တနေ့သ၌ မောင်ဘချစ်၏ဂေဟာသို့ မိတ်ဆွေရင်းဖြစ်သူ ဂျော်နီအာင်ဘု ရောက်ချလာသည်။ “အောင်ဘုရေလာထိုင်၊ ရေသန့်တော့ရှိတယ်။ ဘုံဘိုင်က ထည့်ထားတာ” “မင်းကလဲကွာ အတော်ကပ်စေးကုပ်တာပဲ၊ ဘာလို့ရေသန့်ဘူးတွေ မဝယ်ရတာလဲ” “ရေသန့်ဘူးဆိုတာ အဆောင်အယောင်ကွ၊ ဒီကရေဟာ သန့်နေပြီးသားပဲ။ မင်းလိုပေါ့၊ ဂျော်နီဆိုတာ မင်းတောက နာမည်မှ မဟုတ်တာပဲ၊ ဂျော်နီလို့လုပ်လိုက်တာနဲ့ အောင်ဘုဟာ ပြောင်းသွားတာမှ မဟုတ်ပဲ။ ဒါက ပညတ်တွေပါ” “ဟုတ်ပါတယ်။ စာတတ်ပေတတ် မောင်ဘချစ်ရယ်။ ဂျော်နီဆိုတာ ဒီကလူတွေ ခေါ်ရလွယ်အောင်လို့ပါ။ ငါ့ကိုရောက်ခါစက ကေယင်မလေးတွေ ဘု .. ဘု လို့ခေါ်ရင် လူက ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သူတို့ရဲ့ ဘု က ဘူး ဘူးလို့ အသံထွက်နေတယ်လေ ဟဲ ဟဲ” “ဒါကတော့ ကုန်ကိုမြင်ရင် အစုန်လား […]