နှစ်သစ်ဆုတောင်း

ယနေ့သည် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းသော မြန်မာတို့၏ နှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်တော့သည်

မန်းတလေးဂေဇက်မှ သူကြီးအမှူးရှိသည့်  မြင်ဖူးသော၊ မမြင်ဖူးသော၊ အမြင်တူ၊ အမြင်ကွဲ၊

တစ်မြေထဲ သို့တည်းမဟုတ် ရေမြေကွဲသော ဒေသတွင်နေထိုင်ကြသော၊ ကျား၊ မ၊ ကြီးငယ် မရွေး ဂေဇက်တွင်ရှင်သန်လျက်ရှိကြသော မိတ်ဆေသင်္ဂဟအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းအစရှိသည့် ကောင်းကျိုးချမ်းသာ အဖြာဖြာပြည့်စုံပြီး နိုင်ငံ့အကျိုး ဆထက်တပိုး သယ်ပိုးနိုင်သည့် လူသားများဖြစ်စေခြင်းအကျိုးငှာ နှစ်သစ်တွင် ဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ကိုယ်စိတ်နှစ်ဖြာချမ်းသာစေကုန်လော့

ခင်မင်လေးစားစွာဖြင့်

ကြောင်ဝတုတ်

မန်းတလေးဂေဇက်၏သဲတစ်ပွင့်

38 comments

  • သမိန်ဂီ့

    April 17, 2012 at 6:34 am

    မသဲပွင့် အဲ့လေ… ကိုကြောင်ဝတုတ်လည်း
    ပျော်ရွှင်ချမ်းမြေ့ပါစေဂျောင်း..

    ခင်တဲ့
    ဂီ့

  • FattyCat

    April 17, 2012 at 6:54 am

    မင်္ဂလာပါဂီ
    ပထမဆုံးမန့်တဲ့သူမို့ အရာရာမှာ အမြဲပထမချည်း စွတ်ခူးနိုင်ပါစေဗျား

    ခင်တဲ့
    ကြောင်ဝတုတ်

  • aye.kk

    April 17, 2012 at 6:55 am

    အားလုံး,အားလုံးသော
    ဂေဇက်ရွာသူားများအပေါင်းတို ့အပေါ်
    မင်္ဂလာအပေါင်းခညောင်းကျရောက်၍
    ယနေ ့ယခုမင်္ဂလာနှစ်သစ်ရက်မြတ်မှသည်
    တစ်နှစ်တာကာလပတ်လုံးအန္တရယ်ခပ်သိမ်းကင်းငြိမ်းခါ
    ဘေးဘယာတို ့ဝေးကွာပါစေကြောင်း
    ဆုမွန်တောင်းချွေမေတ္တာဝေမျှလိုက်ပါသည်။။

  • FattyCat

    April 17, 2012 at 7:05 am

    သာဓု သာဓု သာဓု ပါ အေးကေရေ

  • အမတ်ဒိန်

    April 17, 2012 at 8:15 am

    ပျော်ရွှင်.ချမ်းမြေ့ အေးချမ်းသော နှစ်သစ်ကို မြန်မာပြည်သူားအားလုံးနှင့်အတူ..
    ရွာသူားအားလုံး အပြည့်အဝ ရရှိနိုင်ကြပါစေကြောင်း. ကိုကြောင်ဝတုတ်နည်းတူ..
    ထပ်တူဆန္ဒပြု ပါသည်…။

  • FattyCat

    April 17, 2012 at 8:55 am

    ထပ်တူ ဆန္ဒပါပဲ ကိုမတ်ရေ
    သင်္ကြန်ရက်မှာပျောက်နေလို့ စိတ်ပူမိပါသေး
    သို့ပေသိ. ကလေးမဟုတ်တဲ့ ဒီအရွယ်မှာ အိမ်တော့ ပြန်ရောက်ကောင်းရဲ့ဆိုထားလိုက်တာ
    နှစ်သစ်မှာ တိုင်းပြည်အကျိုး၊ နှလုံးသားအကျိုး ဆထက်တပိုးထမ်းနိုင်ပါစေဗျား

    ခင်တဲ့
    ကြောင်ဝတုတ်

  • htoosan

    April 17, 2012 at 9:41 am

    ကိုကြောင်ဝတုတ်လိုဘဲ ထပ်တူဆန္ဒပြု ဆုတောင်းပါသည်။
    စကားအတင်းစပ် … အရီးလတ်လည်း သင်္ကြန်တွင်းမတွေ့မိပါ။

