ထို့ကြောင့် ကျွန်တော်သူကြီးကို မုန်းမိပါသည်။ (၁)

အာဂApril 10, 20121min21527

“ဗွမ်း”
မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကာလဖြစ်သည်။ ကျွန်တော် ခွက်စောင်းလေးဖြင့်နာအောင် ပက်လိုက်မိ သူမှာအခြားမဟုတ် အမေရိကားပြန် သူကြီးမင်း မစ္စတာခိုင် ဖြစ်နေသည်။ သို့သော်သူကြီးက တော့ ကျွန်တော့်ကို သိမည်မထင်။

“ဗွမ်း”

သူကြီးမင်းက ခွက်စောင်းခုတ်ခံလိုက် ရသောကြောင့်ဒေါသစိတ်ဖြင့် သူရဲ့ နေကာ မျက်မှန်ကို ခပ်ဆတ်ဆတ် လေးချွတ်လိုက်ရင်း။ ဒေါသမျက်ဝန်းတွေဖြင့် ကျွန်တော့်အားကြည့်ကာ။

“မင်းဘယ်လိုလုပ် လိုက်တာလဲကွ”

သူကြီးရဲ့လေသံထက် ဒေါသသံသက ပိုမိုပြင်းထန်နေသည်။

“ဒါသင်္ကြန်ပဲလေ ခင်ဗျား အမေရိကားမှာ ဘယ်လောက်အနေကြာကြာဗျာ။ ဒါက ကျွန်တော်တို့ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ပဲလေဗျ။ ဒီကိုလာရင် ဒီလို ရေပက်ခံရမှာပဲ ဆိုတာခင်ဗျားမသိ ဘူးလား။”
ကျွန်တော် ကလည်း ခပ်ပြတ်ပြတ်နှင့် ဘုပြန်တောလိုက်သည်။

ကျွန်တော် ပြောတဲ့ စကားများကို သူကြီးက သူမျက်နှာကိုရေသုတ်လိုက်ရင်း လှိုင်းထန်နေသော ဒေါသစိတ်များ ဖြင့်။

“ဟေ့ကောင် ငါဘာကောင်လဲ ဆိုတာမင်းဘယ်လိုသိနေတာလဲ။ ပြီးတော့မင်းငါ့ကို သိလား”

“မသိဘူး သိစရာလဲ အကြောင်းမရှိဘူး။ ဘဲကြီးနဲ့ ဗျာ သင်္ကြန်မို့ ရေပက်မိပါတယ်။ လာပြီးတိုင်ပတ်နေတယ်။”

ကျွန်တော့် စကားကြောင့် သူကြီး ဒေါသစိတ်များ ထိမ်းမနိုင် သိမ်းမရဖြစ်ကာ

“ဟေ့ကောင် မင်းဘယ်သူလဲဆိုတာ ငါမသိဘူးကွ။ ဒါပေမဲ့ မင်းလူကြီးအပေါ်စကားပြောဆိုတာ နည်းနည်း ရိုင်းနေသလိုပဲကွ ”၊
“တော့(စ)က်”

မကျေမနပ်ဖြင့် တောက် ခေါက်လိုက်သော သူကြီးရဲ့ လေသံသည် မြန်မာပြည်မှ နှစ်ပေါင်းများစွာ ကွာဝေးပြီး မှ မြန်မာပြည်သို့ပြန်လာတဲ့ လူတစ်ယောက် အနေနဲ့ တောက် ခေါက်သံကို ပီပြင်အောင် မခေါက် တတ်တော့ချေ။

ကျွန်တော်ကလည်း ခပ်ရွတ်ရွတ်နှင့်

“ခင်ဗျား မြန်မာပြည် သင်္ကြန်ဆိုတာကို သိရောသိသေးလား မှတ်ကော မှတ်မိသေးလား။ ”

