“ပိုင်တာပေါ့”             “အေး.အဲဒီတော့ တစ်လအတွင်းမှာပဲ ဂျူလီလိုချင်တဲ့ ကြယ်သီးနဲ့ဆံပင် ရလာရော ဆိုပါတော့…နောက် ဂျူလီ ဘာဆက်လုပ်လဲဆို တာ တော်တော် အံဩဖို့ကောင်းတာကွ..အဲ..သူက ရီစရာ အနက်ရောင်လိုင်းလေးတွေပါတဲ့ အဝတ်နဲ့လုပ်ထားတဲ့ အရုပ်ကလေး တစ်ရုပ် ယူလိုက်ပြီး..အဲဒီအရုပ်မှာ ငါယူလာတဲ့ ကြယ်သီးလေးကို ရင်ဘတ်မှာတပ်..ဆံပင်ကိုတော့ ခေါင်းမှာကပ်သကွ..ပြီးတော့ ကြက်ဖ တစ်ကောင်ကို သတ်..ကြက်သွေးတို့ကို ဒယ်ပိုင်းလေးထဲထည့်တယ်..အရုပ်ကလေးရဲ့ခေါင်းကို အဲဒီ ကြက်သွေးထည့်ထား တဲ့ ဒယ်ပိုင်းထဲ နှစ်ပြီး စိမ်တာ..စိမ်ပြီးတော့ အရုပ်ကို သူ့အခန်းထဲယူသွားပြီး ဂါထာတွေ မန ္တာန်တွေရွတ်..ထူးထူးဆန်းဆန်း ဆေး ပင် ဆေးရွက်တွေနဲ့ အရုပ်ကို သုတ်..လိမ်း..နောက်တော့ အပ်မဲမဲလေးတစ်ချောင်းထုတ်ယူပြီးတော့ ဗူဒူးရုပ်ကတော့ အဆင်သင့် ပဲ..ရှင့်အစ်ကိုရဲ့ လိပ်ပြာကို ဒီအရုပ်ထဲမှာသွင်းပေးလိုက်ပြီ တဲ့..ခု ရှင် ဒီအရုပ်ကို အပ်နဲ့ဘယ်နားထိုးထိုး မွမ်ဘိုင်းမယ်ရှိတဲ့ ရှင့် […]


“ဗျာ..အာဗင်း က ဘာဖြစ်သွားလို့လဲ..သူက ဘာလုပ်တာလဲ” “သူလား..သူက ဒီ စူရီးယား စက်မှုလုပ်ငန်းကြီးရဲ ့ပိုင်ရှင်..အင်း ..သူ့နေရာ ငါအစားမယူခင်ထိပေါ့” “ဪ..ခင်ဗျားက ဘာလို့ သူ့နေရာ ယူလိုက်ရတာလဲ..အဲ..ဒီမှာ ကျွန်တော် တစ်ပက်လောက် ငှဲ့ပေးမယ်နော်..    စကော့ဝီစကီ..စကော့တလန်က တိုက်ရိုက်လာတာဗျ..”             “အေး..အေး.. ကျေးဇူးပဲကွာ..အနံ့လေးကတော့ သင်းသား..မော်ရေးရှပ်စ် ကို ပျားရည်ဆမ်း ထွက်တုန်းက   ပို့တ်လူးဝစ် မှာ ဒီလို  စင်ဂယ်မော့လ်တ် စကော့ဝီစကီကို စ မြည်းဖူးတာပဲ..”             “အင်း..ဆရာ ပြောနေတာ ဆရာ့အစ်ကို နေရာကို ဆရာ ယူလိုက်ရတယ်ဆိုတယ်နော်…” ကျွန်တော်လည်း စကားအမျှင်မပြတ်အောင် ပြောလိုက် ..အရက်လေးငှဲ့လိုက်နဲ့..။သူ့လည်း ဆရာခေါ်လိုက် ခင်ဗျားခေါ်လိုက်နဲ့။ “ဪ..အေး..ဟုတ်တယ်..ငါ့အစ်ကိုက သိပ်တော်တဲ့လူ သိပ်ကောင်းတဲ့လူတစ်ယောက်ပါကွာ…ဒါပေမဲ့ သူ့နေရာကိုလွှဲပေးလိုက် ရတာကတော့..သူ..သူ.. ရူးသွားလို့..” […]


