“အရက်ကို ကြိုက်လို့ သောက်တဲ့သူ.. စိတ်ပျော်တတ်လို့ သောက်တဲ့သူ”

TTNUApril 8, 20123min32358

The following poem was published anonymously in one of the early editions.
အောက်ပါကဗျာလေးကို အစောပိုင်းစာများထဲမှ အမည်မသိ
စာရေးဆရာတစ်ဦးရေးသားထားသည်ကို ထုတ်ဝေခဲ့ပါသည်။
Ref: Peter Dainty (1996): Express Proficiency

I drank for happiness and became unhappy.
I drank for joy and became miserable.
I drank to be outgoing and became self-centred.
I drank to be sociable and became argumentative and lonely.
I drank for friendship and made enemies.
I drank for sleep and awakened without rest.
I drank to soften sorrow wallowed in self-pity.
I drank for strength and felt weak.
I drank medicinally and got sick.
I drank for relaxation and got the shakes.
I drank for confidence and became uncertain.
I drank for courage and became afraid.
I drank for assurance and became doubtful.
I drank to stimulate thought and blacked out.
I drank to make conversation and my speech was slurred.
I drank for warmth and lost my cool.
I drank for coolness and lost my warmth.
I drank to feel heavenly and came to know hell.
I drank for power and became powerless.
I drank to ease problems and saw them multiply.
I drank to cope with life and invited death.

ဒီကဗျာလေးကို ကျမ ဖတ်မိတဲ့အခါ ရွာထဲက ပို့စ်မှာတင်ဦးမှပဲလို့ စိတ်ကူးတွေ
မိုးပြိုတောင်ပြိုကျလာတော့တာပါပဲ။ တစ်ခုတော့ရှိတယ်နော်၊ ကျမ အရက်သမား
ဆန့်ကျင်ရေးသမားမဟုတ်ဘူး။

အင်္ဂလိပ်စာ အရေးအဖွဲ့ ပုံစံနဲ့ အရက်သောက်ခြင်း တွဲပြီးဖတ်လို့ ကောင်းမယ်
ထင်လို့ တင်တာပါ။ ကျမရဲ ့ ကနဦး တောင်းဆိုချက်က အရက်သောက်တာကောင်းတယ်
မကောင်းဘူး ဆိုတဲ့ ကိစ္စ ကျမကို ဘာမှ complain မတက်စေချင်ပါ။
အရက်မူးပြီး မဆူညံတဲ့ ၊သဘောမပုပ်တဲ့ အရက်သမားများကို “cool” ပါနော်။
“သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”
ဆိုပြီး ကျမ အသေအချာ ထိန်းသိမ်းဆောက်တည်လိုု့ မစောင့်ထိန်းသူတွေနဲ့
ဆန့်ကျင်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ ထောက်ခံတာတော့မဟုတ်ဘူးနော်။

ဟုတ်ပါပြီ၊ ကဗျာလေး ခံစားကြည့်ကြရအောင်နော်။

(1) I drank for happiness and became unhappy.
ပျော်ဖို့သောက်ခဲ့ပါတယ်၊
မပျော်ဘူးဖြစ်ခဲ့ပါရဲ ့။

(2) I drank for joy and became miserable.
ရွှင်ဖို့သောက်ခဲ့ပါတယ်၊
(စိတ်) ရှုပ်စရာဖြစ်ခဲ့ပါရဲ ့။

(3) I drank to be outgoing and became self-centred.
ပွင့်ပွင့်လင်းလင်း ပြောဖို့ဆိုဖို့သောက်ခဲ့ပါတယ်၊
မြိုသိပ်စရာ ဖြစ်ခဲ့ပါရဲ ့။

(4) I drank to be sociable and became argumentative and lonely.
ပြောလို့ဆိုလို့ ကောင်းအောင် သောက်ခဲ့ပါတယ်၊
ငြင်းခုန်ပြောဆိုကာ အထီးကျန် ဖြစ်ခဲ့ ပါရဲ ့။

(5) I drank for friendship and made enemies.
မိတ်ဖြစ်ဆွေဖြစ် သောက်ခဲ့ ပါတယ်၊
ရန်သူတွေဖြစ်ခဲ့ပါရဲ ့။

(6) I drank for sleep and awakened without rest.
အိပ်ပျော်ဖို့ သောက်ခဲ့ပါတယ်၊
အိပ်စက်မပျော် တစ်ချက်အနားမရခဲ့ ပါကွဲ့။

(7) I drank to soften sorrow and wallowed in self-pity.
ကြေကွဲမိုးတိမ် စိုးရိမ်တာတွေဖြေဖို့ သောက်ခဲ့ပါတယ်၊
ကိုယ့်ကိုယ်ကိုပင် ရင်မှာသနားမဆုံးဖြစ်မိပါရဲ ့။

(8) I drank for strength and felt weak.
ခွန်အားတိုးဖို့သောက်ခဲ့ပါတယ်၊
အားကုန်ချိနဲ့ ခံစားခဲ့ရပါရဲ ့။

(9) I drank medicinally and got sick.
ဆေးဖြစ်ဝါးဖြစ် သောက်ခဲ့ပါတယ်၊
မကျန်းမာ နာတာရှည်ဖြစ်ခဲ့ပါရဲ ့။

(10) I drank for relaxation and got the shakes.
စိတ်နားကိုယ်နားဖို့ သောက်ခဲ့ပါတယ်၊
တုန်ကာရီကာဝေဒနာဖြစ်ခဲ့ပါရဲ ့။

(11) I drank for confidence and became uncertain.
ယုံကြည်မှုရှိအောင် သောက်ခဲ့ပါတယ်၊
မသေမချာဇဝေဇဝါဖြစ်ခဲ့ပါရဲ ့။

(12) I drank for courage and became afraid.
ရဲဆေးတင်မလားလို့ သောက်ခဲ့ပါတယ်၊
ကြောက်အားတွေပိုခဲ့ပါရဲ ့။

(13) I drank for assurance and became doubtful.
စိတ်ချလက်ချရှိမလားလို့ သောက်ခဲ့ပါတယ်၊
ကြောက်အားတွေပိုခဲ့ပါရဲ ့။