“ဟေ့ကောင် မင်းမမွေးခင်ကတည်းက ဒီမှာ ငါနေလာခဲ့တဲ့ကောင်ကွ မင်းလိုကောင်မျိုး ငါမပြောလိုက်ချင်ဘူး။ တောက် ကွာ ။ ဒါနဲ့ နေစမ်းပါဦး မင်း မင်း မင်း က ငါအခုမှ မြန်မာပြည် ပြန်ရောက်တာကို ဘယ်—ဘယ် လို သိ တာလဲ….ကွ..။”

သူကြီးရဲ့ လေသံက စိုးရိမ် စိတ်လိုလို၊ အံဩမူလိုလို ၊ ကြောက်ရွှံသလိုလို ဟု ကျွန်တော် အကဲခတ်မိလိုက်သည်။
“အား ဟီး ဟီး ဟီး”
ကျွန်တော် ပက်ပက်စက်စက် ရယ်ဖြစ်လိုက်သည်။(ကိုဖက်တီးကပ် တို့ ၊ AKKO တို့ ရယ်သံလိုလိုပင်ဖြစ်သည် ။)

ကျွန်တော် နေကာ မျက်မှန်အောက်က သူကြီး မျက်လုံးတွေကို ထွင်းဖောက်ကြည့်ပြီး သူကြီးကို စကားတွေပြော လိုက်သည်။ စကားက အခြားမဟုတ်။

“ခင်ဗျား LasVegas မှာ မက်စီကန် မ တွေ၊ ကပ္ပလီ မနဲ့ သုံးဖြန်း ပျော်ပါးခဲ့တာတွေကို ခင်ဗျား မိန်းမကို ပြန်ပြောရမလား။”

ဒီစကားက သူကြီး အတွက်အရှိုက်ကို ထိ နိုင်မှန်း ကျွန်တော် အစကမသိ။ သို့သော် သူကြီးအတွက်အတော် လေးကို ခံရခက်သွားမှန်း သူကြီးမျက်နှာက သရုပ်ဖော်နေသည်။
“မင်း…မင်း..မင်း….ဟေ့ကောင် မဟုတ်တာတွေ မင်း မပြောနဲ့…။”

သူကြီးလေသံက စောစောကလို မဟုတ် အနည်းငယ်တုန်လှုပ်နေသည်။

ဟေ့ကောင် မင်းကို ငါမသိဘူး ။ဘာရန်ငြိုးနဲ့ ငါ့ကို ဒုက္ခလာပေးနေတာလဲ။”

ကျွန်တော်ပစ်လိုက်တဲ့ ကျဉ်ဆံက သူကြီးရဲ့ အနာပေါ်သို့ တည့်တည့် ထိသွားမှန်း ရိပ်မိလိုက်သည်နှင့် သူကြီးကို ပို၍ ကလိချင်သွားမိ၏။

“ဟား….ဟား….ဟား..ဘာရန်ငြိုး ဟုတ်လား”
“ပြောမှ ပြောတတ်ပဗျာ…။”
“ခင်ဗျားက မန္တလေး ဂေဇက်ဆိုတဲ့ ဆိုဒ်ကို စတင်ထောင်တဲ့လူမဟုတ်လား။”

သူကြီးအနည်းငယ် အံဩသွားသည်။ဒီ ဆိုဒ်ကို သူထောင်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊သူ့ကို မြင်ဖူးသူမရှိ သလောက်နည်းပါးလှသောကြောင့် သူကြီးနည်းနည်း တွေဝေသွားသည်။ ဒီကောင် က ငါ့ကိုဘာကြောင့် ငါ့ကို သိနေသလဲဆိုသည့် အတွေးများဖြင့်ပေါ့။