    • htoosan

      April 17, 2012 at 9:45 am

      မေ့သွားလို့ ..
      etone လည်း မျက်စိယောင်တာပျောက်ပြီး ပုံမှန်ပြန်ကောင်းပါစေ။ နောက်ထပ် ထပ်မဖြစ်ပါစေနှင့်။
      ဆူးလည်း အပူရှပ်နေမကောင်း ရာမှ နှစ်သစ်ကစလို့ ကျန်းကျန်းမာမာ နဲ့ ထပ်မဖျားပါစေနဲ့ လို့နှစ်သစ်ဆုတောင်းမှာ ထည့်သွင်းဆုတောင်းပေးပါရစေ။

      • ဆူး

        April 18, 2012 at 8:50 am

        စီဂျေကြီး ပေးတဲ့ ဆုနဲ့ ပြည့်တယ်။ နေကောင်းနေပြီ။

  • ဆူး

    April 17, 2012 at 9:41 am

    နှစ်သစ်မင်္ဂလာပါ။
    အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေ။
    စိတ်ချမ်းသာ ကြပါစေ။
    စိတ်သွားတိုင်း ကိုယ်ပါပြီးတော့ အားလုံး အေးအေးချမ်းချမ်း နဲ့ နှစ်သစ်မှ ကောင်းစွာ ကျော်ဖြတ်သွားလာနိုင်ပါစေ။

  • FattyCat

    April 17, 2012 at 9:52 am

    မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ ကိုထူးဆန်းရေ-
    အရီးလတ်က မြန်မာပြည်မှာမဟုတ်ဘူးလို့ထင်တာပဲ…စုံထောက်ကြီး ကိုအောင်တိုက်လာမှပဲ စုံစမ်းခိုင်းရတာပါ့
    အိတုန်းကတော့ မျက်စိကောင်းသွားပြီလို့ထင်ပါတယ်…
    နောက်ထပ် သတင်းတစ်ခုပေးချင်ပါတယ်…
    ရွာထဲက ကိုသူရနဲ့ ကိုကမ်းဝေးကတော့ သာသနာ့ဘောင်ထဲမှာရောက်ရှိနေပါတယ်…
    ညီမလေးဆူးလဲ နေမကောင်းရာက နလံထလောက်ပြီထင်ပါတယ် ကိုထူးဆန်းရေ…
    ချိုပေါ့ကျတိုက်မယ့် ဦးဘလက်ကတော့ ပုဂံမြေမှာ အကြံတွေထုတ်နေတယ်ထင်ပါ…
    ခင်ရတဲ့ ဦးကြီးမိုက်ကြီးကတော့ အိမ်ကို စကော့တလန်စမ်းရေတွေနဲ့ အစောင့်လုပ်နေရှာပါတယ်…
    ညီမလေးနွယ်ပင်နဲ့ မောင်အာဂကတော့ ကျွန်တော်နဲ့ တစ်ရက်ထွက်လည်ပြီး အရပ်တကာလှည့် အရက်သောက်နေတယ်လို့ မနေ့က သတင်းပို့သွားပါတယ်…
    စုံထောက်ကြီးရွှေတိုက်စိုးကတော့ သာသနာ့ဘောင်ဝင်မယ်အကြောင်းပြချက်နဲ့ မန္တလေးကို ပြန်သွားပြီး အုပ်ထိန်းသူမမကြီးနဲ့ ကဲနေတယ်လို့ ဖရဲမသတင်းရပ်ကွက်က အခိုင်အလုံရရှိထားကြောင်းပါ…
    အစ်ကိုကြီး အမတ်မင်းကတော့ သင်္ကြန်တွင်းမှာ နံပါတ်လေးချိတ်လိုချိတ်ညား ကြိုးစားရာက အဖျားဝင်လို့ အနားယူနေရပါတယ်ခင်ဗျား..

    သတင်းအစုံအလင်ကို တင်ပြလို့ပြီးပါပြီ…
    ကိုထူးဆန်းလဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      April 18, 2012 at 8:51 am

      သတင်းတော်တော် စုံနေပါလား။
      ဘယ် နက်ဝေါ့က ရှာထားတာလဲ..
      ချောင်းဆိုးနေသေးတယ်။ တနေ့ တနေ့ စတုဒီသာ သာကူသောက်လိုက် ငှက်ပျောပေါင်းစားလိုက် ရွှေရင်အေး စားလိုက် အုန်းနို့တွေ ပါတာရော သရက်သီး စားလိုက်နဲ့ ချောင်းဆိုးက အမြစ်ကို မပြတ်သေးဘူး။

    • သမိန်ဂီ့

      April 18, 2012 at 3:10 pm

      ကျနော် သိသလောက်
      အရီးလတ်က အင်္ဂလန် ကျွန်းကဗျ..
      😀
      အခုတလော ပျောက်နေတော့ ..ခရီးတွေဘာတွေ သွားသလား
      ဘိရုမာပဲ အလည်ပြန်သလား တခုခုပဲ…

      ဇဂါးအတင်းစပ်… အစ္စရေးပြန် မမမှီ
      ကိုဗိုက်ကလေးတို့ ဆိုင် မလာဘူးလားဗျ ….