(14) I drank to stimulate thought and blacked out.
တွေးအားတွေကောင်းမလားလို့ သောက်ခဲ့ပါတယ်၊
မတွေးအား နဝေတိမ်တောင် ဖြစ်ခဲ့ပါရဲ ့။

(15) I drank to make conversation and my speech was slurred.
ပြောကောင်းဆိုကောင်းအောင် သောက်ခဲ့ပါတယ်၊
လျှာလေး အာလေးတွေ ဖြစ်ခဲ့ ပါရဲ ့။

(16) I drank for warmth and lost my cool.
နွေးနွေးထွေးထွေး ဖြစ်မလားလို့ သောက်ခဲ့ပါတယ်၊
စိတ်တွေတို ဒေါတွေထ ခဲ့ပါရဲ ့။

(17) I drank for coolness and lost my warmth.
အေးဆေးမလားလို့ သောက်ခဲ့ပါတယ်၊
ရန်လို ကာဒေါပွမိခဲ့ပါရဲ ့။

(18) I drank to feel heavenly and came to know hell.
ဇိမ်ကျမလားလို့သောက်ခဲ့ပါတယ်၊
ငရဲခန်းအလား ခံစားမိခဲ့ပါရဲ ့။

(19) I drank for power and became powerless.
အရှိန်ရမလား သောက်ခဲ့ပါတယ်၊
စွမ်းဆောင်အား မဲ့ခဲ့ပါရဲ ့။

(20) I drank to ease problems and saw them multiply.
ပြဿနာတွေငြိမ်းမလား သောက်ခဲ့ပါတယ်၊
ထိန်းမရအောင်အဆတွေ ပွားမိပါရဲ ့။

(21) I drank to cope with life and invited death.
ဘဝလေးရှင်သန်နေခြင်းကို သိပ်မျှော်မိ်လို့ သောက်ခဲ့ပါတယ်၊
ခဏလေး မရှင်နိုင် သေမင်းကို ဖိတ်ခေါ် လိုက်မိပါရဲ ့။

ကဗျာလေးကိုဖတ်ပြီး သင်္ကြန်တွင်းမှာ အတွေးတွေပွားနိုင်ကြစေရန် စေတနာမှန်ဖြင့်
တင်လိုက်တဲ့ Post ကလေးဖြစ်ပါတယ်။

58 comments

  • TTNU

    April 8, 2012 at 7:57 pm

    အရက်ကိုကြိုက်လို့သောက်တဲ့သူ
    စိတ်ပျော်တတ်လို့သောက်တဲ့သူ
    စိတ်ညစ်တဲ့အမူးသမား။

    ညနေစောင်းတော့ပြောင်းလဲပြီ
    စိတ်ဆန္ဒက တောင်းသေးပြီ
    သောက်ပစ်လိုက်မယ် အရက်များများ။

    နေပါစေဖြစ်တိုင်းလည်း
    ကြွေပါစေ အသည်းလေး
    ငိုမယ်လေရှိုက်ပြီးဆွေး
    သိုင်းကွက်နင်းပြီးလျှောက်လို့သာသွား။

    မူးလာတိုင်းလည်းမလဲပါ
    ရှေ ့မှာဆူးခင်းလမ်းကမ ္ဘာ
    သောက်ပစ်လိုက်မယ် အရက်များများ။

    အဆိုတော်စိန်ဝင်းထွန်းဆိုခဲ့တဲ့ သီချင်းခေါင်းစဉ်ကို
    ယူသုံးမိတာမို့ သူ့သီချင်းလေးမှတ်မိသလောက်ပြန်ရေးပြီး
    Credit ပေးရပါတယ်။

  • Khin Latt

    April 8, 2012 at 8:34 pm

    တီချယ်ကြီးရေ
    အချိန်အခါ နဲ့လိုက်ပြီး တကဲ့ ကို ပညာရှိ ဆိုဆုံးမမှုပါဘဲရှင်။
    အလွန်အကျွံ သောက်တတ်ရင်တော့ တကဲ့ကို သေတွင်းတူးတာပါဘဲ။
    တီချယ်ကြီး ကို ဖတ်ပြီး သတိတရား ရသွားမဲ့ သူတွေ အများကြီးရှိမှာပါ။
    တီချယ်ကြီး စေတနာ၊ မေတ္တာအတွက် ကျေးဇူးပါဘဲ။ 🙂

    • TTNU

      April 8, 2012 at 8:55 pm

      မလတ်ရေ…
      ကနဦးစာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်။
      မလတ်ရေ.. တီချာဒီကဗျာလေးဖတ်မိလိုက်ချင်မှာပဲ
      သောက်သုံးသူတွေ အတွက်ရေးချင်စိတ်ပေါက်သွားတယ်။
      မနှစ်မြို ့မှာလည်း စိုးရိမ်မိပါတယ်။ :mrgreen:

  • Win Ko

    April 8, 2012 at 8:39 pm

    It make me think a lot why people drink for many reason. For me only one, I like it so i drink it.

    • TTNU

      April 8, 2012 at 8:59 pm

      ကိုဝင်းကိုရှင့်…
      တစ်ခါမှ မန်းတာမတွေ့ဘူးတော့
      ရွာသားအသစ်လေးထင်ပါတယ်။
      ကြိုက်လို့သောက်တာလား
      သောက်လို့ကြိုက်တာလား
      စဉ်းစားပါနော်။ 😛
      မေတ္တာဖြင့်
      တီချာ

  • alinsett

    April 8, 2012 at 9:08 pm

    မသောက်တတ်ပေမယ့်….မှတ်သား.သွားပါရဲ ့ ။

  • Khin Chan Thar

    April 8, 2012 at 9:27 pm

    I Love to read this blog,teacher. Thanks 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2012 at 9:41 pm

