ရှေ့က” စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး I ” ရဲ့ အ ဆက်

 

 

သွင်းကုန်

ဇယား (၂) နဲ့(၅)

ဂျပန်ကအခြား နိုင်ငံတွေကနေ တင်သွင်းတာကိုလဲကြည့်ရအောင်၊

 

စီအိုင်အေမှတ်တမ်းက ဂျပန်ရဲ့သွင်းကုန် စီးပွါးဘက်ကြီး

( ၇) နိုင်ငံကို နှစ်စဉ်ရွေးနုတ် ဖော်ပြထားတာ၊

 

ဂျပန်သွင်းကုန်ကြ တော့ ယူအက်စ်အေ USA က နှစ်တိုင်း “ဒုတိယ”ဘဲလိုက်တာ၊

ဖျမ်းမျှအားဖြင့် (၁၁) % ဖြစ်ပြီး (ဒေါ်လာ ၆၇  ဘီလီယံ)တန်ဘိုး ပါ၊

တရုပ်နိုင်ငံက နှစ်တိုင်းထိပ်ဆုံးကဖြစ်တယ်၊

ဖျမ်းမျှအားဖြင့် နှစ်စဉ် (၂၁%) ဖြစ်ပြီး(  ဒေါ်လာ ၁၂၁ ဘီလီယံ) ဘိုး ပါ၊

ယူအက်စ်အေ ရဲ့ ၂ ဆ နီး ပါး တောင် ရှိတာ၊

 

ယင်းစီးပွါးဘက်ကြီး (၇) နိုင်ငံ ဇယား ကို ကြည့်ရင်လဲ

“အခြားအနောက်နိုင်ငံ” ရယ်လို့ တနိုင်ငံကမှ မတွေ့ရ ပါ၊

ငါးနှစ်စလုံး မှာ မတွေ့ပါ၊နှစ်တိုင်းပါဘဲ၊

 

ဇယား (၃) နဲ့(၆)

ပိုပြီးပေါ်လွင် နိုင်ဘို့ယူအက်စ်အေ USA ကို

အာရှ (၅) နိုင်ငံပေါင်း တို့နဲ့ထပ်မံယှဉ်လိုက်ရင်

အရမ်းကွာ တော့တာ၊

 

 

အာရှတိုက်ပေါင်းလိုက်ရင် ဖျမ်းမျှအားဖြင့်နှစ်စဉ်

 (၄၀.၅ %)ဖြစ်ပြီး ( ဒေါ်လာ ၂၃၈  ဘီလီယံ) ရှိလို့  

ယူအက်စ်အေ USA ရဲ့ သုံးဆ ခွဲ ကျော် တောင်ရှိတာပါ၊

 

(အိမ်နီးချင်း တရုပ်ပြည် တောင်ကိုရီးယား အင်ဒိုနီရှားအပြင်   ဆော်ဒီအာရေဗျ၊ ယူအေအီး တို့ပါဝင်တာ)

 

 

ဂျပန်ရဲ့တိုးတက်ဖွံ့ဖြိုးရေး အတွက်အရေးပါလှတဲ့ စီးပွါးဘက်အာရှ နိုင်ငံတွေလို့ပြောရင်မမှားပါ

ဆက်ရန်

About Kyaemon

Kyae Mon has written 706 post in this Website..

Likes to post news and educational items.