ဆင်းရဲတွင်းကမနက်ပါ

Moe ZOctober 21, 20111min23810

သီတင်းကျွတ်မှာ အမျိုးတွေကိုလှည့်ပတ် ကန်တော့ရင်း မုန့်ဖိုးလည်းယူရင်း ရေးစရာလေးတစ်ခုရလာတယ်။   အပြင်သွားဖို့ကားနဲ့ထွက်လာတဲ့အဒေါ်က ခြံဝမှာသူတို့အိမ်မှာမွေးထားတဲ့ ခွေးလေးကမီးသွေးခဲလေးတစ်ခဲကိုပါးစပ်နဲ့ကိုက်ပြီး ဆော့နေတာတွေ့လို့ ကားရပ်ပြီးအဲဒီမီးသွေးခဲလေးကိုဆင်းကောက်ပြီး အိမ်အနောက်ဘက်ထဲသွား ပြန်ထားတာတွေ့ခဲ့ရတယ်။ အဲဒီအဒေါ်ကဖေဖေ့ရဲ့ညီမဝမ်းကွဲ၊ သူတို့ရဲ့အမေကဖေဖေရဲ့အဒေါ်ဆိုတော့ မိုးစက်တို့အဖွားပေါ့။ စည်းကမ်းနဲ့ပတ်သတ်ရင် သူ့ကိုမှီနိုင်မယ့်သူတစ်ယောက်မှ မတွေ့ဖူးသေးဘူးတကယ်။ မုဆိုးမဘဝနဲ့ သမီးနှစ်ယောက်ကို ဘွဲ့ရတဲ့အထိပြုစုပျိုးထောင်နိုင်ခဲ့သူပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဝါးထရံကာ ပျဉ်ခင်းအိမ်လေးတစ်လုံးပိုင်ပါတယ်။ ပျဉ်ခင်းဆိုပေမယ့် နင်းလိုက်တိုင်း ပတ္တလားလို ယိမ်းထိုးလှုပ်ရှားနေတဲ့ ကြမ်းခင်းမျိုးပေါ့။ အဖွားကအဲဒီအချိန်က အသက်၄ဝကျော်ပေါ့။ အသက်၄ဝကျော် သမီးနှစ်ယောက်နဲ့ပေမယ့် အဖွားက အဲဒီအချိန်တုန်းက တော်တော်လှသေးတယ်ဆိုပဲ လူကြီးတွေပြောပြတာ။ မိုးစက်တို့အဲဒီတုန်းကနယ်မှာဆိုတော့ မတွေ့ဖူးလိုက်ဘူး။ လက်ထပ်ချင်လို့ကမ်းလှမ်းတဲ့သူတွေကို လက်မခံခဲ့ဘူး။

