၁၈.၂.၂၀၁၂ မနက်ခင်းပိုင်းတွင် ဖြစ်သည် ။ လေးစားခင်မင်ရသော အရာရှိဟောင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်ခဲ့သည် ။(အရာရှိဟောင်း ဟု သုံးရခြင်းမှာ သူငယ်ငယ်တုန်းက အလယ်တန်းကျောင်းသားဘဝ တွင် ကျောင်းလစ်သဖြင့် သူ့ အတန်းပိုင်ဆရာမ က တင်ပါးကို ကြိမ်ဖြင့်အရိုက်ခံ ထိထားသဖြင့် ၊ ကြိမ်ရာ ရှိနေသောကြောင့်ဟူ ၊ အီကား စကားချပ် ) အကြောင်းအရာစုံများစွာတွင် ဘောလုံးပွဲအကြောင်းများလည်း ပါပါသည် ။ ယနေ့ လက်ရှိ မော်ဒန်ဘောလုံးလောက၏ ဖြစ်လေ့ဖြစ်ထ ရှိသည့် အကြောင်းအရာများကို ပြောဖြစ်ကြသည် ။ ကျွန်တော် ဂေဇက်တွင် ဘောလုံးအကြောင်းမရေးချင်တော့ ဟု ကျွန်တော်က ပြောသောအခါ ၊ ဆက်ရေးရန် သူက ပြောလာသည် ။ ကျွန်တော် က ကျွန်တော့် ခန့် မှန်းချက် အလွဲများအတွက် ကိုယ့်ဘာသာကိုယ် စိတ်ညစ်ရသောကြောင့် မရေးဖြစ်ကြောင်း ရှင်းပြသောအခါ ၊ သူကလဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ၊ ဖတ်စရာ တစ်ခုအဖြစ် သဘောထားရန်ဆိုလာသည် ။ ထို့ အတွက် ကျွန်တော် ပြန်ရေးပါသည် ။ ဆက်လက်ရေးပါမည် ။
ယနေ့ ဥရောပ ဘောလုံးကလပ်များတွင် သတိထားမိသည့် အရာတစ်ခုမှာ ၊ ဥပမာ အားဖြင့် ဘောလုံးကလပ်အသင်း တစ်သင်းသည် ၅ ပွဲ ဆက်တိုက်ရှုံးနေမည် ။ ထိုကလပ် ကို ၆ ပွဲ မြောက် ပွဲစဉ်တွင် သေချာပေါက် အနိုင်ပြန်ကန်မည် ဟု ဆိုကာ အားပေးလျှင် မအောင်တာ များသည် ။ 17.2.2012သောကြာည/စနေနံနက် တွင် ကစားသွားသော “ အင်တာမီလန် နှင့် ဘိုလော့နာ ” ပွဲတွင်ဆိုလျှင် ၊ အင်တာမီလန် အသင်းအနေအထားမှာ အားပေးချင်စရာ အရမ်းကောင်းနေသည် ။ ရှေ့ ငါးပွဲရလဒ်များမှာ ၄ ပွဲ ရှုံး ၊ ၁ ပွဲ သရေ ၊ အင်တာအိမ်ကွင်းတွင် ကစားရမည် ကို ဖွင့်လှစ်လာသော ဈေးကလဲ အင်တာမီလန် တစ်ကယ်ကန်မည့်ဈေးမျိုး ဖြစ်နေသည် ။ တစ်ဂိုးသွင်းလျှင် ၁၀%အရှုံး ၊ တစ်ကယ်ကန်ပြီးသွားတော့ အင်တာမီလန် က ဘိုလော့နာ ကို ၃ဂိုး ဂိုးမရှိဖြင့် ရှုံးသွားသည် ။ ဘယ်လိုမှ မဖြစ်သင့်သော ရလဒ် ။
သို့ သော်လည်း ထို အင်တာမီလန် ကဲ့သို့ ၊ နောက်ဆုံးကန်ခဲ့သောငါးပွဲ နိုင်ပွဲမရှိသည့် အသင်းများသည် ပရိသတ်များအတွက် အားပေးချင်စရာ အမြဲကောင်း ဖြစ်နေမည် မှာ အမှန်ပင် ။
သည်ကနေ့ ၊ ၁၈.၂.၂၀၁၂ စနေ ည တွင် ကစားမည့် ပွဲများမှာ
အင်္ဂလန် အက်ဖ်အေဖလား
7.00 ချဲဆီး – ဘာမင်ဂမ်
9.30 အဲဗာတန် – ဘလက်ပူး
9.30 နော့ဝစ် – လက်စတာ
9.30 မီဝေါ – ဘော်တန်
11.45 ဆန်းဒါးလန်း – အာဆင်နယ်
ဂျာမနီ ဘွန်ဒက်လီဂါ
9.00 နုရင်ဘတ် – ကိုလုံး
9.00 ကိုင်ဇာစလော့တန် – ဂလာဘတ်
9.00 ဟာသာဘာလင် – ဒေါ့မန်
9.00 လေဗာကူဆင် – အော့ဘတ်
9.00 ဟမ်းဘတ် – ဝါဒါဘရီမင်
