ၾကယ္ေလးNovember 16, 20101min771
အမေ သားတို့ဘဝ လုံခြုံသွားပြီ အမေ ရှေ့ဆက်ပြီးရင်ဆိုင်ရမယ့် … လမ်း။ လျှောက်လှမ်းရမယ့် … လမ်း။ တွေ့ကြုံရမယ့် … လမ်း။ အဲဒီလမ်းတွေကို “အမေ” နွေးထွေးစွာ ဦးဆောင်လမ်းပြပေးပါဦး … အမေ။ သားတို့ လမ်းပေါ်မှာ လမ်းမပျောက်ချင်ပါဘူး … အမေ။ လမ်းသိပါလျှက်နဲ့ လမ်းမပျောက်ချင်ပါဘူး … အမေ။ လမ်းရှိပါလျှက်နဲ့ လမ်းမလျှောက်ဝံ့တဲ့ဘဝကို မလိုချင်ပါဘူး … အမေ။ အမေ့ရဲ့ အင်အား၊ အမေ့ရဲ့ စွမ်းအား၊ အမေ့ရဲ့ ပါဝါ၊ အမေ့ရဲ့ လမ်းညွှန်မှု၊ အမေ့ရဲ့ ဦးဆောင်မှု၊ အမေ့ရဲ့ လမ်းပြမှုတို့နဲ့ သားတို့ ဆက်လက် ချီတက်ချင်ပါတယ် … အမေ။ နိုင်ငံရေးသမားမဟုတ်တဲ့ နိုင်ငံ့အရေးပေးဆပ်နေတဲ့ ကျော်သူနဲ့ သွေးသောက်များ (၁၃ […]


sniqueOctober 14, 20101min20114
မရွာပဲ ခြိမ်းတဲ့ မိုး တွေ အသံ ပဲ ကြား ခဲ့ရတယ် မလာ ပဲ ယိမ်း ခဲ့ ကြိုးရှည်လှန် တဲ့ နွားလို ခပ်ဝေးဝေး က နေ မျှော် နေဖို ့ ဖြစ်လာပြန်တော့လဲ ပင့်သက် တိုင်းမှာ  အလွမ်းတွေပြည့်လေရဲ ့ နှလုံးသာက မီးခိုးငွေ ့မှ မဟုတ်တာ ငါ့ မှာ  ပေါ့ပေါ့ ပါးပါး ထွက်သွားလို ့ကိုမရဖြစ်နေတယ် မှန်တာတွေ မှားတာတွေ ကြားထဲခြားနေ တဲ့ ဗလာဖြစ်တည်မှုလေး တစ်ခု ဘယ်လိုမှ မဆုပ်ကိုင်နိုင်ဘူး လူက တော့ လွတ်လပ် လဟာ မှာမြောလို ့ စက်ရုပ်တစ်ရုပ် လို တစ်နေ ့တာ ဝေယျာဝိစ္စတွေကို […]


seinrluSeptember 26, 20101min581
သာမန်ပြည်သူတယောက် သစ်ကောင်းအိမ် စက်တင်ဘာ ၂၆၊ ၂၀၁၀ ဘယ်သူ့ဂရုစိုက်ရမှာလဲ ငါတို့အခုရောက်နေတာ အရက်သောက်ဖို့ နဲ့ စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့ ခေတ်ကြီး အခါကြီး သမယကြီဲး။ ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ အတွင်းမှာ အပြောင်းအလဲတခုတော့ လိုအပ်နေပြီဗျ … အဲဒါတော့ မင်းပြောမှလား နွားရဲ့ ဒီမှာလည်း အရေးတကြီး ပေါင်းလက်စ မယားကို အသစ်လဲဖို့လိုနေတယ် စီးလက်စ, ကားကို အသစ်လဲဖို့လိုနေတယ် လေ ပါ တယ် ခင်ဗျားကြီးဟာ အပူသက်သက် ဒယ်အိုးတင်ပြီး ကြော်ရုံပဲ…. အသားတင်ပြီး ကင်ရုံပဲ…. အဲဒီမှာ စတွေ့ တာပဲ ဘင်လာဒင်နဲ့ ချောစုခင်နဲ့ ဘုန်းကြီးရူးနဲ့ ဝိုင်းစုခိုင်သိန်းနဲ့ ဒီမယ် မိန်းကလေး ငါ့ရင်ခွင်ကို မင်း ဝင်ချင်ဝင် ထွက်ချင်ထွက် ဟိုသတ္တဝါ […]


manawphyulayAugust 2, 20101min570
လောကကြီးမှာ လူတွေဟာ ရယ်ရယ်မောမော ခင်ကာနှောတော့ လူပေါကြီးလို့ ဆိုကြပြန်တယ်…. ရောနှောမဝင် တည်ပြန်ရင်လည်း မာနကြီးဘိဆိုလေ၏…. တည်တည်မှန်မှန် နေပြန်ရင်လည်း ဆိုလေအတင်း ကုတ်ကမြင်းတဲ့ ကဲ…. ခင်မင်ရတဲ့ စာဖတ်သူရော ဘယ်လိုလဲဟင်……….။


