MaaS လော ?

 

 

Music as a Service? ကျနော်တို့ဆီမှာများ ပြောပါတယ် …သီချင်းတွေ

ဝယ်စရာ မလိုတော့ဘူးလား … အလကား စိတ်ကြိုက်နားထောင်ခွင့် ရပြီလား..??

 

နည်းနည်းလောက် တူးဆွကြည့်ချင်လို့ပါ…။

 

၁။ အနုပညာ

 

သိပ်လှတဲ့ မြန်မာစာလုံးပါဗျာ။ ဆြာကြီး ဒဂုန်တာရာ တီထွင်တာ လို့ မှတ်ဖူးရဲ့ ….။

ဂီတဟာ အနုပညာ တပါးပါ … ။ အဲ … တခုတော့ ရှိရဲ့ …. ဂီတရပ်ဝန်းကို ဘိုလို ရေးကြည့်ရင်

ပိုပြီးရှင်းတယ်…။ Music Industry တဲ့ … Music NGO မဟုတ်ဘူးခင်ဗျ. ..။ ငွေကြေးစွန်းထင်းတယ်ကွာ

အနုပညာ မစစ်ဘူးကွ …အပြောမစောပါနဲ့ …။ လေချည်းသက်သက် စိုက်ပြီး ထုတ်လုပ်လို့မရလို့ပါပဲ…။

သည်တော့ တင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်းတခု လို့ ဂီတ ကိုမြင်ကြည့်ပေးပါဗျ…။

ထုတ်ကုန်တခုနော …ထုတ်နေတဲ့လူတွေလည်း ထမင်းစားနေကြပါတယ်…

နောက်တခု သူတို့မှာလည်း ကုန်ကျစရိတ်ရှိပါတယ်…

စီးပွားရေးပါ…. စီးဆင်းနေရပါမယ် ပွားများနေရပါမယ်….

အဲ့လိုမှ မဖြစ်ဘူးဆိုရင် အနုပညာ ဆိုတာ…….

 

၂။ နည်းပညာ

 

ရှေ့ ကိုပြန်သွားကြည့်ရအောင် နော…။ ကတ် စနစ် နဲ့ ဖြန့်ခဲ့တယ် ..။ မြို့ တစ်မြို့ချင်းစီ က တေးသံသွင်း

ကိုသွား ကူးပြီး ၀ယ်…။ သိပ် ဒုက္ခများခဲ့ဖူးတယ်. .. နောက်ပိုင်း ပရီ စနစ်ကို သွားတယ် ….ကတ်ဆက်တိပ်ခေတ်

ကတော့ အိုခေတယ်…။ အိုခေမှာပေါ့ဗျာ ..တခွေ ကနေ တခွေ dubbing နဲ့ထပ်ကူးရင်ထပ် ကူးသလောက်

Quality ကျတယ် …တေးသံသွင်းဆိုင်ကြီးတွေက စက်ကြီးတွေပေါ်မှာ Reel ကနေ Cassette Tape ကို

ကူးတဲ့အခါသာ quality ကောင်းရတာ … ပရီစနစ်မှာ ဆိုင်ကြီးတွေကလည်း စောင့်ထိန်းကြပါတယ်..

(အတိုင်းအတာတခုထိပေါ့) သည်တော့ မူရင်း အတိုင်းအတာ တခုထိ ရောင်းကောင်းတယ် ပြောရမယ်…

(လက်ရွေးစဉ်ရွေးကူးတာတွေ ဘာတွေ ကို ထည့်မတွက်ဘူးနော ..မရှိသလောက်နည်းတယ်လို့

နက်ဂလက် လုပ်ကြည့်ရအောင်.. )

 

 

ကတ်ဆက်တိပ် ကနေ စီဒီစနစ် ကိုပြောင်းတော့ ခေတ်ဦး ၂၀၀၀-၂၀၀၁ လောက်ပေါ့…။ မှတ်မိပါသေးတယ်

ဓန ၊ မြန်မာဓန မဂ္ဂဇင်းတွေမှာ Top ten list တွေ မှာ ကတ်ဆက်ခွေသည် လက်ရှိထွက်ရှိတဲ့ Top ten

List တွေဖြစ်ပြီး CD သည် …တိပ်ထွက်ပြီးသား အဟောင်း ကို CD အဖြစ်ပြန် ထုတ်တဲ့ list အဖြစ်ကနေ

စခဲ့ရတယ်ဆိုတာ …။ ကတ်ဆက်ခွေ တွေရဲ့ ရွှေအိုရောင် ကာလမှာ … (ပေါက်စာရင်းဝင်တဲ့ )

ငရဲမီးအဖွဲ့ရဲ့ အခွေရယ် တောကတက်တဲ့ည အခွေရယ်ဟာ မှန်းချေ ၇သောင်းနဲ့ ၁သိန်း စီ တနိုင်ငံလုံး

အတိုင်းအတာ နဲ့ ရောင်းရခဲ့တယ် လို့ စာရင်းတခုက ပြောပါတယ်..။

 

သည်လိုနဲ့ နောက်ပိုင်း CD နဲ့သာထုတ်လုပ်လာကြတော့တယ် ….။ အဲ့သည့်မှာ ကွန်ပျူတာ စနစ်

ဖွံ့ဖြိုးတိုးတက်လာမှု နဲ့ တူ CD_Drive တွေဟာ Read-Only ကနေ Read-Write ရတဲ့ Drive တွေဟာ

