Unicode ဘယ်လိုပြောင်းမလဲ။

Mon LaySeptember 21, 20197min49560

အောက်တိုဘာ (၁)ရက် ကလည်းရောက်တော့မယ်။

မွန်လေး Poll လုပ်ကြည့်တာတော့ Zawgyi Font သုံးကြတဲ့သူများတယ်နော်။ ဒါပေမဲ့လည်း ယူနီကုဒ်ကိုသုံးလိုက်ရင်

👉 မြန်မာဘာသာအပါအဝင် တိုင်းရင်းသား ဘာသာတွေကိုလည်း စနစ်တကြ မှန်မှန်ကန်ကန်ရေးသားနိုင်လာမယ်။

👉အင်တာနက်မှာ စာတွေရှရာမှာ လျင်မြန်လာမယ်။

👉အင်တာနက်မှာတိုက်ရိုက်ဘာသာပြန်လို့ရမယ်။

👉ကိုယ့်အသံနဲ ့စာမရိုက်ဘဲ Google map, Microsoft, Facebook, Messenger တွေမှာလည်း မြန်မာဘာသာနဲ့ အသုံးပြုလို့ရလာမယ်။

အဲလိုတွေ အကျိုးကျေးဇူးတွေများတော့ ပြောင်းလိုက်ကြတာကောင်းပါတယ်နော်။

ဘယ်လိုပြောင်းရမလဲဆိုတာမွန်လေးကပြောပြပေးပါမယ်။ 😀

အရင်ဦးဆုံး iphone သမားတွေအတွက်ပါ။ ကိုယ်ကိုယ်တိုင် iphone ကိုင်တော့ ပုံနဲ့တကွပြပေးထားပါတယ်။ တခြားဖုန်းတွေအတွက်လည်း ရှာပြီး တင်ပေးထားပါတယ်။

အားလုံးအဆင်ပြေကြပါစေ။-

Android Phone များအတွက် Unicode ပြောင်းနည်း

Sonyနဲ့ Xiaomi ဖုန်းတွေမှာ
Settings > Display > System Font > Default

Huawei နဲ့ Honor ဖုန်းတွေမှာ
Settings >Language & Input>Languages

Add language > Burmese(Unicode) ဗမာ(မြန်မာယူနီကုဒ်)

Vivo,Oppo နဲ့ Realme ဖုန်းတွေမှာ
Settings> Language and input > Language

ဗမာ(မြန်မာယူနီကုဒ်)

Samsung မှာ
Settings > Display > System Font > Default
သို့မဟုတ်
မြန်မာ(Unicode)
English (US)
ဖုန်းတွေအားလုံးမှာဘာသားစကားကို အဲ့လိုထားပြီးလျှင်ရိုက်ထည့်မယ့် လက်ကွက်(Keyboard)ကလည်း
ယူနီကုဒ်ထွက်တဲ့ဟာဖြစ်ဖို့လိုပါတယ်။

Font Change ပြီးရင် Keyboard ထည့်ရန်…

Gboard ကို Google အကောင့်ရှိလျှင်
Play store ကယူပါ။

Google Play store link
https://play.google.com/store/apps/details…

APKPURE link
https://m.apkpure.com/…/com.google.android.inputmethod.latin

TTKeyboard
Google Play store link
https://play.google.com/store/apps/details…

APKPURE link
https://m.apkpure.com/ttkey…/com.myopenware.ttkeyboard.latin

Unicode ပြောင်းပြီးသွားရင်အဖြစ်များတဲ့ပြဿနာတွေကတော့ ဖုန်းနံပါတ် တွေအမှန်အတိုင်းမပေါ်ပဲလွဲတတ်တာပါ။ အဲ့ဒါတွေကိုပြောင်းဖို့အတွက်ကတော့

Google Play Store ကနေ mm unicode toolkid apk ကို Down ပြီး ပြောင်းပါ။

https://m.apkpure.com/…/com.htetznaing.un…/download-apk-info

ပြောင်းတဲ့အခါ Zawgyi to uni ကိုမသုံးဘဲ အလိုလျောက်ဆိုတာကရွေးပြီးပြောင်းရင် အဆင်ပြေပါတယ်။

Note နဲ့မှတ်ထားတဲ့စာတွေမမှန် တာကိုပြင်ရန်

Manic keyboard သုံးပါ

https://m.apkpure.com/…/com.lmkhant.android.manic…/download…

ပြီးရင် Note ကိုဖွင့်ပါ။ zawgyi နဲ့ရေးထားတဲ့စာတွေကြားထဲ တချက်ထောက်လိုက်ပါ။ ပြီးတာနဲ့ manic keyboard ရဲ့ ညာဘက်အပေါ်ထောင့်က မြှားပန်းရောင်လေးကိုတချက်ပဲထောက်လိုက်ပါ။ အားလုံး unicode ပြောင်းသွားပါပြီ။ ပြီးရင် save လိုက်ပါ။ အဲ့လိုနဲ့ note တွေ တခုပြီးတစ်ခုပြောင်းလို့ရပါတယ်ခင်ဗျာ။

စာသား ၊ Link တွေနဲ့ ၊ တစ်ချို့နည်းလမ်းတွေကို Credit ပေးပါတယ်။ Unicode ပြောင်းလဲဖို့အတွက် လိုအပ်သလို referenceယူထားပါတယ်ခင်ဗျာ။

ShweLaungHlay