weiweiMay 17, 20123min63922
ပြည်ကိုရောက်တုန်း အချိန်ရသလောက် ဘုရားဝင်ဖူးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ခဏခဏရောက်ဖြစ်နေတဲ့ဘုရားတွေကို ထပ်ခါထပ်ခါသွားဖို့ ဆန္ဒမရှိပေမယ့် ဒီတစ်ခါတော့ ဓါတ်ပုံရိုက်ချင်စိတ်ကြောင့် နေပူထဲမှာ အားကြိုးမာန်တက် ဘုရားလဲဖူးရင်း ဓါတ်ပုံလဲရိုက်ရင်း …. ပြည်ရွှေဆံတော်ဘုရားကို မကြာခဏရောက်ဖူးပေမယ့် ဝန်ချတောင်ဘက်ကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး … ဒီတစ်ခေါက် မိတ်ဆွေတစ်ယောက်က ပြည်ရောက်ရင် ဝန်ချတောင်ဘက်ကို သွားဖြစ်အောင်သွားလိုက်ပါဆိုတာနဲ့ လမ်းမေးပြီး သွားဖြစ်ခဲ့တယ်။ ရွှေဆံတော်ဘုရားအနောက်ကနေ တောင်ပတ်လမ်းအတိုင်း ကားမောင်းသွားလိုက်ရင် ၅ မိနစ်လောက်ပဲ ကြာပါတယ်။ ဧရာဝတီမြစ်ကို တောင်ပေါ်ကနေ အနီးကပ်မြင်ရတဲ့ရှုခင်းနဲ့ တောင်ပတ်လမ်းကလေးက အရမ်းသာယာတယ်။ ဝန်ချတောင်သို့ဆိုတဲ့လမ်းညွှန်အတိုင်းမောင်းသွားတဲ့အခါ ပထမဆုံး စေတီအဟောင်းတစ်ဆူနဲ့ ဟောင်းနွမ်းနေတဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ဝန်ချတောင်စေတီတော်ကို ရောက်ရှိပါတယ်။ မုခ်ဦးဝမှာ တရုတ်စတိုင်နဲ့မို့ တမူထူးခြားနေပါတယ်။ ဘုရားသမိုင်းကို ပေါပကလူကြီးတစ်ဦးက ရှင်းပြခဲ့ပေမယ့် ဓါတ်ပုံရိုက်ဖို့အာရုံများနေတဲ့အတွက် သေချာမမှတ်မိခဲ့ပါဘူး။ အပြစ်အားလုံးကို ဝန်ချတောင်းပန်ပြီး ဆုတောင်းရင် […]


weiweiMay 14, 20123min71534
ဒီတစ်ပတ်ထဲမှာ ပြည်ဘက်ကို ခရီးတိုတစ်ခု သွားဖြစ်ခဲ့တယ် … တွေ့ရာ မြင်ရာ အကုန်လုံးလျှောက်ရိုက်လာတဲ့အထဲက လှမယ်ထင်တာလေးတွေ ရွေးပြလိုက်ပါတယ် … ပန်းမြင်လဲရိုက် အကောင်မြင်လဲရိုက် … ဈေးသည်မြင်လဲရိုက်နဲ့ ဘာမြင်မြင် အကုန်ရိုက်ဖြစ်သွားပါတယ် ..


weiweiMay 9, 20123min46918
ပုဂံကိုရောက်တဲ့သူတိုင်း စွယ်တော်လေးဆူကို တစ်မနက်ထဲဖူးနိုင်အောင် ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ ကျွန်မတို့က ကိုယ့်အစီအစီနဲ့ကိုယ်မို့လို့ စွယ်တော် ၄ ဆူကို ၂ ရက်အချိန်ယူခဲ့ပါတယ်။ တန့်ကြည့်တောင်ကို သွားဖို့ မနက်စောစော ဗူးဘုရားကို အရင်သွားပြီး စက်လှေငှားရပါတယ်။ တစ်ယောက်ချင်းဆိုရင် အသွားအပြန်တစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် နှစ်သောင်းကျပ်ဖြစ်ပါတယ်။ ကျွန်မတို့က ၁ဝ ယောက်လောက်မို့လို့ စင်းလုံးပဲ ငှားလိုက်ပါတယ်။ တန့်ကြည့်တောင်ဘက်ရောက်တော့လဲ တောင်ပေါ်တက်မယ့်ကားတစ်စီး (townace) ငှားပြီး တက်ကြပါတယ်။ အတက်အဆင်း နှစ်သောင်းကျပ်ပေးရပါတယ်။ အရင်က ရောက်ဖူးတာထက် နဲနဲလေးလမ်းပိုကောင်းလာတယ်လို့ ထင်ရပေမယ့် ဆိုးတာတော့ ဆိုးနေတုန်းပါပဲ။ သင်္ကြန်ရက်မို့ ဘုရားပေါ်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ မနက်စောစောပေမယ့် ရင်ပြင်တော်ပေါ်မှာ အရမ်းပူနေတုန်းမို့ ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ ရောက်ဖူးပြီးရင်လဲ အလွမ်းပြေ ကြည့်ရအောင် ပုံတွေကြိုးစားပြီး တင်ပေးလိုက်ပါတယ် […]


