“ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာ သင်ယူခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ( B.I.A ) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလဲ လူ၊လက်နက် အင်အား တိုးတက်အောင်၊ စစ်ပညာရပ်များ မြင့်မားရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပြည်တွင်း ပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလဲ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အား တိုးချဲ့ တည်ဆောက်နိုင်ခဲ့တယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ တပ်မတော် ခေါင်းဆောင်များဟာ ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အဆင့်အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် စစ်ကျောင်းကြီးများ နဲ့ လေ့ကျင့်ရေး ကျောင်းကြီးများကို အဆင့်မြှင့်ခြင်း ၊ ဖွင့်လှစ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စတင်တည်ထောင်ပေးခဲ့တဲ့ ဒို့တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့် ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာ ကို ကျေးဇူးတင် ထိုက်စွာ မြင်တွေ့  ရမှာ ဖြစ်တယ်။”

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ စစ်ရေးပြ မိန့်ခွန်းမှ ကောက်နုတ်ချက် ဖြစ်ပါတယ်။ မတူတာကိုအတင်းတူခိုင်းနေတာတော့တမျိုးကြီးပဲလားလို့။ မြန်မာ့လွပ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ လူသတ်သမား.လူသတ်တရားခံ သူခိုးဒမြ ၂ယောက် ကိုဘာ့ကြောင့်များတတန်းထဲထားရတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ပြောင်းလဲနေတယ်၊ အပြောင်းအလဲကိုချီတက်နေတယ်ဆိုပေမဲ့ အရှိန်အ၀ါကျန်နေသေးတယ်။ လွန်ဆန်လို့ မရသေးဘူးဆိုတာဖေါ်ပြနေတယ်လို့ယူဆမိပါတယ်။ တကယ်ဆိုရင် ဒီတပ်မတော်နေ့ ( တော်လှန်ရေးနေ့ ) ဟာ ဘယ်ကနေစဖြစ်လာတာလဲ၊ ဘယ်သူ့ကြောင့်လဲဆိုတာသိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး သူ့ပထွေးတွေကို အတင်းဘာလို့ဆွဲထည့်နေလဲမသိတော့ပါဘူး။ မနှိုင်းအပ်မနှိုင်းရာကိုအတင်းနှိုင်းနေတော့ သူတို့တွေဟာအရှက်မဲ့နေကြတုန်းပဲလို့ထင်မိပါတယ်။ သူတို့ကိုမလိုလားမှန်းသိသိကြီးနဲ့ တိုင်းပြည်ကိုတိုက်ရိုက်ထုပ်လွင့်တဲ့ အခမ်းအနားမှာ ဘာသဘောနဲ့များဒီနာမည်တွေထဲ့ပြောသွားရတာလဲ။ စဉ်းစားပေးစေလိုပါတယ်။

 

About မွသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011