Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ၂၀၂၃ ဇန္န၀ါရီ

kaiJanuary 19, 20231min94910

“အမေရိကားနှာစေးငြား ကမ္ဘာဖျားနာသွား”
၂၀၂၃ကို စီးပွားရေး ငြိမ်းချမ်းရေး သဘာဝဘေး ကောင်းသောနှစ်ဖြစ်လာမည်ဟု မှန်းဆဆိုထားအလွန်နည်း၏။ ကုလနှင့် ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းကြီးများနှင့် နိုင်ငံကြီးများအားလုံးက အကောင်းမမြင်ထား။
ကမ္ဘာသူားများ အထူးရုန်းကန်ရမည့်နှစ်ဖြစ်ပါသည်။ ဝေါစရိဂျာနယ်၏ ဇန်နဝါရီစစ်တမ်းအရ စီးပွားရေးပညာရှင် ၆၁%မှာ ၂၀၂၃သည်ကမ္ဘာ့စီးပွားရေးကြပ်တည်းမှုနှစ်ဖြစ်နိုင်ချေရှိသည်ဆို၏။
အမေရိကား၏အကြွေးမှာ ခေါင်မိုးစီလင်ထိလျှက် $၃၁.၄ထရီလီယံတို့ရောက်ပါသည်။ ဤသည်မှာ အမေရိကန်တဦးလျှင် အကြွေး$၉၃၈၇၀တင်နေသည့်ပြယုဂ်ရယ်ပါ။ ပြီးခဲ့သည့်၆လတွင်း၌ ငွေဖေါင်းပွမှုကိုဖိချလိုက်နိုင်သည့်သဘောရှိသော်ငြား အိုင်တီ/လက်လီကော်ပိုရေးရှင်းကြီးများ၏ ထောင်/သောင်းချီ အလုပ်ဖြုတ်/ထုတ်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးတွင် တောင်ဖက်အမေရိကနိုင်ငံသားများခိုလှုံလိုသူများပြုံတိုးဝင်လာမှု အိမ်ဖြူတော် သမ္မတများအထိ ဖြစ်လာနေသောရာဇဝတ်မှုများက ကမ္ဘာ့ပထမအမေရိကား၏ ကျန်းမာရေးခြူခြာလာမှုကိုပြသည်။
နှစ်ဆန်းထုတ်မနှစ်ကရလဒ်များအဖြစ် ချိုင်းနားစီးပွားရေးတိုးတက်နှုန်း အနှစ်၄၀အတွင်း အနည်းဆုံးနှုန်းထား ၃% ဖြစ်သွားသည်။ ၁၉၆၁ခုနှစ်နောက်ပိုင်းချိုင်းနားပြည်လူဦးရေအကျဖြစ်လာသည်ဆိုလာသလို ပစိဖိတ်သမုဒ္ဒရာ အာရှဂွင်တွင်လည်း မြောက်ကိုရီးယား၏စစ်ရေးရန်လိုမှု။ ဂျပန်၏ စစ်သွေးစစ်မာန်တက်လာမှုတို့အပြင် ထိုင်ဝမ်အရေးအကြောင်းပြု ချိုင်းနားနှင့်ရုရှားပြည်တို့၏ စစ်ရေးလေ့ကျင့်ပြင်ဆင် စစ်ရှိန်တက်နေမှုများကိုလည်း တွေ့ကြရမည်။
ကမ္ဘာစစ်ကြီးတို့စတည်ခဲ့ဖူးရာ ဥရောပနယ်သည်လည်း ယူကရိန်း-ရုရှားစစ်ကြီးဖြစ်လျှက် တင်းမာမှုတို့တက်သထက်တက်လာနေပါသည်။ ရှေ့မြင်ရသောတကမ်းတွင် ငြိမ်းချမ်းရေးစကားဆိုကြမည့်လက္ခဏာရယ်မရှိ။ ဆိုင်ရာစစ်ဖြစ်နိုင်ငံသမ္မတတို့ လုပ်ကြံခံရလျှင်တော့ ကိစ္စတခုပြတ်နိုင်သည်။ စစ်ဆိုသည် ခေါင်းဆောင်တဦးပေါ်တွင်တည်၍ဖြစ်သည်မဟုတ်ပါလော။ ဇန်နဝါရီ ၁၇ရက်နေ့ကမူ ယူကရိန်း၏ ပြည်ထဲရေးဝန်ကြီး/ဒုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ဟယ်လီကော့ပတာပျက်ကျကွယ်လွန်သည်။