မွမ်ဘိုင်းရဲ့ချောင်ကျကျအရပ်အရပ်ဖြစ်တဲ့ ဒရာဗီမှာ ကျွန်တော်နေတာ။ ဒရာဗီ ဆိုတဲ့အရပ်က ဘယ်လိုမျိုးဆိုတာ ရှေ့မှာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ခုလည်း ထပ်ပြောပါဦးမယ်။ကျွန်တော်နေတဲ့အခန်းလေးကဆယ်ပေပတ်လည်လောက်ပဲရှိမယ်။ လေဝင်လေထွက်၊သဘာဝအလင်း ဘာမှ မရဘူး။သံချေးတက်နေတဲ့ သွပ်ပြားတွေမိုးထားတယ်။ရထားများ ဖြတ်သွားလို့ကတော့ တုန်ခါပြီး အသံစုံထွက်နေတာပဲ။ရေ လား..မရဘူး။မိလ္လာစနစ်လည်း မရှိဘူး။ကျူးကျော်ရပ်ကွက်ပါဆို..ဘာရမှာလဲ။ကျွန်တော် တတ်နိုင်တာလဲ ဒီလိုနေရာမျိုးပဲ ဆိုတော့..။အဲ..ဒါက ဒရာဗီမှာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး။လူ သန်းနဲ့ချီရှိတယ်။ ဟက်တာ နှစ်ရာလောက်ရှိတဲ့ တြိဂံပုံ ဒရာဗီအရပ်ထဲမှာ လူသန်းဂဏန်းနေနေတာသာ စဉ်းစားကြည့်ပါတော့။ရွှံ့တွေဗွက်တွေ နဲ့ ဟောဒီ ဖုန်းဆိုးမြေဟာ မွမ်ဘိုင်းလိုမြို့ကြီးမယ် ရှိနေတာ။အဲဒီတော့ နေရတာလည်း တိရိစာ္ဆန်တွေလို..သေတော့လည်း အင်းဆက်ပိုးမွှားတွေလို။တစ်နိုင်ငံလုံးက ခိုကိုးရာမဲ့နေတဲ့.. ဆင်းရဲမွဲတေလွန်းတဲ့..လူတွေ.. ဟောဒီ အာရှရဲ့ အကြီးဆုံး.. အစုတ်ပဲ့ဆုံး ဒရာဗီ ဆိုတဲ့ ဒီအရပ်မှာ ကျောချစရာ တစ်နေရာလေးရဖို့ တိုးတိုးကြိတ်ကြိတ် သိပ်သိပ်သည်းသည်း ရုန်း ကန်နေကြရတာ။နေ့တိုင်းနေ့တိုင်း ရုတ်ရုတ်သဲသဲ ဆူဆူညံညံနဲ့ […]


ကြယ်သီး ပုံပြင်   “ခါလီပဲ..ကုန်ပြီ..တော်တော့..”ကျွန်တော် ခပ်ပြတ်ပြတ်ပဲ။တစ်လုံးမေး တစ်လုံးဖြေ။  “ဝီစကီ လည်း မရှိတော့ဘူး..ဘားလည်း ပိတ်ပြီ..အိမ်ပြန်ပါတော့..”   “ဟေ..အဲ့လို မပြောဘာ..နဲ့..ကွာ..လုပ်ပါဦး..နောက်တစ်ပက် လောက်..နောက်..နောက်ဆုံး တစ်ခွက်. .နောက်ဆုံးတစ်ခွက်..နော်” သူ့ခွက်ထိုးပေးပြီး တောင်းပန်နေတယ်။ကျွန်တော် လက်က နာရီကို ငုံ့ကြည့်တော့ ည ဆယ့်နှစ် လေးဆယ့်ငါး။ ပုံမှန်ကတော့ ဆိုင်က ည တစ်နာရီထိ ဖွင့်တာပါ။ကျွန်တော်လည်း မတတ်သာဘူး။ စိတ်လေလေနဲ့ ခွေးနက် ရမ် ပုလင်းသွားဆွဲရတော့တာပေါ့။ “ရူးပီးတစ်ရာ ကျတယ်” သူ့ ရှပ်အင်္ကျ ီအိတ်ကပ်ထဲက ကြေမွနေတဲ့ အကြွေလေးတွေ ထုတ်ပေးတယ်။ပိုက်ဆံသိမ်းပြီးမှ သူ့ခွက်ထဲကို အရက်တစ်ပက် သေချာချိန်ထည့်ပေးလိုက်တယ်။ “ကျေး..