သမီးနှစ်ယောက်က ၅တန်းနဲ့ ရတန်း၊ သူတို့နှစ်ယောက်ကလည်း အရမ်းကိုလိမ္မာကြတယ်။ အိမ်ရှေ့မှာအဖီလေးဆွဲပြီးတော့ ကုန်စုံဆိုင်သေးသေးလေးဖွင့်ထားတယ်။ လက်လုပ်လက်စားတွေနေတဲ့ရပ်ကွက်ဆိုတော့ ဆန်လေး၊ ဆီလေး နောက် မီးဖိုချောင်သုံးလေးတွေနဲနဲပါးပါးပေါ့။ ပြီးတော့သူများညှပ်ပြီးသားအထည်တွေ ယူချုပ်တယ်၊ စက်ချုပ်ရော လက်ချုပ်ရောပေါ့။ သမီးတွေကလည်း သူတို့အရွယ်လေးနဲ့စက်ချုပ်တတ်အောင်သင်ပြီး အမေကိုဝိုင်းကူကြတယ်။ မနက်စာကို ထမင်းကြမ်းနဲ့ ငါးပိရည်ပဲနေ့တိုင်းစားကြတယ်။ တစ်ခါတစ်လေ မုန့်ဟင်းခါးစားချင်ရင် တစ်ပွဲဝယ်ပြီးထမင်းနဲ့ရော နှစ်ယောက်မျှစားကြရတာ။ ဟိုတုန်းကရန်ကုန်မှာ ကျောင်းတွေက နှစ်ချိန်ခွဲတက်ရတယ်။ အကြီးမနဲ့ အငယ်မက မနက်နဲ့ညနေ အချိန်မတူတော့ သူတို့အတွက်ကံကောင်းတယ်။ ဘာလို့လည်းဆိုတော့ ကျောင်းစိမ်းလုံချည်ဖိုးသက်သာလို့။ အိမ်နဲ့ကျောင်းနဲ့က သိပ်မဝေးတော့ အငယ်မကျောင်းကပြန်လာမှ အကြီးမက အငယ်မချွတ်တဲ့လုံချည်ကိုပြန်ဝတ်ပြီးကျောင်းသွားတယ်။ အမေလုပ်သူကထမင်းချက်ရင် အတိုင်းနဲ့ချက်ပြီးအိုးထဲမှာ တစေ့မှမကျန်အောင်စားတယ်။ ဆွမ်းတော်တင်ပြီးလို့ ပြန်စွန့်တဲ့ ထမင်းပါ သုံးယောက်စာတိုင်းချက်တဲ့အထဲမှာ ပါပြီးသားတဲ့။ ခြိုးခြံပြီးနေလာကြတာ သမီးနှစ်ယောက်လုံး ဆယ်တန်းအောင်ပြီး အကြီးမကကျောင်းဆက်တက်ပါတယ်။ အငယ်မကစက်ချုပ်ပြီး အဝေးသင် ဆက်တက်ပါတယ်။ သူတို့ရဲ့ဉာဏ်နဲ့ဝီရိယကြောင့် ကံလေးလည်းကောင်းလာပြီဆိုတော့ အကြီးမကျောင်းပြီး ပြီးချင်း အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ရပြီး နှစ်လပြည့်တော့ supervisor ဖြစ်သွားတယ်။ အငယ်မလည်း ကျောင်းပြီးတာနဲ့ ဆေးကုမ္ပဏီတစ်ခုမှာ ဝင်လုပ်တယ်။ သမီးနှစ်ယောက်လစာရပြီဆိုတော့ အမေကိုစက်မချုပ်ခိုင်းတော့ဘူး။ သမီးနှစ်ယောက်အလုပ်သွားရင် အမေလုပ်သူကအိမ်အလုပ်တွေသိမ်းကြုံးလုပ်ပြီး ပြန်လာရင်အဆင်သင့် စားလို့ရအောင် ချက်ပြုတ်ပြီးပိုတဲ့အချိန်လေးကို လက်ချုပ်လေးတွေယူလိုက်တယ်။ သမီးတွေသိသွားတော့ မလုပ်ရတော့ဘူး။ အသားဟင်းချက်ရင် အမေကြီးကဘယ်တော့မှ မစားဘူး၊ ဟင်းအိုးလေးလူးစားလိုက် ငါးပိတို့စရာလေးနဲ့စားလိုက်ပေါ့။ ထမင်းချိုင့်နဲ့ သမီးတွေပြန်လာရင်စားဖို့ပဲချက်တယ်။

သမီးတွေကလည်း အတူတူထမင်းမစားဖြစ်ကြတော့ အမေဘယ်လိုစားနေတယ်ဆိုတာမသိကြဘူးလေ။ အဲဒီလိုနဲ့သမီးတွေအပ်တဲ့လခလေးတွေကို ခြစ်ခြုပ်စုပြီး ယိုင်နဲ့နေတဲ့အိမ်ကလေးက အုတ်ခံလေးနဲ့(အုတ်ပတ်ကားလို့ခေါ် တယ်ထင်တယ်) သွပ်မိုးအိမ်လေးဖြစ်သွားတယ်။ ပထမတော့အိမ်ရှေ့တစ်ခြမ်းကိုအုတ်စီလိုက် နောက်နည်းနည်း ထပ်စုမိတော့ အိမ်အနောက်ဘက်ကိုထပ်ပြင်လိုက်နဲ့ပေါ့။ သမီးတွေကအလုပ်ကြိုးစားကြတော့ ကိုယ်စီလည်းရာထူးတက် မြန်ကြတယ်။ ၅နှစ်အတွင်းမှာ အိမ်ကလေးလည်းကောင်းကောင်းမွန်မွန်ဖြစ်သွားပြီး လူတန်းစေ့စားနိုင်သောက်နိုင်လာတယ်။  အကြီးမကစက်ရုံမှာ မန်နေဂျာဖြစ်သွားပြီး အငယ်မကလည်းရုံးခွဲတစ်ခုမှာ အော်ပရေးရှင်းမန်နေဂျာဖြစ်သွားတယ်။ တစ်သက်လုံးသမီးတွေကိုဦးစားပေးပြီး အနေဆင်းရဲအစားဆင်းရဲခဲ့တဲ့ဒဏ်နဲ့ အသက်၆ဝမပြည့်ခင်မှာ အဖွားဆုံးသွားရှာ ပါတယ်။ သမီးတွေကတော့ဝမ်းနည်းကြေကွဲလို့မဆုံးဘူးပေါ့။ သူတို့ကောင်းကောင်းကျွေးနိုင်မှ အမေလုပ်သူကမစားနိုင်တော့ပဲလေ။ အဒေါ်တွေက ဒီအကြောင်းတွေပြန်ပြောရင် ငိုကြတယ်။