    TT ဂဒေါ့ လုပ်B လုပ်B
    ဂုဘဲ ခပ်မှန်မှန်လေးနဲ့ ဘူ့ဂို ပြဿနာလိုက်ဆာရင် ကောင်းမလဲဆိုပျီး
    ရွာထဲဝင်လာဒါ
    ရွာဇာတ်ပွဲတွေရဲ့ လုံခြုံရေး ဂိတ်ထဲမှာရေးထားတဲ့
    ခြောက်ပေါက် ( ထိပ်တုံး ) က သင့်ကိုကြိုဆိုနေပါသည် ဆိုဒဲ့ ဆိုင်းဘုတ်တွေ့လိုက်ရသလို
    ဂယ်
    ကြက်သိန်းဒွေ ဗျန်းဗျန်းထဒယ်
    အခြားနေ့ရေးဘာလား
    တွား
    TT့ ဂို ခေါ်ဒေါ့ဝူး 😀 😀 😀

    • TTNU

      April 8, 2012 at 9:54 pm

      ကိုဘုရေ…
      တီချာ ဟိုး Intro မှာကတည်းကပြောပြီးသားနော်။
      အရက်မူးပြီး မဆူညံတဲ့ ၊သဘောမပုပ်တဲ့ အရက်သမားများကို “cool” ပါနော် လို့။
      နောက်နေ့တွေကျရင် မယ်ဒီတေးရှင်း သွားပြီကွဲ့။

      Please don’t get mad at me.
      မခေါ်ဘဲနဲ့တော့မနေပါနဲ့၊ ငါ့မှာ သူငယ်ချင်းသိပ်မရှိလို့ပါဟဲ့။
      တရားစခန်းကပြန်လာရင် ပုလင်းတွေယူခဲ့မယ်နော်။ (ဖျော်ရည်ပုလင်းတွေ) 😆

  • TTNU

    April 8, 2012 at 9:41 pm

    ကို အလင်းစက်ရေ…
    မသောက်တတ်ပေမဲ့ မှတ်သားသွားတာကိုက ဟုတ်နေတော့တာ။

    မခင်ချမ်းသာရေ…
    ကနဦး Comment No.(1) နဲ့ အားပေး ဖတ်ရှုသွားတာကို ကျေးဇူးတင်စရာပါ။
    အရက်အတွက်ဗဟုသုတ မယူပေမဲ့ Language အတွက်မှတ်သွားမယ်လို့ မျှော်လင့်ပါတယ်။

    မေတ္တာဖြင့်
    တီချာနု

  • မာမီရေ ဒုတိယအကြိမ်မန်းခြင်း
    ပထမတစ်ခါမန်းတာပျောက်သွားလို့။
    ဟိုးရှေးခေတ်နှစ်ပေါင်းများစွာကတည်းက ဒီ (သူရာ)လို့ခေါ်တဲ့အရက်ဟာ အခုအချိန်ထိရှိနေတာ
    ဒီမိုကရေစီကျကျ စဥ်းစားရင်းကောင်းလို့ပေါ့လို့ပြောနိုင်ပါ၏။
    သို့သော်
    အရက်+အလွန်အကျွံ+ညံ့ဖျင်းသောဦးနှောက်=ဆင်ခြင်တရားမဲ့ခြင်း=အရာရာပျက်စီးစေခြင်း ဆိုတဲ့ရလဒ်ကို
    ရလာတော့ မကောင်းဘူးလို့သတ်မှတ်ကြပြန်ပါ၏။
    အရက်+အနည်းအကျဥ်း+ဆင်ခြင်နိုင်သောဦးနှောက်= ?????????????????ဆိုတာကို သိချင်စမ်းပါ၏။

    • TTNU

      April 8, 2012 at 10:18 pm

      ကိုပေါက်ရေ…
      (အရက်+အနည်းအကျဥ်း+ဆင်ခြင်နိုင်သောဦးနှောက်= ?????????????????ဆိုတာကို သိချင်စမ်းပါ၏။)
      အဖြေ= အရက်+ အနည်းအကျဉ်း+ဆင်ခြင်နိုင်သောဦးနှောက်= ကျန်းမာ၍
      သွက်လက်သော ပုဂ္ဂိုလ် :mrgreen:

  • pooch

    April 8, 2012 at 10:13 pm

    တီချယ် ရေ အဖေအပါအဝင် အဖေတို့ ညီအစ်ကို ၄ ယောက်လုံးဟာ အသက် ၃ဝ ကျော်လောက်မှာပဲ
    ( အရွယ်ကောင်းတုန်း )အလွန်အကျွံသောက်သုံးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသဲဆိုတဲ့ ရောဂါ အမည်တပ်ပြီး ကျောက်ကပ်တွေပါ ပျက်စီးပြီး ကျိန်စာသင့်သလို ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ပါတယ်။

    ဒါကြောင့်မို့ အရက်ရဲ့ ဝေဒနာကို အနော်က သူများတွေထက်ပိုပြီး ခပ်ရှရှလေး မြင်ဖုူးခဲ့တဲ့သူတယောက်ပါ။

    မျက်စိရှေ့မှာ အလွန်အကျွံသောက်တဲ့ အရက်သမားမြင်ရင် စိတ်မကောင်းဖြစ်မိပါတယ်။ တဘဝစံတွေပါလား လောကကြီးကို စောစောစီးစီးစွန့်ခွာတော့မယ့်သူတွေပါလား လို့ ။ နောက်သူ့နောက်ကွယ်က မိသားစုလည်း ဘယ်လိုများနေမှာပါလိမ့်ဆိုတဲ့ အတွေးမျိုး ဖြစ်မိပါတယ်။ 🙁

    ကိုယ်ကသာတွေးတာတီချယ် သူတို့ကတော့ ပျော်နေတာပါပဲ။ သောက်နေရရင် ပြီးရောဆိုတဲ့ လူမျိူးတွေပေါ့။

    by the way, teacher we can pass the hard… although there are something to solve.
    relax now. ………cheers!!!!!!!!!!!!!!!!

