ငြိမ်သက်သွားသော ကိုယ်တွင်းပိုး
– ရှူံးနိမ့်မှုများနဲ့.. လူ ကို မန့်ရင်းက
FR လိုပဲ ရှည်သွားလို့ တစ်ကြောင်း ဖတ်မိကြစေချင်တာကတစ်ကြောင်း Post အသစ်ရေးတင်လိုက်ပါတယ်။

ရှုံးလူက မြန်မာတွေကြားမှာ သန့်ရှင်းအောင်လုပ်တဲ့ ကိုရှူံး ရန်တောင် အရှာခံရလို့

ကိုရင်ရှူံးသည်ကား လမ်းတွင် မြန်မာများနှင့် တွေ့လျင်သော်မျှ နှုတ်ဆက်ပြုံးပြခြင်းပင် မပြုတော့ပေ။
ပါတဲ့။
သူကြီးကလည်း သူ့လက်စွဲ နှစ်လုံးပြူးကြီးထုတ်ပြီး ပြောနေကျ စကားပြောတော့တာပဲ။

kai says:

ယူအက်စ်မှာ.. မြန်မာအများဆုံးနေတာ.. လော့စ်အိန်ဂျလိစ်တ၀ိုက်မှာပါ..။
ကမ္ဘာ့အကောင်းဆုံးဒီမိုကရေစီစနစ်အောက်.. အဆင်ပြေပြေ.. ဆယ်စုနှစ်ချိုးချပြီးနေလည်း.. မြန်မာဟာ..မြန်မာပဲဖြစ်နေတာ.. တွေ့ရတယ်လေ..။
… အချက်အလက်.. သက်သေနဲ့ပြလို့ရတာတွေ.. အများကြီးပါပဲ..။

ဒီမှာမွေးလာတဲ့.. ဒုတိယမြန်မာ-အမေရိကန်မျိုးဆက်နဲ့ကို.. အဆင်မပြေ..အစေးမကပ်ဖြစ်တော့တာပဲ..။
မိဘနဲ့သားသမီးမှာတင်.. ပြသနာက.. တက်နေလေရော…

ဆိုတော့… ?

ဦးပါလေရာကလည်း မခံဘူး။

ဦးဦးပါလေရာ says:

ယူအက်စ်ကို မြန်မာပြည်ကရောက်သွားတဲ့ ပထမမျိုးဆက်က မြန်မာပြည်ရဲ့ စံနစ် က မွေးထုတ်ပေးလိုက်တာ၊ လေ့ကျင့်ပေးလိုက်တာလေ။

ယူအက်စ်မှာမွေးတဲ့ ဒုတိယမျိုးဆက်က ယူအက်စ်ရဲ့စံနစ်က မွေးထုတ်ပေး ၊ လေ့ကျင့်ပေးတာလေ။

အဲဒီနှစ်မျိုး စရိုက်မတူရင် – အဲဒါစံနစ်ကြောင့်ပေါ့သူကြီးရဲ့။
လူမျိုးစရိုက်ကြောင့်လို့သာဆိုရင် ဘယ်မှာနေနေ ဘယ်နှစ်ဆက်မွေးမွေး အတူတူပဲဖြစ်ရမှာပေါ့။
ဒါတောင်မှ ဒုတိယမျိုးဆက်ဆိုတာ လက်ဦးဆရာ ပထမမျိုးဆက်တွေရဲ့ စရိုက်အမွေကို အနည်းနဲ့အများ ခံပြီးသား..။

တတိယမျိုးဆက် ကိုစောင့်ကြည့်ရင် မြန်မာလူမျိုးပေမယ့် အမေရိကန်စရိုက်ဖြစ်နေတာ တွေ့ရမယ်လို့ ကျုပ်တော့လောင်းရဲတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဦးဆရာဖြစ်တဲ့မိဘမောင်နှမတွေကလဲ အမေရိကန်စရိုက်လွှမ်းမိုးခံရပြီးသား၊ အမေရိကန်စရိုက်ရှိပြီးသား။ ကြီးပြင်းရမယ့် ပတ်ဝန်းကျင်ကလဲ အမေရိကန်လေ။

ကျွန်မကတော့
ဗီဇ၊စနစ် ဆိုတာတွေထက် ဆရာသစ်ပြောနေကျ အသိတရား Awareness အဓိကလို့ ပြောချင်ပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်က မနက်ခင်း လမ်းလျှောက်ထွက်တော့ ပြည်သူ့ရင်ပြင် မြက်ခင်းဘေးက ကွက်လပ်မှာ

အမှိုက်တွေ ၊ကြွပ်ကြွပ်အိတ်တွေ ဖွေးနေတာပါပဲ။

ရှေ့တစ်နေ့က တိုင်းရင်းသားမျိုးနွယ် တစ်ခုရဲ့ ပြည်နယ်နေ့ ကျင်းပခဲ့တာပါတဲ့။

ကျွန်မ အရုပ်ဆိုးလှတဲ့ မြင်ကွင်းကို ကြည့်ပြီး သူကြီးပြောပြောနေကျ မြန်မာပွဲတွေပြီးရင်

