မနေ့က ပြည်ထောင်စုနေ့…

ကျွန်တော်တို့ မန်းဂေဇက်အဖွဲ့သွားတွေစုပြီး…အလှူလုပ်ခဲ့တယ်…

သေသောသူတို့ ကူညီရာမှာပေါ့…

ဘာကြောင့်ပဲသေသေ…လူမျိုးမရွေး၊ ဘာသာမရွေး၊ သေပုံသေနည်းမရွေး အကူအညီပေးသောအဖွဲ့အစည်းကြီး

စည်းကမ်းသေသပ်ပြီး…မွန်မြတ်သောရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့…

အဲဒီအသင်းအဖွဲ့မှာ လှူဒါန်းခွင့်ရတဲ့အတွက်…အလှူလုပ်ဖြစ်အောင် အပင်ပန်းခံခဲ့တဲ့… အိတုန်း၊ AKKO၊ ကိုရွှေတိုက်စိုး၊ ကိုယ်တိုင်စီမံခဲ့တဲ့ အလှူပွဲကိုမပါဝင်နိုင်ခဲ့တဲ့ ET တို့ကို ပထမဆုံးကျေးဇူးတင်မိပါတယ်…

နောက်တစ်ခုက အဲဒီအသင်းကြီးဖြစ်မြောက်အောင် လမ်းညွှန်ခဲ့တဲ့ စာရေးဆရာကြီး ဦးသုခ၊ အနစ်နာခံပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဦးကျော်သူနဲ့ အသင်းကြီးတည်တံ့ခိုင်မာအောင် အဖက်ဖက်ကနေပြီး ၀ိုင်းဝန်းပံ့ပိုး ကျသော အသင်းဝင်လုပ်အားပေးသူများအားလုံးကို ဒီနေရာကနေပြီးတော့ ဂုဏ်ယူစွာ ဂါရ၀ပြုပါတယ်…

မန်းဂေဇက်က သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ရမယ်ဆိုတော့…

ရင်ခုန်မိတာတော့အမှန်ပဲ…သူတို့တွေက ပုသလား၊ ရှည်သလား၊ ပိန်းသလား၊ ၀သလား၊ ဖြူသလား၊ မဲသလား ဘာတစ်ခုမှမသိပဲနဲ့ အလှူအတွက် ဖြူစင်တဲ့လှူချင်စိတ်လေးတစ်ခုထည်းနဲ့ စုပေါင်းလှူဖြစ်ကြတယ်…

တွေ့ဆုံဖြစ်ခဲ့ကြတယ်…

ဒီလိုတွေ့ဆုံဖြစ်အောင်…နေရာလေးတစ်ခုဖန်တီးပေးခဲ့တဲ့ KAI (သူကြီး) ကိုလဲ ဒီနေရာကနေ ကျေးဇူးတင် ကြောင်း မဖြစ်မနေထည့်ပြောရပါမယ်…

ရွာထဲကလူတွေကို အပြင်မှာမတွေ့ခင်…စိတ်ကူးပုံဖော်ကြည့်ခဲ့တယ်…

အရင်ဆုံး Etone နဲ့ AKKO ပေါ့…

Etone ပြောပြလို့ စကားနည်းပြီး အေးတယ်ဆိုတဲ့ AKKO အကြောင်းကျွန်တော်ကြားခဲ့ဖူးပြီးသားပေါ့…

ကျွန်တော့်စိတ်ကူးထဲမှာ စကားပြောသွက်ပြီး ကက်ကက်လန်အောင်ရန်တွေ့တတ်တဲ့  Etone ကို အရပ်ပုပု ဖြူဖြူသေးသေး မျက်လုံးပြူပြူးလေးနဲ့ ကောင်မလေးလို့ ထင်မိတယ်…

အဲဒီလိုပဲ AKKO ကိုလဲ  ပိန်ပိန်နဲ့ တရုတ်အသားဖြူဖြူလေး စာကြမ်းပိုးတစ်ယောက်လို့ စိတ်ကူးထဲ ပုံဖော် မိပြန်ရော…

အဲဒီမှာ တက်တက်စင်အောင်လွဲတော့တာပဲ…

AKKO က လူကြီးဆန်ဆန် ဆရာဝန်တစ်ယောက်ဆိုတာထက် စီးပွားရေးသမားတစ်ယောက်လို ပုံစံမျိုး ပိုင်ဆိုင်ထားတဲ့သူ Etone ပြောတော့ အေးတယ်တဲ့…ကျွန်တော့်ကိုတော့ လက်တို့ အင်တားဗျူးသွားသေး…

တစ်ရက်ရက်မှ Etone မပါပဲ အပြင်မှာ ဆွေးနွေးကြတာပေါ့ဗျာ…

Etone… ကျွန်တော့်အထင်နဲ့ အမြင် လုံးလုံးလွဲပါတယ်…

ရိုးရိုးချည်ထည်လေးနဲ့ မျက်မှာအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ (ဆုန်သင်းပါရ်နဲ့တူတယ်လို့ပြောကြတယ်) Etone က ကျွန်တော့် စိတ်ကူးထဲက Etone နဲ့ လားလားမှမသက်ဆိုင်လောက်အောင် လွဲနေပါတယ်…

နောက်တစ်ယောက် မန်းဂေဇက်ရဲ့ တံခါးမှူးကြီး ဦးဘလက်….အခုထက်အထိတော့ ပျောက်နေတုန်းပဲ…

ဝင်လာလာချင်း ကျွန်တော်သူ့ကို တွေ့ပါတယ်… ဦးဘလက်လို့ကိုမထင်မိတာအမှန်ပါ…

ကျွန်တော့်အတွေးထဲက ဦးဘလက်က ခန့်ခန့်ညားညားနဲ့ ရှေးရိုးနဲနဲဆန်တဲ့လူကြီးလို့ထင်ပေမယ့်… အပြင်မှာ အိုကလေမျက်မှန်အနက်ကြီးတပ်လို့ပဲများတဲ့တံခါးမှူးကြီးဖြစ်မှန်းမသိဖြစ်နေပြန်ရော…

