ပန်းရံသမား နှင့် ယှဉ်ပြိုင်ရဲသော အင်ဂျင်နီယာ  

 

                                                        လူတိုင်းဟာ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်ကို မြင့်မြင့် ထားကြပါတယ်။ ပြောနေကျ  ဥပမာအတိုင်း ပြောရရင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် စသဖြင့်ပေါ့။ ဘယ်သူမှ၊ ဘယ်မိဘကမှ ကိုယ့်သားသမီးတွေရဲ့ဘ၀ကို ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရတဲ့ (အောက်ခြေလူတန်းစား ) ဘ၀မျိုးကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လည်း အချိန်၊ ငွေ ကုန်ကျမှုတွေ အများကြီးခံပြီးတော့ ပံ့ပိုးပေးကြတာပဲလေ။ ကျွန်တော်လည်း ကျွန်တော့်သားနှစ်ယောက်ကို အောင်မြင်တဲ့လူငယ်လေးတွေ ဖြစ်စေချင်တာပေါ့ဗျာ။ ဒါပေမယ့် ကံဆိုတာက ပြောရခက်သားလားဗျာ။ ကိုယ်ဖြစ်ချင်တိုင်း   ဖြစ်ခွင့်ရှိတာမှ  မဟုတ်တာ။ ကိုယ်က ဘယ်လောက်ပဲ ထောက်ပံပေးပေး သူတို့ရဲ့ကံက ပါအုံးမှလေ။ သားကြီးကတော့ မဆိုးပါဘူး။ အင်ဂျင်နီယာ တစ်ယောက်တော့ ဖြစ်လာသားဗျ။ ကျွန်တော့်အတွက် အင်အား တစ်ခုပေါ့လေ။ အငယ်ကောင်ကတော့ လူပေ။ ရှစ်တန်းလည်း အောင် အောင်မဖြေ၊ ကျောင်းလည်း ဆက်မတက်နဲ့၊ သူ့ဘ၀ကို ကျွန်တော် ရင်လေးခဲ့ရတယ်ဗျာ။    

                                                        ကျွန်တော်တို့က ချမ်းသာတဲ့ စာရင်းထဲမှာ မပါတော့ သူတို့ကို အလုပ်လုပ် ခိုင်းရတာပေါ့ဗျာ။ သားကြီးကတော့ construction company  တစ်ခုမှာ အလုပ်ရတယ်ဗျ။ အင်ဂျင်နီယာဆိုတော့ လစာကောင်းပြီပေါ့။ ငါတို့ရဲ့မိသားစုလည်း အဆင်ပြေပြီပေါ့လို့ တွေးခဲ့မိတယ်။ အငယ်ကောင်ကတော့ဗျာ သူ့သူငယ်ချင်းတွေနဲ့ ပန်းရံလိုက်လုပ်လေရဲ့။သူဒီလို ပင်ပန်းတာကိုတော့ ဘယ်ကြည့်ရက်ပါ့မလဲဗျာ။ ဒီလိုနဲ့ လကုန်လာတယ် ဆိုပါတော့။ အငယ်ကောင်ကရော့ အဖေ သားတစ်လလုံး အလုပ်လုပ်တာ တစ်သိန်းသုံးသောင်း ရတယ်။ အဖေ တစ်သိန်းယူထား။ ကျန်တဲ့ သုံးသောင်းကို သားသုံးဖို့ယူထားမယ်ဆိုပြီးပေးလေရဲ့။ သြော် ပန်ရံလုပ်ပေမယ့် တစ်ရက်ကို လေးထောင်ကျော် ငါးထောင်နီးပါး ရတာဆိုတော့ မဆိုးဘူးပေါ့ လို့တောင်တွေးမိသေးတယ်။ ညရောက်တော့ အကြီးကောင်ကသူ့ရဲ့ ကာယအား၊ ဥာဏအား၊ ပညာအားတွေနဲ့ ကြိုးစားပြီး ရလာတဲ့ လစာအကုန်လုံးကို အဖေ့ကို ကန်တော့ပါတယ် ဆိုပြီးတော့ ကန်တော့ပါလေရော။ ကြည့်လိုက်တော့ ရှစ်သောင်း။ အဲဒီတော့ ကျွန်တော်ကငါ့သား မင်းလစာက ဒါအကုန်ပဲလားဆိုတော့ဟုတ်တယ် အဖေတဲ့။အဲဒါတောင် ကျွန်တော်က ကံကောင်းလို့၊ ကျွန်တော့် သူငယ်ချင်းဆိုရင် company တစ်ခုမှာ sale engineer လုပ်တာ လစာ ခြောက်သောင်းပဲရတယ်တဲ့။ ကဲ ကြည့်ပေတော့။ ကျွန်တော်ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူးဗျာ။ စိတ်ထဲကတော့မင်းတို့လို အင်ဂျင်နီယာတွေ ရှိနေသရွှေ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ချမ်းသာပြီး နိုင်ငံတော်ကြီး အမြန်တိုးတက်လာမှာ အမှန်ပဲလို့တွေးမိတယ်။ ပြီးတော့လည်း ပန်းရံသမား (အလုပ်ကြမ်းသမား) တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အင်ဂျင်နီယာတွေ ဆိုပြီးတော့လည်း ဂုဏ်ယူရတာပေါ့လေ။

