အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီးများရဲ့ ထူးခြားတဲ့ ကုန်အမှတ်တံဆိပ်အကြောင်းများ အပိုင်း ၁

manawphyulayApril 19, 20121min1275

တည်ထောင်အောင်မြင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေရဲ့ ကုမ္ပဏီအမည်များမှာပဲဖြစ်ဖြစ်၊ ကုန်အမှတ်တံဆိပ်များမှာပဲဖြစ်ဖြစ် ထူးခြားတဲ့ အဖြစ်အပျက်တွေ ကိုယ်စီရှိခဲ့ကြပါတယ်။
လေ့လာမိသလောက် ပြောရရင်တော့ အရင်ဆုံး Adobe ကုမ္ပဏီအကြောင်းပြောပြပါမယ်။ Photoshop ဆော့ဖ်ဝဲနဲ့ တစ်ကမ္ဘာလုံး ကျော်ကြားခဲ့တဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့သူဟာ မစ္စတာ ဂျွန်ဝါးနောက့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အိမ်နံဘေးမှာ ရစ်ခွေရင်း လှည့်ပတ်စီးဆင်းနေတဲ့ ချောင်းငယ်လေးတစ်ခုရဲ့အမည်ကို အစွဲပြုပြီး Adobe လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်တဲ့။
Apache Company
Apache ကို စတင်တည်ထောင်သူတွေဟာ ပရိုဂရမ်မာတွေပီပီ code လိုင်းတွေရှိတဲ့ လမ်းကြောင်းတွေကို ချိတ်ဆက်ပြီး လမ်းကြောင်းတစ်ခုချင်းစီရဲ့ နာမည်အတိုကောက်ကလေးကို မှည့်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီရလဒ်အရ ‘APAtCHy’ server ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒီကမှ ‘Apache’ ဆိုပြီး server ကုမ္ပဏီပေါ်ပေါက်လာခဲ့တာပါပဲ။

Apple Company
Apple ကုမ္ပဏီအမည်ပေးဖို့ Steve Job တစ်ယောက် သုံးလတိုင်တိုင် စဉ်းစားမရခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်လာစေချင်တယ်။ ကုမ္ပဏီအသစ်လည်း ဖြစ်နေတယ်။ ဖြစ်ချင်တော့ ကုမ္ပဏီရယ်လို့ တည်ထောင်ဖွဲ့စည်းပြီးခဲ့ပြီ။ တရားဝင်စာရွက်စာတမ်းတွေနဲ့တကွ ရုံးဌာနတွေကို မလျှောက်ရသေးတာသာ ရှိတာ ဝန်ထမ်းတွေလည်း ခန့်အပ်ထားခဲ့ပြီ။ ဒါပေမယ့် နာမည်ကလည်း စဉ်းစားမရ။ အဲဒီလိုနဲ့ နေရင်း တစ်နေ့တော့ သူ့ဝန်ထမ်းတွေကို ခေါ်ပြီးပြောတယ်။ တကယ်လို့ ဒီနေ့ ငါးနာရီမှာ ကျွန်တော့်ကို အကောင်းဆုံး အမည်ပေးနိုင်တဲ့လူရှိရင် အဲဒီနာမည်နဲ့ ကျွန်တော် လိုင်စင်လျှောက်လိုက်တော့မယ်ဗျာလို့ ဆိုလိုက်ပါသတဲ့။ ဒါပေမယ့် ကံဆိုးချင်တော့ ညနေ ငါးနာရီသာ ထိုးသွားရော။ ဘယ်လူတစ်ဦးတစ်ယောက်ကမှ သူလိုချင်တဲ့ အကောင်းဆုံးအမည်ကို စဉ်းစားမပေးနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ နာမည်လာပေးနိုးနဲ့ လာပေးနိုးနဲ့ စတိဗ်ဂျော့ဘ်တစ်ယောက် ‘ပန်းသီး’ တစ်လုံးကို ထိုင်စားရင်း စောင့်နေခဲ့တယ်။ ကံကောင်းချင်တော့ သူ့ကုမ္ပဏီအတွက် အကောင်းဆုံးအမည်ကို စဉ်းစားလို့ရသွားခဲ့ပါတော့တယ်။ အဲဒီအမည်က ဘာလဲ သိလောက်ပြီထင်ပါတယ်နော်။ ကုမ္ပဏီအမည်က ယနေ့အထိ နာမည်ကြီးလာခဲ့တာကတော့ Apple လို့ ခေါ်တွင်လာခဲ့ခြင်းပါပဲ။

CISCO Company
ဒီကုမ္ပဏီကတော့ ရိုးစင်းစွာ မှည့်ခေါ်ခဲ့တယ်။ သူတို့ဟာ ဆန်ဖရန်စစ္စကိုမှာ စတင်အခြေစိုက်ခဲ့ကြတယ်။ San Francisco မြို့နာမည်နောက်က အက္ခရာငါးလုံးကို သုံးစွဲခဲ့တာပါတဲ့။

