ပိတောက်ပန်း လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။ တကယ်တန်းသာဖြင့် ဘယ်ပန်းနော် စံမတူဘု နန္ဒမူ ဖန်ဂူ ထိပ်မှာလ ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ်ဆာယာ ။ တစ်နှစ်တွင်သည်တစ်လပေပ တစ်လတွင် တစ်ရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း ။ မြူမင်းလွင်ထန် ကြူသင်း တာချိန်ယံမတော့ ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့ သိန်သရေထိန်ဝေလို့တောက်တဲ့ပြင် လမ်းတစ်လျှောက်သင်းပေမယ့် ဆန်းသလောက်မလင်းနိုင်ဘု ပန်းပိတောက်မင်း ။ ။ (ဦးကြော့) ===== အချည်းနှီးပိတောက် လှလိုက်တာကွယ် ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့် လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ် နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် […]