Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Who? What? Where? When? Why? How?

kaiSeptember 11, 20084min8114206

  • Who? Who was involved?
  • What? What happened (what’s the story)?
  • Where? Where did it take place?
  • When? When did it take place?
  • Why? Why did it happen?
  • How? How did it happen?

မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။
(အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ )
စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ (စာရိုက်နေတဲ့နေရာရဲ့ ဘယ်ဖက်အောက်ကိုကြည့်ပါ)
ကိုယ်ရမဲ့ ပွိုင့်တွေက ဝက်ဘ်ဆိုက်ပထမစာမျက်နှာရဲ့ ဘယ်ဖက်ဒုတိယကော်လံမှာ ပေါ်နေပါလိမ့်မယ်။
ဝင်ငွေရဖို့အတွက် ပထမဆုံးဒီဝက်ဘ်ဆိုက်မှာ Register လုပ်ရမှာဖြစ်ပြီး သာမန် Blogspots.com, WordPress.com မှာစာတွေတင်သလို တင်သွားကြရမှာပါ။ Register လုပ်ခြင်းအတွက် သီးသန့် ပွိုင့် (၅၅၅)ထပ်ရဦးမှာဖြစ်ပါတယ်။

ဒီတော့ ပထမဆုံး မှတ်ပုံတင်ပြီး ရေးနေကျအတိုင်း ကိုယ့်ဘလော့ဂ်မှာ ချက်ချင်းမရေးသေးပဲ ဒီမှာ အရင်လာရေးတင်ရင် ပွိုင့်(၈၅၅)ရမှာပါ။
မှတ်ပုံတင်ထားတဲ့ သူအနေနဲ ့Comment တွေလိုက်ရေးပြီး ပွိုင့်တွေရနိုင်ပါသေးတယ်၊ Commentတခုအတွက် ပွိုင့်(၅၀) ရပါမယ်။ကျပ် ၅ဝ ဆိုပါတော့။
အဓိပါယ်မရှိတဲ့ ဟုတ်ကဲ့တို ့။ ကျေးဇူးပါတို့၊ ထောက်ခံပါတယ်တို့တော့ တင်လို့မရပါ။တင်ထားပါရင် အချိန်မရွေးစိစစ်ပြီး ပြန်နှုတ်ပစ်မှာဖြစ်ပါတယ်။ ရေးတဲ့အခါမှာ ကိုယ်ရဲ့ သဘောထားကို ပေါ်လွင်အောင်ရေးပေးရမှာဖြစ်ပါတယ်။

နေ့စဉ် မိမိအကောင့်ကို Loginတခါလုပ်ရင် (၁၀)ပွိုင့်ရမှာလည်းဖြစ်ပါတယ်။

တခြား လိုက်နာရမယ့် အသေးစိတ်တွေကို အောက်မှာချရေးပေးသွားပါမယ်။

အခု ပွိုင့်တွေဟာ ဒီဝက်ဘ်ဆိုက် စဖွင့်လှစ်တဲ့ ကာလ တခုအတွက်သာဖြစ်ပြိး အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေပမာဏတခုအပေါ်မူတည်ပြီး မှတ်ပုံတင်လာသူအရည်အတွက်နဲ့ ချိန်ဆရမှာမို ့ပါ။ ဒါပေမဲ့ စာရေးကောင်းသူတွေအတွက်တော့ တိုးလို ့သာ တက်လာစရာအကြောင်းရှိပါတယ်၊ မြန်မာပြည်တွင်းနေထိုင်သူတွေ အင်တာနက်တခွင် လိုက်သွားစီးမြောနေပြီး ဘလော့ဂ်တွေ အချိန်ကုန်ခံရေး၊ Facebook မှာ စာတွေတင်နေတာထက်စာရင် အကျိုးရှိပြီး ငွေကြေးရနိုင်တဲ့ စံနစ်တခု အကောင်အထည်ဖေါ်ကြည့်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သတင်းနဲ့စာပေ၊ ရသ၊ တွေရဲ့ အရည်အသွေး၊ တာဝန်ယူရဲမှု တို ့တိုးတက်လာကြစေဖို ့လည်းရည်ရွယ်ပါတယ်။
သတင်းတွေမှာ ဓါတ်ပုံထည့်ပေးရင်တော့ အတိုင်းထက်အလွန် ဖြစ်ပြီး ပုံနှိပ်စာမျက်နှာမှာ ရွေးချယ်ခံရဖို ့ရာခိုင်နှုန်းများပါလိမ့်မယ်။
ဒါပေမဲ့ အခုလို လာရောက်စာရေးမဲ့သူများအနေနဲ့ သတင်းသမားတယောက်နဲ့၊ ရသစာပေးရေးသူတယောက်(စာရေးဆရာ) တို့ရဲ့ အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နဲ့ စာနယ်ဇင်းသဘောတရားတွေ ကြေညက်နားလည်ပြီး ဖြစ်စေချင်ပါတယ်။
သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။
အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။

မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို လေးစားကြစေချင်ပါတယ်။
တကယ်လို့ မူရင်းပိုင်ရှင်က မိမိစာ၊သတင်း၊ ဓါတ်ပုံ ကူးယူထားပါကြောင်းတိုင်ကြားလာရင် ရရှိပြီးတဲ့ ပွိုင့်များ ပြန်နှုတ်ခံရမှာဖြစ်ပါတယ်။
သတင်းရယူလာတဲ့ အခြေအမြစ်က ကိုယ်ပိုင်မဟုတ်ရင် ဘယ်နေရာကရတယ်ဆိုတာ (ခွင့်ပြုချက်ရယူပြီး)ရေးထားပေးစေချင်ပါတယ်။ ဓါတ်ပုံတင်တာမှာ ကိုယ်တိုင်ရိုက်တာမဟုတ်ရင် ဓါတ်ပုံဆရာ အမည်ရေးပေးရမှာဖြစ်ပါတယ်။ အဲဒါတွေအပေါ်တည်မှီပြီး သုံးသတ်တာတွေ။ ဆွေးနွေးငြင်းခုံတာတွေလုပ်နိုင်ပါတယ်။ ကွန်မန်င့် နေရာမှာ ရေးပြီးဆွေးနွေး၊ ငြင်းခုန် လုပ်ကြစေချင်ပါတယ်။ ကွန်မင်န့်အတွက်လည်း သီးသန့် ပွိုင့်တွေပေးထားပါတယ်။ ပွိုင့်ယူပြိး ရေးနေတာမှာ ပုဂိုလ်ရေးထိခိုက်မှုကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါ။ သူတပါးကို တိုက်ခိုက်ဖို ့အတွက် မိမိက ငွေရတာမျိုးက အဓီပါယ်လည်းမရှိပါ။ သတိပေးခံရမှာဖြစ်ပြီး ၃ကြိမ်သတိပေးခံရပြီးရင် မန်င်ဘာ( စာရေးဆရာ) အဖြစ်က ဖျက်သိမ်းခံရပါမယ်။
Categories ဆိုင်ရာ တွေမှာ ရွေးချယ်တင်စေလိုပါတယ်။ တခုထက်ပိုပြီး ချက်ခ်မတ် လုပ်လို ့ရပါတယ်။ ဒါမှ ဖတ်သူပိုများပြီး စိတ်ဝင်စားမှုစကေးလ်သိနိုင်မှာမို ့ပါ။
တဂ် (Tag)ကိုလည်း လိုရာစာသားကို ဖြည့်ပေးစေလိုပါတယ်။ ဒါမှ တခြား ရာဟူးတို ့ဂိုဂယ်တို့(Search Engine)ကနေ သိနိုင်ရှာနိုင်မှာမို ့ပါ။
Star Rating စံနစ်ရှိတာမို ့အဲဒီစံနစ်မှာ အမှတ်များများရသူတွေကို ဆုပေးစံနစ် ထားဖို့ရှိပါတယ်။ ဆုကြေးငွေ ထိုက်ထိုက်တန်တန်ဖြစ်မှာပါ။ ဆုကြေးငွေဟာ အဲဒီ (Stars)ကြယ်တွေအပါအဝင် ဖတ်သူအရေအတွက်(Counts)ပေါ်မူတည်ပြီး အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အခု စံနစ်တွေရဲ့ ကုန်ကျမှုတွေကို အမေရိကန်ပြည်ထောင်စု အခြေစိုက် လစဉ်ထုတ်သတင်းစာဖြစ်တဲ့ မန္တလေးဂေဇက်က ကျခံတာပါ။
လွတ်လပ်တဲ့ လူထုသတင်းစာဖြစ်ပြီး နိုင်ငံရေးအတွက်မဟုတ်ပဲ လူအများစုနဲ့ အမိမြန်မာပြည်ပြင်ပနေ မြန်မာကွန်မြူနတီအတွက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာပါ။
အခုဆို ထုတ်ဝေခဲ့တာ လေးနှစ်ထဲရောက်နေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရအသိအမှတ်ပြု သတင်းမီဒီယာတခုဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရကိုယ်တိုင် ကြော်ငြာခပေးပြီး ကြော်ငြာနဲ့သတင်းတွေ ပုံနှိပ်သတင်းစာမှာ လာထည့်နေတာ တွေ့ကြမှာပါ။