27 comments

  • laypai

    April 10, 2012 at 3:40 pm

    ကို R Ga က နှစ်သစ် လက်ဆောင် အဖြစ် သဂျီး ကို ကန်တော့ တာပေါ့.
    ကျနော် လည်း ရော ကန်တော့ပါသည်။
    နက် ( Net ) တည်သ၍ ဂေဇက် တည်ပါစေ လို့ ဆုတောင်းပေးရင်း
    နှစ် ဟောင်း က အပြစ် အညစ် အကြေးများ နားလည် ခွင့် လွတ်ပေးပါ ခင်ဗျာ…………….။

  • R Ga

    April 10, 2012 at 3:43 pm

    အဟီး သဂျီး မင်း ဥက္ကဌကြီးရေ လွန်တာရှိရင် ဝန်တာမိနော်..။ လက်ဆယ်ဖျားထိပ်မှာမိုးလို့ကန်တော့ လိုက် တယ်နော့ ။ ဒီပိုစ့်က ကျွန်တော်ရေးတာမဟုတ်ဘူးနော် ကျွန်တော့်သားရေးတာနော့..။ ဇာတ်သိမ်းကို ဆက်ဖတ်ပေးနော့..။ ချစ်တယ်နော့ သကြီးနော့။

  • Rose Minn

    April 10, 2012 at 3:48 pm

    အော် ဂနယ် သူကြီးပြန်မလာချင်အောင်လုပ်နေပြန်ပြီ။ မျက်လုံးထဲမှာတောင် သူကြီးမျက်မှန် မဲမဲကြီးမြင်မိတယ် ကွာ။ မျက်ထောင့်နီကြီးနဲ့ ဂ အပေါ် အကြည့်စူးရှနေတဲ့ပုံကို။ အန့်ဩမင်သတ်နေတဲ့ပုံ။ နှစ်လုံးပြူးပါမပါသေချာမကြည့်ဘူး။ ရှောင်နိုင်လို့ ဒေါသရမ်းပုံ ကျလာရင်။ တော်ကြာ အပြစ်ခံနေရအုံးမယ်။ရှောင်ထားရှောင်ထား ဂ၊ မရှောင်နိုင်ရင် ကွန်ဖူးညီနောင် ငါးဖော်က သင်ပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်
    ။ ခိခိ ကောင်းတယ် ဆက်ရေး ဆက်လုပ် ရဲဘော် ဂ။ (2) ဖတ်အုံးမယ်။

  • water-melon

    April 10, 2012 at 3:50 pm

    လက်မထောင်ပြီးဖတ်သွားတယ်ချင့်။
    သူဂျီးတူမရောမပါဘူးလား
    တူမကို ဖရဲစောင့်နေတယ်နော်

  • FattyCat

    April 10, 2012 at 3:50 pm

    စဉ်းစားစေလိုပါတယ်…သဂျီးရေ- (အဘဖောရဲ့ လက်သုံးစကားကို ငှားလိုက်သည်)

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ဆူး

    April 10, 2012 at 3:55 pm

    ဘာလို့ သိလဲ ဆိုတော့.. သက်မွန်မြင့်ကို ဆု တက်ပေးတာ တရွာလုံး မြင်လိုက်ရလို့။

  • ဗိုက်ကလေး

    April 10, 2012 at 3:55 pm

    ဟား..ဟား..
    ကိုကိုဂရေ
    ဒလောက်နဲ ့ ရပ်ထားရသလားဗျ
    အဲ့ဘဲကြီးကို ဆက်ဖဲ့စမ်းပါဦး
    တောက်ခေါက်တာတောင်မှ ဘာတဲ့ တောက်စ် ဆိုဘဲ..တော်တော်ဆိုးတဲ့လူ
    (အူးလေးသဂျီး.နောက်ဒါနော်.ချိတ်ချိုးနဲ ့)