သူ့ရဲ့ (၁၃)နှစ်မြောက်အထိန်းအမှတ်အတွက် အအေးတိုက်ပြီး မေတ္တာတွေခံယူသွားသေးတယ်ဗျာ…

နောက်တစ်ယောက် ရွှေထိုက်စိုး…

ဘုရင်ခေတ်က ရွှေတိုက်စိုးဆိုတာ ဗလကောင်းကောင်း အသားညိုညိုနဲ့ အားကိုးချင်စရာရုပ်ရည်ရှိမယ်လို့ စိတ်ကူးထားပေမယ်…တွေ့လိုက်ရတဲ့အချိန်အမှာ ရွှေတိုက်စိုးကြီးကိုယ်တိုင်က အုပ်ထိန်းသူနဲ့ရောက်လာခဲ့ရတာ ဆိုတော့ ကျွန်တော့်အတွေးတွေ ထပ်အလွဲပြန်ပေါ့…

နောက်တစ်ယောက်က သူရ…နောက်မှာနံပတ်တွေအများကြီးပါတဲ့သူ….

ကျွန်တော်မေးတယ် အဲဒီနံပါတ်တွေက ဘာတွေလဲလို့….သူမဖြေဘူးဗျ…လျှို့ဝှက်ချက်တစ်ခုခုတော့ရှိရမယ်…

သူရကို စိတ်ထဲမှာ အကောင်သေးသေးအသားဖြူဖြူနဲ့ မျက်နှာပြောင်မယ့်ပုံလို့ထင်ပေမယ့် တကယ်တွေ့ရတော့ ဗမာပီပီ အသားညိုညိုလေးနဲ့ ရီစရာပြောတတ်တဲ့သူပါ…

ခက်တာက သူကုတင်မမြင်ဖူးတာပါပဲ…

မသဲနုအေး၊ အန်တီပဒုမာတို့ကိုတွေ့လိုက်ရတော့ ပျော်မိပါတယ်… ပဒုမာကို အသက်ငယ်ငယ် ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းလို့ ထင်မိပေမယ့်…တကယ်တွေ့တော့မှ ကျွန်တော်တို့ ထိုင်ကန် တော့ရမယ့် အရွယ်ပါလားဆိုပြီး…အံသြမိတယ်ဗျာ…အန်တီရေ…ကားတော့မြန်မြန်မောင်းနော်…

တကယ်တော့ အန်တီပဒုမာကို ဒီနေ့ Etone ပြောမှ သိတာပါ…

ကျွန်တော့်စာတွေဖတ်ပြီး အမြဲရီတတ်တဲ့ မသဲနုအေးကတော့ ပိန်ပိန်ပါးပါးလို့ထင်ပေမယ့်…အင်အားရှိရှိ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ပါဗျား…

ပေါက်ဖော်လို့ မိတ်ဆက်ပေးမှ…စိတ်ကူးထဲက ၀၀တုတ်တုတ်နဲ့ အရက်ပုလင်းဒရွတ်တိုက်ဆွဲနေတဲ့ စိတ်ပေါက်ပေါက်က ပိန်ပိန်နဲ့ ပန့်စတိုင်လေးဖြစ်နေတာကိုက တမျိုးဆန်းဆန်းနေသလိုပဲ…

ဦးဖက်တီးကတော့ နာမည်နဲ့ လူနဲ့အလိုက်ဆုံးဗျာ…ကျွန်တော့်စိတ်ကူးထဲ မျက်မှန်သေးသေးလေးမပါတာကလွဲ ရင် အတူဆုံးပဲ…

နောက် နွယ်ပင်….

သူ့ Post တွေဖတ်ရင်း ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်ရှည်နဲ့ အရပ်ရှည်ရှည်ရိုးရိုးအေးအေးလေးလို့ ထင်ထားပေမယ့်… အပြင်မှာ နွယ်ပင်တွေလို ဆံပင်ကောက်ကောက်နဲ့ အလှပြင်တတ်တဲ့ ကောင်မလေးပါလားလို့ စဉ်းစားမိသေးတယ်…

ချာတူးလန်ကို ယောင်္ကျားလေးလို့ ထင်ထားတာ…တကယ်လဲတွေ့ရော….ဟုတ်ဘူးဗျ…

ပုံစံက သွက်သွက်လက်လက်နဲ့ စိတ်ရင်းကောင်းပြီး Bright ဖြစ်မယ့်ပုံစံမျိုးပါ…ဘယ်နားသွားပြီး ချာတူးလန်နေ တုန်းကွယ်…

သေချာစဉ်းစားတိုင်း ကျွန်တော်အတွေးထဲက ပုံစံတွေနဲ့ အပြင်က ပုံစံတွေလွဲပြီးရင်းလွဲနေတုန်းပါပဲ…

မမျှော်လင့်ထားပဲတွေ့လိုက်ရတဲ့သူငယ်ချင်းတွေကိုတော့…

အဲဒီလိုနဲ့ တစ်ယောက်ချင်းစီတွေး….ဦးဘလက်ရဲ့အအေးတွေသောက်ပြီ…

ထမင်းကျွေးမလား စောင့်ရင်း ထမင်းမစားရပဲ လူစုခွဲပြီး အိမ်ပြန်ကြရပါတော့တယ်….

နောက်တစ်ခေါက်ထပ်ဆုံကြဦးမယ်ကွယ်…ဒီထက်လူတွေစုံအောင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်…

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...