သတင်းဆောင်းပါးရေးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆိုင်ရာ အင်္ဂလိပ်လိုရေးထားတဲ့ နေ့စဉ်၊ လစဉ်သတင်းတွေကို လေ့လာပြီး (သတင်းရယူရာ အခြေအမြစ်) နဲ့တကွ ခြုံငုံစဉ်းစား ချရေးတာမျိုးကို ခွင့်ပြုပါတယ်။ သတင်းဆောင်းပါးကို (အထူးသဖြင့်)အလိုရှိပါတယ်။
ဥပမာ။  ။ မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့ဖေါ်ပြပေးမယ်ဆိုရင် သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ပွိုင့် ၂~၃သောင်း၊ ဒေါ်လာ ၂၀​~၃ဝ ရမှာဖြစ်ပါတယ်။

သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရရင် စာရေးသူဟာ ကိုယ့်ရဲ့ ပေါ့ဖိုလီယို(လက်တွေ့လုပ်ဆောင်မှု ကိုယ်ရေးမှတ်တန်း)မှာ တရားဝင် ထည့်ရေးလို့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်း(တက္ကသိုလ်တွေ)၊ အန်ဂျီအိုတွေနဲ့ ယူအက်စ်အစိုးရကခေါ်တဲ့ ပညာတော်သင်တို ့၊ အစည်းအဝေးတို ့၊ဆင်မနာတို့မှာ တင်တဲ့အခါ ထိထိရောက်ရောက် ကိုးကားအသုံးပြုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ထောက်ခံချက်လည်း မန္တလေးဂေဇက်က တရားဝင်ထုတ်ပေးပါမယ်။ စာနယ်ဇင်းသမားတွေကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ခေါ်ယူလေ့ရှိပါတယ်။

ရသစာပေဖြစ်တဲ့ ဝတ္ထု၊ကဗျာ၊ပျို့လင်္ကာ တွေလည်း ရေးနိုင်ပါတယ်။ ဆိုင်ရာ Category မှာတင်နိုင်ကြပါတယ်။ သတင်းစာမှာတော့ ထည့်သွင်းဖေါ်ပြခံရဖို့ အခွင့်အလန်းတော့ နည်းမှာပါ။ လစဉ်ပုံနှိပ်သတင်းစာဟာ သတင်းကိုသာ ဦးစားပေးထားပါတယ်။

အခုလောလောဆယ်တိုက်တွန်းချင်တာက  ပွိုင့်တွေလိုချင်ရင် မြန်မြန်သာ Register လုပ်ထားလိုက်ကြပါလို ့ပါပဲ..။ ဘာဖြစ်လာမလဲ နောင်တနှစ်လောက် ရေးရင်းနဲ့ စောင့်ကြည့်ကြပါ။

ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့စာတွေထဲက အယ်ဒီတာအဖွဲ ့ရဲ့ရွေးချယ်စာကို လစဉ်ထုတ် မန္တလေးဂေဇက်ရဲ့ သတင်း၊ဆောင်းပါး၊ စာမူအဖြစ်အသုံးပြုမယ်ဆိုရင်တော့ ပွိုင့်၅၀၀ဝ ကနေ ပွိုင့် ၃၀၀၀ဝ အထိ( စာအမျိုးအစားပေါ်မူတည်ပြီး) စာမူခရမှာဖြစ်ပါတယ်။
ပွိုင့်တွေကို ကျပ်ငွေနဲ့ တန်းတူသတ်မှတ်ထားပြီး ကျပ်ငွေအဖြစ်ထုတ်ယူနိုင်ပါတယ်။ တဦးတည်းမှ စုထားငွေအနည်းဆုံး ကျပ်ငွေ ၁သိန်း(ပွိုင့် ၁သိန်း) ဖြစ်ရင် ရန်ကုန်မြို ့ ပေးပို့စေချင်တဲ့ လိပ်စာဆီ ယူအက်စ်ကနေ တိုက်ရိုက် တနည်းနည်းနဲ့ (တောင်းဆိုလာရင်)ပို ့ပေးမှာဖြစ်ပါတယ်။ ပွိုင့်တွေဟာ လွှဲပြောင်းခွင့်မရှိပါ။ တဦးကတခြားတဥိးကို လွှဲပေးခွင့်လည်း မရှိပါ။ စုပေါင်းထုတ်ယူခွင့်လည်းမရှိပါ။ (ပွိုင့် ၁သိန်း)ဟာ ဒေါ်လာ ၁ရာလောက်နဲ့ ညီမျှတဲ့ ငွေဖြစ်မှာပါ။ စောင့်ပြီး ၂၀ဝ -၃၀ဝ မှထုတ်ယူလည်းရပါတယ်။ ပွိုင့်၁သိန်းမပြည့်သေးပဲ ထုတ်ယူခွင့်မရှိပါ။ အနည်းဆုံး ပွိုင့် ၁သိန်းပြည့်မှသာ ငွေကြေးအဖြစ် လည်း စတင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ပေါက်ဈေးကို ငွေလွှဲခိုင်းတဲ့ နေ့ရဲ့ ပေါက်ဈေးနဲ့ တွက်ပေးမှာပါ။ အဲဒီငွေက အမေရိကန်ပြည်ထောင်စုက ဟွန်ဒီလွဲပေးမဲ့သူရဲ့ ပေးဈေးဖြစ်ပါမယ်။ သာမန်အားဖြင့် ရန်ကုန်ပေါက်ဈေးနဲ့ အနည်းငယ်ကွာတတ်ပါတယ်။
တခြားမြို ့တွေကနေ လွဲငွေလိုချင်ရင်တော့ ရန်ကုန်က အသိကတဆင့်သာ ယူကြစေချင်ပါတယ်။ ရန်ကုန်ကိုပဲ ငွေလွဲပေးပို ့နိုင်တာကြောင့်ပါ။ ငွေလွဲခက ငွေယူသူဖက်က ကျခံပေးရမှာဖြစ်ပါတယ်။ သာမန်အားဖြင့်ဒေါ်လာ ၁၀ဝ ကို ၃ဒေါ်လာလောက် ယူကြပါတယ်။