  • FattyCat

    April 17, 2012 at 9:55 am

    နှစ်သစ်မင်္ဂလာပါ ညီမလေးဆူးရေ
    ဒီထက်မက ရွှင်လန်းလို့ နှစ်သစ်မှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အားလုံးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ပါစေ…
    အလင်း၏မြန်နှုန်းဖြင့် မိသားစုတစ်ခု အလျှင်အမြန်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      April 18, 2012 at 8:53 am

      ဆုတောင်းကြီးကလည်း အမလေး.. အလင်း၏မြန်နှုန်းဆိုပါလား။
      ကြောက်စရာကြီး.. ဖြေးဖြေးပေါ့.. ပုံမှန်သွားရင် ချော်မလဲဘူး။
      အလျင်လိုရင် အနှေးဖြစ်တတ်လို့ ပုံမှန်လေးပဲ သွားတော့မယ်။

  • ဦးဦးပါလေရာ

    April 17, 2012 at 10:17 am

    နှစ်သစ်မင်္ဂလာပါ ကိုဖက်ကက်ရယ်…
    သတင်းတွေစုံလှချည့်လား လိုက်ကြည့်ထားသလားမှတ်ရတယ်။.. 😛

  • FattyCat

    April 17, 2012 at 10:27 am

    ရွာဇရပ်နဲ့ ရွာထဲမှာ ကျွန်တော်နေ့တိုင်း ဦးဦးပါလေရာလိုရှိနေပါတယ်ဗျာ…
    အပြင်မှာလဲ ရွာထဲက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ပါဘူး…
    အဲဒီတော့ သတင်းတွေကြားနေရတာပေါ့ဗျာ…

    နှစ်သစ်မှာ ပျော်ရွှင်သာယာတဲ့မိသားစုလေးနဲ့ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ကြောင်ကြီး

    April 17, 2012 at 10:51 am

    ဂေဇက်ကသဲ
    သေထွက်ပြလဲ
    မနေဒတ်ရဂဲ
    ရွှေထွက်မှပဲ…။

  • စော်ဘွားလေး မောင်မာန်ခ

    April 17, 2012 at 11:04 am

    လှပတဲ့သဘာဝတရားကြီးကိုပိုင်ဆိုင်သော…..
    ကြွယ်ဝချမ်းသာသောသဘာဝသယံဇာတများကိုပိုင်ဆိုင်သော……
    နှစ်ပေါင်းတစ်ထောင်ကျော်ရှည်လျားသည့်သမိုင်းကိုပိုင်ဆိုင်သော…….
    ရှေးဟောင်းအမွေအနှစ်တို့ဖြင့်မွမ်းမံနေသော……..
    ကမာ္ဘပေါ်တွင်ထေရဝါဒတည်းဟူသောဗုဒ္ဓဘာသာစစ်စစ်အဖြစ်တစ်နိုင်ငံတည်းရှိသော………
    ရွှေအဆင်းရှိသောဘုရားပုထိုးစေတီတို့ဖြင့်…မြေပြန့်တောင်တန်း..ကမ်းရိုးတန်းမကျန်ဝန်းရံလျက်ရှိသော….
    ဘုရားတရားသံဃာတည်းဟူသော….အမြတ်ဆုံးရတနာသုံးပါးဖြင့်အဓိကစီခြယ်ကုန်သော……
    ချစ်စရာထုံးတမ်းဓလေ့ရိုးရာတို့ဖြင့်ပြည့်စုံအပ်သော……..
    ရင်းနှီးချစ်ကြည်စွာဖြင့်တွဲလက်မဖြုတ်တန်းသွေးစည်းကျကုန်သော…..
    မြန်မာနိုင်ငံတွင်မွေးဖွားသော……မြန်မာနိုင်ငံပြင်ပတွင်မွေးဖွားသော…မြန်မာလူမျိုးတိုင်းရင်းသားအပေါင်းတို့
    နှင့်တကွ…..မြန်မာနိုင်ငံသားလူမျိုးခြားဘာသာခြားများပါမကျန်………….
    မင်္ဂလာတရားအပေါင်းနှင့်ထုံမွှမ်းအပ်သောမြန်မာနှစ်သစ်၁၃၇၄ခုနှစ်တွင်
    အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ…..
    ဘေးရန်ခပ်သိမ်းငြိမ်းပါစေ…..
    ကြောင့်ကြခပ်သိမ်းငြိမ်းပါစေ…..
    ဒေါသခပ်သိမ်းငြိမ်းပါစေ…..
    ဆင်းရဲခပ်သိမ်ငြိမ်းပါစေ…..
    နှလုံးစိတ်ဝမ်းအေးချမ်းပါစေ…
    သံသရာခရီးဆုံးဖြစ်သော…ပြည်နိဗ္ဗာန်တွင်အေးချမ်းစွာဖြင့်….ဆင်းရဲချမ်းသာဒုက္ခသုခအလျဉ်းမရှိ
    ပကတိတည်ငြိမ်အေးချမ်းစွာဖြင့်…..တည်နိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေ………
    ခင်တဲ့……ရှမ်းပြည်သား(တောင်ပိုင်း)