(အသေးစိတ်ရေးနေရင် စာဖတ်သူတွေပျင်းသွားမှာစိုးလို့ အတိုချူံ့လိုက်တယ်၊ တကယ်က မိုးစက်ဝတ္ထုပုံစံလေးနဲ့ နှစ်ပိုင်းခွဲထားတာရှိတယ်။ သူကြီးမင်းရဲ့ ဆာဗာကလည်းအော်နေပြီဆိုတော့ post နှစ်ခုတင်ရမှာအားနာလို့  🙂  )

10 comments

  • windtalker

    October 21, 2011 at 1:04 pm

    ဝင်းတော်ကာ သည် လည်း မုဆိုးမ သား တစ်ယောက်ပါ
    ဝင်းတော်ကာ တို ့ရ တန်း အရွယ်မှာ အဖေ ဆုံးခဲ့ပါတယ်
    အဖေဆုံးတော့ အမေက ၄ဝ မပြည့်သေးပါဘူး
    သားသုံးယောက်ရှိပါတယ်
    ပြောလို ့ပြောတာ မဟုတ်ဘူး ဝင်းတော်ကာ အမေ အရမ်းချောပါသည်
    နန္ဒာလှိုင် လို အသားဖြူပါသည် ။ အမေ့ ကို လာဝိုက်သော လူများ ကို အမေငြင်းခဲ့ကာ
    သားသုံးယောက်နှင့်သာ ရုန်းကန် လှုပ်ရှားခဲ့ပါတယ်
    အကြီးဆုံးက သွားဆေးကျောင်းတက်ခွင့်ရသော်လည်း သူ ့ဘာသာ သူ ထွက်လိုက်ပါသည် ။
    အလတ်က ဆရာဝန် ဖြစ်ပါသည် ။ ယခု ဂျမေကာ ဂိုးဖို ့လုပ်နေပါသည် ။
    အငယ်ဆုံး ကောင် က တော့ဘွဲ ့၃ ခုလောက်နှင့် ၁၀၉/၁၁ဝ ဖြစ်ပါသည် ။
    အမေ့ကျေးဇူး ကြီးမားလွန်းလှပါသည် ။

    • Moe Z

      October 21, 2011 at 2:56 pm

      ဒါဆို ကိုဝင်းတော်ကာက အကြီးဆုံးသားပေါ့နော်
      ချီးကျူးပါတယ် ရှေ့လျှောက်မိဘကျေးဇူးကို ဒီ့ထက်မကဆပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်

      • etone

        October 21, 2011 at 4:23 pm

        ဟယ် … မိုးစက်ရယ် … ကိုပေက အငယ်ဆုံးဖြစ်မယ် နာမည်တောင်ပေးထားတာ …. ကိုပေဆိုတော့… ဟီးဟီး 😛

  • blackchaw

    October 21, 2011 at 3:05 pm

    အသေးစိတ်ရေးလည်း ဖတ်ပါတယ်ဗျာ။
    လူအမျိုးမျိုးပေါ့။ အခုတော့
    သတင်းခေါင်းစဉ် ပြောပြီး
    သတင်းမကြေညာတဲ့ သတင်းဌာနလိုဖြစ်နေတာပေါ့ဗျာ။