သာမာန်အိမ်သုံး user တွေလက်လှမ်းမီတဲ့ ဈေးနှုန်းလောက် ရောက်လာတဲ့ အချိန်ကနေ ပြဿနာ စတော့တာ

ပါပဲ. ..။

နည်းပညာ တိုးတက်လာမှု လူတိုင်း သုံးလာနိုင်မှု …ဒါဟာ အပြစ်မခု မဟုတ်ပါဘူး…။

ဒါကိုသုံးနေတဲ့လူ …. အသုံးချ အသုံးမှား အသုံးလွန် ဆိုတဲ့အဆင့်တွေ အခြေအနေတွေကသာ အပြစ်တခုဖန်ဆင်းခဲ့တာပါ…။

သည်ခေတ်ကတော့ ….ဆိုပြီး ခေတ်ရဲ့ တိုးတက်ပြောင်းလဲလာမှု ကို ….အပြစ်တင်ဖို့ မရှိပါဘူး ….။

ခေတ်မှီတာ ကောင်းပါတယ် ..ခေတ်မီရပါမယ် နည်းပညာ တတ်တာ ကောင်းပါတယ်. ..တက္ကနော်လော်ဂျစ်ကယ် ဒီဗိုက်ဒ် ကို

ချုံ့ကြရပါမယ် ….။ အဲ့ ….တခုတော့ လိုသပေါ့လေ.. ဒါကို … ကြိုးစားပြီး ….အောက်မှာ ဆက် ဆွေးနွေးကြည့်ပါ့မယ်

 

၃။ Trend  

 

ကာရာအိုခေ ဗီစီဒီ ၁.ဝ

၂၀၀၂ခုနှစ်လောက်ကို ပြန်သွားပါမယ်…။ VCD_Karaoke ခေတ်ဦး ဖြစ်ပါတယ်….။ စီးပွားရေးလုပ်ငန်းစုတခုက

စီးရီးခွေတွေ မြောက်များစွာ ကို လက်ရွေးစဉ်ဆန်ဆန် မူရင်းအဆိုတော်မဟုတ်တဲ့ လူသစ်တမ်း အဆိုတော်

တွေနဲ့ ရိုက်ကူး ထုတ်လုပ်ခဲ့တာက ကြီးမားတဲ့ အချိုးအကွေ့ရဲ့ …အစ လို့ ဆိုနိုင်ပါတယ် …။

 

 

နောက်ပိုင်း အခြားသော တေးသံသွင်းတွေကနေလည်း ထုတ်လာကြပါတယ် ….။ အကျိုးအမြတ်တွေ

ရပိုင်ခွင့် မူပိုင်ခွင့်တွေ ဘယ်လို ခွဲဝေသလဲတော့ ဉာဏ် မမီလို့ မသိပါ … သိတာကတော့ နောက်ပိုင်း

အဆိုတော်တွေ ပါ ပါဝင်လာကြပြီး ကိုယ့် မူရင်းအသံ ကိုယ်ပြန်ပိတ်ပေးပြီး ဗီစီဒီ ကာရာအိုခေ တွေ ထုတ်ကြပါ

တော့တယ်…။

 

ကျနော်တို့ တိုင်းပြည် အရှေ့မြောက်ပိုင်းက နေပြီး အဆိုပါ ဗီစီဒီ ကာရာအိုခေ အခွေတွေကို ကော်ပီတွေ စ

ထွက်လာပါတယ်…။ မှတ်မှတ်ရရ ၂၀၀၂ ခုနှစ်ပါ…။ အဆိုပါ ကာလတွေတုန်းက မြို့ကြီးတွေမှာ ခိုးကူး

မသောင်းကျန်းသေးပါ လို့ ပြောလို့ရပါတယ်…။ သည်တော့ ခိုးကူးအစ တရုတ်က လို့ ဆိုမယ်ဆို နိုင်ရဲ့ဗျာ..

အနှစ် ၂၀၀၂ သင်္ကြန်မှာ ကျနော်တို့ ရဲ့ ပထမဆုံး ခိုးကူး နှိမ်နင်းရေး လေး စခဲ့ပါတယ်…။ အဲဒါကတော့

အနှီသင်္ကြန်မှာ ကာရာအိုခေ အခွေထွက်ထားတဲ့ စာမေးပွဲနီးတိုင်း ကျနော်တို့ အကြိုက်ရဆုံးသော အဆိုတော်

ဟာ နယ်စပ်မြို့အထိသွားပြီး သူ့အခွေ ခိုးကူးတွေကို ဖမ်းဖို့ တားဖို့ ဆောင်ရွက်ခဲ့တာပါ…။

 

ခိုးကူး အစ တရုတ်က လို့ ရေးလို့ လူမျိုးရေး ပါတယ်ဘာညာ မပြောပါနဲ့ ဦး …

ပြန်တွေးကြည့်ရင် အမှတ်ရမယ်ထင်ပါတယ် … ခိုးကူး ခေတ်ဦးက သီချင်းခေါင်းစဉ်မှာ

 မြန်မာစာ စလုံးပေါင်းသတ်ပုံ တောင်မမှန်တဲ့ စက္ကူဗူးအပါးလေးထဲက ကော်ဗူးထဲက ခိုးကူးခွေလေးတွေ

တရုတ်ဆိုတာထက် …ဟိုဘက်-သည်ဘက် ကူးလူး ကုန်သွယ်ကြတဲ့ ပွဲစားသာသာ

ကုန်သည် ၀ဲစား လောက်တွေ အဆင့်က တိုင်းပြည်အဆင့် စီးပွား ကဏ္ဍတခုကို ဆွဲချသွားခဲ့တာ

အသည်းတော့ နာစရာ ကောင်းရဲ့ ….