  • ကိုရင်မောင်

    April 17, 2012 at 11:11 am

    ကိုကြောင်ဝတုတ်နဲ့တကွ မန်းလေးဂဇက်ရွာသူရွာသားအားလုံ
    နှစ်သစ်မှာကျန်းမာပျော်ရွင်ပြီး ကံကောင်းခြင်းလက်ဆောင်များ
    ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ပို့သလိုက်ပါတယ်ဗျာ….

  • TTNU

    April 17, 2012 at 11:59 am

    နှစ်သစ်မှာ ကိုမောင်ဖက်တီးကက်
    ထက်မြက်ပျော်ရွှင် ငွေတွေဝင်ပါစေ
    ရေတွေလျှံပါစေ ဝက်တွေထောပါစေ
    အရက်တွေ ဒလဟော သောက်မနေပါစေနဲ့။

    မေတ္တာဖြင့်
    တီချာနု

  • FattyCat

    April 17, 2012 at 12:25 pm

    ကိုကြောင်ကြီးရေ-
    ဒီသဲတစ်ပွင့်ကို ဂုဏ်ပြုတာလား၊ သတ်နေတာလားတော့မသိဘူး…
    ဘာပဲဖြစ်ဖြစ် ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျား…
    ကိုကြောင်ကြီးလဲ ကြောင်မလေးတိုက်သိုက်နဲ့ ကြောင်တစ်မျိုးသားလုံးအကျိုးပြု
    နိုင်ငံအကျိုးပြုကြောင်တစ်ကောင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…

    စော်ဘွားလေးရေ-
    စော်ဘွားလေးရဲ့ ဆုတောင်းအတိုင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီး အခုထက်မကသာယာဝပြောပြီး
    တစ်ဦးနဲ့တစ်ဦး မေတ္တာထားနိုင်တဲ့ သူများဖြစ်ကြပါစေလို့ ထပ်တူထပ်မျှ ဆုတောင်းလိုက်ပါတယ်နော်…

    အစ်ကိုကြီးကိုရင်မောင်ရေ-
    နောက်တစ်ခါဆုံကြရင်ဖြင့် အလုပ်တွေဘေးချိတ်ထားပြီး အေးအေးဆေးဆေးသောက်ကြမယ်ကွယ်…
    နှစ်သစ်မှာ မဒမ်ရင်မောင်နဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံး ပျော်ရွှင်တဲ့လူဖြစ်ပါစေဗျား…

    တီတီနုရေ-
    နှစ်သစ်မှာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ တီတီနုကို ဆုတောင်းပေးတယ်နော်…
    ပထမအကြတ်နေ့တစ်ရက်ကလွဲရင် ကျန်တဲ့ရက်တွေ အရက်မသောက်ပဲနေခဲ့တယ်… တီတီနုကို ပေးထားတဲ့ကတိကြောင့်ပါ…
    အော်…မေ့နေလို့
    အတက်နေ့ညကတော့ နွယ်ပင်က အာဂသောက်မှာစိုးလို့ ကျွန်တော့်အိမ်မှာ ဖွက်ပေးခဲ့တဲ့ ဘီယာချမ်းလေးတစ်ဘူးကို မဒမ်ဖက်ကက်နဲ့ တစ်ယောက်တစ်ဝက် သောက်လိုက်ပါတယ်… သင်္ကြန်ကို နှုတ်ဆက်တဲ့အနေနဲ့ပေါ့…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • kai