    • TTNU

      April 8, 2012 at 10:24 pm

      ီDear Pooch,
      (အရက်ရဲ့ ဝေဒနာကို အနော်က သူများတွေထက်ပိုပြီး
      ခပ်ရှရှလေး မြင်ဖုူးခဲ့တဲ့သူတယောက်ပါ။) 🙁

      အစစ အိုကေသွားပြီဆိုလို့ ရင်ပေါ့သွားပါပြီ။

    • Swal Taw Ywet

      April 8, 2012 at 11:02 pm

      Dear sister, Pooch,
      Good news.
      If you could not smile, we also could not smile.
      Because we all are from MG family, Right?
      Please share our loving kindness to you and your surrounding.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • kyawtheinmyint 23

    April 8, 2012 at 10:18 pm

    မင်ကလာပါ ဆရာမခဗျာ ကျနော်ကတော့ ကြိုက်လို့သောက်ရာကနေ သောက်ရင်းစွဲသွားမှာစိုးလို့ သတိထားဆင်ခြင်ပြီး သောက်နေပါတယ်၊ စိတ်ညစ်လို့ဆိုပြီး တခါမှ မသောက်ခဲ့ပါဘူး ကြိုက်လို့သာ သောက်ရင်း သောက်ရင်း ပုလင်းလဲ လူမလဲ၊လူလဲ ပုလင်းမလဲနဲ့ ပင်ပန်းတဲ့ နေ့တွေကို ကြော်ဖြတ်ရင်းးးးးးးးးးးးးးးးးးး အရက်အကြောင်းနဲ့ ပါတ်သက်တဲ့ပိုစ့်ကြမှ ဆရာမကိုကွန်မဲင်းပေးမိတဲ့ အတွက်လဲ တောင်းပန်ပါတယ်။

    • TTNU

      April 8, 2012 at 10:38 pm

      ကျော်သိန်းမြင့်ရေ…
      ပင်ပန်းလို့သောက်တာသဘောပေါက်ပါတယ်။
      ဘယ် Pattern နဲ့သောက်သောက်ပါ။
      ကိုယ့်ဇာတ်ကိုယ်နိုင်ရင် ကောင်းပါတယ်။

      တီချာတို့လမ်းထဲမှာ အရမ်းပေါက်နေတဲ့ ကိုမူးတစ်ယောက်ရှိတယ်။
      အရင်က အတော်ရုပ်ဖြောင့်တဲ့ မော်တော်ပီကယ်တဲ့။
      အခု မူးရုံသာမက စိတ်လည်းမမှန်တော့တာမို့ သူ့မိန်းမ နောက်အိမ်ထောင်
      ပြုသွားတာတောင်မသိဘူးတဲ့။

      ဆင်ခြင်နိုင်စရာသာဓကပါကွယ်။
      Comment လေးအတွက် ကျေးဇူးပါကွယ်။
      မေတ္တာဖြင့်
      တီချာနု

  • မာမီရေ
    တကယ်တန်းပြောရရင်တော့ သောက်မိပြီဆိုရင်
    ပုလင်းများထဲ တစ်စက်မကျန်သောက်တဲ့သူတွေသာများများလာတယ်။
    ဒီလောက်ဘဲသောက်မယ် တော်ပြီဆိုသူက ခပ်ရှားရှား။
    ဆင်ခြင်နိုင်သောဦးနှောက်ရှိပေမယ့် မလွန်အောင် ရပ်နိုင်တဲ့ သူကရှားပါတယ်။
    ထို့ကြောင့်……………………

  • ကြောင်လေး

    April 8, 2012 at 10:43 pm

    ကျနော်အခုပဲ အရက်သောက်ပြီးပြန်လာရာကနေ လိုင်းပေါ်တက်လိုက်တယ်။
    ဆရာမကြီးရေ ……….ဆရာမကြီးဟာ ကျနော်ထက် အသက်အရာမှာရော၊ အတတ်ပညာအရာမှာရော ကြီးမြတ်မယ်ဆိုတာ သံသယမရှိပါဘူး။
    ဘဝမှာ မုန့်ဝေတော့မပါဘူး ၊ဒုတ်ဝေတော့ပါတယ်ဆိုတဲ့စကားတွေကြားဖူးမှာပေါ့၊
    အလုပ်ထဲမှာ ထိုးချခံရမဲ့ဘဝတွေအတွက် စိတ်ညစ်လို့……….
    စီးပွားရေးကျဆင်းတဲ့အတွက် စိတ်ညစ်လို့…………..
    စီးပွားရေးကျဆင်းမှုရဲ့နောက်မှာ ကပ်ပါလာတဲ့ အိမ်ထောင်ရေးအဆင်မပြေမှုအတွက်စိတ်ညစ်လို့ ……….
    ဘာအတွက်…ညာအတွက် စိတ်ညစ်လို့……………စိတ်ညစ်လို့………………….
    အဲဒီစိတ်ညစ်မှုတွေကို ပျော်အောင်လု့ိ သောက်ခဲ့တာတွေ…………….
    ဆရာမကြီးရဲ့စာတွေ ဖတ်လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရမှန်းမသိဘူး၊
    ဒီစာကိုဖတ်ရင်းနဲ့ ဆရာမကြီးရှိမဲ့နေရာကိုမှန်းဆပြီး ကွန်ပျူတာမော်နီတာကိုမျက်နှာမူပြီး
    လက်၊ခြေ ၊နဖူး၊ တတောင်၊ဒူး ၊ ဆိုတဲ့ထိခြင်းငါးပါးကို အာရုံမှာ မှတ်ပြီး (လက်အုပ်ချီမိုးလို့ ) ကန်တော့လိုက်ပါတယ်ခင်ဗျာ၊

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 9, 2012 at 9:27 am

      လူကြီးမင်းသောက်ခဲ့တဲ့ဆိုင်က
      အရက်စစ်ပုံရဒယ်
      ဘယ်ဆိုင်ကလည်းဆိုတာလေး
      တစ်ဆိတ်လောက်

    • TTNU

      April 9, 2012 at 10:09 am

      ကြောင်လေးရေ…
      အကြောင်းရှာတော့ ခေါင်းမှာချာချာလည်….
      ဖြစ်နေပြီလားကွယ်။

      သာဓုပါတော်။
      ချမ်းမြေ ့ပါစေ။

  • အဆက်အသွယ်ပြတ်နေတဲ့ တစ်လ အတွင်း တီချယ်ကြီးပို ့စ်မှာဝင်ကွန်မန် ့ပေးသွားပါတယ်။
    အရမ်းကောင်းပါတယ် တီချယ်။

    (1) I drank for happiness and became unhappy.
    ပျော်ဖို့သောက်ခဲ့ပါတယ်၊
    မပျော်ဘူးဖြစ်ခဲ့ပါရဲ ့။
    (2) I drank for joy and became miserable.
    ရွှင်ဖို့သောက်ခဲ့ပါတယ်၊
    (စိတ်) ရှုပ်စရာဖြစ်ခဲ့ပါရဲ ့။

  • Swal Taw Ywet

    April 8, 2012 at 11:11 pm

    Dear Teacher, TTNU,
    Thanks for your reminding.
    For me, I don’t drink any အရက် in my whole life.
    Even Beer and Palm Juice also, I did not.
    So easy…
    ( By the way, how can we call in English, Htann Yay Kharr ?? ).
    But I saved this post to share others.

