ကျွန်တော်စာအုပ်ဟောင်းတွေရှင်းရင်းနဲ့ ကျွန်တော့ရဲ့ရှေးဟောင်းလက်ရာလေးတစ်ခုသွားတွေ့မိပါတယ်…ကျွန်တော်အသက် ၂၀ကျော်ကျော်လောက်က

ခံစားမှု့စာစုလေးဆိုပါတော့ဗျာ..အဲဒီအချိန် အဲဒီအသက်အရွယ်က ကျွန်တော် စာရေးဆရာရူး ရူးခဲ့ဘူးသေးတယ်…အဲဒီတုံးကရူးကြောင်ကြောင်နဲ့..

ဟိုဂျာနယ် ဒီဂျာနယ်တွေပို့ခဲ့သေးတယ်…ဘယ်ကမှလက်မခံခဲ့ပါဘူး..သိပ်မြင့်လွန်းနေလို့တဲ့..ဟဲဟဲဟဲ..ဒီနေ့ဒီအချိန်ကျတော့..အလွန်အင်မတန်သဘောကောင်းတော်မူသော

ကျုပ်တို့ရဲ့ သဂျီးကျေးဇူးကြောင့် ဒီ..အင်မတန်မှညံ့ဖြင်းနုံချာလှသော စာစုလေးကို ဂေဇက်ပရိပ်သတ် ကံကောင်းလှစွာဖတ်ရပေတော့မယ်…(ငယ်မူ ငယ်တွေးမပျက်စေရန်အတွက် လုံးဝပြန်လည်တည်းဖြတိမထားပါဂျောင်း)…ရှု့စာဖတ်ရှု့တော်မူကြပါကုန်….

ကျုပ်ဖြတ်သန်းရမဲ့တံတားလေးပါ..

“ကြမ္မာ”.. ဆိုတာလူသားတွေကိုပေါင်းစည်းပေးတယ်..တခါတခါတော့သိပ်ချစ်ကြတဲ့

သူတွေကို ကွေကွင်းအောင်ခွဲပစ်တယ်..“ကြမ္မာ”ခွဲလို့ဘယ်လောက်ကွဲကွဲ..အချစ်ကို

လျော့သွားအောင် မချစ်အောင်တော့မလုပ်နိုင်ရှာပါဘူး..ချစ်တာဟာချစ်တာပေါ့..

ဘယ်တတ်နိုင်မလဲ..နောင်ဘာဖြစ်မယ်ဆိုတာကြိုမတွေးဘူး..ဒါပေမဲ့သိနေတယ်

နောင်အကြောင်းစဉ်းစားရင်စိတ်ညစ်မှာမို့မစဉ်းစားချင်ဘူး..ဒါပေမဲ့စိတ်ထဲမှာ

အမြဲတွေးနေမိပြန်တာဘဲ..တွေးမိတိုင်းလဲ အဆင်ပြေတာဘာတခုမှမတွေ့ရဘူး

အနှောင့်အယှက်အခက်အခဲအတိပြီးတဲ့ ကျုပ်လမ်းကိုကျုပ်မြင်ပါတယ်..

ကျုပ်ထင်တယ် ကျုပ်အတွက်တော့ အဆင်ပြေမှု့ဆိုတာ အပြင်လက်တွေ့ဘ၀မှာမပြောနဲ့

တွေးချင်တိုင်းအတွေးနယ်ချဲ့လို့ရတဲ့ အစိုးမရတဲ့ အတွေးလောကမှာတောင် ပျောက်ကွယ်နေတယ်..ဒါပေမဲ့လေ..“ချစ်တယ်” “မြတ်နိုးတယ်” “သံယောဇဉ်ဖြစ်တယ်

်ဆိုတာတွေက နှလုံးသားကဖန်တီးတာ နှလုံးသားကဖြစ်ပေါ်တာ..နှလုံးသားအလုပ်..

“အဆင်မပြေဘူး”ပြေတယ် ခက်တယ် လွယ်တယ် ဆိုတာတွေက ဦးနှောက်နဲ့ စိတ်က

ဆုံးဖြတ်တာ..ဦးနှောက်အလုပ် စိတ်အလုပ်….တခုတော့ရှိတယ်…

ဦးနှောက်နဲ့စိတ်ကဘယ်လောက်ဘဲ အခက်အခဲတွေ့တွေ့…

နှလုံးသားကိုသြဇာမညောင်းနိုင်ပြန်ဘူး..တနည်းပြောရရင် နှလုံးသားကိုတားမရဘူး

ဒါကြောင့်ဘဲ..မင်းကိုငါသိပ်ချစ်မိသွားတယ်…

ငါအားလုံးတွေးမိပါတယ်..မချစ်ခင်ကလည်းတွေးရဲ့..ချစ်ပီးမှလည်းတွေးရဲ့..