နောက်ပိုင်း ကျတော့ သာမာစီဒီ အလွတ်ဗူး အကြည်နဲ့ … သီချင်းလစ်စ် ကတော့ အဖြူအမဲ ပရင့် ကော်ပီ

ဖြစ်သွားပြီ …(အော်… ခိုးကူးမှာတောင် ကွာလတီ ကျလာတာပြောပါတယ်..)

နောက် တော့ သည့်ထက် ဈေးပေါတဲ့ ကော်ဗူး အပါး ဖြစ်လာတယ် …. ခု သည်ဘက်ခေတ် …(ပိုစ့်-ခိုးကူးခေတ် ..

ဗြောင်ကူး ခေတ် ဖြစ်သွားပြီကိုး) မှာတော့ ပလတ်စတစ် အိတ်ကလေးတွေ နဲ့ …. အော် …. ၇ယ်.. ….

 

 

ကာရာအိုခေ ဗီစီဒီ ၂.ဝ

ကဲပါဗျာ ..အနှီ ၂၀၀၂ ကနေ ရှေ့ဆက်တက်ရအောင် … သည်ခေတ် ကိုတော့ ကာရာအိုခေ အလယ်ခေတ်

လို့ ပြောလို့ရတယ် ခင်ဗျ …. နောက်ထပ် နာမည် တပ်ရရင်တော့ အလွမ်း ခေတ် ပေါ့ဗျာ ….။ အော်.. .ဘယ့်နှယ့်

ဗမာတွေများ လွမ်းတတ်လိုက်ကြတာ …။ ဟိုးရှေးရှေးက ကွယ်လွန်သွားရှာတဲ့ အနုပညာရှင်ကြီးတွေကိုလည်းလွမ်း

မနေ့တနေ့က ဆုံးသွားတဲ့ လူကိုလည်း လွမ်း အဲ့ …ယခုပဲ ခေါက်ကနဲဖြစ်သွားရင် ညနေ အိမ်လာပြီး ကျန်ရစ်သူ

မိသားစုကို ပ၇ိုဂျူစာ စကားလာပြောတဲ့အထိ အလွမ်းဓါတ်ခံတွေကောင်းလိုက်ကြတာများပြောပါတယ် …..။

 

လွမ်းတယ်ဆိုတာကလည်း တယောက်ထဲ လွမ်းနေရင် မမြိုင်ဘူး မလား ..။ အုံနဲ့ ကျင်းနဲ့ ကို လွမ်းကြတာခင်ဗျ

ဟော တခွေ ဟောတခွေ ….အော် ပရိတ်သတ်ခဗျာလည်း .. နှစ်သက်ဖူးတဲ့ သီချင်းအဟောင်းတွေကို လက်ရှိ

နှစ်သက်ရတဲ့ အဆိုရှင် အသစ်ကလေးတွေနဲ့ နယူးဗားရှင်းပြန်ကြားရတော့ … ၀ယ်တယ်ပေါ့ဗျာ …နားထောင်တယ်

ပေါ့…။သည်အချိန်မှာ  ခိုးကူးကတော့ ပြည်တွင်း ခိုးကူး ဖြစ်လာပြီ ….။

 

ဗီစီဒီ ကာရာအိုခေ တွေ ခေတ်ကောင်းနေ သေးတယ်(ခေတ်ကောင်းလို့ ဆက် ဆက် လွမ်းနေကြတာကိုး)

ဆိုတာ အကြောင်းပြချက် ၂ခု ရှိတယ်ဗျ…

(ကျနော် သိသလောက် ပြောတာနော…) တခုကတော့ ပိုက်ဆံတတ်နိုင်တဲ့လူက မူရင်း ၀ယ်ယူအားပေးနေသေးတာ

လမ်းဘေးမှာ ကော်ပီဆင်းဝယ်ရမှာ ရှက်တာပါမယ်ဗျာ ..သိက္ခာ ရှိတာ အ၀ဲယားနက်စ် ရှိတာ ဆဲ့လ်ဖ်

အက်စ်တိမ်း ဖြစ်တာ ပါမယ်ဗျာ …. မူရင်းပဲ ၀ယ်တဲ့ လူတစု အတိုင်းအတာ တခုထိ ရှိနေသေးတဲ့ ကာလ။

ဒုတိယတခုကတော့ ကာရာအိုခေ ယဉ်ကျေးမှုအရ ..ကာရာအိုခေ ဆိုင်တွေကို မူရင်းမ၀ယ်မနေရ ဆိုပြီး

ကိုင်ထားနိုင်တာ ကြောင့်ပါပဲ။ သည်တော့ တပြည်လုံး အနေအထား ကာရာအိုခေ ဆိုင် ပေါင်း ၁သောင်းရှိရင်

အခွေ ၁သောင်းရောင်းရမယ် ပေါ့ဗျာ (အကြမ်းဖျဉ်း..နော့ ..၁ဆိုင် ၁ခွေနှုန်း နဲ့ ဈေးကွက်ဝင် အဆိုတော်

တွေဆိုထားတဲ့ အခွေ ဆိုရင်ပြောပါတယ်…)

 

 