    With respect,
    Swal Taw Ywet.

    • TTNU

      April 9, 2012 at 10:19 am

      Dear Swal Taw Ywet,
      You said,”Even Beer and Palm Juice also, I did not.”

      Maybe you don’t know how much tasty the toddy is.
      I mean the sweet one. While we were on volunteer trip,
      we were offered to have rice and sweet toddy for our breakfast.
      We didn’t like the smell,at first, of toddy: the sweet or the bitter.
      Later the sweet one became our delight.

      Anyway, thanks for reading this writing.
      TTNU.

  • twotwo70

    April 9, 2012 at 7:03 am

    တစ်ယောက်ကျန်ပါသေးတယ်ချာမရေ…
    ဂဒေါ့နော်…ကျွန်တော်လည်း..မူးမူးနဲ့ဆိုက်ထဲဝင်လာရင်း..ချာမပို့စ်ကိုတန်းတွေ့တော့
    ….နည်းနည်းမန့်လိုက်မိတယ်…
    တစ်ယောက်ကျန်ပါသေးတယ်ချာမ…ဂဒေါ့ ဂဒေါ့

  • ဖားသက်ပြင်း

    April 9, 2012 at 7:21 am

    တီချာဂျီးချင့် ..
    ဂီက မိုးရွာတဲ့နေ့ ရယ် မိုးမရွာတဲ့နေ့ရယ်ဆိုပြီး
    တလမှာ ၂ရက်ပဲ သောက်တာပါချင့်…
    😀

    ခင်တဲ့
    ဂီ

    • char too lan

      April 9, 2012 at 3:31 pm

      ရွာထဲက အာကိုဂျီးတစ်ယောက်လဲ ပြောဖူးဒယ်
      တူဂ မီးလာတဲ့အချိန်နဲ့ မီးမလာတဲ့အချိန် နှစ်ချိန်ပဲသောက်တာပါတဲ့ 😛

      • Thel Nu Aye

        April 9, 2012 at 3:58 pm

        အသိတယောက်ကပြောပါတယ်။ ဆေးဖြစ်ဝါးဖြစ် တဇွန်းပဲသောက်ပါတယ်တဲ့ ( ယောက်ချိုဇွန်း )

      • R Ga

        April 10, 2012 at 9:24 am

        ချားတူးနော်……..တူညား စကားတွေ ကို လျောက်ပြောနဲ့ …။ ဂေ့ အခုဆို မသောက်တာ နည်းနည်းကြာပြီ..။ ဂေ့ ….

  • ကြောင်ကြီး

    April 9, 2012 at 7:43 am

    သဂျီး drank for cheap but paid high bill any liquor is expensive at the strip bar. 😆

    • TTNU

      April 9, 2012 at 10:30 am

      ဦးကြောင်နော်…
      စထရစ်ဘားဆိုတာ ထဘူးဝပ်ဒ်လေ။
      ရှုး တိုးတိုး…

    • kai

      April 9, 2012 at 2:14 pm

      ဟုတ်တာပေါ့…
      တဒေါ်လာလောက်တန်တဲ့… ဘီယာကို … ၁၅ဒေါ်လှတောင်းတယ်လေ..
      အင်း..
      ၃ဆတိုးပြီး.. ဂိုးလ်လေဘယ်ကိုပဲဝယ်… . တလလောက်အချိန်ဆွဲသောက်တော့မယ်..

      ပြောရရင်.. ကျုပ်ကတော့… အရက်ကို ပျော်လို့.. အတွေးအမြင်ကွန့်မြူးလွယ်အောင် ပဲ.. ရည်ရွယ်ပြီး…သောက်တယ်..
      တခါတလေ.. အလုပ်လုပ်စရာရှိရင်.. အရက်နဲ့.. လဖက်ရည်နဲ့တွဲသောက်တယ်… 😆

      အလွန်အကျွံ ကတော့.. အရက်မှမဟုတ်.. ရေတောင်… သောက်၍မရ..။ :mrgreen:

  • kyeemite

    April 9, 2012 at 9:10 am

    ကျွန်တော်နဲ့ စနေနေ့ညနေကသောက်ခဲ့တဲ့ရွာသားတွေ
    တစ်ယောက်မှ လာမမန့်ကြသေးဘူးတီချယ်ရေ…
    ဆုံးမပေးပါအုံး…
    —————————————–
    ဟေ့ကောင် ကြီးမိုက်..မင်း မကြီးမငယ်နဲ့
    ရွာသားတွေကို အရက်သမားဖြစ်အောင်
    လုပ်နေတာကို ရပ်တန်းကရပ်စမ်း…
    ————————————-
    ဟုတ်ကဲ့ ခင်ဗျ..ဆင်ခြင်ပါ့မယ်…

    • သူရဇော်

      April 9, 2012 at 11:10 am

      လေးလေး ကြီးမိုက်ရေ တီချယ်ကြီး သင်ကြားတာတွေအားလုံး နာယူမှတ်သား သွားပါတယ်ခင်ည…….