    April 17, 2012 at 2:44 pm

    ဆုတောင်းတာ မယုံကြည်ပါဘူး..
    ဆိုတော့…
    လက်တွေ့ကျကျပဲ..
    မြန်မာနှစ် ၁၃၇၄မှာ.. အရွယ်ရောက်ပြီးသူ.. မြန်မာအမျိုးကောင်းသားတိုင်း.. တရက် ၈နာရီ(အနည်းဆုံး) အလုပ်လုပ်ကြပါရန် တိုက်တွန်းပါကြောင်း….။
    မြန်မာနှစ် ၁၃၇၅မှာ.. အခုရှိပြီးကုန်ထုတ်လုပ်မှု ဂျီဒီပီ ၂ဆ ရောက်အောင်… သူများနိုင်ငံကလူတွေလောက် (သူများနိုင်ငံတွေထက်… မဟုတ်) အလုပ်လုပ်ကြစေလိုကြောင်း…
    သူများတလှမ်း.. ကိုယ်တလှမ်းလောက်တော့ လှမ်းကြစေချင်ကြောင်း…

    တိုက်တွန်းပါကြောင်း…။ :mrgreen:

    • etone

      April 18, 2012 at 1:00 am

      သဂျီးရေ … အလုပ်ချိန် ၈ နာရီတောင်မကဘူး … မနက်7 ည10 …. ကဲ … လူလည်းစက်ရုံပုံပေါက်ရော…. 😛

      • kai

        April 18, 2012 at 1:30 am

        အဲဒါ.. တုံမမအပါအဝင်..တော်တော်များများက.. ကုန်ထုတ်စွမ်းအားပေးနိုင်ရက်နဲ့..ထိုင်စားနေတဲ့..လူ၁သန်းလောက်အတွက် ပိုလုပ်ပေးနေရတာကိုး..။
        သံသရာမှောက်တယ်..။ ဘဝမှောက်တယ်ဆိုတာ.. အဲဒါပဲ..။
        ဆိုတော့..အိမ်ထောင်ပြုရမယ့်အချိန်တွေပါနောက်ကျကုန်ရော..။

        .. လေးလေးနက်နက်တွေးရင်..တိုင်းပြည်အင်မတန်နစ်တာတယ်.. 😕
        =
        Country 1999 2000 2001 2003 2004 2005 2006 2007 2008 2009 2010
        Burma 23,700,000 19,700,000 19,700,000 22,140,000 27,010,000 27,750,000 28,490,000 29,260,000 30,040,000 30,850,000 31,680,000
        Definition of Labor force: This entry contains the total labor force figure.
        http://www.nationmaster.com/country/bm-burma/lab-labor
        http://www.indexmundi.com/g/g.aspx?c=bm&v=72

        • ဆူး

          April 18, 2012 at 9:12 am

          မနက် ၈နာရီ အလုပ်တက်တယ် ည၆နာရီ အလုပ်ပြန်တယ်။
          အီးတုံး ပြောသလိုပဲ ၈နာရီ မကဘူး။

          ဆုတောင်းတာ မယုံဘူး ဆိုတဲ့ စကားကို ကပ်ငြင်းတာ မဟုတ်ပေမဲ့ နည်းနည်း အတိုက်အခံ ပြောကြည့်ရမယ်။

          လူတယောက်ကို အမြင်ကတ်တာ မုန်းတာ ဘယ်က စဖြစ်လဲ စိတ်က စပြီး ဖြစ်တာ မဟုတ်လား။
          ရန်ညိုးဖွဲ့တာ လည်း စိတ်က စဖြစ်တာပဲ..

          သဂျီး ငယ်ငယ်က မိန်းမ ပိုးတာလည်း ဒီ အမျိုးသမီးမှ ဒီအမျိုးသမီး ဖြစ်ခဲ့တာ စိတ်ကပဲ မဟုတ်လား။

          အရာရာ စိတ်က ဦးဆောင်နေပြီး လက်တွေ့ ဖြစ်လာအောင် လုပ်ခဲ့လို့ သဂျီး မိန်းမ ရခဲ့တာ မဟုတ်လား။

          ထိုကဲ့သို့ပဲ.. သဂျီး စိတ်ဆန္ဒထဲမှာ အငြိုးနဲ့ အမြင်ကတ်နေသူ ရှိတယ် ဆိုရင်လည်း အဲဒီ စိတ်က တခုခု မတုံ့ပြန်နိုင်ခဲ့ရင်တောင် အသားထဲ နစ်ဝင်နေတဲ့ အစအန တခုလိုပဲ ကြာလေ နာလေ အတွင်းမှာ လှိုက်ပြီး ခံစားရလိမ့်မယ်။