စုံစီနဖာ စုပေါင်း စပ်ပေါင်း ခွေတွေ (၉၀%ဟာ စင်တင် တေးဂီတ..) မူရင်း ရည်ရွယ်ချက်ကတော့

ကောင်းပါရဲ့ …Live ရဲ့ အရသာ ကို အလှမ်းဝေးတဲ့ ..နယ်က ပရိတ်သတ်တွေ အတွက် ဆိုတာမျိုးနဲ့

စခဲ့တာ …အဲ့ .. ခက်တာက Live အစစ်မဟုတ်တာပဲ …အသံတွေကို စတူရီယိုမှာ

ပြန်ဆို ပြန်ထပ်ထားတာတွေက အတော်များများ .. …။ သတိထားကြည့်မိရင် တွေ့ပါလိမ့်မယ်…

အရုပ်မှာ အဆိုတော် က မိုက်နဲ့ ခွာလိုက်ပြီ (အသံရှည်ဆက်မဆွဲတော့) ပေမယ့် အသံမှာ

ဆိုသံ ထွက်နေတုန်း ….. ဆိုတာမျိုးတွေပေါ့ …။  အလွမ်းကား ရိုက်ကြရာဝယ် ..

Live လုပ်ရတာလည်း တခြား အကြောင်းပြချက် ကလည်း ရှိသပေါ့ဗျာ ….။ သီချင်း ၁၀ပုဒ်မှာ

၁ပုဒ် ကို မုဒ် တမျိုး ဆိုတော့ အပြင်မှာသာ ဇာတ်လမ်းပမာ ရိုက်ကြမယ်ဆိုရင် (ပီပြင်အောင်

ရိုက်မယ်ဆိုရင်) စရိတ်သိပ်ထောင်းမှာကိုး …. စင်တင် လုပ်လိုက်တော့ …. လူတောင်သွင်းလို့ရသေး..

ဟုတ်တယ်ဟုတ်. …။

သည်တော့ LIVE ဆိုကြသည် ဆိုရာဝယ်… အဆိုတော်တွေဘက်က ရိုက်ကူးရေးပါရင် တဈေး

မပါရင် တဈေး ဆိုတာမျိုးတွေပါလာရပြီလေ. … (ရိုက်ကူးရေးပါရင် ပြန်ဆို ပြန်ထပ်ရသေးတာကိုး

နောက် ခွေထုတ်ရောင်းတဲ့အပေါ်ခံစားခွင့် ..)

 

 

အဲ့ ..အခွေသစ်ထုတ်တဲ့ဘက်မှာလည်း ပထမ အော်ဒီယို ဖြန့် …CD ပေါ့ …နောက် အ၀ဲယားနက်စ် လေးရလောက်တဲ့

၃လ-၆လ လောက်အတွင်း ဗီစီဒီ ကာရာအိုခေ ထုတ်…။ စီဒီမှာတော့ ရှုံးတယ် …ကာရာအိုခေမှာ ပြန်စား တယ်

ဆိုတဲ့ ဆိုရိုးလေး ခနတဖြုတ် ခေတ်စား သေးသပေါ့ဗျာ …။

 

အဆိုပါ အလယ် ခေတ် ကို သုံးသပ်ရရင်ဖြင့် …Production orientiation သိပ်ဆန်လွန်းသွားပြီး …

အနုပညာ မဆန်တော့ဘဲ …ထုတ်ကုန်ဆန်လွန်းသွားတော့ …ပေါပေါပဲပဲ သိပ်ထုတ်လွန်း အားကြီးသွားတော့ …

လူတွေ တန်ဖိုးထားတာ လျော့ကျလာတယ် … မတန်ဘူး ထင်လာကြတယ်. .. ခိုးကူးကလည်း တဖြည်းဖြည်း

လက်တကမ်း ဖြစ်လာတယ်. …. ။ သည်တော့ တဖြည်းဖြည်းချင်း ရောင်းအား ကျလာတယ်ပေါ့ဗျာ….။

 

 

သည်တော့ တစ်မိုးလုံး စတူရီယို အောင်း  အခွေသစ်အတွက် အသံသွင်း ၊ ပွင့်လင်းရာသီမှာ ရှိုးထွက် ဆိုတဲ့

ဂီတလောက ရေချိန် လွဲလာတယ်ပေါ့ ….။

သည်လိုနဲ့ သည်ဘက်ခေတ် စပွန်စာ ခေတ် ကို ရောက်ခဲ့ပါတော့တယ်…

 

ကာရာအိုခေ ဗီစီဒီ ၃.ဝ

 

စပွန်ဆာ ခေတ် က ခုမှ ပေါ်တာတော့မဟုတ်ပါဘူး …. အလယ်ခေတ်မှာကတည်းက ရံခါ

သီချင်းခွေတွေပေါ်မှာ .. သွားတိုက်ဆေးတံဆိပ်လေးတွေ တွေ့ခဲ့ဖူးပါရဲ့…

 

ဒါပေမယ့် စီးရီး တခွေလုံးရဲ့ theme သဘောမျိုး …အထိ …

အရောင်တွေ … ဒီဇိုင်းတွေ ခနခန တက်တက်လာတဲ့ လိုဂိုတွေ ပါလာတဲ့အထိ ….