12.00 ဖရိုင်းဘတ် – ဘိုင်ယန်မြူးနစ်
အီတလီ စီးရီးအေ
2.15 ဂျူဗင်တပ် – ကာတားနီးယား
စပိန် လာလီဂါ
11.30 ဂီတာဖေး – အက်စ်ပန်ညို
1.30 ရီးရဲမက်ဒရစ် – ရေဆင်း
3.30 ဆီဗီလာ – အိုစာစူနာ
အထက်ပါ ပွဲစဉ်များထဲ မှ ၊ ပရိသတ်များအတွက် အားပေးရကျိုးနပ်နိုင်မည့် ပွဲ၂ ပွဲ ကို အသေးစိတ်ကြည့်ရာတွင်…
ရီးရဲမက်ဒရစ် (၁) – ရေဆင်း (၁၈)
ရီးရဲ လာလီဂါ ၂၂ ပွဲ ကန်အပြီး ၁၉ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၂ ပွဲ ရှုံး ၊ ရဂိုး၇၅ ပေးဂိုး၂၁ ၅၈မှတ်
ရေဆင်း လာလီဂါ ၂၂ ပွဲ ကန်အပြီး ၄ ပွဲ နိုင် ၊ ၁၁ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး၁၈ ပေးဂိုး၂၆ ၂၃မှတ်
ရီးရဲ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ နိုင် ၊ နိုင် ၊ နိုင် ၊ သရေ ၊ နိုင်
ရေဆင်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ သရေ ၊ သရေ ၊ သရေ ၊ ရှုံး ၊ နိုင်
သည်နှစ်သင်း တွေ့ ဆုံခဲ့မှု များမှာ
21.9.2011 ရေဆင်း ၀-၀ ရီးရဲမက်ဒရစ်
6.3.2011 ရေဆင်း ၁-၃ ရီးရဲမက်ဒရစ်
23.10.2010 ရီးရဲမက်ဒရစ် ၆-၁ ရေဆင်း
4.4.2010 ရေဆင်း ၀-၂ ရီးရဲမက်ဒရစ်
21.11.2009 ရီးရဲမက်ဒရစ် ၁-၀ ရေဆင်း
ဈေးဖွင့်လှစ်မှု အရ ရီးရဲ သုံးဂိုးသွင်းလျှင် တစ်ဝက်ခန့် အမြတ်ရမည် ဖြစ်သည် ။
ရီးရဲ အနေအထားမှာ ဒုတိယနေရာမှ ဘာစီလိုနာ နှင့် ၁၀မှတ်ကွာနေပြီ ဖြစ်သည့်အတွက် သည်နှစ် လာလီဂါချန်ပီယံ ဆုမှာ ရီးရဲရဖို့ ၈၀% သေချာနေပြီဖြစ်သည် ။
ရေဆင်း အနေအထားမှာ တန်းဆင်းဇုန် ၊ အောက်ဆုံးမှ ပြန်ရေလျှင် နံပါတ်၃ ၊ သည်ပွဲကို ရှုံးခဲ့လျှင် ၊ သူ့ အောက်အဆင့်က ဂီဂျွန်နိုင်ခဲ့လျှင် ရေဆင်းမှာ အဆင့်၁၉ သို့ ရောက်မည်ဖြစ်ပြီး ၊ တန်းဆင်းရဖို့ ရာနှုန်းပိုများလာမည် ဖြစ်သည် ။
ရီးရဲမက်ဒရစ် သည်ပွဲကစားပြီး လာမည့် အင်္ဂါ ၊ ဗုဒ္ဓဟူး ညတွင် ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်အဖြစ် ၊ ရုရှားတွင် သွားကစားရမှာ ဖြစ်လို့ ၊ သည်ပွဲ တွင် ကစားသမား အင်အားခြွေတာလာနိုင်သည် ။
အနိုင်အရှုံးတွက်လျှင် ၊ ရီးရဲမက်ဒရစ်အိမ်ကွင်းတွင် ရီးရဲ အရံအင်အားဖြင့် ကစားခဲ့လျှင်တောင် ရေဆင်း လို အသင်းမျိုးကို အနိုင်ကစားနိုင်သည် ။ တစ်ဘက်တွင် တန်းဆင်းဇုန် မှ ရုန်းနေသည့် ရေဆင်း ၏ ရုန်းအား ကိုလည်း လျှော့မတွက်သင့်ဟု ထင်သည် ။
ထို့ ကြောင့် ယခုပွဲတွင် ၊ ရီးရဲ လုပ်ကစားနိုင်သည့် ရာနှုန်း ၅၀% ခန့် ရှိမည် ဟု ကောက်ချက်ချမိသည် ။ သရေ ကန်နိုင်သည် ဟု တွေးမိသည် ။ တစ်ကယ်လို့ သရေ မကန်ဘဲ အနိုင်ကန်ခဲ့တောင် ၊ ၁ ဂိုး ထဲ နဲ့ နိုင်လျှင် လျှင် ရီးရဲ ၃ မှတ် ရမှာ ဖြစ်သောကြောင့် ၊ ယခုပွဲ ကို ““ရေဆင်း”” နှင့် အားပေးလျှင် အမှားမများနိုင်ဟု ပြောချင်ပါသည် ။