weiweiMay 3, 20122min2266
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….


weiweiMay 2, 20124min62825
ကျွန်မက ခရီးသွားရင် ကားပေါ်ကနေ မြင်ရသမျှကို ဓါတ်ပုံရိုက်ရတာ ဝါသနာပါပါတယ် … လျှပ်တစ်ပြက်ရိုက်ချက်များပေါ့ … ပန်းတနော်ကနေ အစုကြီးကို တစ်နာရီလောက် ကားစီးခဲ့ရပါတယ် … အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့အစုကြီးရွာနဲ့ ရွာအသွားလမ်းတစ်လျှောက် ဓါတ်ပုံတစ်ချို့ကို မလိုက်ဖြစ်ခဲ့တဲ့သူတွေ ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ် .. အင်တာနက်အခက်အခဲကြောင့် ဒီလောက်ပဲ တင်နိုင်ပါတော့တယ် …


weiweiMay 1, 20122min62064
ယနေ့ ပန်းတနော်မြို့နယ် အစုကြီးကျေးရွာတွင်တည်ရှိသော သီတဂူ သုမေဓါဆေးရုံသို့ ရွာသူားများ စုပေါင်းအလှူသွားရောက်ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၆ နာရီခွဲ ရန်ကုန်မှ ထွက်ခွာနိုင်ခဲ့ပြီး ပန်းတနော်သို့ ၈ နာရီခွဲမှာရောက်ခဲ့ကြတယ်။ ကားပေါ်မှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြရင်း၊ သူကြီးပေးလိုက်တဲ့လက်ဆောင်ကိုလဲ မဲဖောက်ကြရင်းနဲ့ ပျော်ရွှင်စွာခရီးနှင်ခဲ့ကြပါတယ်။ တံတားဦးဘုန်းကြီးကျောင်းမှာ မနက်စာ ပန်းတနော်မုန့်ဟင်းခါးစားကြပြီး ပန်းတနော်မြို့ထဲမှာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဖူးကြတယ်။ ပြီးတော့မှ အစုကြီးကျေးရွာကို ဆက်သွားခဲ့ပါတယ်။ ဆေးရုံကို ၁၁ နာရီအချိန်ခန့်မှာ ရောက်ရှိခဲ့ကြတယ် .. မြတောင်ဆရာတော်နဲ့တကွ ရွာသူရွာသားတွေက ကြိုဆိုနေကြပါတယ်။ ကျွန်မတို့အားလုံးကို ဧည့်ခန်းတစ်ခန်းထဲကို ခေါ်ဆောင်သွားပြီး ခဏနားနေခိုင်းပါတယ်။ စားသောက်စရာ မုန့်မျိုးစုံနဲ့ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးများဖြင့် ဧည့်ခံကြပါတယ်။ ဆရာတော်နှင့် အလှူအစီအစဉ်ဆွေးနွေးကြပြီးနောက် ဆေးရုံကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ အဲဒီနောက် နေ့လည်စာနဲ့တည်ခင်းဧည့်ခံတယ်။ ရွာလုံးကျွတ်လုပ်အားပေးပြီး သေချာပြင်ဆင်ချက်ပြုတ်ထားပါတယ်။ နေ့လည်စာစားပြီးတော့မှ အလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ […]