  • TTNU

    April 9, 2012 at 10:26 am

    twotwo ရေ…
    မူးရင် မမောင်းနဲ့နော်။

    မောင်ဂီရေ…
    နှင်းကျတဲ့နေ့မှာရော?
    Smoggy dayမှာရော?
    😛

    ကိုကြီးမိုက်ရေ…
    ကြီးမှမိုက်တာလား?
    ငယ်ငယ်လေးထဲက မလိမ္မာတာလား?
    😆

    မေတ္တာဖြင့်
    တီချာနု

  • blackchaw

    April 9, 2012 at 10:27 am

    တီချယ်ကြီးခင်ဗျာ။
    အရက်တော့ သောက်ပါတယ်။
    အရက်သမားတော့ လုံးဝမဟုတ်တာ သေချာပါတယ်။
    ဆင်ခြင်သင့်တာလေး တွေ ရေးပြထားတဲ့အတွက် ကျေးဇူးပါ ဆရာမကြီးခင်ဗျာ။
    ကျွန်တော် သင်္ကြန်တွင်း ဆရာမကြီးကို ရေလောင်းချင်ပေမယ့်
    ဒီနှစ်တော့ မန္တလေး မရောက်လို့ နောက်နှစ်မှ ရေလောင်းပါတော့မယ်ခင်ဗျာ။
    ပုဂံမှာ သင်္ကြန်ကျပါမယ်ခင်ဗျာ။
    အကုသိုလ်ကြီးတယ်ပြောရင်လည်း ခံရမှာပါ။
    ဘုရားတွေကြားမှာ အရက်မသောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါမယ်။
    ဆရာမကြီး ကျန်းမာပါစေ။
    လေးစားစွာဖြင့်
    ဘလက်။

  • blackchaw

    April 9, 2012 at 10:29 am

    လက်မလေး တစ်ချောင်း အတွက် နောက်ထပ်တစ်ဆယ်
    လာပြန်ယူတာပါ ဆရာမကြီး ခင်ဗျာ။
    😀

    • TTNU

      April 9, 2012 at 10:42 am

      ကိုချောရေ…
      အရက်ကိုကြိုက်လို့ ရပါတယ်။
      ဆင်ခြင်နိုင်ရင် ကြိုက်ပါကွယ်။
      ပုဂံမှာ အရက်မသောက်ရတဲ့ နေရာမရှိပါဘူး။
      ဘူဖေးဆိုင်တွေမှာလည်းသောက်နေကြတာပါပဲ။
      ဟိုတယ်တွေမှာလည်းသောက်နေကြတာပါပဲ။
      ဘုရားတွေ နေ့ပိုင်းလျှောက်ဖူးတဲ့ အချိန်သာ မသောက်နဲ့ပေါ့။
      ငရဲမကြီးပါဘူး ကိုချောရယ်။

      ဆင်ခြင်နိုင်ဖို့သာလိုတာပါ။
      မေတ္တာဖြင့်
      တီချာနု

  • FattyCat

    April 9, 2012 at 10:57 am

    တီချာရေ-
    ဦးဘလက်ကြီးပြောသလို အရက်သမားတော့မဟုတ်ပါဘူး…ဦးဘလက်ကြီးနဲ့ အတူတူတစ်ရက်ပဲသောက်ဖူးသေးတာပါ…
    အချိန်မီ ဆုံးမတဲ့အတွက် သင်္ကြန်တွင်း မသောက်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • TTNU

      April 9, 2012 at 11:26 am

      ကိုဖက်ရေ…
      သင်္ကြန်မှာ တရားစခန်းမဝင်ဖြစ်တဲ့ အမျိုးသားအများစုဟာ
      အရက်သောက်လေ့ရှိကြပါတယ်။ ( အားလုံးမဟုတ်ပါ)
      ဒီတော့ ရှင်လည်း သင်္ကြန်တွင်း မသောက်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်…
      တွေဘာတွေနဲ့ ချုပ်မထားပါနဲ့၊ အိမ်မှာသောက်၊ ရန်မဖြစ်ရင် အဆင်ပြေမှာပါ။ရပါတယ်။
      ကုသိုလ်မရမှာတော့ ………… 😛

  • အမတ်ဒိန်

    April 9, 2012 at 12:10 pm

    တီချယ်ရေ..မင်္ဂလာပါ
    အရက်သောက်(တတ်)လေ့ရှိပါတယ်..
    ပိုပြီးသောက်တတ်အောင်..တီချယ့်စာကို..ပါဆယ် ဆွဲသွားပါတယ်…
    အရက်သောက်မိတိုင်း မမေ့မလျော့ မြည်းလိုက်ပါ့မယ်..

    လေးစားမှုဖြင့်

  • kokothandar

    April 9, 2012 at 3:51 pm

    ွွှွှှTTNU ရေ အရက်သောက်သက် ၃၆နှစ်ရှိနေပါပြီ အရက်ကြောင့်-အရက်ကြောင့်စိတ်ညစ်ရတဲ့ရက်ပေါင်းက
    ရက်၃၀ဝတောင်မပြည့်တော့အိမ်က ဟာမကြီးနဲစာရင် တော်တော်အဆင်ပြေနေပါတယ် ယမကာလေးနဲ့
    နေချိန်လေးတွေအတွက်တွေးနေရင်း ပျော်နေပါရစေ အိမ်ကဟာမကြီးကိုသာ မယ်သီလရင်ဖြစ်အောင်
    စည်းရုံးပေးပါ ယမကာနဲ့ kokothandarရဲ့ချစ်ခြင်းကို….. ချစ်ခြင်းကို… ခွဲလိုက်ပါနဲ့နော်. နော် . နော်လို့။

  • minnannawar

    April 9, 2012 at 4:27 pm

    အရက်ဟာသောက်တတ်ရင် မသေမချင်း တသက်လုံးသောက်လို့ရပါတယ်တဲ့။
    တသက်လုံးသောက်လို့ရတဲ့ အရက် ကို သုံးရက်နဲ့ကုန်အောင်သောက်လိုက်တော့ လေးရက်မြောက်မှာတင်လျှောရောတဲ့….
    ဂေါက်ကွင်းမှာ အသက်၇ဝကျော် အဘတစ်ယောက်ပြောတာမှတ်သားဘူးပါတယ်…
    ၇ဝကျော်ထိ မှန်မှန်ဆွဲတုံးဘဲလေ။ သူကတော့သောက်တတ်ရင်ဆေးဖြစ်ပါတယ်တဲ့။