အမှိုက်တွေ ပွကျန်ခဲ့တာပဲဆိုတဲ့စာကို သတိရမိပါတယ်။

မကြာသေးခင်က ပြီးသွားတဲ့ ပြည်သူ့ရင်ပြင် တရားပွဲမှာတော့ ကွဲပြားတဲ့ မြင်ကွင်းကိုတွေ့ရပါတယ်။

တရားပွဲရက်တွေမှာ နေ့စဉ် လူပေါင်းတစ်သိန်းနဲ့ တစ်သိန်းခွဲလောက် တရားနာလာကြပါတယ်။

ဓမ္မဒါနလုပ်အားပေးအဖွဲ့က အ၀င်ဝကနေ အလွန်ချိုသာစွာ နှုတ်ဆက်ပြီး

ရေသန့်ဘူး၊မုန့်၊တရားစာအုပ်၊ဆေး အလှူတွေပေးရင်း

နေရာလွတ်တွေရှိရာကို လမ်းညွှန်ပေးကြပါတယ်။

ဆရာတော်ကြွမလာမီ အချိန်ကလေးမှာ ဘာဝနာ တစ်ခုခုနဲ့ ဆိတ်ငြိမ်စွာနေဖို့

အသံချဲ့စက်က တိုက်တွန်းသလို တရားမှတ် မေတ္တာပို့နေတဲ့သူတွေ အများအပြားပါ။

ဆရာတော်ပြန်ကြွချိန် မေတ္တာပို့ကိုလည်း ညီညီညာညာ ရွတ်ဆိုကြတာ တစ်သံတည်းပါပဲ။

ချမ်းမြေ့ဆရာတော် အလှည့်မှာ တရားဟောရင်း မြတ်စွာဘုရားကို ဘာဝနာနဲ့ ပူဇော်ကြမယ်လို့

ဆရာတော်က တိုက်တွန်းတော့ ၁၀ မိနစ်ခန့် တရားရှုမှတ်ကြပါတယ်။

ပရိသတ် တစ်သိန်းမှာ ချောင်းဟန့်သံတောင်မကြားရပါဘူး။ဒီလို ညီညီညွတ်ညွတ် စည်းကမ်းရှိကြပါတယ်။

အမှိုက်ချတတ်တဲ့သူတွေကို တားမရပေမယ့် တရားပွဲ တစ်ခု အပြီးတိုင်းမှာ

ဓမ္မဒါန လုပ်အားပေးလူငယ်လေးတွေက ပလပ်စတစ်ဖျာတွေလည်းသိမ်းရင်းနဲ့

အမှိုက်တွေပါ တစ်ခါတည်းကောက်ကြပါတယ်။

ကျွန်မတို့ တရားနာ ပရိသတ်တွေကလည်း ကူညီပြီး ကောက်ပေး သိမ်းပေးကြပါတယ်။

နာရီဝက် တစ်နာရီလောက် အတွင်းမှာ ရင်ပြင်တစ်ခုလုံးသန့်ရှင်းသွားပါတယ်။

မနက် လေ့ကျင့်ခန်းလာလုပ်တဲ့သူတွေအတွက် ဘာအမှိုက်သရိုက်မှ မတွေ့ရတော့ပါဘူး။

မျက်မှန်၊ ပိုက်ဆံအိတ်၊ ဖုန်း၊ တဘက်စတဲ့ ပစ္စည်းကျကျန်တဲ့သူတွေ အတွက်လည်း

ဓမ္မရောင်ခြည် ရုံးခန်းမှာ လာယူနိုင်ကြောင်း ကြေငြာပေးနေပါသေးတယ်။

နောက်ဆုံးရက်မှာလည်း ဒီလိုပဲ အပြီးသိမ်းသွားတာ နောက်ရက်တွေ

ရင်ပြင်မှာ တရားပွဲရဲ့ အရိပ်အယောင်ဆိုလို့ ထောင်ထားတဲ့ ဆိုင်းဘုတ်တွေပဲကျန်ပါတော့တယ်။

တရားပွဲ စီစဉ်တဲ့သူတွေကို ကျွန်မတော့ တဖွဖွ ချီးကျူးမဆုံးပါ။

ပထမနေ့ တရားပွဲသွားပြီးကတည်းက နီးစပ်ရာတွေကို

တရားနာသွားရင်း စီစဉ်သူတွေနဲ့ လုပ်အားပေးတွေရဲ့ စိတ်ဓာတ်လေးတွေ

အတုယူဖို့ တိုက်တွန်းရတာ အမောပါပဲ။

ဒီတိုင်းပြည် ဒီလူမျိုးတွေပါပဲ။ဒီမြေဒီရေမှာပါပဲ။

ကျွန်မ အပိုတွေကြွယ်ပြနေတယ်ထင်ရင် ပြည်သူ့ရင်ပြင်တရားပွဲ အခွေတွေ ကြည့်ရင် မြင်ကြပါလိမ့်မယ်။

အဲဒီတော့ စိတ်ဓာတ်ကောင်းလေးတွေရဖို့ soft power လိုပါတယ်လို့ ပြောချင်ပါတယ်။

ရှေ့ကိုလှပတဲ့ အနာဂတ်တိုင်းပြည်မှာ စည်းကမ်းရှိတဲ့ လူမျိုးတွေ ဖြစ်စေချင်ရင်

ဘယ်လို soft power ထည့်ပေးရမယ်ဆိုတာ စဉ်းစားကြဖို့ပါပဲ။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)