          အဲဒါတွေ နဲ့ ဆန့်ကျင်ဘက်.. သူများတွေကို စိတ်ယုတ်မထားဘူး စိတ်ကောင်းထားမယ် ဆိုရင် သူများ ပျက်စီးစေမဲ့ အကြောင်းတွေ မတွေးမိဘူး မကြံမိဘူး မလုပ်မိဘူး။

          အဲဒီ သဘောတရား အတိုင်း ပဏာမ ဆုတောင်းတယ် ဆိုတာ ကောင်းသော ဆုတောင်း တွေ တောင်းပေးတယ် ဆိုတာ သူတပါး ကို စိတ်ညစ်ရအောင် ဒုက္ခရောက်ရအောင် လုပ်ချင်စိတ်တွေ တိမ်ကောသွားမယ်။ သူတပါး ကောင်းဖို့ချည်းပဲ တွေးမိလာမယ်။ စိတ်ကို စိ်တ်နဲ့ ပြန်လေ့ကျင့်ခြင်းတမျိုးပဲ။

          ဆုတောင်းတယ် ဆိုတာ စိတ်ကို လေ့ကျင့်ခြင်းပါပဲ။

          သူဌေးဝါဒ ထဲမှာ အိမ်လိုချင် အိမ်ဖြစ်ရမယ်။ ရွှေလိုချင် ရွှေဖြစ်ရမယ် ဆိုတာ.. လုပ်မှ ဖြစ်မှာ.. ဒါပေမဲ့ စိတ်ဓါတ်မကျကြနဲ့လို့ ပြောချင်တာ။

          ဆုတောင်းတယ် ဆိုတာ တပါးသောသူရဲ့ စိတ်ဓါတ်ကို ကိုယ့်ရဲ့ စိတ်ဓါတ်နဲ့ မြှင့်တင်ပေးတဲ့ သဘောပဲလို့ မြင်တယ်။ သူဆုတောင်းတာ ကိုယ့်အတွက် တကယ် အကျိုး ရှိချင်မှ ရှိမယ်။
          သို့သော်.. သူက ကိုယ်အတွက် ဆုတောင်း ပေးပါလား ဆိုတဲ့ စိတ်နဲ့ ဝမ်းသာမယ် ပီတိ ဖြစ်မယ်.. ပီတိ ဖြစ်တဲ့ အခါ ဝမ်းသာတဲ့ အခါ ကျေနပ်တဲ့ စိတ် ဖြစ်မိလာမယ်။

          ကျေနပ်တဲ့ စိတ်ဖြစ်မိရင် စိတ်ပင်ပန်းမှုတွေ အနည်းအကျဉ်းတော့ ပြေပျောက်နိုင်လိမ့်မယ်။
          ဘဝ ကို ကျေနပ် ယောင့်ရဲ တတ်တဲ့ သူက စိတ်မပင်ပန်းဘူး။
          ဘဝ ကို မကျေနပ် ယောင့်ရဲမှု မရှိတဲ့ သူက စိတ်ပင်ပန်းတယ်။

          အဲဒီ ကျေနပ်တဲ့ စိတ်ကလေး တခု က မကြီးမားခဲ့လျှင်တောင် ထိုက်သင့်သလောက်တော့ တင်းနေတဲ့ စိတ်တွေ ပင်ပန်းနေတဲ့ စိတ်တွေ အတွက် ဖြေလျော့ပေးနိုင်တယ်။

          ပီတိ အဟုန်နဲ့ ရရက် ရလ ထမင်းမစား ရေမသောက်ပဲ နေနိုင်တယ် ဆိုတာ သမာဓိ သိပ်ကောင်းတဲ့ လူတွေပဲ ရမယ်။

    • TTNU

      April 18, 2012 at 2:25 pm

      ကိုခိုင်ရေ…
      ဆုတောင်းရင်ပြည့်တယ်လို့ တီချာလည်း
      မယုံဘူးကွဲ့။
      ဒါပေမဲ့……
      Pray for something မဟုတ်ဘဲ
      Wish for something လုပ်တာမျိုး
      ဥပမာ။ ကိုခိုင်မွေးနေ့ ဆိုပါတော့
      တီချာက ” Dear Kai! Happy birthday to you.”
      လို့ ဆုတောင်းမေတ္တာပို့သတာမျိုးဆိုရင်တော့
      ချစ်လို့ တောင်းပေတဲ့ တောင်းဆုမေတ္တာဝေတာကို
      ယုံကြည်လက်ခံမှာလား။ ပြောလေ။