ဆောက်လုပ်ရေးဖြစ်ချင်ဖြစ်မယ် …ခေါက်ဆွဲခြောက် ဖြစ်ချင်ဖြစ်မယ် ..နာရီဆိုင်ဖြစ်ချင်ဖြစ်မယ်…

ဟော်တယ် ဖြစ်ချင်ဖြစ်မယ် … ထားပါတော့ဗျာ ….။

 

ဒါဟာ နောက်ဆုံးလက်ကျန် သိက္ခာထိန်းပြီး မူရင်း အားပေးနေတဲ့ ပ၇ိတ်သတ်ကို စော်ကားရာ

ရောက်တယ် ဆိုတာတော့ ပြောချင်ပါတယ် …။ အနုပညာကို အားပေးချင်တာ ..ကြော်ငြာ ကြည့်

ချင်တာမှ မဟုတ်ဘဲဗျာ …။ ကိုယ်နှစ်သက် အားပေးတဲ့ အနုပညာရှင် ၊ တေးသီချင်း စတာတွေမှာ

ကိုယ် မနှစ်သက်မယ့် (၀ါ) ကိုယ့်ကို target ထားတာ မဟုတ်တဲ့ brand တွေ စွက်ဖက်နေရင်တော့..

အင်း …နည်းနည်း အဆိပ်အတောက် ဖြစ်ပြီဗျ ….။

 

 

၎။ ကိုယ်ကျင့်တရား

 

ကျင့်ဝတ် ဆိုတာဘက်က ပြောရရင် စပွန်စာ ရော ပရိတ်သတ် ဘက်ရော ၂ဖက် ခွတီး

နေတဲ့ပုံ ပေါက်လို့ပါပဲ ….။ ခိုးကူးနှိပ်စက်လို့ ထုတ်လုပ်မှု စရိတ်ကာမိအောင် စပွန်ဆာ

ကိုလက်ခံ ရတယ် ဆိုတာမျိုး ဖြေတာကတော့ တရားနည်းလမ်း မကြဘူးထင့် ….။

 

ဒါဆို စပွန်ဆာ ဘက်ကိုလည်း သည်လို ပြန်ပြောမှ မျှ တပါလိမ့်မယ် …. ..။

ကိုယ့် ပစ္စည်း အတွက် သီးသန့် တီးခတ် သီဆို ထုတ်လုပ် တာ ကြော်ငြာတာ …

အွန်လိုင်းကနေ ဝေတာ မျိုး …နိုင်ငံတကာမှာလည်း လုပ်ကြပါတယ်… အဲ့ဒါမျိုးလောက်ပဲ

ကောင်းပါတယ် … ပရိတ်သတ်ကို ရောင်းတဲ့ ဂီတ ထုတ်ကုန် တခုခုမှာ ၀င်ရောက် အရောင်စိုးတာမျိုးဟာ

ဘရန်း အ၀ဲယားနက်စ်ရတယ် ဆိုတာ မှန်ပေမယ့် အဲ့သည့်လို လုပ်မှ မုန်းသွားမယ့် မနှစ်မျို့

ဖြစ်သွားမယ့် ပရိတ်သတ်လည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး ..viral marketing မှာ passive ပဲ

ကောင်းပါတယ် ဆြာတို့ ….။

 

 

နောက်… ပရိတ်သတ်ဘက်ကို တခုလေး တိုက်တွန်းချင်ပါတယ်…။ Band တခုရဲ့ တူရိယာ တွေဟာ

သိန်း ရာဂဏန်းပါ … အသံဖမ်းပစ္စည်းတွေကလည်း သိန်းရာဂဏန်းပါ …ထုတ်လုပ်မှု စရိတ်ကလည်း

သိန်းရာဂဏန်းကျပါတယ်. .. တီးတဲ့ဆိုတဲ့လူတွေကလည်း ဘ၀တွေကို နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံ

ထားပြီး ထုတ်လုပ်ကြရတာပါ… ။ ဆိုတော့ … မူရင်းအခွေ ၁ခွေ ၂၀၀၀ ကျပ်ခန့် ပါ …။

အခွေတခွေဖြစ်ဖို့ မီဒီယာ ဖြစ်တဲ့ CD အလွတ်နဲ့ အပြင်အဆင် packaging က ၅၀၀ ကျတယ်ဆိုရင်

တခွေ ကို အနုပညာ အသားချည်းအပေါင်း (၁၀ပုဒ်လောက် ဆိုပါတော့ – ပျမ်းမျှ)  + ထုတ်လုပ်မှု

+ သယ်ယူပို့ဆောင်မှု + ကြော်ငြာ မားကတ္တင်း စရိတ် အထွေထွေ ပေါင်း ဟာ ၁၅၀၀ကျပ်ပါ …

မူရင်းအခွေ တခွေ အားပေးရင် တပုဒ် ကို ၁၅၀ကျပ် ပဲ ကျတာပါ …။ သည်နောက်မှာ ဘ၀တွေ ပညာရှင်

တွေ ပညာသည်တွေ အများကြီးမှ တကယ့်အများကြီးပါ …။ တပုဒ် ၁၅၀-၂၀၀ လောက် ကိုမှ မသထာ

ကြတော့ဘူးလား ..၊ နောက်တခု ခိုးကူး တခွေ-၃၀၀ကျပ် ဆိုပါစို့ …၁ပုဒ်ဖိုး နဲ့ ၁၀ပုဒ် လိုချင်တာ

တရားပါသလား …။ ဒါဟာ ခိုးယူမှု တခုပဲ မဟုတ်ဘူးလားဗျာ ….။

 

နာမည်ထုတ်မပြောရက်တဲ့ ဟိုတိုင်ကြီး – ၄ လုံး ကို လက်ညှိုးမထိုးပါနဲ့ဦး …။

၁။ အနုပညာ ။၂ နည်းပညာ ၃။trend ၄။ ကျင့်ဝတ်သိက္ခာ အဆိုပါ ၄ခု အပေါ်မှာမှ

တည်ဆောက်ထားရတဲ့ music industry ဖြစ်ပါတယ်ဗျာ ..။ ဒါကိုမှ အဆိုပါ တိုင်-၄လုံးက

ဝန်းရံ ထောက်ကန်ပေးထားကြတာပါ. .. သည်တော့ အထဲက အချက်-၄ချက် မကောင်းဘဲ ..