                                                        ဒီဖြစ်ရပ်မှာ ကျွန်တော် ဘယ်သူ့ကို အပြစ်တင်ရမလဲ မသိတော့ပါဘူးဗျာ။ဘာလို့လဲ ဆိုတော့  () အင်ဂျင်နီယာ ကျောင်းသားတွေကို စာတွေ့ရော အဓိက က လက်တွေ့ သင်ဖို့သင်ထောက်ကူ accessories တွေကို အလုံအလောက် ထုတ်မပေးနိုင်တဲ့ နိုင်ငံတော်ကိုပဲ အပြစ် တင်ရမလား။ ()လက်တွေ့ နဲ့ စာတွေ့ ကိုလည်းတွဲမသင်၊ မိမိကိုယ်တိုင်လည်း သေသေချာချာ တိတိကျကျ မသိ၊ ကျောင်းသားတွေကို အလွတ်ကျက်ဖြေ ခိုင်းတဲ့ ဆရာ၊ ဆရာမ တွေကိုပဲ  အပြစ် တင်ရမလား။ ()အင်ဂျင်နီယာတွေကို အလုပ်မှာ ခန့်ထားတယ်ဆိုပြီး မိမိလုပ်ငန်း ဂုဏ်တက်အောင် လုပ်တက်တဲ့၊ လစာကိုလည်း မကောင်းတက်လို့  မ၀ရေစာ ခြောက်သောင်း ခုနှစ်သောင်း ပေးတက်တဲ့၊ လုပ်ငန်း အတွေ့အကြုံ မရှိသေးလို့ဆိုပြီး အင်ဂျင်နီယာတွေကို general worker သာသာ အဆင့်ထား နှိမ်ပြီး နင်းကန် ခိုင်းတက်တဲ့၊ နိုင်ငံခြားသားတွေ ကိုသာ အထင်ကြီးပြီး မြန်မာအလုပ်သမား တစ်ယောက်ရဲ့ သုံးဆမကတဲ့ လစာတွေကို ပေးပြီး ခိုင်းတက်တဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကိုပဲ အပြစ် တင်ရမလား။ ()စာသင်တုန်း ကလည်း သေချာလိုက်မကြည့်၊ လက်တွေ့နဲ့လည်း တွဲပြီး မလေ့လာ၊ အပြင်အတွေ့အကြုံလည်း မရှာ၊ မသိတာကိုလည်း မမေး၊ ကျောင်းကို ယောင်ဝါးဝါးနဲ့ တက်လာပြီး စာကို အလွတ်ကျက်ဖြေလာတဲ့ ကျောင်းသားတွေကိုပဲ အပြစ် တင်ရမလား ဆိုတာ မသိတော့ပါဘူးဗျာ။ ကျွန်တော်က အရမ်းတက်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါနဲ့ လူကြီးမင်းတို့ကော ဘယ်လိုမြင်လဲ?

 

 

About nagar lay

nagar lay has written 3 post in this Website..