ဒါမှ မဟုတ် ပို့ဆောင်ခ စရိတ်တွေ ထည့်နှုတ်ပြီး အမေရိကန်ပြည်ထောင်စုက သေးငယ်ပေါ့ပါးတဲ့ အိုင်တီနဲ့ ပါတ်သက်တဲ့ပစ္စည်းတချို ့မှာယူနိုင်ပါတယ်။
သာမန်အားဖြင့် အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်အထိ တလကို တခါလောက် ပစ္စည်းသယ်ပေးနေသူတွေရှိပြီး တပေါင်ကို ရ ဒေါ်လာ+ယူပါတယ်။ ကတ်စတန်ဂျူတီခကို (ရန်ကုန်လေဆိပ်မှာ) တောင်းခံခံရရင် ပစ္စည်းလက်ခံမဲ့သူက ကျခံပေးရမှာဖြစ်ပါတယ်။
( www.frys.com www.bestbuy.com ) တွေမှာ ကိုယ်လိုချင်တဲ့ ပစ္စည်း(ဝယ်ယူလိုတဲ့ပစ္စည်း)ကို အီးမေးလ်ကနေ  အမည်အတိအကျရေးပြီး ပို ့ပေးစေလိုပါတယ်။ အမြတ်ခွန်တွေ၊ ပို ့ခတွေအားလုံး မှာသူဖက်က ပေးရမှာဖြစ်ပါတယ်။ မထင်ရှားတဲ့ နာမယ်မကြီးတဲ့ အခြားဝက်ဆိုက်တွေက ဝယ်ပေးမည်မဟုတ်ပါ။ ခရက်ဒစ်ကဒ်နဲ့ ဝယ်ပေးမှာဖြစ်တာကြောင့် လုံခြုံရေးစိတ်မချရလို ့ဖြစ်ပါတယ်။ အိုင်ပေါ့တို ့။ လက်ကိုင်ဖုံးတို ့၊လက်ပ်တော့တို ့ဝယ်ပေးလို့ရပါတယ်။

ဒါမှ မဟုတ် ဒေါ်လာအနေနဲ့ အလိုရှိရာနိုင်ငံမှာ (ဘဏ်အကောင့်ပေးရင်)ထုတ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် PayPal အကောင့်ရှိရင် လွှဲပေးမှာဖြစ်ပါတယ်။ ငွေလွဲခကို ငွေယူသူဖက်က ကျခံရပါမယ်။
ဒိုမိန်းဖိုး ၊ Hosting ဖိုး၊ Rapidshare ဖိုး။ ကျောင်းဖေါင်ဖိုး စတာတွေကို အဲဒီရတဲ့ ငွေကတဆင့် ပေးရှင်းခိုင်းရင်လည်း မိမိဝင်ငွေကနှုတ်ယူပြီး မန္တလေးဂေဇက်ကပေးချေပေးမှာဖြစ်ပါတယ်။
ကာစီနို။ ဘောလုံး စတဲ့လောင်းကစားဝက်ဘ်ဆိုက်များအတွက်တော့ ငွေရှင်းပေးမှာမဟုတ်ပါ။
အသေးစိတ်ကို သီးသန့် အီးမေးလ်ပို့ ညှိနှိုင်းမှာဖြစ်ပါတယ်။ ကိုယ့်ငွေတွေအတွက် စိတ်ချရသော နိုင်ငံခြားငွေ သိမ်းဆည်းရာနေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မိမိကိုယ်တိုင် မြန်မာပြည်အပြင်ထွက်လာဖြစ်ရင် အချိန်မရွေးထုတ်ယူလို ့ရပါတယ်။

မန္တလေးဂေဇက်အကြောင်း နည်းနည်းလေးတော့ ထပ်ပြောထားပါမယ်။
အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိစ်အခြေစိုက် လစဉ်ထုတ် ပုံနှိပ်သတင်းစာ ဖြစ်ပြီး သတင်းလောကနဲ့ မီဒီယာလောကမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သက်တန်း ၄နှစ်ရောက်နေပြီဖြစ်တဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့သတင်းစာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ဗျူရိုတွေအပါအဝင် သန်းခေါင်စာရင်းဌာနတို ့ရဲ့ တရားဝင် ကြော်ငြာများလည်း ထည့်ပြီး ဆက်စပ်ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်ပါတယ်။
ဘယ်အဖွဲ ့အစည်း၊ အသင်းအဖွဲ ့၊ အစိုးရ၊ ပါတီ၊ လူပုဂ္ဂိုလ်တို့ရဲ့ ထောက်ပံ့ငွေနဲ့မှ မတည်လုပ်ကိုင်နေတဲ့ သတင်းစာမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်ကြော်ငြာနဲ့ရပ်တည်တဲ့ အခမဲ့ ဖြန့်ဝေသော သတင်းစာဖြစ်ပါတယ်။ စောင်ရေ လစဉ် ၁သောင်း၂ထောင် ထုတ်ဝေပါတယ်။
သတင်းစာရဲ့ ကျင့်ဝတ်၊ မီဒီယာစည်းကမ်းများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့  ဥပဒေများကို လေးလေးစားစားလိုက်နာပြီး ထုတ်ဝေနေတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပိုသိချင်ရင်တော့ ဂိုဂယ်(Google)လိုက်ရင်ပါတယ်။ မူပိုင်ခွင့်ကို အလေးထားပြီး တဦးနဲ့တဦး ပုဂ္ဂိုလ်ရေးဦးတည်တိုက်ခိုက်တဲ့ စာတွေကိုလည်း( မူအရ )ဆန့်ကျင်ပါတယ်။

*ဒီဝက်ဘ်ဆိုက်မှာ ရှိနေတဲ့ လိပ်စာတွေ။ အီးမေလ်းတွေ ကိုယ်ရေးအချက်အလက်တွေကို မည်သည့်နေရာ၊ မည်သူ့ကိုမှ လွဲပြောင်းပေးအပ်မှာမဟုတ်ပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ ပရိုက်ဗေစီကို လေးစားစွာလိုက်နာပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လျှို့ဝှက်ပါတယ်။

*အယ်ဒီတာအဖွဲ ့ဟာ တင်ထားတဲ့စာတွေကို လိုအပ်ရင်ဖြတ်တောက်စိစစ်မျာဖြစ်ပြီး မန်င်ဘာ(စာရေးဆရာ)အဖြစ်ကလည်း မည်သူကိုမဆိုအချိန်မရွေးရပ်စဲနိုင်ခွင့်ရှိပါတယ်။

( ဒီဇင်ဘာ ၄ ရက် ၂၀၀၉ )မှာ ထပ်ပြီး ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။) မရှင်းတာရှိရင် Comment ကနေ မေးနိုင်ပါတယ်။ အားလုံးသိရအောင် ဖြေပေးပါမယ်။

*(မတ်လ ၃ဝ ၂၀၁၀) မှာ ထပ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။

* (ဂျွန်လ ၁၅ ၂၀၁၀) ထပ်ဖြည့်ပြင်- စာလုံးရေ အနည်းဆုံး ၃၀၀ဝ ရှိရပါမယ် ဆိုတာကို အနီရောင်ပြောင်းလိုက်ပါတယ်။ ဒီနေ့ကစပြီးမပြည့်တဲ့သူတွေကို ပွိုင့်ပြန်နှုတ်ပါမယ်။ ချွင်းချက်အနေနဲ့ ပုံပါသူတွေကိုတော့ ပွိုင့်မနှုတ်ပါ။

**(ဂျူလိုင် ၁၉ ၂၀၁၀)ဖြည်စွက်

တင်တဲ့ပို့စ်များအတွက် ငွေပေးစံနစ်ကို အဆင့် ၃ဆင့် သတ်မှတ်လိုက်ပါတယ်။
ပထမအဆင့်က “မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးသူ”များဖြစ်ပြီး အဲဒီစာမူမျိုးတင်သူတွေကို ပို့စ်တခုအတွက် ပွိုင့်၅၀၀ ပေးပါမယ်။ ကိုယ်တိုင်လိုက်ရထားတဲ့သတင်း၊ ဆောင်းပါး၊ စာမူ၊ ဝတ္တု၊ ဓါတ်ပုံ၊ ဆောင်းပါး၊အားလုံးအကြုံးဝင်ပါတယ်။ အယ်ဒီတာမှ စာမူကိုစိစစ်ရွေးချယ်ပြီးနောက်မှ ပွိုင့်ကို ပုံမှန် ၂၀ဝ အလိုအလျှောက်ရတာကနေ ပွိုင့်၅၀ဝပြည့်အောင်တိုးပေးသွားမှာဖြစ်ပါတယ်။