(၀ါ) အပြင်က တိုင်(၄)လုံးနဲ့ ကွပ်ညပ်မှ ရမယ် ဆိုတာမျိုးမထင်စေချင်ပါ….။ ထပ်ပြောရရင်

အ၀ဲယားနက်စ်ပါ ။

 

ရှုပ်ကုန်ပလား မသိ …ဆိုလိုချင်သည်ကို တနည်းအားဖြင့် ထပ်ပြောရလျင် ခိုးကူးဆိုတာ ဈေးကွက်ရှိလို့

ခိုးကူးနေတာပါ …။ ဖမ်းရုံနဲ့ မလုံလောက်ပါ.. အမြစ် မပြတ်နိုင်ပါ …။ ခိုးကူးရဲ့ ဆိုးယုတ်တဲ့သဘော

သဘာဝကို သိနားလည်ပြီး ခိုးကူးဝယ်ရတာ ရှက်မှန်းသိမှ … အနုပညာတရပ်ရဲ့ တန်ဖိုး ၊ပေးဆပ်မှု

ကို သိမှ တယောက်ခြင်းစီ ပြုပြင်မှ ရမယ့် သဘောလို့ ဆိုချင်ပါတယ်…။ (ခိုးကူးနှိမ်နင်းတာလည်း

နှိမ်နင်းရမှာပါ …. )

 

 

ဂဏန်းတွေဘက်ကို ပြန်သွားပါမယ် …။ ပေါက်တဲ့အခွေတခွေဟာ လူသန်း-၅၀ကြားမှာ ချပ်ရေ

၁သိန်းလောက် ရောင်းရတယ် ဆိုပါစို့ …(ရည်ညွှန်း ၂၀၀၁) ၊ တကယ်တမ်း မူရင်း ရောင်းအားဟာ

၁သောင်း-၂ သောင်း ကြားမှာ သာရှိပါတယ် …။ ကျန်တာ ခိုးကူးက စားသွားတာပါ ။

ဆိုတော့ ခိုးကူး နှိမ်နင်းမယ် ။ အ၀ဲယားနက်စ် ရှိလာမယ်ဆိုရင်မူရင်းရောင်းအား ချပ်ရေ

၅သောင်း အထိ တက်လာမယ် ဆိုရင်ဖြင့် … ဆိုတဲ့ ဆင်နာရီယိုလေးပါ…။

 

တခွေ တခွေ ထုတ်လုပ်မှု စရိတ် သိန်း၁၀၀-၂၀၀ လောက်ရှိတယ် ဖတ်ဖူးပါတယ်…

(ကြော်ငြာ အတော်အသင့်ပါ အပြီးပေါ့ဗျာ … နေရာတကာ ဆိုင်းဘုတ်ထောင် လက်ဆောင်

ပေးတဲ့လူတွေတော့ သည်ဈေး မဟုတ်ဘူးပေါ့…)

 

၁ချပ် ချင်းခွေအလွတ်ဖိုး ထုတ်လုပ်မှုစရိတ်နှုတ်အပြီး ၁၅၀၀ ကျပ် ကျန်ရဲ့ …

ချပ်ရေ ၁သောင်း ရောင်းရတဲ့အချိန်မှာ  သိန်း ၁၅၀ ပြန်ရတယ်ဗျာ …

(၆လ အတွင်းလောက် လို့ အစမ်းမ်ရှင်း ယူပါ့မယ်…)

 

သည်တော့ အရင်း က အရင်းပဲပေါ့ဗျာ …ပေါက်တဲ့အခွေ ပြောတာနော …

ရှုံးလည်း ပါးပါး မြတ်လည်း ပါးပါး ပေါ့ ….။

အဲ …. ဒါကို မူရင်း ရောင်းရ ချပ်ရေ  ၅သောင်း အထိ ဆွဲမြှင့်နိုင်မယ် ဆိုရင်တော့

(+၄သောင်း ချပ် ပိုလာ) နောက်ထပ် သိန်း-၆၀၀ ထွက်လာမယ်ဗျ ..