manawphyulayJuly 26, 20101min822
အချစ်တစ်ခုဟာ ဟက်ဒစ်လို အသုံးဝင်ခဲ့ရင် အကောင်းသား တစ်ခါမကောင်း တစ်ခါ ဖောင်းမတ်ရိုက်လို့ရရင် အချစ်အဟောင်းဆိုတာလည်း ဘယ်ရှိလာတော့မှာလဲ လူငယ်တွေ ကွဲကြ နောက်တစ်ယောက်ပြောင်းကြဆိုတဲ့ မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ အဝေးက ငေးကြည့်ရုံနဲ့ စိတ်ညစ်ရ…. ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင် အခမဲ့ ကူညီချင်မိပါရဲ့…. အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ ခုတော့ ငါ စဉ်းစားမိပြီ… ကွန်ပျူတာလောက်တောင် အသုံးမဝင်တဲ့အရာကို ငါလေ ဝေးဝေးကပဲ ရှောင်တော့မယ်… ရေးသူ- မနောဖြူလေး


manawphyulayJuly 21, 20101min880
ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက ကိုးလလွယ် ဆယ်လဖွား မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ သားသမီးတွေအတွက် အမေဟာ စမ်းချောင်းကလေးတစ်ခုပေါ့။ အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့ အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့ လောကမှ အမေဆိုတာ သားသမီးတွေအတွက် မရှိမဖြစ် ရေကြည်တစ်ပေါက်ပေါ့။ ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း အပြုံးမပျက် မေတ္တာဖက်လျက် သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင် ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။ သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။ အမေရဲ့မေတ္တာဟာ စမ်းချောင်းလေးဆိုတဲ့အတိုင်း တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့ အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။ အမေဟာ သားသမီးတွေရဲ့အရိပ် သားသမီးတွေရဲ့ဘဝ ဘုရားရှင်သော်မှ အမေ့ကျေးဇူး နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ခဲ့တယ်တဲ့ သာမန်သားသမီးတွေအတွက်တော့ မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ မာတာမိခင် ကျေးဇူးရှင်ကို ကျေးဇူးကျေအောင် ဘယ်လိုဆပ်မည်နည်း….


manawphyulayJuly 21, 20101min970
ရွှေကိုသာ ရမယ်ဆို ဘာမဆိုလုပ်တဲ့ ရွှေရဲ့ကျွန် ငါမဟုတ်….။ ငွေကိုသာရမယ်ဆို ဘာမဆိုလုပ်တဲ့ ငွေရဲ့ကျွန် ငါမဟုတ်…။ ကျော်ကြားမှုသာရမယ်ဆို ဘာမဆိုလုပ်တဲ့ ကျော်ကြားမှုကျွန် ငါမဟုတ်…။ တစ်ခဏတာ ဘဝထဲတွင် ကုသိုလ်အစု ပြုချင်ခဲ့ ကောင်းမြတ်သော ဘဝနေနည်းဓမ္မအတွက် ကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစား အများအတွက်လည်း နိုင်စွမ်းသရွေ့ကူညီ ကျန်ရှိနေတဲ့အချိန်များအတွင်း ကောင်းမှုမြတ်နိုး ကောင်းအောင်လုပ်ရင်း ထိုကောင်းမှုအတွက် နှလုံးသားဖြင့် ခေါင်းလောင်းထိုး အားလုံးအတွက် အမျှဝေ နှလုံးသားရှိသူတိုင်း ကြားသိရှိ သင်လည်း သာဓုခေါ်နိုင်စေ…။ ။


manawphyulayJuly 13, 20101min710
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]


manawphyulayJuly 5, 20101min911
မဖြေရှင်းနိုင်တဲ့ ပြသာနာတွေကြားထဲ ရောက်နေတဲ့အခါ တအုံနွေးနွေးနဲ့ ရင်လေးမနေပါနဲ့…. သေချာစဉ်းစား အနာခံထိုးဖောက် လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ…. မိတ်ဆွေတို့အတွက် မျှော်လင့်ချက် မနက်ဖြန် ရှင်သန်ပျိုမျစ် ပျော်စရာနေ့သစ်တွေ မလွဲမသွေရောက်လာမှာပါ…. ကဲ…. ဒီတော့ မိတ်ဆွေ ပြသာနာအခက်အခဲတွေကို ရဲရဲတင်းတင်းနဲ့ ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ….