  • Khaing Khaing

    April 10, 2012 at 3:55 pm

    “ဟေ့ကောင် မင်းဘယ်သူလဲဆိုတာ ငါမသိဘူးကွ။ ဒါပေမဲ့ မင်းလူကြီးအပေါ်စကားပြောဆိုတာ နည်းနည်း ရိုင်းနေသလိုပဲကွ ”၊
    “တော့(စ)က်” ခွက်ထိုးခွက်လှန်အားရပါးရ ရီရတယ်ဗျာ … အပြင်မှာလည်းအဲလိုပဲခေါက်မယ်နော် “တော့(စ)က်” မျက်မှန်းကြီးနဲ့သူကြီး ဟီး ………

  • Mon Kit

    April 10, 2012 at 4:12 pm

    ဟက် ဟက်… သူကြီး တောက်ခေါက်သံ .. အရမ်းခိုက်သွားပါသည်…. 😛

  • char too lan

    April 10, 2012 at 4:13 pm

    ဟားဟားး ကောင်း၏
    ဂဂ က “ဗွမ်း” ခနဲကြုံးပီးရင်… ကျနော်က “ဘွုပ်” ခနဲမည်သွားအောင်
    မြန်မာနိုင်ငံက ဦးအောင်သိန်းလင်းခင်းပေးထားသော ကွန်ကရစ်လမ်းနဲ့ တိုက်ပီးအဖုံးဖွင့်ထားတဲ့
    ယိုးဒယားနိုင်ငံလုပ် ကျွဲရိုင်းဗူးခွံထဲ အင်းလျားကရေထဲ့ပီး မြန်မာ့ရိုးရာ (မြန်မာပြည်တွင်းနေထိုင်ကုန်သော သတ္တဝါအားလုံးရိုးရာ) မှာ မိန်ရည်ယှက်ရည်ကျွေးလိုက်မယ်.. “ဘွုပ်” 😀

  • နွယ်ပင်

    April 10, 2012 at 4:19 pm

    တစ်ပုဒ်လုံးမှာ သဂျီးတောက်ခေါက်သံကို အကြိုက်ဆုံးပဲ
    ဘာတဲ့ “တော့(စ)က်” 🙂 😛

  • kai

    April 10, 2012 at 4:22 pm

    “If the mountain will not come to Mohammed, then Mohammed must go to the mountain”

    Proverb quotes

    • etone

      April 11, 2012 at 7:52 pm

      အရင့် အရင် နှစ်တွေနဲ ့ မတူအောင် တမူထူးခြားစွာ ဘယ်လိုကျင်းပမှာလဲဟင် …
      သေချာတာကတေ့ာ သပြေခက်နဲ့ ရေပက်တာ မဖြစ်နိုင်လောက်ဘူး
      ဘစ်ကနီနဲ့ …. ဒွန့်ကြမယ် ထင်ပါရဲ့ …. 😆

      ဘိုင်သယ်ဝေး ကိုအာဂ ဘယ်နယ့်သူများ ချစ်ချစ်ရဲ့ ရယ်သံကို ထည့်ရေသတုံး …. ဒါကြောင့် သူ့ကိုပြောပါတယ် … ကိုအာဂတို့နဲ့ ခွက်ပုန်းကစ်ရင် အသံသိပ်မထွက်ပါနဲ့လို့ … 😛

    • kai

      April 11, 2012 at 1:30 am

      ရွာသူဒေါ်မမမိတ်ဆက်ပေးတာကြောင့်..သိထားတဲ့.. မြန်မာပြည်က နာမယ်အကြီးဆုံး တခုဖြစ်တဲ့.. မုန့်ဟင်းခါးလည်း စပွန်စာနဲ့.. အယ်လ်အေလာမယ်..
      ယိုဒယားရယ်.. ကမ္ဘောဒီးယားရယ်နဲ့.. တူတူဆိုင်ဖွင့်မှာ…။