ကျေးဂျူး..တင်..ဒယ်နော်..ညီလေး..” ပြောပြီး ဂွပ်ခနဲမော့ချ။ ပြီးတော့ စားပွဲပေါ်ကို ခေါင်းစိုက်ကျသွားတော့ပဲ။လက်ထဲက ဖန်ခွက်လည်း ကြမ်းပြင်ပေါ်ကျပြီးကွဲသွား တယ်။စားပွဲပေါ်က ဆိုဒါပုလင်းက […]


နောက် ခြောက်လလောက်ကြာတော့ ကျွန်တော်လည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နေတော့တာပေါ့။ထမင်းချက် အသစ်တော့ ထပ်ခေါ်ရတာပေါ့လေ။အဲဒီလူက ဒီကနေ မိုင်တစ်ထောင်လောက်ဝေးတဲ့ တီဟာ ထောင်ကိုတော့ မရောက် ဘူးပါဘူးဗျ။အဲ..ဘဂဝါတီကြီးလည်း မရှိတော့ဘူး။လစ်သွားပြီ။သူ့အမျိုးတစ်ယောက် မင်္ဂလာဆောင်တာ ကာနယ်ကြီးတို့ ကားကို ခွင့်ပြုချက်မရှိဘဲ ယူသွားမိလို့လေ။မက်ဂီ လည်း ဂျိမ်းစ် ဆိုတဲ့ကောင်လေးနဲ့ သမီးရည်းစားဖြစ်နေတာ သိသွားလို့ ကောင်လေးလည်း အိမ်မလာရတော့ဘူး။ ရွိုင်းလည်း မူးယစ်ဆေးသုံးတာ မိသွားလို့ အတော်လေး အနွှာခံလိုက်ရသေး တယ်။ကာနယ်ကြီးတို့ လင်မယားက စကားတော့ ပြောပါတယ်။ဒါပေမဲ့ သူတို့ဆက်ဆံရေးက လုံးဝအေးစက်သွားပြီ။ ကာနယ်ကြီးလည်း အရင်လိုပဲ ဂျီဗန်ကူးမားနဲ့ လူရှင်းတဲ့ လမ်းကြားလေးတွေထဲမှာ၊ကားပါတ်ကင်တွေမှာ လျှို့လျှို့ ဝှက်ဝှက်နဲ့ တွေ့နေဦးမှာပဲ။   ******************************    မက်ဂီ နဲ့ ရွိုင်း ဧည့်ခန်းထဲမှာ စခရပ်ဘဲလ် ဆော့နေကြတုန်း ကျွန်တော်ဝင်လာတော့ […]


မောင်ရာမူး ပြီးတော့ ဒီတစ်ခါ ရွိုင်း အလှည့်။ ရွိုင်း က သူ့အခန်းထဲမှာ ရှန်တီကို ဖက်နမ်းနေတုန်း ကာနယ်တေလာ မိသွားတာလေ။ရှန်တီ ကတော့ အပြင်းအထန်ငြင်းရှာတယ်။သေသွားတဲ့ သူ့အမေကိုတောင် တိုင်တည်ပြီး ကျိန်တွယ်ပြ တယ်။သူနဲ့ ရွိုင်း ဘာဘာ ကြားမှာ ဘာအကန့်မှ မရှိဘူးပေါ့ဗျာ။ခု လိုဖြစ်တာလည်း ပထမဆုံးအကြိမ်ဖြစ်သလို မတော်တဆ မှားယွင်းတာလည်း ဖြစ်သတဲ့။ဒါပေမဲ့ ရပါဘူး။ဘယ်လို တောင်းပန် တောင်းပန်၊ သိတယ်မို့လား ကာနယ်ကြီးအကြောင်း။ ဟုတ်ပ..