weiweiApril 23, 20124min28612
ရွှေစက်တော်ကနေ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက် မြို့တွေကို ဖြတ်ပြီး ပုဂံကို သွားခဲ့တဲ့ လမ်းတစ်လျှောက်မှ ပုံရိပ်များဖြစ်ပါတယ်။ ကားပေါ်ကနေ လျှပ်တစ်ပြတ်ရိုက်ထားတာဖြစ်လို့ သေချာရိုက်ထားတဲ့ အလှပုံတွေတော့ မဟုတ်ပါဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ မရောက်တာကြာတဲ့သူတွေအတွက် ကားစီးရင်းမြင်ရတဲ့ မြင်ကွင်းတစ်ချို့ကို တင်ပြပေးချင်လို့ ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။ အညာဒေသဖြစ်ပေမယ့် ဆည်မြောင်းတွေကျေးဇူးကြောင့် လမ်းခရီးတစ်လျှောက် စိမ်းစိမ်းစိုစိုရှိပါတယ်။ သင်္ကြန်တွင်းမှာ မီးသတ်ပိုက်တွေနဲ့တောင် ရေကစားနိုင်ကြတာ တွေ့ခဲ့ရပါတယ်။ ဆိုးတာကတော့ အမူးသမားတွေနဲ့ ဆိုင်ကယ်သမားတွေပါပဲ။ အပျော်လွန်ပြီး လမ်းလယ်ခေါင်မှာ မူးရူးပြီး ကခုန်နေကြတာကတော့ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ရပါတယ်။ မနက် ၆ နာရီလောက် ငဖဲကနေထွက်ခဲ့ပြီး ပုဂံကို နေ့လည် ၃ နာရီလောက်မှာမှ ရောက်ခဲ့ပါတယ်။ လမ်းသိပ်မကောင်းလို့ အရမ်းမောင်းလို့မရသလို သင်္ကြန်တွင်း အလှူခံ […]


weiweiApril 21, 20125min2359
ရွှေစက်တော်ကို ငယ်ငယ်ကလေးဘဝကထဲကနေ အခုအချိန်အထိ ၅ ကြိမ်ထက်မနည်း ရောက်ဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲမှုကတော့ တဲတန်းတွေ ဆိုင်ခန်းတွေ ဘုရားဖူးတွေ ပိုပိုများလာတာပဲဖြစ်ပါတယ်။ ပိုစည်လာတာနဲ့အမျှ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အထူးသဖြင့် အပေါ့အလေးသွားဖို့ အခက်အခဲပိုဖြစ်လာပါတယ်။ အခုတစ်ခေါက်တော့ ရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ် သီပေါရွာက ကျွန်မမိဘတွေ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဆရာတော်ဆီအရင်ဝင်ပြီး ထမင်းစားပြီးမှ ဆရာတော်က ရ မိုင်ခရီးကို ဖြတ်လမ်းကနေ လိုက်ပို့ပေးပါတယ်။ အောက်စက်တော်ရာ အထက်စက်တော်ရာဖူးပြီး ခဏတစ်ဖြုတ်ပဲနေပြီး ပြန်ခဲ့ကြတယ်။ လမ်းရောက်မှ သန့်ရှင်းတဲ့ မန်းချောင်းထဲမှာ ရေချိုးဆင်းကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်စောစောမှာမှ ပုဂံဘက်ကို ခရီးဆက်ခဲ့ကြပါတယ် … ဓါတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာများပါတယ်။ ကားမှန်ခံနေလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဘုရားပွဲဈေးတန်းမှာ ဩ့င်္ကန်ရေ လိုက်ပက်နေတာနဲ့ […]