manawphyulayJuly 5, 20101min490
တစ်သက်မှာ တစ်ချစ် အချစ်စစ်ဟု မြည်တမ်းနေလဲ မရေရာ မသေချာတဲ့ဘဝ အကြောင်းတွေပြ ရာသီတွေ အလီလီပြောင်း အချစ်စစ်ရှာဖွေရင်း နှလုံးသားများစွာ လူငယ်တွေ စတေးပြု အပြောင်းအလဲတွေ အဖန်ဖန်ပြုနေကြတဲ့ မြင်ရ တွေ့ရ လူများစွာအတွက် အချစ်စစ်ရှာ အချစ်ငတ်လူသားတွေအဖြစ် တွေ့မြင်နေရင်း ငါလေ… တစ်ကိုယ်တည်း တိုးတိတ်စွာ ရေရွတ်နေမိပါတကား……


manawphyulayJuly 5, 20101min520
ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ် အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ် ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ် မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ် လက်မဆုံဖြစ်ကြတဲ့ မိသားစုထမင်းဝိုင်းလေးရယ် ဆယ်ပေအခန်းကျဉ်းလေးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ဘဝလေးရယ် မိဘတွေရဲ့ ပေးစွမ်းနိုင်တဲ့ လုံခြုံတဲ့ မေတ္တာနွေးနွေးထွေးထွေးလေးရယ် တစ်ခါတစ်ရံ ညည်းတွားတတ်တဲ့ မေမေရဲ့ညည်းတွားသံလေးရယ် ဝန်းကျင်အနွမ်းရဲ့ ဆင်ခြေဖုံးထဲက အလုပ်သွားလမ်းကလေးရယ် မျှော်လင့်ခြင်းတွေကို ဝေခြမ်းထားတဲ့ အိပ်မက်ဆန်းဆန်းတွေရယ် ငြီးငွေ့မှုတွေကို အစားမထိုးနိုင်သေးတဲ့ ပစ္စုပ္ပန်အဟောင်းတွေရယ် ချို့ငဲ့မှုတွေကို ကြွယ်ဝစွာ အုပ်မိုးပေးထားတဲ့ မေတ္တာတရားတွေရယ် စိတ်ကျမှုဖြစ်လာတိုင်း အိပ်မက်ထဲမှာ အမြဲရောက်ရောက်လာတတ်တဲ့ အိပ်မက်သခင်ရယ် အရာအားလုံးဟာ လောကထောင့်ကျဉ်းထဲက အိမ်ကလေးတစ်လုံးထဲမှာ စုပြုံရောက်ရှိနေခဲ့တာဟာ လောကရဲ့ ကံတရားတွေပါ ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း လူးလွန့်ကခုန်ရင်း အိမ်ကလေးထဲက ခရီးသည်များ သံသရာရဲ့မွန်းကျပ်မှုမှ လွတ်မြောက်ကြပါစေသား……


manawphyulayJuly 5, 20101min480
ယိုင်နဲ့နဲ့ ခြေလှမ်းနဲ့ စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေနဲ့အတူ ဘဝတွေထဲလျှောက်မိတဲ့အခါ ပတ်ထားတဲ့ လက်ပတ်နာရီတောင် ရပ်တန့်နေပါပေါ့…. သက်ပြင်းတွေအခါခါချ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတဲ့အခါ ပြုံးပြနေတဲ့ ဝန်းကျင်တစ်ခုလုံးက ငါ့ကို လှောင်ပြုံး ပြုံးနေတာလား… အားပေးနှစ်သိမ့်ပြုံးတွေလား… မရေရာ ဝေခွဲခက်စွာနဲ့ အပြုံးတု အပြုံးစစ်ဆိုတာ ဘာတွေနဲ့တိုင်းတာမိပါလိမ့် ကြမ်းတမ်းခက်ထန် ဘဝလှိုင်းဒဏ်ကြား အလူးအလဲခံရင်း ချော်လဲပြန်ထ အခါခါပြုခဲ့ ငါ့ရခဲ့တဲ့ ဒဏ်ရာ အမာရွတ်များတောင် ဖြစ်နေခဲ့ပေါ့….. မသက်သာ ဒီဘဝမှာဖြင့် ဟန်ဆောင် မချိပြုံး အခါခါပြုံးရင်း လောကကြီးထဲ လမ်းဆက်လျှောက်ဆဲ တစ်ခါတလေ စဉ်းစားမိခဲ့ လေဒဏ်မိုးဒဏ်ခံနိုင်တဲ့ ဝါးပင်ဖြစ်ရရင် ကောင်းမလား ဒါမှမဟုတ် ထုသားပေသားကျနေတဲ့ ကျောက်ငရုတ်ဆုံဖြစ်ရရင်ကော ဪ ဘာပဲဖြစ်ဖြစ် လူဟာ လူပဲ သဘာဝတရားက သူ့အလိုလိုဖန်တီးခဲ့ ဘယ်အရာမဆို ကြံ့ကြံ့ခံ ခုခံရင်း […]