ဒုတိယအဆင့်က မူလ Source ကို ခရက်ဒစ်ပေးပြီး ဖော်ပြပေးတဲ့စာမူ၊ နောက်…မူလ Source တော့မသိဘူး ဒါပေမယ့် ကြိုက်လွန်းလို ့အီးမေးလ်ကရလို ့ လက်ဆင့်ကမ်းလိုက်တဲ့စာ ဆိုပြီး ရိုးရိုးသားသား ဝန်ခံတဲ့စာမူေတွအတွက်ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပွိုင့် ၂၀ဝ ပေးပါမယ်။ အထူးသတိပြုစေလိုတာကတော့မြန်မာပြည်ပြင်ပ(မြန်မာ)မီဒီယာဌာနတွေက စာမူတွေ၊ သတင်းဆောင်းပါးတွေတင်ခွင့်မရှိတော့ပါဘူး။ အဲဒီစာတွေကို ဆိုင်ရာသတင်းဌာနဝက်ဘ်ဆိုက်သွားပြီး အလွယ်တကူဖတ်နိုင်ကြလို့ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေချည်း မှတ်ချက်တို-ကောက်နှုတ်ထားတဲ့ ဝက်ဘ်ဆိုက်တခု လည်းမကြာခင်လုပ်ဖို့ရှိပါတယ်။ Twitter လိုမျိုးဝက်ဘ်ဆိုက်ပါ။ နောင်ကို အဲဒီမှာ တင်နိုင်ကြပါလိမ့်မယ်။

တတိယအဆင့်ကတော့ ကိုယ်တိုင်ရေးလည်းမဟုတ်၊ ယူတဲ့နေရာကိုလည်းမဖေါ်ပြပဲ ရိုးသားမှုမရှိပဲ တင်တဲ့စာမျိုးပါ။ အဲဒါကို သက်သေအထောက်အထားနဲ ့တကွ တွေ ့ရှိခဲ့ရင်  ရရှိထားတဲ့ ပွိုင့်တွေ ပြန်နှုတ်မှာဖြစ်ပါတယ်။

အထက်ပါ အဆင့်များအပြင် အထူးသတ်မှတ်ထားတဲ့ မန်င်ဘာများရှိနေပြီး အဲဒီသူတွေကတော့ အပေါ်မှပွိုင့်များနှင့်မဆိုင်ပဲ ရေးတင်နိုင်ပါတယ်။

သတင်းတွေတင်ရာမှာ စာမူတွေရေးရာမှာ စာဖတ်သူတွေရဲ့ မှတ်ချက်က အင်မတန်အရေးကြီးတာကို သိကြမှာပါ။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ စာဖတ်ပြီးရင် အမှတ်ပေးစံနစ်နဲ့ အမှတ်ပေးသွားတာမျိုုး မဖြစ်မနေလုပ်ကြစေချင်ပါတယ်။ ဒါမှလည်း စာတင်သူတွေ အားရှိမှာဖြစ်ပြီး တတ်နိုင်ကြပါရင် မှတ်ချက်( Comment)ရေးကြစေလိုပါတယ်။ အဲဒါကြောင့် မှတ်ချက်(Comment)တခုရေးရင် ပေးထားတဲ့ပွိုင့်ကို ၅ဝ ကနေ ၆ဝ ကိုတိုးပေးလိုက်ပါကြောင်းလည်း အသိပေးပါရစေ။

၂ဝရက်ဇူလိုင် ၂၀၁ဝ မှစပြီး အပေါ်ကအမှတ်ပေးစံနစ်သစ်က အကျိုးသက်ရောက်မှာဖြစ်ပါတယ်။

**(ဩဂုတ် ၂၆ ၂၀၁၀)ဖြည်စွက်

မန္တလေးဂေဇက်ဝက်ဆိုက်ကို တည်ထောင်ထားတာဟာ အကျိုးအမြတ်အတွက်မဟုတ်ပဲ မြန်မာပြည်တွင်းနေတဲ့သူတွေ တန်ဖိုးရှိတဲ့ စာရေးအလေ့အကျင့်ရစေရန်နဲ့ ပြည်ပနေသူမြန်မာများနဲ့ အတွေ့အကြုံဗဟုသုတ ပေါင်းကူးဖလှယ်ကြနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ယနေ့အထိ မင်န်ဘာအများစုဟာ အခြားနေရာများကစာတွေ၊ သတင်းတွေကို မျှဝေ၊ ကူးတင်နေသူတွေဖြစ်ကြတာကို တွေ့ရပါတယ်။
အဲဒါကြောင့် သက်မှတ်ထားတဲ့စည်းကမ်းနဲ့အညီသာ တင်ထားတဲ့ပို့စ်တွေကို ပွိုင့်ဖြတ်ချရရင် ကျန်မှာ မဟုတ်တာကိုလည်း သတိထားမိကြပါလိမ့်မယ်။
ဒါကြောင့် ရှိတဲ့ပွိုင့်တွေကို ဖြတ်ချမဲ့အစား အဆင်ပြေအောင် နောင်ပေးမဲ့ ပွိုင့်ပေးစံနစ်ကို အောက်ပါအတိုင်းပြင်ဆင်လိုက်ပါတယ်။

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     100 (ပို့စ်တခုအတွက် ၁၀ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 4ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၄ဝ ပွိုင့်)

  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို အထူးသတိပြုကြစေလိုပါတယ်။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၁၀၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီး ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင် တပုဒ်် ပွိုင့် ၁၀၀ဝ ပေးပါမယ်။ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် နောက်ထပ် ပွိုင့် ၁၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ကိုယ့်အယူအဆအတွေးအခေါ်မပါတဲ့ ဓါတ်ပုံပါသတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၁၂၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
    ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။ အဲဒီအလှူမှာပါလိုသူများဟာ စာရင်းကြိုပေးစေလိုပါတယ်။
  • စည်းကမ်းများမှာ ပွိုင့်နဲ့ပါတ်သက်တဲ့ ကိစ္စတွေပဲ အပြောင်းအလဲရှိသွားတာဖြစ်ပြိး ကျန်စည်းကမ်းများမှာ ယခင်ထုတ်ထားတဲ့အတိုင်းအတူုတူပင်ဖြစ်ပါတယ်
  • မန္တလေးဂေဇက်မှာပုံနှိပ်ဖေါ်ပြထားတဲ့ စာမူရှင်များဟာ အထူးမန်ဘာများဖြစ်ပြီး ပွိုင့်ပေးစံနစ်များမှာ ထိုသူများနှင့်မသက်ဆိုင်ပါ။
  • ယခု ပွိုင့်စံနစ်ဟာ ဒီနေ့ဩဂုတ်လ ၂၆ ရက်နေ့ကစပြိး အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ မရှင်းလင်းသည်များကို ကော်မန့်ကတဆင့်မေးမြန်းနိုင်ပါကြောင်းနဲ့ အကြံဉာဏ်များကို ကြိုဆိုပါကြောင်း..။

==

အောက်က စာကတော့ အယ်ဒီတာက ( ဩဂုတ်လ ၁၉ရက်နေ့က)ကရေးထားတာကို ဒီနေရာမှာ မန္တလေးဂေဇက်ရဲ့ အာဘော်အနေနဲ့ ထပ်မံဖေါ်ပြထားတာပါ။