  • mocho

    April 9, 2012 at 4:27 pm

    တီချယ့်ပိုစ့်ထဲ ကအချက်တွေကတော့ အရက်သမားတွေ အတွက် တကယ့် အမှန်တရားတွေ ပါပဲ။ကျမလည်း pooch လိုပါပဲ။ အဖေကဆရာဝန် ပေမဲ့ အရက်သောက်တော့ အသေစောခဲ့ရတယ်။ချစ်ချစ်ကြီး ကိုတော့အရက်နဲ့ ပတ်သက်ရင်အရမ်းကျပ်ထားရတယ်။ ဒါတောင်သူကဘီယာဟာအရက်တော့မဟုတ်ပါ လုပ်ချင်သေးတာ။

  • kokothandar

    April 9, 2012 at 4:38 pm

    ဘီယာထဲအရက်ထည့်သောက် ရင်ပို O.K တာပေါ့

  • TTNU

    April 9, 2012 at 6:23 pm

    အမတ်ဒိန်သို့
    တီချယ့်စာကို..ပါဆယ် ဆွဲသွားပြီးအရက်နဲ့
    မမေ့မလျော့ မြည်းမဲ့ ကိုဒိန်ရေ… သောက်တာလည်းသောက်ပေါ့၊
    မြည်းတာလည်းမြည်းပေါ့။

    ကိုကိုသန်ဒါသို့
    အရက်သောက်သက် ၃၆နှစ်ရှိနေပါပြီဆိုတဲ့ ကိုကိုသန်ဒါရေ…
    သက်တမ်းကြာပါပေါ့လား။ မဒမ်သန်ဒါဖတ်ပြီး ရှင့်ကိုသပိတ်မှောက်နေပါဦးမယ်။

    မင်းနန်နဝါသို့
    သောက်တတ်ရင်ဆေးဖြစ်ပါတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ မသောက်တတ်သူတွေများ
    တာသိထားရပါမယ်။

    မိုချိုသို့
    မိုချိုရေ… “ဘီယာဟာအရက်တော့မဟုတ်ပါ ” လူတော်တော်များများ
    ပြောကြတယ်နော်။ Alcohol မဟုတ်ပေမဲ့ မူးယစ်စေတဲ့ယမကာဆိုတာတော့
    လက်ခံကြရမှာပဲနော်။

    မေတ္တာဖြင့်
    တီချာနု

  • akswe

    April 9, 2012 at 9:54 pm

    ဆရာမရေ..
    အသိခေါက်ခက် အဝင်နက် နေတဲ့ အထဲမှာ ဟောဒီက ငဆွေ တစ်ကောင် လည်း ပါတယ်…
    အစက လူရာဝင်တယ် လူအထင်ကြီးမယ် ထင်လို့သောက်တယ်..
    လူမှုရေး အရသောက်တယ်..
    အပေါင်းအသင်းတွေနဲ့ အပျော် သောက်တယ်..
    နောက် တစ်ယောက်ထည်း သောက်တယ်
    နောက် စိတ်ညစ် ရင် သောက် တတ်လာတယ်..
    နောက် ကြိုက်တတ် လာ တယ်..
    အမှားတွေ လုပ်လာတယ်…
    အခွင့်အရေးတွေ ဆုံးရှုံး သွားတယ်..
    နောင်တရတယ်..
    ဒါပေမယ့် လက်ရှိနေ ရတဲ့နေရာနဲ့ အလုပ်သဘာဝကြောင့် လုံးလုံးလျားလျား မပြစ်နိုင်သေးတော့
    ခွေးမြီးကောက်ကြီး ကျဉ်ထောက် စွပ် နေရပါတယ်..
    ကြိုက်တတ်တာ လည်း ပါတာပေါ့လေ….အေ့ ့ ဂေ့..

    • TTNU

      April 10, 2012 at 7:49 am

      ကိုဆွေရေ..
      (စိတ်ညစ်ရင် သောက်တတ်လာတယ်..နောက် ကြိုက်တတ်လာတယ်..
      အမှားတွေ လုပ်လာတယ်…အခွင့်အရေးတွေ ဆုံးရှုံး သွားတယ်..
      နောင်တရတယ်.) ဆိုတော့ နောင်တတွေသိပ်မများခင်မှာ
      အရှိန်ရှော့ကြည့်ပါလား။

      သို့သော် ကြိုက်တတ်တာလည်းပါနေတာကိုက
      ရပ်တန်းကမရပ်နိုင်သေးတဲ့ လက္ခဏာနော်။ 🙁

      ဒီတော့ စိတ်မညစ်အောင်နေပေါ့ကွယ်။
      မေတ္တာဖြင့်
      တီချာနု

  • akswe

    April 9, 2012 at 10:10 pm

    ဂျကားကျန်…
    မွေးနေ့ အတွက် .. ရည်မှန်းပြီး
    Dom Perignon (vintage 2002)နှစ်လုံး ၊
    Moet & Chandon Rose တစ်လုံး၊
    Laurent -Perrier ပုလင်းပု တစ်လုံး၊
    Veuve Clicquot တစ်လုံး စုထားတာ တီချယ့် စာဖတ်ပြီး မသောက်တော့ဘူး..ရောင်းစားလိုက်တော့မယ်.
    ရတဲ့ ပိုက်ဆံနဲ့ မှ….
    Bush Mill ဝီစကီ ဝယ်သောက်မယ်နော်.. အိုက်ဒီဒေါ့ ပိုက်ချံလည်း ပိုတယ် အာရက်လည်း တောက်ရမယ်..ဟီးဟီး..