      ကိုခိုင်ရေ..
      တို့ များဗမာစကားအရ ဒီလိုတွေးကြတာနေမှာ။
      ဘာမှလက်ကြောတင်းအောင်အလုပ်မလုပ်ချင်တဲ့သူတစ်ယောက်က
      ဘုရားမှာ မီလျံနာပါရစေဆုတောင်းနေရင် မဖြစ်နိုင်ဘူးပေါ့။
      နှစ်သစ်ဆုတောင်းကတော့ တို့တွေ တစ်ယောက်ပေါ်တစ်ယောက်
      ချစ်ခြင်းအရ တောင်းတဲ့ ဆန္ဒ မေတ္တာမို့လို့ မပြည့်မှန်းသိပေမဲ့လည်း
      “I wish you …..” လုပ်ကြတာပါလေ။
      နှစ်သစ်မှာ ဒုက္ခတောင်လိုပုံပါစေလို့ ဘယ်ဆုတောင်းရက်ပါ့မလဲကွယ်။

      ချမ်းမြေ ့ပါစေ…. ကိုခိုင်ရေ။ 😛 😛 😛

  • FattyCat

    April 17, 2012 at 5:35 pm

    သဂျီးမင်းဆုတောင်းတာကို မယုံစေကာမူ
    မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြင့် မင်္ဂလာရှိစေခြင်းငှာ ဆုတောင်းပေးခြင်းဖြစ်ပါသည်။
    လွန်စွာ ဒီမိုကရေစီဆန်လှသော ဗုဒ္ဓမြတ်စွာဘုရာကိုယ်တိုင် ဆုတောင်းခြင်း ထက် မိမိကြမ္မာကို မိမိသာဖန်တီးရမည်ဟူသော မူဖြင့်ဟောကြားခဲ့သည်။
    သဂျီးမင်းသည်ပင်လျှင် တိုင်းပြည်အကျိုး သယ်ပိုးနိုင်သူ ဖြစ်ပါစေကြောင်း ဆုတောင်းပေးလျက်

    ခင်တဲ့
    ကြောင်ဝတုတ်

  • Swal Taw Ywet

    April 17, 2012 at 11:15 pm

    Dear brother, Fatty Cat,
    Thanks for your happy Myanmar new year wish.
    Same to you.
    Wishing for you, your family and all MG villagers, to be in good health and good wealth.
    HAPPY MYANMAR NEW YEAR.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • etone

    April 18, 2012 at 1:07 am

    ကိုကြောင်ဖက်ရေ

    မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေနော် … ။
    လိုတိုုင်းရ ၊ ကြံတိုင်းအောင်ပြီး အောင်မြင်ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေနော် … ။
    ဂျူနီယာကြောင်ဖက်လေးကိုလည်း အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ 😀

  • Gipsy

    April 18, 2012 at 1:19 am

    ၈ နာရီ လုပ်
    အဟုတ်ဝေးမဲ့
    မန်းဂေဇက်ရယ်

    ဆုမွန်လေး တောင်း
    ပြည့်ဝချင်တယ်
    ရွာသူားများရယ်….။

    ♥ ♥ ♥ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ♥ ♥ ♥

  • FattyCat

    April 18, 2012 at 8:26 am

    Happy Myanmar New Year Swal Taw Ywet,
    I wish you to happy and pass through this new year with thousands smiles & coming true your dream. Thanks for your wish to all the MG Villagers. We all villagers already decided to try our best for our country and our beloved Mandalaygazette.

    ညီမလေး အိတုန်းရေ- (ရွာလွှတ်တော်ဆုံးဖြတ်ချက်ကတော့ အီးတုံးတဲ့)
    ညီမလေးပေးတဲ့ဆုကို မဝံ့မရဲလက်ခံလိုက်တယ်နော်…
    ကလေးလဲလာထိန်းပေး… ပိုက်ဆံမရှိလဲ ထုတ်ချေးပေးနော်…
    ညီမလေးလဲ မျှော်လင့်ထားတဲ့နေ့၊ မျှော်လင့်ထားတဲ့ဘဝကို အလျှင်အမြန်နဲ့ရပါစေလို့ ဆုတောင်းပေးတယ်နော်…

    ဂျစ်ပစီရေ-
    မင်္ဂလာနှစ်သစ်မှာ တောင်းတဲ့ဆုနဲ့ ပြည့်ဝပြီး လွန်စွာလှပတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • ချာလီဂဇက်ဒလဝမ်

