kaiMarch 12, 20101min41514
မြန်မာတွေ ကမ္ဘာကို ထွက်လာကြတာသိပ်များတယ်။ များဆို မြန်မာ့ရာဇဝင်၊သမိုင်းမှာ အများဆုံးထွက်ကြတဲ့ ဆယ်စုနှစ်တွေပဲ။ တချို ့က စိတ်နာနာနဲ့ ထွက်ခဲ့ကြတာပါ။ တချို ့ကတော့ မလွဲမရှောင်သာလို့ပေါ့။ “မဟာမြန်မာရွေ့ပြောင်းမှုကြီး”လို ့ရေးခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကရောက်ရင် အချိန်တွေကြာလာကြတော့ အမေရိကန်တွေဖြစ်ကြပါတယ်။ သူတို့စံနစ်က (တရားမဝင်ခိုးဝင်လာလဲ)ဒီမြေကြီးရောက်ပြီး အနှစ်၂ဝတော့ မစောင့်ရပါဘူး။ ဆွမ်းကြီးလောင်းတဲ့ ပွဲနဲ့ကြုံတာပါပဲ။ အဲဒီလိုနဲ့ သမ္မတတွေအဆက်ဆက် ရောက်နေတဲ့ လူတွေကို ဗီဇာရှိတာ၊မရှိတာအပထားပြီး အကုန်နိုင်ငံသားပေးပစ်ပါတယ်။ အခုနှစ်မလည်း သမ္မတအိုဘားမားက လုပ်ပါဥိးမယ်…(မျှော်လင့်ရပါတယ်။ )။ အကြီးအကျယ်ကို ဒီဘိတ်လုပ်နေကြပြီလေ။ အခုလုပ်နေတဲ့ ကျမ်းမာရေးပြုပြင်မှုတွေပြီးရင် ကိုင်တော့မယ် ထင်ပါတယ်။ ဒါက ရွေးကောက်ပွဲကတိလည်းဖြစ်နေလို ့ပါ။ တရားမဝင်နေနေသူတွေကလည်းမနည်းပါဘူး။ ၁ဝသန်းကျော်တော့အသာကလေးပါပဲ။ ၁ဝသန်းနော..။၁ဝသန်း…ဒီရက်ပိုင်း လက်သိပ်ထိုးကြားရတာလေး ပြောရရင် တယောက် ၅၀၀ဝ တောင်းမယ်ဆိုသတဲ့။ အဲဒါဆွေးနွေးနေကြတယ်တဲ့။ အဲဒိလိုနဲ့ […]