။ဘာဖြစ်မလဲ တွေးကြည့်စရာတောင်မလိုဘူးလေ။ရှန်တီလည်း ဂျောင်း ပေါ့။ဒါပေမဲ့ ခမျာမှာ လခလေးတော့ ရသွားရှာပါတယ်။ရွိုင်း လား..။သူတော့ အဆော်အတီးလေးတော့ ခံရမှာပေါ့။ ဒီ သောက်ကုလား တွေနဲ့ သွားပြီးရောတယ် ဆိုပြီးတော့လေ။ပြီးတော့ စူပါမားကတ်တွေမှာ ဈေးလိုက်ဝယ်ခွင့်လည်း ပိတ်ခံလိုက်ရတော့တာ။အဲဒါ သင်ခန်းစာပဲ ဆိုပြီး ကြိုကြိုတင်တင် ကာထားတဲ့ […]


စိတ်လှုပ်ရှားစရာလေးတွေ အိမ်မှာ ဖြစ်သေးတယ်။မက်ဂီ အတွက် အလှမွေး ခွေးလေးတစ်ကောင် ရလာတာပဲ။ ကာနယ်ကြီးက သံကြိုးလေးနဲ့ဆွဲလာတာ။ခွေးလေးက သေးသေးလေး။အမွှေးရှည်ရှည် ပွပွလေးဗျ။နှာခေါင်းသေးသေးလေး က အမြဲ စိုစွတ်နေတယ်။အမြီးကတော့ ခပ်ရှည်ရှည်ပဲ။အဲဒီခွေးလေးက အရုပ်ကလေးနဲ့ပိုတူနေတာ။အမယ်.သူက ဟောင်တယ်ဗျ။ဟောင်တယ်ဆိုတာထက် အော်တာလို့ပြောရင် ရမယ်။မက်ဂီ ပြောတာတော့ အဲဒီခွေးလေးက အပ်ဆို (Apso) ခွေးမျိုးဆိုပဲ။ခွေးလေး ကို မက်ဂီ က ရိုဗာလို့ နာမည်ပေးထားတယ်။   ******************************      နောက်ထပ် စိတ်လှုပ်ရှားစရာ တစ်ခု ထပ်ဖြစ်သေးတယ်။အဲဒါက ထမင်းချက်အသစ်တစ်ယောက် အိမ်ကို ရောက်လာတာပဲဗျ။အဲဒီလူနာမည်က ဂျိုင်း တဲ့။ရာမူး တစ်ဝက်လောက်တောင် နားမလည်တဲ့သူပါဗျာ။ပြင်သစ်စာလား.. အသံတောင် မထွက်တတ်ဘူး။ဒါက အေးဆေး။ပြဿနာမရှိဘူး။သူအလုပ်ရတယ်။ ဘာလို့လဲ..ဟုတ်လား..။သူက အသက်ကလည်း နည်းနည်းကြီးပြီ။ မိန်းမလည်း ရှိတယ်။ကလေး နှစ်ယောက်လည်းရှိတယ်။မိန်းကလေးတွေ။ပြီးတော့ နေတာကလည်း ဒီနားက […]


နောက် အမှတ်ရစရာတစ်ခုက ဒီလထဲမှာ စတားတီဗွီလိုင်းကနေ Spy catcher ဇာတ်လမ်းတွဲစပြတာပဲ။ဒီဇာတ်လမ်းတွဲ ကတော့ ဩစတေးလျတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေတာပဲတဲ့။ ၁၉၈ဝ ကျော်ဝန်းကျင်လောက်ကို နောက်ခံထားပြီး ဩစတေးလျ ရဲအရာရှိ စတိဗ်နိုလန် က သူလျှိုတွေကို လိုက်ပြီး ဖော်ထုတ်ဖမ်းဆီးတဲ့ ဇာတ်လမ်းဗျ။ ကျွန်တော်တို ့ကာနယ်ကြီးကတော့ ဒီဇာတ်လမ်း ကို လုံးဝစွဲသွားတော့တာပဲ။ညနေတိုင်းလိုလို သူ့ရဲ့ရုံးခန်း(ကျွန်တော်ကတော့ သားရဲတွင်းလို့ နာမည်ပေးထားတယ်။)လေးထဲမှာ တစ်ချိန်လုံးနေ။ညစာစားချိန်လောက်ပဲ ပြန်ထွက်လာတတ်တာ။ဒါပေမဲ့ဗုဒ္ဓဟူးနေ ့ဆိုရင်တော့ တီဗွီကြည့်တဲ့အခန်းလေးထဲမှာ ဖော်စတာ ဘီယာလေးသောက်လို့ စတိဗ်နိုလန် နဲ့ ငြိမ့်နေတာပေါ့။ရုရှား ကေဂျီဘီ အဖွဲ့ကိုလျှို ့ဝှက်ချက်တွေ ရောင်းစားနေ တဲ့နိုင်ငံခြားကလာတဲ့ လူဆိုးတွေ (ကွန်မြူနစ်တွေတဲ့)ကို စတိဗ် နိုလန် ကလိုက်ဖမ်းတာမျိုး တွေလေ။ကျွန်တော်လည်း အဲဒီ ဇာတ်လမ်းတွဲကို ကြိုက်တယ်။လူဆိုးနောက်ကို ဇာတ်လိုက်က ကားနဲ့ တရကြမ်းလိုက်တာတို့၊ […]


ရာမူးက သဘောကျစရာကောင်းတဲ့လူဗျ။လွန်ခဲ့တဲ့ လေးလလောက်က ဒီအိမ်ကိုရောက်လာတာ။ အချက်အပြုတ်ကတော့ တကယ်တော်တဲ့သူ။အဲ.. ထူးထူးခြားခြား သူက ပြင်သစ်အစားအစာတွေဘာတွေ ကောင်းကောင်းချက်တတ်တာပဲ။အရင်က ပြင်သစ်မိသားစု အိမ်မှာ လုပ်ခဲ့တာတဲ့။သူ ချက်တတ်တဲ့ ပြင်သစ် ဟင်းလျာတစ်ချို့ဆို နာမည်တောင်ကျွန်တော်သေချာမထွက်တတ်ဘူး။ ဂါတ်ထိုဒီ ဆော့မွန်[1]တို့၊ ခရိပ် ဆူဇတ်[2] တို့ ၊ဆားဗတ် အော် ဂါတင်[3] တို့ လေ။အဲဒီ ဟင်းကတော့ ကျွန်တော့် အကြိုက်ဆုံးဟင်းပဲ။ သီးရွက်စုံ ပုစွန်ကြော်ပေါ့။ရာမူးက မျက်နှာကလည်း ပုံပန်းကျနတယ်။အဲ..မျက်နှာပေါ်က ကျောက်ပေါက် မာလေးတွေကိုသာ မေ့ထားရင် လူချောတစ်ယောက်ပဲဗျ။သူက ဟိန္ဒူရုပ်ရှင်တွေလည်း တော်တော်ကြိုက် တယ်။သူ အကြိုက်ဆုံးက ချမ်းသာတဲ့ ဇာတ်လိုက်မင်းသမီးက ဆင်းရဲတဲ့ မင်းသားနဲ့ လိုက်ပြေးတယ် ဆိုတဲ့ ဇာတ်လမ်းမျိုး။ ကျွန်တော်ထင်တာကတော့ ရှန်တီ က ရာမူးကိုကြိတ်ပြီးကြွေနေ သလားလို့။ သူ […]


အင်း..အင်း ကျွန်တော်ကတော့ အလုပ်ဖြုတ်မခံရဘဲ ကျန်နေတဲ့ တစ်ယောက်ထဲသောသူပေါ့။ဟုတ်ကဲ့.. ကျွန်တော်ဝန်ခံပါတယ်ဗျာ။ကျွန်တော်လည်း နဲနဲပါးပါး မရိုးသားတာလေးတွေတော့ ရှိသပေါ့။တစ်ခါတလေ မစ္စစ် တေလာ အခန်းထဲမှာ ဒီအတိုင်းပစ်ထားတဲ့ အကြွေလေးဘာလေးတွေ ကို ကျွန်တော့်အိတ်ထဲကောက်ထည့် မိတာမျိုး။ဆွစ် ကလာတဲ့ ချောကလက်တောင့်လေးတစ်ခုတလေလောက် ရေခဲသေတ္တာထဲက ယူစားမိတာမျိုး။ ဒါပေမဲ့ လက်လွတ်စပါယ်ကြီးတော့ဘယ်လုပ်မလဲ..