Editor
August 19, 2010 at 5:52 pm

မန္တလေးဂေဇက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။ ယူအက်စ်အခြေစိုက်တာပါ။
ယုအက်စ်မှာမြန်မာပြည်ကလာပြီး အခြေချတဲ့ မြန်မာ (ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ..) တသိန်းခွဲလောက်ရှိမယ်မှန်းပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတယ်။ ခရစ်ယန်က ဗုဒ္ဓဘာသာကိုးကွယ်သူထက် မများရင်သာနေမယ် မလျှော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာမွေးတဲ့ကလေး( ပထမမြန်မာ-အမေရိကန်ဂျန်နရေးရှင်း) က ခရစ်ယန်ပြောင်းကြတာများလို့ပါ။( ဘာဖြစ်လည်း။ ဘာကြောင့်လည်း တနေ့တော့ စာရေးနိုင်မယ်ထင်ပါတယ်) ။
နောက် မွတ်စလင်တွေပေါ့။ ကျုပ်တို့လော့စ်အိန်ဂျလိစ်မှာတင် မြန်မာ-မွတ်စလင် ထောင်ချီနေကြပါတယ်။ အားလုံးက မြန်မာစိတ်နဲ့ အတူယှဉ်တွဲနေထိုင်ကြတာပါ။ အစ်နေ့ဆို ဗုဒ္ဓဘာသာဝင်မြန်မာတွေ သွားစားကြသောက်ကြနဲ့။ ခရစ်ယန်တွေရဲ့ ခရစ်စမတ်အပါအဝင် ပွဲတော်နေ့လည်း မြန်မာတွေ ဘာသာတရားအစွဲနဲ့မဟုတ်ပဲ တရုံးရုံးဆိုပါတော့။ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဘာသာစုံမြန်မာတွေလာကြ၊ စားကြသောက်ကြလှူကြနဲ့ ပျော်စရာပါ။

ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုမှာတင် မြန်မာတွေ သန်းချီပြီး မြန်မာပြည်ပြင်ပကိုထွက်ခဲ့ကြတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဒူဘိုင်း၊ ဘရူနိုင်း စတဲ့နိုင်ငံတွေကိုလည်း မြန်မာသောင်းသိန်းချီအလုပ်လုပ် အခြေချနေကြတာပါ။ ခရစ်ယန်နိုင်ငံတွေဖြစ်တဲ့ဥရောပမှာလည်း မြန်မာတွေ သောင်းသိန်းချီ နေနေကြပပြီ။

ပြောချင်တာက..။
မန္တလေးဂေဇက် စာဖတ်သူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ရောက်နေတဲ့ ဘာသာစုံ၊ အသားအရောင်စုံမြန်မာတွေကို ကိုယ်စားပြုပါတယ်။
အရောင်စုံကိုယ်စားပြုတာနဲ့အညီ..ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချပါတယ်။
ဒါဟာ မန္တလေးဂေဇက်ရဲ့ ပေါ်လစီလည်းဖြစ်ပါတယ်။ မန်ဘာများတိတိကျကျ လိုက်နာစေလိုပါတယ်။ အသိစိတ်နဲ့ လိုက်နာစေလိုပါတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ လူနည်းစု မြန်မာတွေကို ကိုယ်ချင်းစာစိတ်ထားကြစေလိုပါတယ်။ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုအရ မြန်မာပြည်တွင်းမှာ တခုခုဖြစ်ရင် မြန်မာပြည်ပနေ (လူနည်းစု)မြန်မာလူမျိုး ညီအကိုမောင်နှမတွေ ဘယ်လိုဆက်နေထိုင်ကြရမလည်း စဉ်းစားကြည့်ကြစေလိုပါတယ်။ အရှေ ့အလယ်ပိုင်းနို်င်ငံတွေမှာ စွန့်စွန့်စားစားအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ငှဲ့ကြစေချင်ပါတယ်။

ထပ်ပြောရရင်..
ဒီဝက်ဘ်ဆိုက်ကို ယူအက်စ်နဲ့ ဥရောပက လာဖတ်နေသူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ပါဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာ စာတွေ၊ ဘုရားစာတွေ၊ ဓမ္မတွေ ဒီမှာလာမတင်ကြစေချင်ပါဘူး။ ဓမ္မာခန္ဓပေါင်း ၈၄၀၀ဝရှိပါတယ်။ ပိဋကတ်၃ပုံရှိပါတယ်။
အဲဒီစာတွေကူးတင်နေတာကို ပွိုင့်ပေးရင် ဒေါ်လာသောင်းသိန်းပေးလည်း မလောက်ပါဘူး။ ဒီဝက်ဆိုက်ဟာ တင်တဲ့စာတွေကို ပွိုင့်ပေးနေတာကို သတိပြုကြစေလိုပါတယ်။
ဘာသာရေးစာတွေဖတ်ဖို ့ဘာသာရေးဝက်ဘ်ဆိုက်တွေ ထောင်ချီရှိပါတယ်။ ဆွေးနွေးနေတဲ့ဖိုရမ်တွေရှိပါတယ်။ အဲဒီသွားကြစေလိုပါတယ်။
ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ့်အယူအဆ၊ ကိုယ်တွေ့လာတဲ့သတင်းရေးရင်း အချက်အလက်လှမ်းယူကိုးကားတာမျိုး ခွင့်ပြုနိုင်ပေမဲ့ တိုက်ရိုက်ကူးတင်နေတာဟာ ဖတ်သူတွေအတွက်လည်း အကျိုးမများစေပါဘူး။

အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ကိုလိုက်နာကြစေလိုပါတယ်၊
မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်။
အဲဒါဆို..ဝက်ဘ်ဆိုက်ဟာ စာဖတ်လာသူတွေအတွက် အနှစ်သာရရှိ၊ တန်ဖိုးရှိမှာဖြစ်ပြီး…ရေးသူတွေကိုလည်း ပေးနေတဲ့ပွိုင့်ကို တိုးပေးသွားနိုင်ပါလိမ့်မယ်။

206 comments

  • ဆူး

    September 9, 2010 at 11:45 am

    ပုံစံ အသစ်လေး ဖြစ်သွားတော့ သဘောကျတယ် အဟောင်းလည်း ပြန်ဖြစ်သွားကော အရင် avator ရုပ်ဆိုးဆိုးကြီး ပြန်ဖြစ်သွားကော အဲဒါတော့ စိတ်မကောင်းဘူး။ အသစ် အားသာ ချက်ကို ပြောရရင် ဘယ် စာမျက်နှာ ရောက်ရောက် အခု နောက်ဆုံး ကွန်မန့်ပေးသွားတဲ့ လင့်လေးတွေကို တခါတည်း ကူးလို့ရပါတယ် အဲဒါလေးကို သဘောကျတယ်။ အဝင်အထွက် ခက်တာ မခက်တာတော့ သတိမထားမိဘူး အဟောင်းမှာကော အသစ်မှာပါ.. သေချာတာကတော့ ခဏခဏ ရပ်ရပ်သွားတယ် ခဏနေသတိရရင် ပြန်ဝင်လိုက်ရင်တော့ ဟုတ်နေပြန်ကော။

  • zuzuaung

    September 10, 2010 at 3:40 am

    ကျွန်တော် အခုအကြံပေးချင်တာကတော့ Home Page ကို လှလှပပလေး ဖြစ်စေချင်တာပါပဲခင်ဗျား။ ကြည် ့ရတာ ဘယ်လို မှ ဘောင်မဝင်ဘူး။ထွက်ချင်တဲ ့
    ဟာတွေက ထွက်နေတယ်။ ပိုစ်တွေကို သွားဖုံးနေတယ်။ Content တွေက လည်း ဟိုရောက်ဒီရောက်နဲ ့…ဖြစ်နိုင်ရင်..အဲဒါလေးတွေ ပြင်ပေးစေလိုပါတယ်။
    ကိုယ်ပါဝင်ပတ်သတ်လာတဲ ့အဖွဲ ့အစည်းတစ်ခုကို လှပစေချင်တာပါခင်ဗျား။

  • pan pan

    September 10, 2010 at 5:06 am

    ပုံတွေနဲ့ Post တင်ချင်တာမရဘူး ဖြစ်နေတယ်။ ပုံကတစ်ပုံပဲရတယ်။ ပုံအများကြီးဆိုရင် ဘယ်လိုလုပ်ရမလဲ။ ပြောပြပါ။