    April 18, 2012 at 9:26 am

    FattyCat အပါဝင် ရွာ့သူကြီးနဲ့ ရွာသူရွာသားများ လိုရာဆန္ဒပြည့်ဝကြပါစေရန်
    ကြိုးစားကျင့်ကြံ နေထိုင်တတ်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးပါတယ်။

  • Thel Nu Aye

    April 18, 2012 at 9:38 am

    မင်္ဂလာနှစ်သစ်ပါ။ နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။ ဂေဇက်ထဲမှာလဲ မတူကွဲပြားသောအမြင်များနဲ့ ငြင်းခုံဆွေးနွေးရင်း ရန်ဖြစ်ပြီးပြန်ချစ်နိုင်ပါစေ။

  • alinsett

    April 18, 2012 at 10:10 am

    ဆုတောင်းစကားလေးတွေအတွက်.ကျေးဇူးပါပဲ။

    အားလုံး …ပိုပြီးတော့ကောင်းမွန်..တဲ ့နေရာတွေ.မှာ.ရှိနေကြပါစေ..လို ့ ထပ်လောင်း ဆုတောင်း လိုက်ပါတယ်ဗျာ။

  • FattyCat

    April 18, 2012 at 10:17 am

    ဒလဝမ်ကြီးရေ-
    ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျား… ဒလဝမ်ကြီးကိုယ်တိုင်လဲ မြန်မာနိုင်ငံရဲ့အကျိုး၊ ဂေဇက်ရဲ့အကျိုးကို ဆထက်တပိုး စွမ်းဆောင်ရင် လူသေသော်လည်း နာမည်မသေသောရွာသားတစ်ယောက် ဖြစ်ပါစေဗျား…

    အစ်မသဲနုအေးရေ-
    နှစ်သစ်မှာ ငြင်းခုံရင်းခင်ခဲ့ကြတဲ့သူငယ်ချင်းတွေ… အမြင်တူအသွင်တူလို့ အကြံတူဖြစ်ကြတဲ့သူငယ်ချင်းတွေနဲ့ နှစ်သစ်ပေါင်းများစွာဖြတ်သန်းရင်း အဖိုးကြီးအဖွားကြီးတွေဖြစ်သွားတဲ့ အထိ တို့ငယ်ငယ်တုန်းက မန်းတလေးဂေဇက်ဆိုတာ ဒီလိုမျိုးမဟုတ်သေးဘူးကွယ်… ဒီလိုဒီလိုဆိုပြီး နောက်ထပ်လာမယ့် မျိုးဆက်သစ်ရွာသူရွာသားလေးများကို လက်ဆင့်ကမ်းနိုင်သော စာတွေများများရေးနိုင်ပါစေကြောင်း ဆုတောင်းပေးတယ်နော်…

    အလင်းစက်ရေ-
    ရွာထဲမှာ အလင်းစက်ဆိုတဲ့ အလင်းအစက်အပြောက်လေးဆိုပေမယ့် တစ်ရွာလုံးကို ထွန်းလင်းတဲ့
    တစ်နိုင်ငံလုံးကို လမ်းပြတဲ့ အလင်းရောင်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • Khaing Khaing

    April 18, 2012 at 1:54 pm

    နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရွာသူရွာသားများအားလုံး ပျော်ရွှင်နိုင်ကြပါစေ ….. ကိုဖက်ကပ်လည်း ညီမတို့ လိုမိတ်ကောင်းဆွေကောင်းတွေနဲ့ ဘဝတစ်လျှောက်လုံးပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ……..

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • FattyCat

    April 18, 2012 at 2:58 pm

    အရင်ဆုံး သဂျီးကိုဆုံးမပေးတဲ့ တီတီနုကို ကျေးဇူးတင်ပါတယ်…
    ခက်တာက ရွာထဲမှာအကြီးဆုံး သဂျီးဆိုတော့လဲ သူ့နှစ်လုံးပြူးကြောက်တော့ မလှန်ရဲဘူးပေါ့နော်…ဟီး

    နောက်ပျောက်နေတာကြာပြီဖြစ်တဲ့ ညီမလေးခိုင်ခိုင်
    ရွာထဲက မိတ်ဟောင်း၊ ဆွေဟောင်းတွေအပြင် အစ်ကိုတို့လို မိတ်ကောင်းဆွေကောင်းတွေ၊ နောက်လာမယ့် မျိုးဆက်သစ်ဂေဇက်ထမ်းဆောင်သူများနဲ့လဲ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် တယ်နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

Leave a Reply