တနေ့သောအခါ အရက်သမားတစ်ယောက်သည် ရေချိန်မကိုက်ဘဲ အိမ်သို့ပြန်လာသည်။အိမ်တွင်

သူ့ယောက်ကထီးကြီးနှင့် သူနှစ်ယောက်တည်းနေသည်။ယောက်ကထီးကြီး၏ မျက်လုံးတဖက်မှာ

ကျောက်မျက်လုံးဖြစ်သည်။ကျောက်မျက်လုံး၏သဘောမှာ ညရောက်လျှင် ဖန်ခွက်ထဲတွင်

မျက်လုံးကိုရေစိမ်ထားရသည်။သမက်သည် အိမ်ပြန်ရောက်သောအခါ် ရေချိန်မကိုက်သေးသဖြင့်

ကျောက်မျက်လုံးထည့်ထားသော ဖန်ခွက်ကိုမော့လိုက်လေသည်။ထို့နောက် သုံး၊လေး ရက်ခန့်ကြာ

သောအခါ ၀မ်းသွားမရပေ။ထို့ကြောင့်  လိပ်ခေါင်းဆရာဝန်ကို သွားပြလေသည်။

ဆေးခန်းေ၇ာက်သောအခါဆရာဝန်ကို“ကျွန်တော်ဝမ်းမသွားလို့ပါ လေးရက်ရှိပါပြီ”။ထိုအခါ

ဆရာဝန်ကမှန်ပြောင်းဖြင့်ကြည့်လိုက်သည်။ထိုနောက်ဆ၇ာဝန်သည် မျက်လုံးပြူးပြီး အလွန်လန့်

သွားသည်။လူနာကဆရာဝန်အား“ဆရာကျွန်တော် ဘာဖြစ်တာလဲ ဆရာ ကြီးကြီးမားမားကိစဆိုရင်

ပြောသာ ပြောပါ အားမနာပါနဲ့ဆရာဟုပြောသည်”

ဆရာဝန်က “ကျွန်တော်လိပ်ခေါင်းရောဂါ ဆရာဝန်လုပ်လာတာ နှစ်နှစ်ဆယ်ရှိပြီ…

ကျုပ်ကြည့်လာတဲ့ဖင်တွေထဲမှာ ကျုပ်ကိုပြန်ကြည့်တဲ့ဖင်ဒီတစ်ဖင်ဘဲ တွေဖူးတယ်”တဲ့။

 

About linpin zaw

linpin zaw has written 9 post in this Website..