  • ဆူး

    September 11, 2010 at 8:04 am

    အက်ဒမင်ရေ တိုင်ချင် တောချင်ရင် ဘယ်လို လုပ်ရမလဲ တိုင်စရာတွေ များနေတယ် နော် အကြံပေးပါအုန်း.. တိုင်မှာတော့ မဟုတ်ဘူး မှားလို့ အကြံပြုချင်လို့.. ဟီးဟီး

  • khunmyat

    September 12, 2010 at 5:46 pm

    ကိုအက်မင် … post ရေးတဲ့နေရာမှာ ရေးလိုက်တာ စာလုံးအဖြူတွေပဲဖြစ်နေလားမသိဘူး … ရေးလိုက်ရင်မမြင်ရဘူး select all လုပ်မှ မြင်ရတယ်ဗျ… အဲ့ဒါပြောပြဦး … post က တစ်ခါမှ မတင်ဖူးသေးဘူး အခုမှစတင်မှာ .. ပီးတော့ polls မှာ ဘယ်ဂျာနယ်ကို အကြိုက်ဆုံးလဲ vote လုပ်လို့မရဘူး

  • Gong Zhu

    September 14, 2010 at 9:44 pm

    စာလုံးရေ 1000 မပြည့်ရင် ဘယ်လောက်မှမရတော့ဘူးလားဟင် . . .

  • ဆူး

    September 15, 2010 at 12:19 pm

    ဒီနေ့ အဖို့ အဟောင်းဖြစ်လိုက် အသစ်ဖြစ်လိုက်..

  • Gong Zhu

    September 16, 2010 at 3:58 pm

    မြန်မာပြည် ပိုက်ဆံကဘယ်မှာထုတ်ရမှာလဲ အဲ့ဒါလေးပြောပြပေးပါဦး

  • thidakywewa1

    September 16, 2010 at 5:44 pm

    ကိုအက်မင်ရေ သီတာ ဒီ website ကိုစိတ်ဝင်စားနေတာ တော်တော်ကြာပြီ။ အင်တာနက်စသုံးကတည်းက ဒီ website ကို စဖတ်ဖြစ်တာပါ ။ အစကတော့ စာရေးဖို့ ဆန္ဒမရှိဘူး ။အခုတော့မရတော့ဘူး …ပိုးထလာပြီး။ ရေးတော့မယ်
    ဖြစ်ရပ်မှန်လေးတွေရော တင်လိုရလားဟင် ။အဲဒါလေးသိပါရစေနော်။

  • ဆူး

    September 18, 2010 at 8:22 am

    အက်ဒမင်သို့ အကြံပြုလွာ
    အချိန်အတိုင်းအတာ တခု အရ ဒီမှာ ဝင်ဖတ်ရင်းနဲ့ ရေးလာမိတာ သံယောဇဉ်တော့ ဖြစ်မိပါတယ်။ အခုလတ်တလော မြင်နေရတာတွေက တချို့က ကွန်မန့်ပေးပြီး ဆဲဆိုကြတယ် နောက်ပြီး စိတ်ထဲက ဖြစ်တာလေး (အတင်းပြောတဲ့ သဘောမျိုးဆန်) တဲ့ စာတွေတင်တာတွေ တွေ့နေရတယ် အကျိုးလည်း မရှိဘူး ဖတ်ရတဲ့ လူလည်း စိတ်ကသိကအောက် ဖြစ်မိတယ် နောက်ပြီး ဆိုက်ကြီးကလည်း ခဏခဏ ရပ်ရပ်သွားတာတွေ ကြုံနေရတယ်။ အရင်တုန်းကတော့ ဖတ်ရတာ အကျိုးတော့ ရှိတယ်လို့ခံစားရတယ် ကမာ္ဘအရပ်ရပ်မှာ ဖြစ်နေတာကို သိတဲ့ လူတွေက ဘာသာပြန်ပြီး တင်ပေးတာ ဖတ်ရတာလည်း ဗဟုသုတရတယ် လောကကြီးကို မြတ်ခြေမပြတ် ရှိသလို ခံစားရတယ်။ အခု နောက်ပိုင်း အမှတ်တိုးပြီး ပိုက်ဆံ ရဖို့ မျှော်လင့်သော ပိုစ်တွေ များလာတာ တွေ့ရပါတယ်။ နောက်ပြီး ဘာမှန်းမသိတဲ့ ပိုစ်တွေ ဘဲ တက်နေလို့ ဆိုက်က လေးပြီး တကယ်အချက်အလက် ပါတဲ့ ပို့စ်တွေကတော့ တက်ရခက်နေလား မသိဘူး။ သတင်းစာ ဆိုတော့ အကျိုးလည်း ရှိ မဲ့ သတင်းအချက်အလက်မျိုး ကျန်းမာရေး လူမှုရေး စသဖြင့်ပေါ့ စိတ်ထဲရှိတာ တခု ပေါ်လိုက် တခါပိုစ်လုပ်လိုက် တနေ့ထဲကို ဘာမှ မဟုတ်တဲ့ ဟာတွေဘဲ ၁ဝခုလောက်တက်နေတာတွေ တွေ့မိနေတယ် ဒါမျိုးတွေကိုလည်း ပြန်စဉ်းစားသင့်ပြီထင်တယ်။ အားလုံးကတော့ လောဘ ရှိကြတာဘဲ ဆူးလည်း ရရင် လိုချင်ပါတယ် ပေးရတဲ့ လူ က တန်လို့ ပေးတာဘဲ လိုချင်တယ် အဲဒီလို စိတ်မျိုး အများ မရှိကြတာဘဲ လား စာရဲ့ အနှစ်ကို နားမလည်တာလား တော့မသိတော့ပါဘူး. အက်ဒမက်ကြီးတွေ သေချာ တော့ စဉ်းစား သင့်နေပြီလို့ ထင်လို့ အကြံပေးတာပါ။ နောက်တခုကတော့ မန်းတလေးဂေးဇတ်က နေ တခါတလေ မန်းတလေး ဂေးဆိုက်လားလို့ တောင် ပြောရမလို ဖြစ်နေသလို ပို့စ်တွေကလည်း အများကြီးဘဲ။ ကိုယ်ချင်းမစာ မနာလိုရှုံ့ချလိုစိတ်ကြောင့် မဟုတ်ပါဘူး ဒီတိုင်းဆို ရန်ပွဲတွေ ဖြစ်လာမယ်လို့တောင် ထင်မိလာလို့ သတိပေးတာပါ။

  • kai

    September 18, 2010 at 8:39 am

    ဆာဗာပြောင်းတာမှာ… အသစ်ကလည်း ဒီဝက်ဆိုက်က Resources အရမ်းသုံးတယ်ဆိုပြီးဖြစ်နေလို့ ဖုံးချည်းခေါ်နေရတာဗျာ။
    သူတို့က အဆင့်နောက်တဆင့်ထပ်မြင့်ဖို ့ငွေထပ်တောင်းပြန်တယ်..။ ကြည့်ရတာ ဆာဗာထပ်ပြောင်းရဦးမယ်ထင်တယ်။
    ဒါတောင် အခုဆာဗာက ကွန်ပြူတာတလုံးလုံးကို ဝယ်ထားလိုက်တာလေ..။ VPS (Virtual private server)လို့ခေါ်တာပါ။
    အဲဒါ..အဲဒီကိစ္စတွေပြီးရင်တော့ အခု ဆူးအကြံပေးတာကို သေသေချာချာစဉ်းစားကြပါမယ်။ အခုလိုမြင်တာကို မြင်တဲ့အတိုင်းရေးပေးတာ အရမ်းကျေးဇူးတင်ပါတယ်။
    ကျန်တဲ့ မန်င်ဘာတွေလည်း အကြံပြုတာလေးတွေတင်ကြပါဦးနော..။ ဝက်ဘ်ဆိုက်က (မရွေ ့ခင်)တက်နေရင်ပေါ့။

