-အိပ်ယာထက်မှာ စကားမဆိုနိုင်တော့ဘဲ သေမင်းလာအခေါ်ကို စောင့်နေတဲ့ ဖေဖေ့ကိုကြည့်ရင်း ကျမမှာ ကြေကွဲဝမ်းနည်းရတာတွေထက် တွေဝေအံ့ဩမှုက အလေးပိုသာတဲ့ ခံစားချက်တစ်မျိုး ရင်ထဲဖြတ်ပြေးနေတယ်။ ဪ … ဘဝဆိုတာ သိပ်ကိုဖွယ်လွန်းလှပါကလား။ တကယ့်ကို သမုဒ္ဒရာရေမျက်နှာပြင်ထက်က ရေပွက်ကလေးလို မျက်စိရှေ့တင် ပွဲသိမ်းတော့မယ်။ -ဖေဖေ အသက် ၈၄။ အမည်တပ်ပြစရာ ရောဂါမယ်မယ်ရရ မရှိ။ ဝေဒနာ အလူးအလဲခံစားနေရ ခြင်း မရှိ။ မီးစာကုန်ဆီခန်းအရွယ်မို့ နောက်ဆုံးမီးကလေး ငြိမ်းသွားဖို့ စောင့်မျှော်နေရရုံ။ ကျမ မှာတော့ အတိတ်ပုံရိပ်တွေ အာရုံထဲဝင်မလာအောင် စိတ် စိတ်ချင်း စီးချင်းထိုးနေရတယ်။ – လူ့ဘဝဆိုတာ ကံကြမ္မာက ကြိုတင်ပြဌာန်းထားပြီးသားလေလား။ ဒါမှမဟုတ် ဘဝနေထိုင်မှု နည်းစနစ်ကသာ အခရာ ကျတာများလား။ ဖေဖေ့ရဲ့ ဘဝဇာတ်ကြောင်းကတော့ ဒီလိုပဲ ရောက်လာ ထွက်သွား […]


Moe ZOctober 21, 20111min25610
သီတင်းကျွတ်မှာ အမျိုးတွေကိုလှည့်ပတ် ကန်တော့ရင်း မုန့်ဖိုးလည်းယူရင်း ရေးစရာလေးတစ်ခုရလာတယ်။   အပြင်သွားဖို့ကားနဲ့ထွက်လာတဲ့အဒေါ်က ခြံဝမှာသူတို့အိမ်မှာမွေးထားတဲ့ ခွေးလေးကမီးသွေးခဲလေးတစ်ခဲကိုပါးစပ်နဲ့ကိုက်ပြီး ဆော့နေတာတွေ့လို့ ကားရပ်ပြီးအဲဒီမီးသွေးခဲလေးကိုဆင်းကောက်ပြီး အိမ်အနောက်ဘက်ထဲသွား ပြန်ထားတာတွေ့ခဲ့ရတယ်။ အဲဒီအဒေါ်ကဖေဖေ့ရဲ့ညီမဝမ်းကွဲ၊ သူတို့ရဲ့အမေကဖေဖေရဲ့အဒေါ်ဆိုတော့ မိုးစက်တို့အဖွားပေါ့။ စည်းကမ်းနဲ့ပတ်သတ်ရင် သူ့ကိုမှီနိုင်မယ့်သူတစ်ယောက်မှ မတွေ့ဖူးသေးဘူးတကယ်။ မုဆိုးမဘဝနဲ့ သမီးနှစ်ယောက်ကို ဘွဲ့ရတဲ့အထိပြုစုပျိုးထောင်နိုင်ခဲ့သူပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဝါးထရံကာ ပျဉ်ခင်းအိမ်လေးတစ်လုံးပိုင်ပါတယ်။ ပျဉ်ခင်းဆိုပေမယ့် နင်းလိုက်တိုင်း ပတ္တလားလို ယိမ်းထိုးလှုပ်ရှားနေတဲ့ ကြမ်းခင်းမျိုးပေါ့။ အဖွားကအဲဒီအချိန်က အသက်၄ဝကျော်ပေါ့။ အသက်၄ဝကျော် သမီးနှစ်ယောက်နဲ့ပေမယ့် အဖွားက အဲဒီအချိန်တုန်းက တော်တော်လှသေးတယ်ဆိုပဲ လူကြီးတွေပြောပြတာ။ မိုးစက်တို့အဲဒီတုန်းကနယ်မှာဆိုတော့ မတွေ့ဖူးလိုက်ဘူး။ လက်ထပ်ချင်လို့ကမ်းလှမ်းတဲ့သူတွေကို လက်မခံခဲ့ဘူး။ သမီးနှစ်ယောက်က ၅တန်းနဲ့ ရတန်း၊ သူတို့နှစ်ယောက်ကလည်း အရမ်းကိုလိမ္မာကြတယ်။ အိမ်ရှေ့မှာအဖီလေးဆွဲပြီးတော့ ကုန်စုံဆိုင်သေးသေးလေးဖွင့်ထားတယ်။ လက်လုပ်လက်စားတွေနေတဲ့ရပ်ကွက်ဆိုတော့ ဆန်လေး၊ ဆီလေး […]