နောက်ကုမ္ပဏီတစ်ခုကတော့ အတော်ကို မြန်မာနိုင်ငံမှာ ရေပန်းစားတဲ့ Google ကုမ္ပဏီပဲဖြစ်ပါတယ်။ Google နာမည် ဖြစ်ပေါ်လာတဲ့ပုံကတော့ တကယ် ဟာသဆန်ပါတယ်။ အမှန်တကယ်က သင်္ချာဗေဒ ထပ်ညွှန်းသဘောနဲ့ပြောရရင် ၁ဝ ကို ၁၀ဝ ထပ် ထပ်တာပါ။ ၁ဝ ကို ၁ဝ ချင်း ၁၀ဝ ကြိမ်မြောက်ထားတဲ့အခါမှာ ရလာတဲ့အခြေ တစ်ရဲ့နောက်က သုညအလုံးတစ်ရာကို googol လို့ ခေါ်ဆိုတာပါတဲ့။ အဆမတန်များပြားတဲ့ webpage တွေရှိနေတဲ့ search engine လို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အရင်က ဂိုဂယ်အသုံးမပြုခင်သုံးကြပါတယ်။ ဘာလဲဆိုတော့ hotmail ကုမ္ပဏီပါပဲ။
Jack smith ဟာ ကမ္ဘာတစ်ခုလုံးရဲ့ ဘယ်နေရာကမဆို ကွန်ပျူတာကို သုံးစွဲလိုက်တာနဲ့ email နဲ့စာကို အပို့အယူ လက်ခံနိုင်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးတစ်စ ရခဲ့တယ်။ အဲဒီ email ကိုလည်း webpage တွေကို ရေးသားတဲ့ ဘာသာစကား ‘html’ ပုံစံမျိုး လက်ခံနိုင်ရင် သတင်းစာမျက်နှာတွေကို email inbox ထဲ အရောက်ပို့ပေးနိုင်မှာပဲဆိုပြီး ယုံကြည်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ် ကြိုးစားခဲ့ရင်း html ပုံစံ web mail တစ်ခု ဖြစ်လာခဲ့တယ်။ HoTMail စာလုံးတွေကို ဂရုစိုက်ကြည့်ရင် ‘html’ တည်ဆောက်ပါဝင်တဲ့ email ဆိုတာ သဲကွဲသွားမှာပါ။

5 comments

  • သမိန်ဂီ့

    April 19, 2012 at 11:22 am

    မိုက်ခလိုဆော့ဖ် ကတော့ မစ္စတာ ဘီလ်ဂိတ်ရဲ့ ဟန်းနီးမွန်းခရီးမှာ
    သူ့ချစ်ချစ် ပေးတဲ့ နာမည် ဖြစ်ပါသတဲ့ ကွယ်…
    😛

    အရဂါး နောက်ထှာ…

    • manawphyulay

      April 19, 2012 at 1:54 pm

      သိတာလေးတွေ ရှယ်ပါဦး… လေ့လာလို့ရတာပေါ့နော် လျှိုမထားပါနဲ့…

  • Kaung Myat Htut

    April 20, 2012 at 9:30 pm

    ရယ်စရာပြောချင်လို့ပါ။ Jobs ကပန်းသီးစားခဲ့လို့ပေါ့။ ဂွေးသီးသာစားခဲ့ရင် မတွေးရဲစရာပဲ။ ahak ahak. 😀

  • FattyCat

    April 20, 2012 at 10:01 pm

    International electronic ကို ရှေ့စာလုံးတွေယူပြီး
    Intel ဆိုတဲ့နာမည်နဲ့ ကျုပ်တို့ကို Processor တွေထုတ်ရောင်းနေတာပါဗျာ
    ပန်းသီးပဲဖြစ်ဖြစ်၊ ပြူတင်းပေါက်ပဲဖြစ်ဖြစ် သူနဲ့ကင်းမရဘူးဗျာ

  • Wai Phyoe

    April 26, 2012 at 6:01 pm

    မရှင်းတာလေးတွေရှိလေးလို့မေးပါရစေ

    ၁။(Adobe ကုမ္ပဏီအကြောင်းပြောပြပါမယ်။ Photoshop ဆော့ဖ်ဝဲနဲ့တစ်ကမ္ဘာလုံး ကျော်ကြားခဲ့တဲ့ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့သူဟာ မစ္စတာ ဂျွန်ဝါးနောက့်ပဲ ဖြစ်ပါတယ်။ ) ကျွန်တော်တို့လို Designer တွေအားလုံးသိထားတာက Adobe ကိုတည်ထောင်ခဲ့သူက Thomas Knoll လို့ပဲသိတာပါ အရင်ကတည်းကလဲသူပဲဦးဆောင်ခဲ့တာပါ ခုထိလည်းရှိပါသေးတယ်။ကျွန်တော်တို့ ဘန်ကောက်မှာ Photoshop Test ဖြေတော့လည်း Thomas Knoll
    လက်မှတ်ကြီးကအထင်းကြီးပါ။ ရွာထဲကလူတွေမယုံရင် ကြိုက်တဲ့ Search Engine မှာ Thomas Knoll လို့ရိုက်ထည့်ကြည့်လိုက်ပါ Founder of Photoshop လို့ပဲ ဖော်ပြပါတယ်။ဂျွန်ဝါးနောက့်ဆိုတဲ့ငနဲနာမည်တစ်ခုမှ မပါပါဘူး
    နောက်ပြီး ADOBE ရဲ့အနက်အမှန်က ရွံ့တုံး လေးတွေနဲ့ဆောက်သောအိမ်(အက်စကီးမိုးအိမ်ပုံစံ)လို့ ရပါတယ် အဲ့ဒါကို လည်း ကြိုက်တဲ့ Oxford , Cambridge Advanced Book တွေကိုရှာကြည့်ပါ ရစ်ခွေနေသောချောင်းကလေးလို့ လဲ မတွေ့မိပေါင် ဒါတော့မသိလို့မေးကြည့်တာပါ

Leave a Reply