      ဗီဇာရပြီလေ..။
      မကြာခင် ကြော်ငြာ ပို့စ်တင်ပါမယ်..။ 😆

  • TTNU

    April 11, 2012 at 3:32 pm

    ကိုခိုင်ရေ…
    “If the mountain does not come to Mohammed,
    then Mohammed must go to the mountain”.
    ကိုခိုင်တို့ သင်္ကြန်လာအောင် ဖန်တီးနိုင်တာ တော်လိုက်တာ။
    ဒါကြောင့် “ဘယ်နေရာကို ရောက်ရောက် မင်းဟာမြန်မာ”
    လို့ ဆိုနေကြတာကိုး။ 😛

    နှစ်သစ်မင်္ဂလာရှိပါစေ ကိုခိုင်။
    မေတ္တာဖြင့်
    တီချာနု

    • kai

      April 11, 2012 at 4:46 pm

      မင်္ဂလာနှစ်သစ်မှာ.. ကျမ်းပါပျော်ရွင်ပါစေကြောင်း နှုတ်ဆက်ပါရစေတီချယ်ခင်ဗျား…
      မြန်မာပြည်ရဲ့..သင်္ကြန်ရက်မှာ .. ခံစားချက်လေးယူပြီး.. ရက်ကိုက်သင်္ကြန်ကြိုးစားလုပ်ကြတာမှာ.. ရာသီဥတုက.. နည်းနည်းတော့ အေးတတ်ပါသေးတယ်..။
      ရေပက်လို့ သိပ်မကောင်းပါတီချယ်ခင်ဗျ..

      ကလေးတွေတော့.. တားမရပါဘူး..။ ခွက်စောင်းတောင်ခုတ်ကြလေရဲ့..။
      သူတို့အတွက်.. မဏ္ဍတ်သတ်သတ်ဆောက်ပြီး..ရေဖြည့်ထားပေးတယ်လေ…။
      ဒီမှာမွေးတဲ့ကလေးတွေပါ.. သင်္ကြန်စွဲကုန်ကြပါလေရဲ့.. 🙂

  • Gipsy

    April 12, 2012 at 9:23 am

    စိတ်ဆိုးရင် ထိပ်ထိုး ခံရမယ် စိုးလို့ မချိပြုံးပြုံးနေတယ်မှတ်ပါတယ်….။

  • မြစပဲရိုး

    June 18, 2015 at 8:56 pm

    . ပြန်ဖတ်လေ ပြန်ရီရလေ။
    မှတ်ချက်တွေ က ပိုရီရသေး။
    သူကြီး ကို အတော်ချစ်ကြသကိုး။
    အခုတော့ ဒီ History ထဲ မှာ မန္တလေးက မြန်မာ ကို ရာထူးတိုးသွားခဲ့ပြီ။ :-))

  • Ma Ma

    June 18, 2015 at 10:44 pm

    အဲဒါကြောင့် ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းရှိတဲ့နေရာလို့ပြောတာ။
    ညံ့တဲ့သူ ဘယ်သူမှမပါဘူးလို့ ပြောတာပါ။ :k:

  • Mike

    June 19, 2015 at 10:44 am

    .အော်…““တော့(စ)က်” ” ရဲ့သမိုင်း ဒီကစခဲ့သကိုး…

  • water-melon

    June 19, 2015 at 12:06 pm

    သူကြီး တူမလေးကိုလွမ်းတယ် 😛

    • kai

      June 19, 2015 at 3:05 pm

      အခုကော်မန့်ရှေ့က.. မန့်တာက.. Submitted on 2013/06/21 at 5:32 pm
      တဲ့..။ အခုသရဲလာခြောက်တာလား…။ လူမှဟုတ်ရဲ့လားမသိ..။

  • အာဂ

    June 19, 2015 at 5:04 pm

    ကျနော်တောင်အံဩသွားတာ ကြာကြာလှတာချည်းကိုး အငီးးး

  • padonmar

    June 19, 2015 at 9:30 pm

    မြကျေးဇူးကြောင့် တော(စ်)က် ရာဇဝင်ကို အခု ကောင်းကောင်းသိပါပြီ အသင်လောက။

Leave a Reply