လူပြိန်းတွေးနဲ့ပဲ တွေးပါမယ် …တေးဆို ၊ တေးရေး၊ အတီး၊ အဖမ်း သမားတွေ ပိုရလာမယ်…

ပစ္စည်းကောင်း ပိုသုံးလာနိုင်မယ် ..။ ပို ဖန်တီးချိန် ပိုလေ့လာချိန် ရလာမယ် …(စားဝတ်နေရေးအတွက်

ရှိုးပဲ လှည့်ပတ်ဆိုနေကြရတဲ့ ကြွက်ထောင်ချောက်က ထွက်နိုင်မယ်ပေါ့….။)

ပရိတ်သတ်အတွက်လည်း ပိုကောင်းတဲ့ ပိုပြောင်မြောက်တဲ့ ဖန်တီးမှုတွေ မျှော်လင့်လာနိုင်မယ်ပေါ့ဗျာ…

 

အဲ့ဒါအားလုံးက ကျနော်တို့ တပုဒ်ကို ၁၅၀-၂၀၀ ကျပ်လောက်ပဲကျမယ့် မူရင်း အားပေးမှု

ကနေစရမှာပါ…။

 

 

အရေးအဆို အနုပညာရှင်ကို ကော်ပီကြီးပါကွာ ….။ အတီးသမား အသံဖမ်းသမားတွေကို ကမ္ဘာကျော်တွေနဲ့

ယှဉ်ပြီး ဘယ်သူ့ ကိုတော့ မမီပါဘူးကွာ …ဘယ်ဝါ့လောက်တော့ အဆင့်မရှိပါဘူးကွာ …။

ထုတ်လုပ်ရေး ကို ငါးပွက်ရာ ငါးစာချတဲ့ သူကြီးပါကွာ …။ လုပ်စားကြီးပါကွာ …။

ဟုတ်ကဲ့ အဲ့ဒါလေးတွေ ခနရပ်ပေးပါ….။ ခင်ဗျားရော ကျနော်ရော …ခိုးကူး အားပေးတာ

ကင်းပါသလား …???

 

ဘယ်သူမဆို အမှားမကင်းပါ …အပြစ်အပြန်အလှန်တင် စွပ်စွဲ တိုက်ခိုက် နေကြတာ အလုပ်မဖြစ်ပါ..။

ပြင်ကြရအောင်ပါ ….။

 

 

အနာဂတ် အတွက် ဖြည့်စွက်ချက် (သဂျီး မေးထားဖူးတာလေး)

 

၁နဲ့ ၂ က ပြည်တွင်းအနေအထား ..ကိုပြောတာနော့..။

 

  • ၁။ သီချင်းဟောင်းများ

 

လွန်ခဲ့တဲ့ အနှစ်၂၀ က ထွက်ခဲ့တဲ့ သီချင်းတပုဒ်ကို ကျနော်

ဝယ်မယ်ဗျာ ..၁ပုဒ်ထဲ …နားထောင်ချင်လို့ …။ ဘယ်မှာဝယ်ရမလဲဟင်င်င်င်….။

တရားဝင် ၀ယ်နားထောင်ဖို့ …။ ကျနော်ဝယ်နားထောင်တဲ့ သီချင်းရဲ့ တေးရေး အဆိုရှင် အတီးသမား

ထုတ်လုပ်သူ အားလုံး ထိုက်သင့်မျှတအောင် ရဖို့ ဆောင်ရွက်သင့်တယ် ထင်ပါကြောင်း …။

သင့်တင့်မျှတသော ဈေးနှုန်းလည်း ဖြစ်သင့်ပါကြောင်း…

နီးစပ်ရာ အင်တာနက်ဆိုင် တေးသံသွင်း တခုခုမှာ လက်ရွေးစဉ်ရွေးကူး ကြုံသလို နားထောင်နေတာတွေကို

လျှော့ခဖို့ လုပ်သင့်ပါကြောင်း..။

 

  • ၂။ ဆပ္ပလိုင်းချိန်း ..

 

 

တခါက အဆိုကျော်ကြီးတယောက် ညည်းတာ ကို ဖတ်ဖူးတာပါ …။ သူ့လိုက်ဗ်ရှိုးကို ခိုးကူးဈေးနဲ့

ရောင်းတယ်ကွာ ဆိုပြီး မကြာသေးတဲ့ နှစ်တွေက စမ်းကြည့်ခဲ့ဖူးသူပါ …. ။သူက တောရွာလေးတစ်ရွာ

ရောက်တော့ ဟိုက လူတွေက ပြောပါတယ် ….။ သူတို့သိပ်နှစ်သက်တဲ့အဆိုတော်မို့ …

ပုံမှန်ဈေး ဆိုရင်တောင် မူရင်းကိုဝယ်ဖို့ အမှန်တကယ် ဆန္ဒရှိပါတယ်တဲ့… မြို့တက်ဝယ်မှ ရနိုင်တာမို့

သူတို့ရွာကို ဆိုင်ကယ်လေးတွေနဲ့လာတဲ့ ခိုးကူး တွေဆီမှာက တိန်တိန်းတိန်းတိန် အစ ချောက်ချက်

အဆုံးပါတာမို့ ….တဲ့ ….။

ဒါလေးကိုလည်းအဖြေ ရှာစေချင်ပါသည်…။

 

  • ၃။ ပြည်ပရောက်ရွှေများ

 

ပြည်ပမှာ ရွှေဘယ်နှသန်း ရှိသလဲ စာရင်းတွေကပြောပါလိမ့်မယ် ..။ ဒါဟာ ပိုတန်ရှယ်လ် မားကတ်တခုပါ။

လူသန်းချီပါဝင်ပါတယ် …။ ပြည်ပ အလုပ်လုပ်နေသူတွေအဖို့ ..(လုပ်ခ-လစာ-အဆင့်) ကွာနိုင်ပေမယ့်…

သီချင်းတခွေ ၂၀၀၀ကျပ်ကိုတော့ အများစု ၀ယ်နိုင်ပါလိမ့်မယ်…။ သူတို့အတွက် တရားဝင် ၀ယ်ယူ

ရရှိနိုင်မယ့် လမ်းကြောင်း (အွန်လိုင်း ကို) ဖော်ဆောင်သင့်ပါတယ်…။

 

 

အမေဇုံမှာတင်မှာလား …အိုင်ကျုံးမှာ တင်မှာလား ..(တချို့တော့ စနေပါပြီ..) သို့သော် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာမျိုးပါ..