ဂျူဗင်တပ် (၂) – ကာတားနီးယား (၁၄)
ဂျူဗင်တပ် စီးရီးအေ၂၂ပွဲကန်အပြီး ၁၂ပွဲနိုင် ၊ ၁၀ပွဲသရေ ၊ ၀ ရှုံး ၊ ရဂိုး၃၃ ပေးဂိုး၁၃ ၄၆မှတ်
ကာတားနီးယား စီးရီးအေ၂၁ပွဲကန်အပြီး ၆ပွဲနိုင် ၊ ၉ပွဲသရေ ၊ ၆ပွဲရှုံး ၊ ရဂိုး၂၇ ပေးဂိုး၂၉ ၂၇မှတ်
ဂျူဗင်တပ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ သရေ ၊ နိုင် ၊ သရေ ၊ နိုင် ၊ နိုင်
ကာတားနီးယား အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ နိုင် ၊ သရေ ၊ သရေ ၊ ရှုံး ၊ ရှုံး
သည်နှစ်သင်း တွေ့ ဆုံခဲ့မှုများမှာ
25.9.2011 ကာတားနီးယား ၁-၁ ဂျူဗင်တပ်
23.4.2011 ဂျူဗင်တပ် ၂-၂ ကာတားနီးယား
13.1.2011 ဂျူဗင်တပ် ၂-၀ ကာတားနီးယား
5.12.2010 ကာတားနီးယား ၁-၃ ဂျူဗင်တပ်
2.5.2010 ကာတားနီးယား ၁-၁ ဂျူဗင်တပ်
ဈေးဖွင့်လှစ်မှု အနေအထားအရ ဂျူဗင်တပ် တစ်ဂိုးသွင်းလျှင် ၁၀၀%ဆုံးရှုံးမည် ။
သည်နှစ်သင်းအကြား တွင် အမှတ်ရစရာ အချက်မှာ ၊ ကာတားနီးယား စီးရီးအေ သို့ ပြန်တက်လာသည့် နှစ် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ၊ ဂျူဗင်တပ်နှင့် တွေ့ ဆုံခဲ့သမျှ ၂ ပွဲ ဘဲ ရှုံး ခဲ့ဖူးသည် ။
ယခုလက်ရှိတွင် ဂျူဗင်တပ် မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးည က ပါးမားအိမ်ကွင်းတွင် ကြားရက်ပွဲစဉ် ကစားခဲ့ရသဖြင့် ၊ ကာတားနီးယား ကစားသမားများက ပိုလန်းဆန်းနိုင်သည် ။
ဂျူဗင်တပ် မှာ အဆင့်၂ သို့ ဆင်းပေးလိုက်ရပြီ ဖြစ်လို့ ၊ သည်ပွဲ ကို အနိုင်ကစားမည် မှာ သေချာသလောက်နီးပါးရှိသည် ။ ဂျူဗင်တပ် အနိုင်ကစားတာကတော့ ဟုတ်ပါပြီ ၊ တစ်ဂိုး ထဲ နှင့် အနိုင်ကန်သွားခဲ့လျှင် ဂျူဗင်တပ် အားပေးသူများ ဆုံးရှုံးနစ်နာမည် ဖြစ်သည် ။
ကာတားနီးယား သည် ပြီးခဲ့သည့် တနင်္ဂနွေညတုန်းက ဂျီနိုအာလို ခြေတက်နေသည့် အသင်းမျိုး ကို ၄-၀ နှင့် အနိုင်ကန်ထားသည်အထိ ခြေတက်နေသည် ။ ကာတားနီးယား အနေဖြင့် အခုပွဲတွင် ကြွေ ပြန်ကျသင့်ပြီ ဟု တွက်လို့ ရနိုင်သော်လည်း ၊ ဂျူဗင်တပ် ၁-၀ ကာတားနီးယား ဆိုလျှင်တောင် ကာတားနီးယား ပရိသတ်များအတွက် အပြုံးမပျက်နိုင်သည့်အတွက် ၊ ယခုပွဲ ကို ကာတားနီးယား ပရိသတ် လုပ်တာ အမှန်ဆုံး ဖြစ်ပါမည် ။
……………………………………………
ဂေဇက်တွင် ရေးချင်ရာရေးခွင့်ပေးသော အူးကိုင် နှင့် စိတ်ဓါတ်မကျရန် အားပေးတတ်သူ ကျွန်ုပ်ချစ်မိတ်ဆွေ အရာရှိဟောင်း အကိုကြီးအား အထူးလေးစားကျေးဇူးတင်ကြောင်း ပြောချင်ပါသည် ။
…… အားလုံးကို ကျေးဇူးတင်ပါသည် …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..