    • Moe Z

      October 21, 2011 at 3:17 pm

      ဟုတ်ကဲ့ အမျိုးသမီးတွေဖြစ်ပေမယ့် ခက်ခက်ခဲခဲနဲ့ဘဝကို
      ရုန်းကန်ပြီး အောင်မြင်ခဲ့တာကိုပြောပြချင်တာပါ အခုတော့မိုးစက်ရဲ့အရေးအသားကြောင့် လိုရင်းမရောက်ဖြစ်သွားပြီထင်တယ်

  • MaMa

    October 21, 2011 at 3:29 pm

    မှားနေပြီထင်တယ် မိုးစက်ရေ။ မောင်ပေက သားအငယ်ဆုံး ဖြစ်လောက်တယ်။ 😛

  • etone

    October 21, 2011 at 4:31 pm

    မိုးဇက်ရေ… ကံကြမ္မာက တစ်ခါတစ်လေ … ဆန်းကြယ်တယ်သိလား … ။
    ကိုယ်တွေ အိမ်နားမှာနေတဲ့ မိန်းမကြီး … ယောကျာ်းက ဘုန်းကြီးဝတ်သွားပြီ … သူကပဲ သားသုံးယောက်သမီးနှစ်ယောက်ကို ဒိုင်ခံရှာကျွေးတာ … အရင်တုန်းကတော့ ဈေးထဲမှာ မုန့်ဟင်းခါးဆိုင်ဖွင့်တယ် ။ အကြွေးလေးတွေ ပတ်လည်ဝိုင်းပေမယ့် သူက ကတိတည်တယ်လေ … ။ ..သားသမီးတွေကလည်း လိမ္မာလိုက်တာ … ။ အပျိုကြီး လူပျိုကြီးတွေပဲ လုပ်ကြတယ် အသက်သုံးဆယ်ကျော်လေးဆယ်နားထိ … ။ သူတို့ထဲမှာ တစ်ယောက်ပဲ ကြပ်မပြည့်တဲ့လူပါလို့ အလုပ်မလုပ့်ဘူး .. ကျန်မောင်နှမအားလုံးတက်ညီလက်ညီအလုပ်လုပ်တာ … အခုသဘောင်္သားဖြစ်တဲ့လူကဖြစ် ၊ အတွင်းရေးမှူးမ လုပ်တဲ့လူကလုပ်နဲ့ … တိုက်ခန်းတွေလည်းဝယ်နိုင် ၊ ကားတွေလည်း ဝယ်နိုင်တဲ့ အဆင့်ထိဖြစ်သွားတယ် … ကိုယ်တွေ မျက်စိရှေ့တင်နော် .. ဆယ့်ငါးနှစ်လောက်အတွင်းမှာ ကံကြမ္မာပြောင်းလဲသွားတာ … ။ ဒါပေမယ့် ..အခုတော့… သူ့အမေကြီးက သူငယ်ပြန်သလိုဖြစ်နေပြီးပြည့်ပြည့်စုံစုံထားပါလျှက် ကယောက်ကတန်းတွေပြောနေပြီလေ… ချမ်းသာတဲ့အချိန်မှာ ကောင်းကောင်းမနေနိုင်ရှာတော့ဘူး … ။ 🙁

  • ကြောင်ကြီး

    October 22, 2011 at 11:32 am

    မိုးစက်ကလေးကရော သူတို့လို လိမ္မာမှာလားဟင်၊ ဦးကြောင် ကြင်ဖက်မရှာဘဲ မိုးစက်ကို ပြုစုစောင့်ရှောက် ပါရစေ…။ 😀

    • ဆူး

      October 22, 2011 at 1:30 pm

      ကြောင်ထီးတွေ အမြီးထောင်ပြီး အော်တဲ့ ရာသီ ရောက်ပြီလား မသိဘူးဝေ့..

    • windtalker

      October 22, 2011 at 2:03 pm

      လောလောဆယ်
      အနီးနား အလွယ်တကူ ရှိတဲ့
      ကြက်ဖင် ဆီဖူး ကင်လေးသာ ကောက်ဝါးရင်း
      ဟန်နီကန် ဆိုကလား ဘီယာကို ဂလု လိုက်
      ရဲဘော်ကြောင်ကြီး
      ရင်ပူပျောက်အောင်

Leave a Reply