ပီရူးနိုင်ငံမှ ဆရာဝန်များသည် အသက် ၈၆ နှစ်အရွယ်ရှိ လူနာတစ်ဦး၏ အကောင်းအတိုင်းရှိနေသော ခြေထောက်ကိုမှားဖြတ်မိပြီးမှ မှားသွားကြောင်းသိသွားကာ နောက်တစ်ဖက်ကိုထပ်ဖြတ်ခဲ့ရကြောင်း သတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူနာ၏သမီးဖြစ်သူသည် ဖခင်၏ခြေထောက်ကိုဖုန်းအုပ်ထားသော စောင်ကိုလှန်ကြည့်လိုက်ရာ ဘယ်ဘက်ခြေထောက်ကို ဖြတ်ထားတာကို တွေ့ကာအံသြတုန်လှုပ်သွားတယ်ဟုဆိုပါသည်။ တကယ်ဖြတ်ရမှာက အနာရှိတဲ့ညာဘက်ခြေထောက်ကိုပါ ညာဘက်ခြေထောက်က အနာကပိုးတွေဆက်လက်မပြန့်ပွားအောင် ဖြတ်ပစ်တာပါ သူတို့ကဘယ်ဘက်ကိုမှားယွင်းပြီးဖြတ်ပစ်တာဖြစ်ကြောင်း ပြောဆိုပါတယ်။ ပီရူးနိုင်ငံမြို့တော် လီမာမြောက်ဘက်တွင်ရှိသော ကောလောင်ကမ်းရိုးတန်းဒေသရှိ အယ်လ်ဘတ်တိုဆာဘိုဂယ် ဆေးရုံမှဆရာဝန်များဖြစ်ပါသည်။  ထိုကိစ္စကိုစုံစမ်းစစ်ဆေးနေပြီး တာဝန်ကျဆရာဝန်များကိုလည်း တာဝန်မှရပ်ဆိုင်းထားပါတယ်။

About thihayarzar

thiha yarzar has written 76 post in this Website..