  • unclegyi1974

    April 9, 2012 at 10:28 pm

    ကြိုက်လို့သောက်သူ
    စွဲလို့သောက်သူ
    ကျန်းမာရေးကြောင့်မသောက်တော့သူ
    သေသည်အထိအရက်သောက်ပြီးမှသေသွားသူ
    ဘယ်သူတွေဘယ်လိုသောက်သောက်နဲနဲသောက်ရင်ကောင်းပါတယ်ဘာမှမဖြစ်ပါဖူးဆိုတာ
    အရက်သမားတွေရဲ့လက်သုံးစကားတွေပါ
    နဲနဲသောက်ကောင်းပါတယ်ဆိုဘုရားရှင်ကတားမြစ်ခဲ့မယ်မထင်ပါဖူး
    ဒါကြောင့်ဘာအကြောင်းပြချက်နဲ့မှမစခဲ့ရင်အကောင်းဆုံးလို့မြင်ကြောင်းပါ
    ဆရာမကြီးခင်ဗျာ

    • TTNU

      April 10, 2012 at 8:05 am

      unclegyi ရေ..
      ( နဲနဲသောက်ရင်ကောင်းပါတယ်ဘာမှမဖြစ်ပါဘူး ဆိုတာ
      အရက်သမားတွေရဲ ့ လက်သုံးစကားတွေပါ)
      ဟုတ်ကဲ့ပါ။ ဒါပေမဲ့….
      ဆရာဝန်တွေ သုတေသီတွေလည်း ပြောကြတာလည်းဖြစ်ပါတယ်။

      (နဲနဲသောက်ကောင်းပါတယ်ဆိုဘုရားရှင်ကတားမြစ်ခဲ့မယ်မထင်ပါဘူး)
      ဟုတ်ကဲ့ပါ။
      ဘုရားရှင်တားခဲ့ပါတယ်။

      ကျမတို့ တမာရွက်တို့၊ ဒညင်းသီးတို့၊ ငါးပိရည်ကြိုနဲ့တို့မြှုပ်စားရတာ
      တားမရသလိုနေမှာနော်။ကျမတို့လေ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့
      ဒီတက်စာတွေ၊ သွေးတိုးစာတွေကို မက်မက်စက်စက် နှစ်ခြိုက်မိကြတယ်။

      ဒီတော့ အစထဲက မစခဲ့ရင် အကောင်းဆုံးပဲဆိုတာ လက်ခံပါတယ်ရှင်။

  • Moe Z

    April 10, 2012 at 10:04 am

    တီချာရေ ဒီပို့စ်လေးကနေ တီချာ့ရဲ့စေတနာကိုအထင်းသားတွေ့နေရလို့
    လက်မလေးပဲထောင်သွားပါတယ် …
    တီချာ နှစ်သစ်မှာ ကျန်းမာစွာနဲ့ နောက်ထပ်ဆုံးမစာလေးတွေများများရေးနိုင်ပါစေ 🙂

  • မွန်မွန်

    April 10, 2012 at 10:21 am

    Pooh နဲ့ mocho ရေ.
    မွန်မွန့် အဖေလည်း အရက်ကြောင့်ပဲ အသေစောခဲ့ရသူပါ။

    သောက်ကာစကတော့ အပေါင်းအသင်းနဲ့ တစ်ခါတစ်လေ..နောက်ကျတော့ အလုပ်ပြီးတဲ့ ညနေဘက်ကလေးပေါ့။ အဲဒီတုန်းကတော့ သောက်ပြီးပြန်လာရင် ထမင်းတွေစားပြီး အိပ်ရာဝင်တယ်။ ဝဝဖြိုးဖြိုးနဲ့ တကယ်ကို ဆေးဖြစ်ဝါးဖြစ်ပါပဲ။

    အဲ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ သောက်လာလိုက်တာ ဆယ်စုနှစ်တစ်ခုလည်းကျော်ရော လုံးဝကို စွဲသွားတော့တာပါပဲ။
    ဖြတ်လို့ မရဘူးလားဆိ်ုတော့လည်း မဟုတ်ဘူး။ ဘုန်းကြီးဝတ်တာ တစ်ဝါတောင်ဆိုတယ်။ ဒါပေမယ့် ထွက်တဲ့နေ့ပဲ အရက်နံ့ပါလာတယ်။

    နောက်ဆုံးလည်းကျရော အဖေက ထမင်းလည်းမစား ရေလည်းမသောက်တော့ဘဲနဲ့ အရက်ကြီးပဲသောက်တာ..အဖေဆုံးတော့ ၄၆ နှစ်ပဲ ရှိသေးတယ်။

    အရက်ဆိုတာကို တကယ်ကို ကြောက်မိသွားတာပါ။

  • Khaing Khaing

    April 10, 2012 at 12:47 pm

    တီချယ်နုချင့် အရက်သောက်သောသူများကတော့ အမျိုးမျိုးမန့်သွားကြပါတယ်ချင့် သမီးကတော့ ချစ်ချစ်ကို ပြပြီးဆုံးမဖို့ ကူးသွားပါတယ်ချင့် ………

  • Onyx

    April 10, 2012 at 3:44 pm

    ယောက်ကျားလေး တစ်ယောက်ဆိုပေမဲ့ အရက်ကိုတော့ တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက်ပဲ သောက်လို့
    သိပ်မသိပါဘူး။ မကောင်းတာတော့ အမှန်ပဲ။ တစ်ကယ်လို့ မရှောင်နိုင်ခဲ့ ရင်တောင်ခါကြီး ရက်ကြီးတွေတော့ မသောက်သုံးသင့်ဘူးလို့ မြင်မိပါတယ်။ ဘာသာရေးပွဲတွေ ဘုရားပွဲ တွေမှာ သောက်တာက အဆိုးဆုံးလို့ ထင်ပါတယ် ခင်ဗျာ။

  • cobra

    April 10, 2012 at 4:12 pm

    နည်းနည်းလေးသောက်ရင်နည်းနည်းလေးမူးတယ်။
    များများကြီးသောက်ရင်များများကြီးမူးတယ်။
    အသေသောက်ရင်အသေမူးတယ်။
    ခေါင်းမထောင်နိုင်အောင်သောက်ရင် မနက်ကျတော့ခေါင်းမထောင်နိုင်အောင်ခေါင်းကိုက်တယ်။
    အရက်မူးလာရင် က ချင်သူမို့သောက်ရင်းမူးရင်း ကော်ဘရာ
    တစ်ယောက်ကလပ်သိုးရောက်သွားလေတော့သည်။

Leave a Reply