    မန္တလေးဂေဇက်ရဲ့ ဒီဝက်ဆိုက်ဖွင့်ရခြင်း ရည်ရွယ်ချက်က (သတင်းစာဖြစ်တာမို ့)သတင်းတွေ ကိုရှည်ရှည်လျှားလျှား သေသေချာချာ အထောက်အထားခိုင်ခိုင်နဲ့ ရေးကြစေချင်တာပါ။ မင်န်ဘာတွေ (အနုပညာထည့်ပြီး )ကိုယ်တိုင်ရေးတဲ့ စာကောင်းကောင်းလေးတွေလည်း ဖတ်ချင်တာပါ။
    အဲဒီစာမျိုးကို သတ်သတ်မှတ်မှတ် စာမူခများများလည်း ပေးချင်တာပါ။
    အခုအနေအထားကြည့်ရတာ…ဖိုရမ်သီးသန့်ဖွင့်ပေးရတော့မယ်နဲ့တူပါတယ်..။

  • ဆူး

    September 22, 2010 at 3:58 am

    ယနေ့ ပို့စ်တိုင်းကို ဝင်လို့ရတယ် သို့သော်.. ပို့စ်တို်င်းတွင် log in လုပ်ပြီးသား မဖြစ်ဘဲ ပြန်ပြန်ထွက်သွားတယ် ကွန်မန် ပေးလို့ရဘူး နောက်ပြန်ပြီး log in ဝင်ရင်လည်း ဘယ်လောက် ဝင်ဝင် ကွန်မန့်ပေးလို့မရဘဲ ဖြစ်နေတယ် နဲနဲ စစ်ဆေးပေးပါအုန်း။ ဒီနေ့ အသစ်တင်တဲ့ ပို့စ်တွေက ကွန်မန့်ပေလို့မရတာ။ အဟောင်းတွေက ရပါတယ်။

    • bigcat

      September 22, 2010 at 4:13 am

      ဒီနေ့တင်တဲ့ အသစ်တွေက အဟောင်းပို့စ်တွေလောက် မကောင်းလို့ဖြစ်ပါလိမ့်မယ်။ အယ်ဒီတာမင်းက စာမျက်နှာချွေတာတဲ့သဘောနေမှပါ။ ဟီဟိ ကျွန်နော် ပို့စ်အသစ် ဒီနေ့တပုဒ်မှ မတင်ဘူး။

      • ဆူး

        September 22, 2010 at 6:20 am

        ရန်ထောင်ပြီး စွာဖို့အတွက်တော့ ဝင်ပြီး ကွန်မန့်ပေးလို့ရတယ်.. လောက ကြီးက တရားပြတာနဲ့ တူတယ် အကုသိုလ် မများနဲ့ ဆိုပြီးတော့

  • kai

    September 22, 2010 at 9:48 pm

    သည်းခံကြဦးနော…။
    MandalayGazette.com အတွက် Server ကိုငွေရှင်းပြီးလို့… သူတို့ စလုပ်နေပါပြီ…။
    ဒီဝက်ဘ်ဆိုက်ကို..လူတွေဘယ်လောက်လာသလည်း..ဖတ်ကြသလည်း.. မှတ်တမ်းလေးကျန်ရစ်အောင်..Google Analytics မှာရှိနေတဲ့ Logs ကလေး(စက်တင်ဘာအတွက်).. ချရေးထားပေးပါ့မယ်..။
    အဲဒါကြောင့် ဆိုက်က.. လေးပင်နေတာပါ..လို့..။

    39,287 Visitors
    683,879 Pageviews
    29.32% Bounce Rate

  • thura.ng2

    September 23, 2010 at 7:28 pm

    အခုလိုမျိုး စာရေးသူများအတွက် အကျိုးအမြတ်ရအောင် လုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • ဆူး

    September 24, 2010 at 6:43 am

    Report ဆိုတာလေး ပေါ်လာတယ် အဲဒါ ဘယ်လို အသုံးပြုရမလဲ နဲနဲ လေး ရှင်းလင်းပေးပါအုန်း

  • ဆူး

    September 24, 2010 at 12:29 pm

    ဒီနေ့လည်း log in ဝင်လိုက် log in ပြန်ဖြစ်လိုက်နဲ့ ချာလပတ်လည်နေပါတယ် တင်တဲ့ ကွန်မန့်တွေလည်း မတက်ပါကြောင်း အသိပေးအပ်ပါသည်။

  • bigcat

    October 2, 2010 at 8:04 pm

    မန်းလေးဂေဇက်မှာ ဘယ်တုံးကစတည်ထောင်တယ်၊ ဘယ်သူတွေနဲ့၊ ဘာညာသာတကာဆိုတာကို လည်းတင်ထားတာ မတွေ့ရဘူး။ မင်းတုန်းမင်းလက်ထက်က မန်းလေးဂဇက်ကို စတည်ထောင်ခဲ့တယ်လို့ပဲ ယူဆရမလိုဖြစ်နေပြီ။ လူတွေသိအောင် မန်းလေးဂေဇက် ပုံနှိပ်နဲ့ အွန်လိုင်းဗားရှင်းတို့ရဲ့ သမိုင်းကြောင်းလေးတွေကို ပို့စ်အသေတခုဖြစ်ဖြစ်၊ ဟုမ်းပေ့ချ်အပေါ်က တပ့်ဘ်မှာဖြစ်ဖြစ်တင်ပါအုံး။

  • kopauk mandalay

    November 5, 2010 at 4:43 pm

    ကျနော်ကတော့မန်းလေးဂေဇက်ကိုသဘောကျသဗျာ။
    ကျနော်ရေးတာလေးတွေက ဖတ်ပြီး အပီအပြင်ကော်မင်းတွေပေးကြတာကိုးဗျာ။
    ဘယ်လိုဘဲပြောပြော ကိုယ်ရေးချင်တာကို အင်တာနက်ဆိုင် ထိုင်ခက လွဲပြီး ဘာမှ မပေးရဘဲ ပို့စ်တင်ရတာကို တန်တယ်လို့ ယူဆပါတယ်ဗျာ။
    ဆိုက်ထဲမှာ ရှိနေတဲ့ အယူအဆမတူသူ တူသူ ၊ကျနော်ရေးတာကိုမနှစ်သက်သူ နှစ်သက်သူ မဖတ်သူ ဖတ်သူ
    ကော်မင့်မပေးသူ ပေးသူ
    အားလုံးကို ကျနော်ရဲ့ငယ်ငယ်လေးကတဲကကွဲနေတဲ့ ဆွေမျုးိတွေလို့ မှတ်ပါသဗျာ။
    ငယ်ငယ်လေးကထဲက ကွဲဆို မြင်မှ မမြင်ဘူးတာနော် ………………………………..

    • ဆူး

      November 5, 2010 at 5:07 pm

      လေးပေါက် ပြောသလိုဘဲ.. တနေကုန် အင်တာနက် မရပေမဲ့.. တနေကုန် အင်တာနက် စာမျက်နှာ ဂေဇတ်ကို ဖွင့်ပြီး F5 နိပ်ပြီး တနေတာ ကုန်လွန်နေတာ.. ရပြန်တော့လည်း သူများ မန်းသွားတာကို လိုက်ဖတ်ရတာ အမော.. ပွိုင့်မပေးလည်း ရေးရတာ ပျော်တယ်.. ပွိုင့်ကတော့.. စဉ်းစား ထားတာ တခု ရှိတယ်.. အချိန် တန်မှ ထုတ်ပြောမယ်

  • pyae phyo

    November 6, 2010 at 4:19 am

    ကျွန်တော်တစ်ခုမေးစရာရှိတယ် မရှင်းတာလေပါ နိုင်ငံရေးစာတွေပါတွေတင်းလို့ရလာမသိဘူ နော် အဲဒါတင်ရင်ပွိုင့်ပေးမလာ ဒါမှမဟုတ်ကိုတင်လိုက်တဲ့စားကို ပယ်ဖျက်မလာ ကျွန်တော်မသိလို့ရှင်းပေးစေချင်ပါတယ်