ဘယ်လိုတွေးတွေး ဘယ်လိုဆုံးဖြတ်ဖြတ်လေ..နောက်ဆုံးနှလုံးသားကအနိင်ရတယ်

ဒါလဲထုံးစံဘဲမဟုတ်လား..ဒါကြောင့်ဘဲ..မေတ္တာတွေ သံယောဇဉ်တွေအနန္ဒနဲ့

မင်းကိုငါသိပ်ချစ်ပစ်လိုက်တယ်…ဒီအတွက်ငါနောင်တမရပါဘူး..ငါမမှားဘူးလို့လဲ

ထင်တယ်လေ..ဟုတ်ရဲ့လား….ဒီနေရာမှာ မင်းကိုတစ်ခုပြောချင်တယ်…………..

တံတားလေးတခုရှိတယ် ယဲ့ယဲ့လေး ကျိုးလုလုဆိုပါတော့…တံတားရဲ့တဘက်မှာက

ငါအလိုချင်ဆုံး သူရှိလေရဲ့..တံတားပေါ်လျှောက်ရင်ကျိုးကျမှာလဲသိတယ်…

မရှု့မလှဇတ်သိမ်းမှာလဲတွေးမိပါရဲ့…ဒါပေမဲ့ တဖက်ကမ်းကိုလှမ်းမျှော်ပီးလည်းခံစားမနေ

ချင်ဘူး..နှလုံးသားဆန္ဒကိုထိန်းဘို့ဆိုတာကလည်း ခက်လှဘိတောင်း..

အခြေအနေဆိုတဲ့အကူအညီကောင်းလေးရရင် လျှောက်ရင်း ဟိုဘက်ကမ်းရောက်သွား

နိုင်တယ်လေ…ဒါနဲ့ဇွတ်မှိတ်ပီးကူးတယ်..လျှောက်တယ် ကျခါမှကျရော..

ဒါပေမဲ့မကျမချင်းတော့ဆက်လျှောက်မယ်..နောက်မလှဲ့ဘူး..တံတားပေါ်ကမကျအောင်

ညှင်ညှင်သာသာလျှောက်မှရမယ်…ညှင်ညှင်သာသာလျှောက်နိုင်အောင်ဆို…အချိန်အများကြီး

ကုန်လိမ့်မယ်..ဒါအရေးတကာ့ အရေးအကြီးဆုံးဘဲ..ဒီအချိန်တွေကိုသူ ဒီအတိုင်းစောင့်နေနိုင်မလား…စောင့်နိုင်တယ်ထားအုံး..ငါ့ကိုအချိန်များစွာစောင့်ပီးမှ

ငါမရောက်ဖြစ်ရင်ရော.”သူ့”ဘ၀အတွက်ငါ့ကြောင့်ပြန်မရနိုင်တဲ့အချိန်တွေ နုပျိုခြင်း

တွေအများကြီးဆုံးရှုံး မကုန်နိုင်ဘူးလား?

နောက်တစ်ချက်က ညင်ညင်သာသာ လျှောက်နိုင်ဖို့က စိတ်တည်ငြိမ်ဖို့လိုတယ်.တည်ငြိမ်ရ

မယ်..ရင့်ကျက်ရမယ်..သတိမြဲရမယ်..စိတ်တည်ငြိမ်ဖို့ စိတ်အားပြည့်ဖို့ကတော့ တံတားဟိုဘက်မှာ သူ ကအားပေးအပြုံးလေးနဲ့..ကြိုဆိုတဲ့မျက်လုံးရွဲကြီးတွေနဲ့ လက်ကမ်း