သေသေချာချာ စူးစမ်းပြီးမှ လုပ်တာပါ။ဘာလို့လဲ ဆိုတော့ ကာနယ်ကြီးက ဦးဖိုးသိကြီး မဟုတ်လားဗျ။အင်း..မပြောတတ်ဘူး..ကျွန်တော်လုပ်တာ သိချင်လည်း သိမပေါ့။ ဒါပေမဲ့ ဒါက သိပ်လွန်လွန်ကျွံကျွံကြီးမဟုတ်လို့ လွှတ်ပေးထားတာလည်း ဖြစ်မှာပါ။ပြီးတော့ သူတို့မိသားစုက လည်း ကျွန်တော့်ကိုယုံပါတယ်။အကြောင်းက ကျွန်တော့်မှာ ခရစ်ယာန်နာမည်ရှိတာရယ် အင်္ဂလိပ်စကားပြော တတ်တာရယ် ဖြစ်မယ်ထင်တယ်။ကျွန်တော်ဆို သူတို့မိသားစု အိပ်ခန်းတွေထဲကအစ ဝင်လို့ရတယ်။အေးဆေးပဲ။ တီဗွီ တွေဘာတွေလည်း ကျွန်တော်တစ်ယောက်ပဲကြည့်ရတယ်။ကျန်တဲ့ အစေခံတွေဆို မကြည့်ရဘူး။တစ်ခါတလေ ရွိုင်း နဲ ့အတူ […]


ကိုဖိုးသိ   “အမည်..ကျားမ.. အသက်..ကျေးဇူးပြု၍ အမိန့်ရှိပါ..”           သန်းခေါင်စာရင်း လာကောက်တာ ဖြစ်မှာ။ အဲဒီငတိက ကျွဲကော်ကိုင်း မျက်မှန်ထူထူကြီး တပ်လို့ ရှိုးတို့ရှန့်တန့် နဲ့ ဆင်ဝင်ရှေ့မှာ ရပ်ပြီးမေးနေတာဗျ။သယ်လာတဲ့ ဖိုင်တွေကလည်း တစ်ထပ်ကြီးနဲ့။လက်တစ်ဖက်က အငြိမ်မနေဘဲ ဆော့ပင်(soft pen) ကို လှည့်နေသေးတယ်။ ဒီလိုလည်းမေးလိုက်ရော ကျွန်တော်တို့ ကာနယ်ကြီး တေလာတစ်ယောက် မျက်နှာထားတစ်ချက် တင်းသွား သဗျ။အဲ..သူ ့အကြောင်းလေးတော့ နည်းနည်းပြောပြရဦးမှာပေါ့။သူ့တင် မဟုတ်ပါဘူး..သူ့ မိသားစု အကုန်လုံး အကြောင်းလည်း ပြောရဦးမှာ။ ကာနယ်ကြီးက နို့နှစ်ရောင် လီနင်စနဲ့ ချုပ်ထားတဲ့ ဝတ်စုံကို အဲဗားဝတ်တာ။နွေနွေ မိုးမိုး ဒါမျိုးပဲ။သူနဲ့တော့ လိုက်ပါတယ်။လူက ဒေါင်ခပ်ကောင်းကောင်းပဲ။ဘဲဥပုံ မျက်နှာမှာ နှုတ်ခမ်းမွှေးနက်နက်နဲ့။ နှုတ်ခမ်းပါးပါး ၊ပါးစုန့်တွေက ရဲရဲ။သဲညိုရောင် ဆံပင်တွေကို နောက်လှန်ပြီး […]