သန်းနဲ့ချီတဲ့ ပရိတ်သတ် အတွက် ထောင်ဂဏန်း ရှိမယ့် သီချင်းတွေ တစုတစည်းထဲ ရှိနေမယ်ဆိုရင်ဒါဟာ

ဝင်း-၀င်း ဖြစ်မယ် လို့ ဆိုချင်ပါတယ်..။

 


 

အော် …မေ့လို့ …

ပေါက်ခွေတခွေဟာ ..ချပ် ၁သိန်း ရောင်းသင့်တာ ၁သောင်းပဲ ရောင်းရတယ်

၅သောင်းထိ ဆွဲတင်နိုင်ရင် သိန်း၆၀၀ ရလာမယ် ..၆လလောက်အတွင်း

ဆိုတာမျိုး ရေးထားတာကို ဈေးတွက်နဲ့ တလွဲ မတွက်စေချင်ဘူးဗျာ .. ..

သိန်း၂၀၀ ရင်းတဲ့ အခွေ ပေါက်ရင် ၆လအတွင်း သိန်း၆၀၀ အမြတ်ရမယ်

ဒါဆို ငွေတိုး (ဈေးတွက်)နဲ့ တွက်ရင် တလ သိန်း၁၀၀ မြတ်လို့ …

ငွေတိုး ၅၀% (၅၀ကျပ်တိုး) တောင်မြတ်တယ် …ဆိုတာမျိုး အတွေးမမှားစေချင်လို့ပါ…။

သည်အမြတ်ရဲ့ တစိတ်တပိုင်းဟာ တူရိယာ စက္ကရိယာ ထုတ်လုပ်မှု အင်ဖရာတွေဘက်မှာ ပြန်ရင်းရမယ်

ဆိုတာ မမေ့စေချင်ကြောင်းနဲ့ …. ။ ထုတ်သမျှ အခွေတိုင်း ပေါက်မှာ မဟုတ်လို့ (၀ါ) မပေါက်မယ့်

ရှုံးမယ့် အခွေလည်း ရှိမှာမို့ ..သည်ငွေရဲ့ တစိတ်တပိုင်းဟာ ဘာဖာ လုပ်ရမှာ ဖြစ်တယ်ဆိုတာ လေး..

လက်တို့ပါရစေ ….။

 

ရသင့်ရထိုက်တဲ့ အမြတ် ကြေးငွေမရတဲ့အခါ အင်ဖရာစဉ်ဆက်မပြတ် မဖြည့် နိုင်ရင် ၅-၁၀နှစ်အတွင်း

ချာတူးလန် သွားပါလိမ့်မယ် ….။ ဂီတ နဲ့ အနီးကပ်ဆုံး လောက ကိုကြည့်ပါ …. ။ စက်ပစ္စည်း စုတ်ပြတ်

သတ်တာ တွေ့ရပါလိမ့်မယ်. …။ သည်တိုင်း ဆက်သွားလို့ ဂီတလောကပါ စက်ပစ္စည်းစုတ်ပြတ်သတ်သွားတဲ့

အခါ ……….

 

Great artists ship ပါ…

အကောင်းဆုံးသော အနုပညာသည်များသည် တင်ပို့ရောင်းချ နိုင်ပါတယ်…

သည်တော့ သူတို့ တင်ပို့ရောင်းချနိုင်ဖို့ အထောက်အကူ အကာအကွယ်ပေးရပါမယ်. ..

သူတို့ကို အားပေးရပါမယ် ….. သူတို့မကောင်းရင် သူတို့ညောင်းပါလိမ့်မယ်…..

အားပေးနေလျက် သောက်တလွဲလုပ်ရင် ငကန်းကို ငဆွေ အစားထိုးလာပါလိမ့်မယ်…

 

သည် လူမျိုး သည်ဘာသာ အတွက်ဆို …သည်လူမျိုး အနုပညာသည် ဆိုတာ မတိမ်ကော စကောင်းပါ…။

ကျနော်ပြောဖူးပါတယ် ..(ဆဲချင်ကြမလားမသိပါ) မြန်မာပြည်ချမ်းသာတဲ့အခါ ..မြန်မာလူမျိုး

ဆြာဝင် အင်ဂျင်နီယာ တက္ကနစ်ရှင် အတတ်ပညာသယ် အားလုံး နိုင်ငံခြားက အင်ပိုထ့်လုပ်ပီး ခိုင်းစားလို့ သုံးလို့ ရပါတယ်…

မြန်မာလူမျိုး စာပေ ဂီတ ရုပ်ရှင် သဘင် အနုပညာသည် မရှိတော့တဲ့ အခါ …..

ဆိုတာမျိုး တွေးစေချင်တာပါ ….ဘယ်ကမှ အင်ပို့လုပ်လို့မရပါဘူးဗျာ …..

 

လိုရင်းလား …

အော် …..ဟုတ်ကဲ့ ၁ပုဒ် ၂၀၀ကျပ်ပါဗျာ…

 

တော်သေးပြီ…။

ခင်တဲ့

ဂီ။

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011