ကမ္ဘာကျော်ရှေ့ဖြစ်ဟောဆရာ ပြင်သစ်လူမျိုး နာစ်ရွာ့ဒမတ်စ်(၁၅၀၃-၁၅၆၆)က ၂၀၂၃ သည် မီး၊အင်္ဂါဂြိုလ်နှင့်စစ်ဟုဆိုသလို ဘူဂေရီးယန်းမျက်မမြင်ဆရာမ ဘာဘာဗင်န်းဂ(၁၉၁၁-၁၉၉၆) က အေလီယန်၊ ဇီဝပိုးလက်နက်နှင့် ကမ္ဘာ့ပတ်လမ်းပြောင်းမည်ပါတဲ့။ ချိုင်းနားနှစ်သစ်ယုန်ဟောကိန်းကမူ ယခင်ကျားနှစ်ထက်ပိုကောင်းသော ပြန်လည်တည်ငြိမ်အေးချမ်းမည့်နှစ်ဖြစ်မည်ဆိုပါသည်။
“ဇန်၆၊ဖေ၁၊ဇန်၈”
ဇန်နဝါရီ၈ရက်နေ့က ယခင်သမ္မတဘိုဆိုနာရိုထောက်ခံသူ ဒေါသထွက်နေသောလူအုပ်ကြီးမှ ဘရာဇီးတွင်လွှတ်တော်ရုံး၊သမ္မတရုံး၊တရားရုံးတို့ကို တပြိုင်တည်းဝင်စီးလိုက်ကြသည်။ အမေရိကားဇန်/၆နောက် ၂နှစ်တိတိ၏နှစ်ရက်အကျော်တွင်ဖြစ်ပါသည်။ ရွေးကောက်ပွဲ၏ မဲလိမ်မဲခိုးအကြောင်းပြစုစည်း အကြမ်းဖက်ကြခြင်းဖြစ်၍ လုပ်စဥ်မှာ၂၁ရာစုဒီမိုကရေစီ၏ ဂယ်ပေါက်တခုဟု ဆိုချင်ဆို။ အမေရိကား၊ မြန်မာနှင့် ယခုဘရာဇီးတို့တွင်သဏ္ဍန်တူဖြစ်ကြခြင်းပါ။ တိုင်းပြည်၏စစ်တပ်ဘက်ရပ်မှုအကြောင်းပြု၍ ရလဒ်တို့ကွဲပြားသွားကြသည်။
ဒီမိုကရေစီတွင် မဲပေး/မဲကောက် ရွေးချယ်တင်မြှောက်ခြင်းဟူသည် တိကျသောရုပ်ဝတ္တု၏(မဲစာရွက်/အချက်အလက်) အထောက်အထားယူရန်သာဖြစ်သည်။ ထိုသက်သေယူကာ ကျမ်းကျိန်စာချုပ်တို့ချုပ်၍ ယှဥ်ပြိုင်သူတို့ အပြန်အလှန်ကတိထားအရှုံးဝန်ခံ နိုင်သူကို သက်တမ်းတခုခွင့်ပြုအုပ်ချုပ်စေ၍ တိုင်းပြည်ကို ရှေ့ဆက်ကြရန်သာ။ မဲရှုံးသူသည် အပြီးရှုံးခြင်းမဟုတ်သလို အနိုင်ရသူလည်း တသက်တာနိုင်ခြင်းမဟုတ်ပါ။
ဆိုင်ရာကိုယ်စားလှယ်နောက်တွင် လူအုပ်ကြီးရှိရကား ထိုလူအုပ်ကြီး၏ခေါင်းဆောင်စိတ်နေစိတ်ထားသည် အလွန်အရေးကြီး၏။
အချို့သောခေါင်းဆောင်များသည် အတိုက်အခံ/ပြိုင်ဖက်ကို အပြီးတိုင်နှိပ်ကွပ်ဖျက်စီးချင်းပြုရန်အားထုတ်တတ်ကြသည်။ ယခုကဲ့သို့ ကမ္ဘာလူဦးရေသန်း ၅ထောင်ကျော် အင်တာနက်တက်နေ၍ ဆိုရှယ်မီဒီယာတို့မှ ချက်ချင်းဒိဗ္ဗစက္ကုနှင့်မြင်သိနိုင်သောခေတ်ကြီးတွင် မှား/မှန်ကိုဆုံးဖြတ်သူတို့မှာ ရှေးယခင်ကကဲ့သို့ ခေါင်းဆောင်နှင့်သူ့ဝန်းကျင်လူရာဂဏန်းသာမျှသာမဟုတ်တော့ချေ၊ နိုင်ငံခေါင်းဆောင်/ကိုယ်စားလှယ်တို့၏ အပြုအမှုတိုင်းမှာ လူသန်းထောင်ချီတို့၏အဆုံးအဖြတ်ပေါ်၌လည်း မှတ်ကျောက်တင်ခံရသည်သာဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီအရရွေးကောက်တင်မြှောက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့မည်သို့ဆိုစေဖြစ်စေ တကယ့်အဆုံးအဖြတ်မှာ လက်နက်ပါဝါကိုင်ထားသော စစ်တပ်တွင်ရှိသည်ကို ဒီမိုကရေစီသမားများကြပ်ကြပ်သိထားသင့်သည်။ လူဆိုသည်မှာ ကြီးနိုင်/ငယ်ညှင်းတောတွင်းတရိစ္ဆာန်ကဲ့သို့သော ယဥ်ကျေးဟန်ဆောင်သတ္တဝါတမျိုးမဟုတ်ပါလော။
“ဖြစ်သင့်၃”
၂၀၂၁မတ်လ အယ်ဒီတာ့သင်ပုန်းတွင်မြန်မာ့အရေးဖြစ်နိုင်ခြေ၆ချက်ရေးခဲ့ဖူးသည်။
(၁) လူထုအုံကြွမှုကို အပြင်းအထန်နှိပ်ကွပ်။ နစကမှ၂၀၀၈‌ခြေဥစိတ်ကြိုက်ပြင်ဆင်။ စစ်နောက်ခံပြုပါတီတက်။
(၂) ကုလသမဂ္ဂ/အာစီယံတို့မှကြားဝင်ညှိ။ ရွေးကောက်ပွဲလုပ်။ စစ်အုပ်စုအများစုပါ ညွန့်ပေါင်းအစိုးရဖွဲ့။
(၃) တပ်တွင်းအာဏာပြန်သိမ်း။ မူလရွေးကောက်ပွဲရလဒ်အတိုင်းဖြစ်။ NLD နှင့်စစ်အုပ်စုညွှန့်ပေါင်းအစိုးရဖွဲ့။
(၄) လူထုအုံကြွ CDM နှင့်ဆက်၊ CRPH နှင့်တိုင်းရင်းသားလက်နက်ကိုင်များပေါင်းပြီးဖက်ဒရယ်စစ်တပ်ထောင်။ တပ်မတော်နဲ့ပြည်တွင်းစစ်ကြီးဖြစ်။ နိုင်ငံများစွာပေါ်လာ။
(၅) ယူအက်စ်/ချိုင်းနား ကြားဝင်ညှိ။ NLD အများစုနှင့်တိုင်းရင်းသားများညွန့်ပေါင်းအစိုးရဖွဲ့ ။ စစ်ခေါင်းဆောင်များICC တက်အရေးယူခံရ။
(၆) ယူအက်စ်အကူအညီပေး ။ စစ်တပ်ခေါင်းဆောင်များထွက်ပြေး/ကျဆုံး။ ခြေဥအသစ်ပြန်ရေး။ ပြည်ထောင်စုတပ်မတော်နှင့် အစိုးရသစ်ဖွဲ့။
မြန်မာအချင်းချင်း သတ်မှုသေမှုအနည်းဆုံးနှင့် အဆိုးထဲအကောင်းဆုံးဖြစ်သွားမည့်နံပါတ်မှာ ၃ဖြစ်သည်။ မြန်မာ့တပ်မတော်ထုံးစံကောက်ပါမှုဖြစ်နိုင်ချေမရှိဟုမဆိုနိုင်ပေ။ သမိုင်းကြည့်ပါ။ တပ်မတော်၏ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် တပ်ချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက သစ္စာပျက်/ဖျက်သဖြင့်လုပ်ကြံခံရဖူးသည်။ ကာချုပ်ဗိုလ်ချုပ်ကြီးသူရတင်ဦး(ဒီချုပ်နာယက)ကို မဆလပါတီဥက္ကဌဦးနေဝင်းမှတာဝန်အနားပေးဖမ်းချုပ်ဖူးသည်။ ကာချုပ်ဗိုလ်ချုပ်မှုးကြီးစောမောင်ကို ဒုကာချုပ်ဒုဗိုလ်ချုပ်မှုးကြီးသန်းရွှေက ကျန်းမာရေးအကြောင်းပြအနားပေးဖူးပါပေသည်။ ဦးနေဝင်းသေဆုံး/စျာပနသည်လည်း ထိုစဥ်ကာချုပ်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ တာဝန်မကင်း။ ယခုကာချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ နစက(နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ)မှာ ဒုဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတမှယာယီသမ္မတတက်လုပ်ထားသူဦးမြင့်ဆွေက အရေးပေါ်အခြေအနေကြေညာပေး၍ ၂နှစ်တာ ခေတ္တတာဝန်ပေးအပ်ထားခြင်းသာပါ။
“နိုင်ငံတော်သာ ဘုံအကျိုးစီးပွား”
မြန်မာပြည်ကို လှမ်းမျှော်ကြည့်ပါက လှိုင်နက်ခေါင်းထဲမှမထွက်သေး၊ အလင်းပြပြမမြင်ရသေး၊ ၂၀၂၁ ဖေ၁ စစ်တပ်အာဏာသိမ်းသည့် ၂နှစ်မြောက်လုတွင် မြန်မာ့အခြေအနေ ဆယ်နှစ်ကထက်လုံးဝပြောင်းသွားခဲ့ပြီ။ ရှိသမျှအညွှန်းကိန်းအကုန်ကျနေလေသည်။ နစက၏ ၂နှစ်ပြည့်တိုင်းပြည်ကို လှည့်ကြည့်ပါလျှင် ကာချုပ်သည်အပ်နှင်းထားသော တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်ခြင်းမပြုနိုင်သည်မှာ ထင်ရှားလွန်းပါသည်။
ထိုမှ နံပါတ်၃ဆီဦးတည်သွားနိုင်ကောင်း သွားနိုင်သင့်ပါသည်။ သို့မဟုတ် တာဝန်လွှဲအပ်ပေးထားသူ ဦးမြင့်ဆွေမှ တာဝန်ယူတာဝန်ခံကာ အဆုံးသတ်ပေးသင့်ပါသည်။ ပွဲကြမ်းသွားမည်စိုးပါလျှင် ဖြည်းဖြည်းဖယ်ထုတ်ပါလေ၊ ဤသည်မှာအမေရိက၊ချိုင်းနားနှင့်အာစီယံအပါအဝင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးအများစုက လိုလားသောလမ်းကြောင်းဖြစ်ပုံရ၍ နိုင်ငံသား/လူမျိုးအချင်းချင်း ပြည်တွင်းစစ်ဖြစ် လက်စားချေအသေသတ် အနည်းဆုံးဖြစ်နိုင်ချေရှိ၏။
ဤသို့ဖြစ်သွားစေသူ(တို့)ကို အရေးယူသင့် ဖယ်ရှားသင့်သည်မှာ မှန်သောသစ္စာအခြေအနေပါ။ ကပ်တို့ကို သစ္စာတရားဖြစ်သာအောင်နိုင်ရာပါသည်။ ဂေါတမဗုဒ္ဓ၏ ကပ်ကျော်နိုင်ရာ ရတနသုတ်ကို အဓိပ္ပါယ်ဖေါ်ကြည့်ပါ။

အစိမ်းဖက်မှရပ်သူ အနီဖက်မှရပ်သူ ကြားနေအရောင်ညိုသူများ မြန်မာ့နိုင်ငံတော့်ကိုသာ ရိုးရှင်းစွာကြည့်ပါ။ ဘုံအကျိုးစီးပွားသို့ဘက်ပြောင်းပါ၊ မဇ္ဈိမပဋိပဒါသည် အလယ်အလတ်လမ်းစဥ်မဟုတ်။ အလယ်မှာခွနေလျှင် ခြံစည်းရိုးစူး၍ကားယားသာဖြစ်ပေလိမ့်။ အစွန်းနှစ်ဖက်ကိုရှောင် မဂ္ဂင်ရှစ်ပါးဖြင့်မှန်ကန်စွာဆုံးဖြတ်သွားရမည့်လမ်းကြောင်းသာဖြစ်ပေသည်။