Myanmar Web DesignerDecember 27, 20121min32114
မင်္ဂလာပါ … မိမိကိုယ်တိုင် website ရေးဖို့ လေ့လာနေသူတွေအတွက်၊ မြန်မာဘာသာနဲ့ ရှင်းပြထားတဲ့ video tutorial တွေတင်ပေးထားတဲ့အတွက် ဘာမှမတတ်သေးတဲ့ သူတွေတောင် သင်ခန်းစာတွေအကုန် လိုက်လုပ်နိုင်မယ်ဆိုရင် HTML, CSS, jQuery တွေနားလည်ပြီး၊ သင်ခန်းစာ အဆုံးမှာတော့ website တစ်ခု ရရှိမှာဖြစ်ပါတယ်၊ လိုက်လုပ်နိုင်တဲ့သူအတွက်တော့ web designer ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ သုညက စမယ့်သူတွေအတွက် အထောက်ပံ့ကောင်း၊ သင်ခန်းစာကောင်း ဖြစ်မယ် ထင်ပါတယ်။ ဝင်လေ့လာချင်တယ်ဆိုရင်တော့ Free Myanmar Website Tutorial (be creator yourself) မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒါလည်း ကျွန်တော် အခမဲ့ ကိုယ်ပိုင်အချိန်တွေ အကုန်ခံပြီးတော့ video recording လုပ်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ ဝေဖန်ခြင်း အကြံပြုခြင်းများ ပြုလုပ်နိုင်ပါတယ်။ 🙂


wailynnooJune 4, 20106min1010
css နဲ့ template တစ်ပြုလုပ်ဖို့အတွက် div tag ကို သုံးရပါမယ်။css နဲ့ ပြုလုပ်တဲ့ template တွေက html table template တွေထက်အားသာချက်တွေ ရှိနေတဲ့အတွက် နောက်ပိုင်းမှာ css template တွေကိုသာသုံးလာကြပါတယ်။ ကျွန်တော်တို့ အရင် ဒီမှာ table နဲ့ ဖန်တီးခဲ့တဲ့ template လေးကိုဘဲ ပြန်ပြီး css နဲ့လုပ်ကြတာပေါ့။ အရင်ဆုံး body tag အတွက် css ကိုရေးကြပါမယ်။ သူမှာတော့ margin ကို 0 လို့ ထားပါမယ်။ ထိပ်ဆုံးမှာ ကပ်ပြီးပေါ်စေချင်လို့ပါ။ နောက် background-color ကိုမီးခိုးရောင်အဖြစ် ကြေညာပါမယ်။ body{ margin:0; background-color:#CCCCCC; } နောက် […]


wailynnooJune 4, 20105min1190
ကျွန်တော်တို ့ Html table ကို သုံးပြီး web template တစ်ခုကိုတည်ဆောက်ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ တည်ဆောက်မယ့် site မှာ header ပါမယ်။ left navigation ပါမယ်။ footer ပါမယ်။ ဒီလိုပုံစံမျိုးပါ။ ကျွန်တော်တို့ browser screen ကြီးတစ်ခုလုံးကို table တစ်ခုလိုသဘောထား ကြည့်လိုက်ပါ။ ကျွန်တော်တို့ table မှာ row က သုံးခု column ကနှစ်ခုပါပါမယ်။ ပထမ row မှာ column ကတစ်ခုဘဲပါတဲ့အတွက် ကျွန်တောတို့ colspan=”2″ လို့ထည့်ပေးရမှာဖြစ်ပြီး တတိယ row မှာလည်း colspan=”2″ ပါပါမယ်။ အဲဒီတော့ code က ဒီလိုရပါတယ်။ <html > […]