အဲဒါနဲ့ ကျွန်တော်တို့ အောက်ဆုံးထပ်က ရေချိုးခန်းထဲပြေးကြတယ်။အဲဒီ အထပ်က အပြင်ကနေ ကြည့်ရင် မြေကြီးထဲဝင်နေတာလေ။ သံဇကာတပ်ထားတဲ့ လေဝင်ပေါက်က မြေပြင်နဲ့ တတန်းတည်းပေါ့။ အဲဒီလေဝင်ပေါက် သံဇကာကို ဖြုတ်ပြီး ကျွန်တော်တို့ ထွက်ပြေးဖို့ စဉ်းစားမိတယ်ဗျ။ရေစိမ့်နေတဲ့ ရေပိုက်ခေါင်းက ရေကျသံ တပေါက်ပေါက်နဲ့ မှန်မှန်လေးကြားနေရတယ်။ ပြတင်းက ဖြတ်ဝင်လာတဲ့ အလင်းဝါးဝါးအောက်မှာ ဆလင်း မျက်နှာကို ကျွန်တော်ကြည့်မိတော့ ကိုယ့်ကိုယ်ကို အားတင်းလိုက်ရတာပေါ့။ဟုတ်တယ်..သူ အရမ်း စိုးရိမ်နေတယ်။ ထိတ်လန့်နေတယ်။ကြောက်နေတယ်။သူတင်လားဆိုတော့ ..ဘယ်ဟုတ်မလဲဗျာ..ကျွန်တော်လည်း သူ့လိုပဲပေါ့။ သံဇကာကို ဝက်အူတွေနဲ့စုပ်ပြီး ကပ်ထားတာဗျ။ ကျွန်တော် ဓါးလေးတစ်ချောင်း ရှာပြီး ဆလင်းကိုပေးလိုက်တယ်။ သူ့ကို ကျွန်တော့် ပုခုံးပေါ်တက်ပြီး အဲဒီဝက်အူတွေကို ဖြုတ်ခိုင်းရတော့တာ။ “မြန်မြန် လုပ်ဟ” ကျွန်တော်လေသံတိုးတိုးနဲ့ အံကြိတ်ပြီး ပြောနေရတယ်။ အပေါ်မှာ မာမန်းရဲ့ ငနဲတွေ […]


ကျွန်တော်တို့ ဂီတသင်တန်းနောက်ဆုံးရက်မှာ ဆလင်းက ဆာဒက်စ်ရဲ ့ဘာဂျန် တေးတစ်ပုဒ်ကို ဌာန်ကရိုဏ်းကျကျ ပီပီပြင်ပြင် ဆိုနိုင်လို့ဂီတဆရာက အားရပါးရကို ချီးမွမ်းနေတော့တာ။ကျွန်တော်ကတော့ စိတ်ထဲမှာ လိပ်ခဲတည်းလည်း နဲ ့ ဘာကို မကျေလည်မှန်း မသိဘူးဗျ။မာမန်းရဲ ့ချာတိတ်တွေနဲ ့တွေ ့ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်ရင်ထဲမှာ စိုးရိမ်သောက တစ်ခုအမြစ်တွယ်ပြီး ကျန်ခဲ့တာပဲ။ ဒီလိုဗျာ..ကလေးဆိုတာဘုရားသခင်နဲ ့ပိုနီးတဲ့သူတွေ၊ နတ်ဘုရား ငယ်တွေကလည်း သူတို့သားသမီးတွေလို ချစ်ခင်စောင့်ရှောက်တယ်လို့ ကျွန်တော်တို့စိတ်ထဲမှာယုံကြည်ပေမဲ့ ကျွန်တော် တို့နဲ ့အင်တာဗျူးခဲ့တဲ့ မာမန်းရဲ ့ကောင်လေးတွေခမျာမှာတော့..ဘုရားသခင်ကပဲ မမြင်လေသလား ၊နတ်တွေကပဲ မချစ်လေသလား မသိပါဘူး..ဆိုးလိုက်တဲ့ ဘဝတွေဆိုတာ..။ ပန်နူးစ် အခန်းထဲဝင်လာပြီး ကျွန်တော်တို့ ဂီတဆရာနဲ ့စကားပြောကြတယ်။လေသံနှိမ့်ပြီး ခပ်တိုးတိုးပြော ကြတာ။နောက်တော့ ပန်နူးစ်ကသူ ့ပိုက်ဆံအိတ်ဖွင့်ပြီး ငွေတွေထုတ်ရေသဗျ။ပြီးတော့ ဂီတဆရာကို ပေးတယ်။ ဂီတဆရာကလည်း […]