    • bigcat

      November 6, 2010 at 4:33 am

      အယ်ဒီတာကိုယ်စား ဦးကြောင်ကြီးကနေ အဖြေပေးလိုက်ပါမယ်ကွယ်။ နိုင်ငံရေး၊ ရွေးဂေါက်ပွဲနဲ့ဆိုင်တဲ့ စာတွေ၊ ပုဂ္ဂိုလ်ရေးဝေဖန်တဲ့စာမျိုးတွေကို ကြက်ဖွတ်များအနိုင်မရခင် နိုဝင်ဘာရရက်နေ့အထိ ပင်မစာမျက်နှာမှာ တင်ပေးထားမယ်လို့ ကြေငြာချက်ထုတ်ထားတာ ရှာကြည့်လိုက်ပါ။ အဲဒီနေ့ကျော်ရင်တော့ နိုင်ငံရေးသမားများလည်း ကိုဖြိုးတို့နဲ့ ဂိုဏ်းတူမောင်နှမများ ဖြစ်ကြမယ်ဆိုတဲ့ သဘောပါ။ လက်လျော့လိုက်ပါတော့ ငါ့တူမကြီးရယ်။ လောကကြီးက မတရားဘူးကွဲ့။ ကြုံလို့ပြောလိုက်မယ်၊ ဆူးဆိုတာက လက်သံပြောင်တဲ့ စွမ်းအားရှင်၊ ဝေဝေဆိုတဲ့ဆရာမက အမျိုးသမီးစွမ်းဆောင်ရှင်မျာအဖွဲ့ဝင်၊ မိုက်ကယ်ပုဆိုတဲ့လူက ဘာမှမလုပ်ဘဲ ဝေစုခွဲစားတဲ့ရဲမူး၊ ဦးကြောင်ကြီးက ကြံ့ဖွံ့ပါတီဝင်၊ ကိုခိုင်ဆိုတာကတော့ ငှက္ကဌပေါ့ကွယ်။ သူပြောင်းမှရတာ၊ ငှက္ကဌဆိုတာကလည်း ဦးကြောင်ကြီးတို့ ပြောမှသိရတာဆိုတော့ နဲနဲသီးခံပြီး တသက်လောက်စောင့်လိုက်ပါကွယ်။ ငါ့တူမကြီးကြည့်ရတာ ဦးကြောင်ကြီးတို့ ပါတီကို မဲပေးမဲ့ပုံလည်း မရှိတော့ အချိန်ကုန်ခံလေပန်းလို့ မဖြစ်ဘူး။ မဲဆွယ်ဖို့ သွားလိုက်အုံးမယ်.. လာကြပါဗျို့ ဟောဒီကကြက်ဖွတ်….

  • pyae phyo

    November 6, 2010 at 4:27 am

    ကျွန်တော်တစ်ခုမေးချင်တယ် မရှင်းတာလေတွေပေါ့ ကျွန်တော်အခုစားတင်မယ်ဆိုရင်နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေတင်လို့ရမလာ တင်လို့ရရင်လဲဘယ်လိုပွိုင့်ပေးမလဲ နောက် ကျွန်တော်တင်လို်က်တယ်ဆိုပါစို့ တင်လိုက်လို့ရှိရင် ပယ်ဖျက်မလားအဲဒါလေကိုသိချင်ပါတယ်

    • editor

      November 6, 2010 at 6:34 am

      အပေါ်မှာပြောထားတယ်လေ..။ အဲဒီအတိုင်းပါပဲ..။ ပွိုင့်လည်းပေးပါတယ်..။ ရ ရက်နေ့အထိပေါ့..။

  • htet way

    October 27, 2011 at 3:42 pm

    စာရေးဆရာဆိုတာအင်မတန်မျက်နာငယ်ရပါတယ်။ကျွှန်တော်တို့မဂ္ဂဇင်းမှာစာရေးလို့ကဗျာတပုဒ်ပါရင်
    ငွေ၅၀ဝရပါတယ်။အခု၃၀၀ဝပေါ့။အခုလိုစာရေးတဲ့သူတွေကိုအခွင့်အလန်းတွေပေးတာဝမ်းသာပါတယ်။
    စာရေးတယ်ဆိုတာကိုယ့်ပေးချင်တဲ့သတင်းကိုပေးတာပါပဲ။ငွေလိုချင်လို့ရယ်မဟုတ်ပါဘူး။ဟာသလေးတပုဒ်
    ကဗျာလေးတပုဒ်၊ဟာစာရေးသူကိုအားတက်စရာပါ။မန္တလေးဂေဇက်ကိုကျေးဇူးတင်ပါတယ်။
    ဒီထက်မကစာရေးဆရာကိုဂုဏ်မြင့်နိုင်ရင်ကျွန်တော်တို့အားရှိမှာပါ။လေးစားပါတယ်။

  • kay jonas

    December 29, 2011 at 2:35 pm

    “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ဆိုတော့ ဘာသာပြန်တွေကျတော့ဘယ်လိုလုပ်မလဲ ကျွန်တော်ကတော့အဲဒါလေးလည်းလိုတယ်ထင်လို.ပါ

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 11:08 pm

    အသိနောက်ကျလေးခြင်း အကိုပေါက်ရဲ့ဖိတ်ခေါ်မှုကြောင့်လာခဲ့ရတာ ခုထိနားမလည်သေးဘူး
    လမ်းညွန်ပြပေးပါအုံး ..။

  • golden mandalay

    May 25, 2012 at 8:58 am

    ကိုအက်ဒ်မင်ရေ
    manberအသစ်အဖြစ်စဝင်လိုက်တာ-ဒီနေ ့(၀၈းဝ၀)AMမှစတင်ဘယ်နားကဆိုက်ကစာဖတ်ပြီး ဘယ်နားမှာ(comment)ပေးရမှန်းတောင်မသိသေးဘူးဗျာ-သတင်းရေးဖို ့တော့ဝါသနာသိပ်ပါလွန်းတော့ ခက်ပါတယ်။ ရေးခြင်တာလက်ကိုယားလွန်းလို ့ခက်နေတာ နိုင်ငံရေးလားလူမူရေးလား-စီးပွားရေးလားအကုန်ရေးမှာဘဲ-ဘယ်နေရာမှာသတင်းဝင်ရေးရမလ ဲကိုကိုရေး-ဘယ်နေရာမှာဓါတ်ပုံဝင်တင် ရမလဲတော့ရှာရဦးမှာ ရှာနေတယ်-ပြောရမှာတော့ရှက်စရာဘဲ-ပြန်ပြောပေးပါဦးခင်ညာ

  • မရှက်ပါနဲ့မောင်ရင်ရယ် ငါတို့လဲမင်းလိုစခဲ့ကြရတာပါဘဲ။
    အစယောင်ဝါးဝါး နောက်တော့ လုပ်ရင်းတင်ရင်းဖြောင့်သွားတာပါဘဲ။
    အားမငယ်နဲ ရွာသူားတွေက ဝိုင်းသင်ပေးကြမှာပါကွဲ့။
    ဆက်လုပ်…………………..

  • ok ka

    February 2, 2013 at 10:39 am

    အားလုံးကို မင်္ဂလာပါလို့ နုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ
    ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို စိတ်ဝင်စားလို့ ဝင်လာခဲ့တာပါ
    တော်တော်လေးကောင်းတဲ့ ဆိုဒ်လေးတစ်ခုပါပဲဗျာ ကျွန်တော်က စာဖတ်တာတော့
    ဝါသနာပါတယ် ကိုယ်တိုင်တော့ မရေးတတ်ဘူးဗျ ဒီလိုမျိုး ရသ အတွေးအခေါ် တွေကိုတစ်နေရာထဲမှာလေ့လာဖတ်ရှု့ခွင့်ရလို့လည်း ဝမ်းသာပါတယ်
    ကျေးဇူးလည်း တင်ပါတယ်။

Leave a Reply