ကြိုလင့်နေဖို့လိုတယ်လေ..ခုထိတော့ သူ့ကိုကြည့်ပြီးငါဆက်လျှောက်နေတယ်..သူကလဲ

လက်ပြ လက်ကမ်း အားပေးဆဲဘဲ..ပတ်ဝန်းကျင်ဆိုတဲ့ လေကြမ်းကလည်း တ၀ှီးဝှီးနဲ့တိုက်လို့

တစ်ချက်တစ်ချက် တိုက်လိုက်တိုင်း တံတားကတဖြစ်ဖြစ်မြည်သွားတတ်တယ်.ကျိုးလုလုဖြစ်

နေတဲ့ တံတားအဖို့တော့ အကြီးမားဆုံး အန္တရယ်တစ်ခုပဲ

လေတစ်ချက်ဝေ့ရင် တံတားလေးကသံစုံမြည်ဟီးလာတယ်..တံတားလေးရဲ့ ညည်းတွားသံတွေ

ဟာ ငါ့ကိုအမြဲသတိမြဲဖို့ အချက်ပေးနေတာလား? ကျတော့မဲ့ဆဲဆဲ ငါ့ကိုသနားလို့ စုပ်သပ်ပြီး

ညည်းတွားနေတာလား?ဝေခွဲလို့မရဘူး..

ဒီလေကြမ်းရဲ့ ဒဏ်ကို ငါတော့ခံနိုင်တယ်..ခံရပေါင်းလည်းများပြီလေ..လေကြမ်းကိုငါမမှုပါဘူး..

ဒါပေမယ့် ဒီတံတားလေးခံနိုင်ပါ့မလား? တစ်ဖက်ကမ်းက သူရောခံနိုင်ပါ့မလား? ဒီလိုတွေးမိ

တယ် သူချမ်းပြီး ပြန်လှည့်သွားရင် ဒုက္ခ..နောက်တစ်ချက်က တံတားအခြေအနေအရ လျှောက်နိုင်ဖို့က လူလွတ်ပဲရမှာ..ခုလဲငါ့မှာ လူလွတ်သာသာပဲ.ဒါပေမယ့် တံတားအရှေ့ကိုတိုး

တိုင်းတိုးတိုင်းဝန်ပေါ့အောင် ၀ိတ်လျှော့နေရတယ် ဒီပုံဆို သူ့ဆီရောက်ရင်တောင် ငါဆိုတာ

သက်သက်ပဲသူရနိုင်မယ် တစ်ခြားဘာမှပါမှာမဟုတ်ဘူး..အားလုံးကိုစွန့်ခဲ့ရမယ်.နောက်တော့

တွေးမိပြန်တယ်..သူသာလှည့်သွားခဲ့ရင် တံတားလေးလဲကျိုးမှာပဲ ကျုပ်စိတ်တည်ငြိမ်နိုင်တော့

မှာမှမဟုတ်ပဲကို..တံတားမကျိုးရင်တောင်မှ.. လူကခုန်ချတော့မှာ..ဟုတ်တယ်လေ..ဘာလုပ်

တော့မလဲ..မျှော်လင့်ချက်မှမရှိတော့တာပဲ..တစ်ကယ်လို့ကွာ ငါဆိုတာ ငါဖြစ်ပြီးတော့ သူဆို

တာမင်း ဖြစ်ရင် မင်းဘယ်လိုပြောမလဲ? ငါသိချင်စမ်းတယ်

ထာဝရလမ်းဆက်လျှောက်နေမဲ့ “ငါ”(ကြီးမိုက်ငယ်)

ဒီနေရာမှာ တစ်ခုလောက်အမှန်အတိုင်းဝန်ခံပါရစေ..အဲဒီတံတားယဲ့ယဲ့လေးကို ကျွန်တော် နုစဉ်က ကျွန်တော့ကတိအတိုင်း တစ်ကယ်လျှောက်ခဲ့ပါတယ်..

ဒါပေမဲ့ မျှော်လင့်ထားခဲ့ ပြီးသလိုဘဲ..တံတားအိုလေးကို..အခက်အခဲအမျိုးမျိုးကြားက..သက်စွန့်ဆံဖျားလျှောက်ခဲ့ပြီး…ဟိုဘက်ကမ်းရောက်လုလုမှာ..တံတားထိပ်မှာ

သူရှိမနေခဲ့တော့ပါဘူး…သူအချိန်ကိုသည်းမခံနိုင်ခဲ့ပါဘူး..ကျွန်တော်လည်းဘ၀ကိုခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရလို့ ထုသားပေသားကျနေပီဆိုတော့ ……ဆိုခဲ့ပြီးသလို

တဖက်မှာသူမရှိနေတော့ပေမဲ့..ကျွန်တော်တံတားပေါ်ကခုန်မချဖြစ်တော့ပါဘူး….ဒါပေမဲ့ နှလုံးသားမှာခုထိဒဏ်ရာတွေနဲ့ပါ…

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)