weiweiApril 20, 20122min37524
ခရီးစဉ်တလျှောက်ထဲမှာ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ရွှေစက်တော်သွား တောလားထဲက မန်းချောင်းဖြစ်ပါတယ်။ ဘုရားပတ်ဝန်းကျင်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ မန်းချောင်းက ဘုရားနဲ့ဝေးတဲ့ ရွာလေးတစ်ရွာကိုဖြတ်စီးနေချိန်မှာတော့ တိတ်ဆိတ်လို့နေပါတယ်။ အဲဒီလို သန့်ရှင်းကြည်လင်ပြီး တိတ်ဆိတ်နေတဲ့ နေရာအထိသွားပြီး ရေကစားခဲ့ကြတယ်။ ကလေးတွေ အလွန်ပျော်ခဲ့ကြတဲ့ နေရာလေးတစ်ခုပါ။ ရေက နွေးနွေးလေးနဲ့ ကြည်လင်နေပါတယ်။ နေဝင်ရီတရောအချိန်လေးမို့ အလွန်လှပပါတယ်။ အဲဒီနေရာရောက်တော့ ရွာထဲက ဓါတ်ပုံဆရာတွေကို သတိရမိပါတယ် … ကျွန်မရိုက်နေကျကင်မရာထဲက မန်မိုရီကတ် အိမ်က ကွန်ပျူတာထဲ မေ့ကျန်နေခဲ့လို့ အဖေ့ကင်မရာနဲ့ပဲ တစ်လမ်းလုံးရိုက်ခဲ့ရပါတယ် … ကင်မရာကို အထာမကျတာကြောင့် တစ်ဝက်လောက်ပဲကြည်လင်ပြီး တစ်ဝက်လောက်က ဝါးနေတဲ့အတွက် အညာခရီးစဉ်မှာ ဓါတ်ပုံတွေ အရမ်းများများတင်နိုင်မှာ မဟုတ်တဲ့အကြောင်း ကြိုတင်တောင်းပန်ထားချင်ပါတယ် …


weiweiApril 20, 20122min70654
ဒီနှစ်သင်္ကြန်ရက်တွေကို ခရီးထွက်ခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပါတယ် … အရမ်းပူပြင်းတဲ့နွေရာသီမှာ ရွှေစက်တော် ပုဂံ ညောင်ဦး ဘုရားဖူးထွက်ဖြစ်ခဲ့တယ် … ဘုရားဖူးရတဲ့ကြည်နူးခြင်း ခံစားချက်ထက် ပူပြင်းခြင်းခံစားချက်က ပိုထင်ရှားခဲ့တဲ့ ပုဂံခရီးစဉ်ကို ပြန်ပြီးတော့တောင် မစဉ်းစားချင်လောက်အောင် ဖြစ်နေမိပါတယ် … ခရီးစဉ်တလျှောက် အစီအစဉ်တကျ မရေးတော့ပဲနဲ့ အဆင်ပြေသလို ပြောပြတာ ပိုကောင်းမယ်ထင်လို့ ပထမဆုံးအပိုင်း (၁)ကို ဘုရားနဲ့မစပဲ ထန်းရည်နဲ့ပဲ အရင်စတင်လိုက်ပါတယ် … ထန်းတောထဲမှာ ထန်းရည်အရင်သောက်ပြီးမှပဲ အေးအေးဆေးဆေး ဘုရားဖူးကြတာပေါ့ …. ညောင်ဦးမြို့မှအထွက် ကျောက်ပန်းတောင်းသို့သွားသည့် ကားလမ်းနဘေးတစ်နေရာမှာတည်ရှိပါတယ် … ပူပြင်းနေ့လည်ခင်းမှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး အနားယူနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ် …


weiweiMarch 24, 20122min68140
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ … စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀ဝ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အဝစားပါပဲ … ကျွန်မလဲဝင်စားခဲ့တဲ့ အလှူလေးကို မှတ်တမ်းတင်ထားရင်း အားလုံးကို မျှဝေလိုက်ပါတယ် …


weiweiMarch 13, 20125min45131
ဒီကနေ့တော့ ပူပြင်းလှတဲ့နေရောင်အောက်မှာ သဗ္ဗာန်လေးတစ်စီးနဲ့ ခရီးထွက်ဖြစ်ခဲ့တယ် … တွံတေးမြို့ကနေ ချောင်းကလေးအတိုင်း သဗ္ဗာန်စီးဖြစ်ခဲ့တဲ့ လမ်းတလျှောက် ရှုခင်းလေးတွေကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ် … ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် ပို့စ်ကိုလဲ အပိုင်းမခွဲချင်၊ ပုံတွေသိပ်များရင်လဲ ဖွင့်ရခက်မှာစိုးရိမ်လို့ ဒီလောက်ပဲတင်လိုက်ပါတော့တယ် …. ချောင်းထဲမှာ အသွားအပြန် နှစ်နာရီကြာအောင် စီးနေရင်း မြို့ပြနဲ့မတူတဲ့မြင်ကွင်းတွေကို လေ့လာရေးခရီးစဉ်လိုမျိုး လုပ်နိုင်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ် …