– ပြန်မလာတော့မယ့်လမ်းမှာ

အလွမ်းပန်းတွေ ခေါင်းငိုက်စိုက်ချ

နေ့ ဖြစ်လိုက် ညဖြစ်လိုက် သောကတွေ ဖုန်ထူထူထလို့ 

တစ်ဘ၀လုံးကို လွှမ်းခြုံ

မံမီရုပ်တစ်ရုပ်လို လှုပ်မရတော့ဘူး ဖြူရေ … ၊

– ဟိုတုန်းက တိုင်တည်တည်ခဲ့တဲ့ ကတိစကား

ခွဲမသွားကြေးဆိုတဲ့ နိမိတ်အလှတွေကို

အနိစ္စက အတည်မပြုခဲ့ဘူးကွယ် … ၊

– ရေခြား မြေခြား အနေခြားလို့ 

လေဆိုတဲ့ အသံကြားရုံနဲ့  ကြွေရမယ့် ပန်းဘ၀မှာ

အညှာလည်းကျိုး

အပွင့်ညှိုးလို့ 

တိုးတိုးလေးတောင်မှ နှုတ်ဆက်ခွင့်မရလိုက်တာ ရင်နာတယ် … ၊

– ကျရတဲ့ မျက်ရည်

မလှပတဲ့ ရက်တွေ တစ်ပွေ့ တစ်ပိုက်နဲ့ 

ဋ္ဌာနေကို အပြီးတိုင် ပြန်လှမ်းလာတဲ့အခါ

( မကြိုဆိုနိုင်တော့တဲ့ ရင်ခွင်မဲ့ နှလုံးသားကိုမှ .. )

အလွမ်းစကားပွင့်တွေ ပေးပန်ချင်လိုက်တာ ။ ။

၇-၆-၂၀၀၄ ( တနင်္လာ ) တွင် ကွယ်လွန်သော ချစ်ဇနီး ဖြူ (တင်မိုးဖြူ) သို့  လွမ်းဆွတ် သတိရခြင်း များစွာဖြင့်

About zaylay

Zar Lay has written 225 post in this Website..

I am simple girl. I like raining season.