ဥုံ မဏိ တိဂေဇတ်

ဥုံပလုံစိ တိဟိ ဂေဇတ်

စုံပလုံစိ တိဟိ ဂေဇတ်

နေ.စဉ်ဝင် နေ.စဉ်ထွက်

နေ.စဉ်ဖတ် မန်းဂေဇတ်…. ဥုံ

 

ယခု ဂါထာ အား ယုံယုံကြည့်ကြည့် ရွတ်ဖတ်ပါက စီးပွားလပ်လာဘ တိုးပွားပြီး ချစ်သူခင်သူပေါများမည်။ နီးစပ်ရာလူများသို. အစောင် ၂ဝ ရေးကာ ဝေကြပါကုန်……

                                                                                               ဘိုးဒေါ် ရွှေတိုက်စိုး

 

မယုံကြည့်ပဲ ပေကပ်ကပ်ဖြင့် ဂါထာအား မဝေပဲ ထားသော စိန်ပေါက်ပေါက်မှာ နေ.တိုင်း အီးပန်းနေလေ၏။

ယုံကြည်စွာဖြင့် ရွတ်ဖတ်ကာ ဝေ သော ဖရဲသီးလေးမှာ သူ.ကောင်မလေးဖြင့် အဆင်ပြေပြီး နေ.တိုင်းအားဘွား ပေးခံနေရလေ၏။

မယုံမရဲ ဖြင့် ဝတ်သာရွတ်ပြီး မဝေ ပဲထားသော အီးတုံးမှာ ဒေါက်ဒေါက်ဖြင့် တတောက်တောက် ခေါက်ကာ ငြင်းခုန် နေရလေ၏။

လေးလေးစားစား ရွတ်ဖတ်ပေးဝေ သော ဦးဘလက်ချောကြီးမှာ မဒန်ဘလက်က တစ်နေ.နှစ်ခါ ဖုန်းဆက်ပြီးစစ် ဆေးရာမှ တနေ.တစ်ခါ လျော့က မျက်မှန် အမည်းရောင် အသစ်တလက် ထပ်ဝယ်ပေး ခံရလေ၏။

သူကိုယ်တိုင်လဲ မရွတ် သူများရွတ်တာလဲ မကြိုက်ပဲ နေသော မမဆူးမှာ ကိုထက်ဝေးဆီက ပိန်းဆေး စားပါသော် လဲ တနေ.တခြား.. ပေါင်ချိန် တက်တက်လာလေ၏။

စာရွက် ၂ဝ မိတ္တူဆွဲပြီး မဝေဖြစ်ခဲ့သော မနွယ်ပင်မှာ ဘက်စ်ကားပေါ် တက်လျှင်တက်ခြင်း ကိုကျန်ကျောင်းများ ဖြင့် ရင်ဆိုင် တွေ.ရလေ၏။

မနက်အိပ်ရာထတိုင်း ရွတ်ဆိုသော ချာတူးလန်မှာ လမ်းကူတိုင်း ဘက်စ်ကားပေါ်မှာ လာသော ကွမ်းတံတွေးများအား ရှောင်နိုင်လိုက်လေ၏။

မယုံဘူးဆိုပြီး ပစ်ထားသော လေးပေါက်ကြီး(မန်လေး)မှာ ဓာတ်ပုံရိုက်ပြီး ပို.စ်တင်တိုင် ကော်နတ်ရှင် ပြုတ်ပြုတ် ကျကာ ဓာတ်ပုံတင်လို. မရဖြစ်နေလေ၏။

ယုံယုံကြည့်ကြည့်ဖြင့်နေတိုင်ရွတ်ဆိုသော အပျိုကြီး မမအုံ (RoseMin) မှာ ပရိုပို.စ်လုပ်သူ ဖောင်တင်သူများ သဖြင့်  အလုပ်မှထွက်ကာ စကာတင် လူစာရင်း ကောက်နေရလေ၏။ (အဲလောက်ကို ဖြစ်သွားတာ)

မယုံဘူးဆိုပြီး သူလဲ မပါ သူများပါတာလဲ နှောက်ယှက်သော သူရဇော်မှာ ဖယ်ရီပေါ်မှာ အခြောက်မ နှစ်ကောင်ဖြင့် နေ.စဉ် နှစ်ပါးခွင် ကနေရလေ၏။

နေ.တိုင်းဂါထာကို ယုံယုံကြည့်ကြည် ဂျပန်လို ရွတ်သော အင်ဇာဂီမှာ ဂျပန်တွင် တရုပ်မလေးဖြင့် ရွှေလက်တွဲကာ အိနိ္ဒယသို ဟန်းနီမွန်း ထွက်ရလေ၏။

ဂါထာမရွတ်ပဲ ယောက္ခခိုင်းတာလုပ်နေရသော ကိုကြောင်ဖက်မှာ သူပြိုင်ကား(စက်ဘီး) စီပြီး သွားနေစဉ် ဖင်ထိုင်ခုံမှာ သူဝိတ်မခံနိုင်ပဲ ဟိုဒင်းထဲသို. ကျွံဝင်သွားလေ၏။

ဂါထာအား စိတ်အားထက်သန်စွာ ရွတ်ဖတ် မျှဝေသော ရွာသူမမ ကြီးတစ်ယောက်မှာ ကြယ်နှစ်ပွင့်ဖြစ်သွား လေ၏။

ဆတ်တငံငံ ရွတ်ဆိုသော ခိုင်ခိုင်မှာ အစိများသော သင်္ဘောသီးများသာ ကော်ကော်စားကာ မောင်မောင် ဖြင့် အော်နေရလေ၏။

ကဲ ဒါကတော့ ဒီဂါထာရဲ. အကျိုးအပြစ်ရလဒ်တွေပါဗျာ… ကဲကဲ ရွာသူ၊ရွာသာတွေလဲ သူတိုတွေလို စံစား၊မခံစားရအောင်…. ဂါထာကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပြီးတော့ အရွက် ၂ဝ ရေးကူး သာ ဝေလိုက်ကြ ပေတော့……….

                                   ရွာသူ၊ရွာသား များအပေါ် မေတ္တာထားသော………. ဘိုးဒေါ် ရွှေတိုက်စိုး :D

 

 

 

 

About ေရႊတိုက္စိုး

has written 79 post in this Website..