အဘိဓမ္မာနဲ့ ဓမ္မကို အဲဒီနည်းပညာနဲ့ရောမွှေလိုက်ရင်.. တော်တော်ထူးခြားမယ်ထင်လို့ပါ..။)

      ယူဘူးဗျာ၊ အသက်သာအသေခံမယ်…. 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 2:13 am

    ဘယ်ကလာဟုတ်ရမတုန်းသဂျီးရဲ ့
    လူသားဆိုတာဖြစ်ထွန်းလာတာ သိပ္ပံပညာအရ နှစ်ပေါင်းတစ်သောင်းလို ့ဆိုပေမယ့်
    နောက်ဆုံးတွေ ့ရှိချက်အနေနဲ ့သာ ထုပ်ပြန်နိုင်ပြီး
    ဘယ်သူက အတည်ပြုပေးနိုင်လို ့လဲ
    ပင်လယ်ရေအောက်မှာမြုပ်နေတဲ့ရှေးရှေးမြို ့ကြီးတွေရဲ ့ဆန်းကြယ်ခေတ်မှီနေပုံတွေက
    လျှို ့ဝှက်ချက်တစ်ခုဖြစ်နေသေးတယလဲမမေ့နဲ ့ဗျို ့
    ဆိုလိုတာက
    လူတွေရဲ ့ကျောက်ခေတ်နဲ ့
    အဲ့သည်ပျောက်ဆုံးနေတဲ့မြို ့ကြီးတွေရဲ ့တိုးတက်မှုကို နှိုင်းယှဉ်လိုက်ရင်
    တယ်လည်းအံဝင်ဂွင်ကြမရှိလှပေဘူး
    အထူးပြောချင်တာက

    စိတ်ကိုလည်းစမ်းသပ်ခန်းထဲထည့်လို ့ရတယ်ဆိုပြီး
    တစ်ဆင့်တက်လာရင်တော့
    သစ္စာတရားကို ကိုယ်ပိုင်ဉဏ်နဲ ့သိမြင်ခဲ့တဲ့ ဗုဒ္ဓရှင်တော်မြတ်က ငချဉ်လို ့ပြောလိုက်တာနဲ ့တူနေလိမ့်မယ်ဗျို ့

Leave a Reply