ဒီအချိန်မှာပဲ လက်ဖက်ရည် ဆိုင်ထဲကို လိပ်ပြာဖြူ ၀င်လာပါတယ်။ လိပ်ပြာဖြူဆိုတာ နာမည်ပါ ကလောင် နာမည်ပဲ ဆိုရမှာပေါ့ သူက ကွန်ပျူတာနဲ့ အင်တာနက် သုံးနည်းကို အိမ်မှာ ဖွင့်ထားတယ် အိမ်လည်း
လိုက်သင်တယ်။ ဒီမြို့ မှာတာ့ တော်တော် အဆင်ပြေတယ်။ အင်တာနက်မှာ သတင်းတွေလည်းရေးတယ် ။ သူ့သတင်းတွေက “ ဗူးသီးကြော်သည် မတုတ်ရဲ့ အကြော် အိုးထဲ အေအိုင် ဒီအက်စ် ရောဂါသည်
လက်နိုက်မိခြင်း တို့ ချက်တင်ထဲကပြလိုက်လို့ မြို့ပေါ်မှာ နာမည်ကြီးသွားတဲ့ ကောင်မလေးတို့ …ဒါတွေရေးတာကိုယ့်ဆရာရေ့ ။ ဒါပေမယ့် ကောင်မလေးက ကြိုးစားပါတယ် နည်းပညာ သစ်တွေရှာတယ် အင်တာနက်ထဲက အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ လုပ်တယ်။ အကျိုးရှိတာတွေ လုပ်တာပါ ။
ကဲ လိပ်ပြာဖြူ ဒီမှာ စမာကလာပွကြီး ထဲ သူ့သမီး ပုံပါလို့ တဲ့
ကျွန်တော်က စပေးလိုက်ရင်ပဲ လိပ်ပြာဖြူက အော် အဒေါ်ကလည်း ဒီ ဆိုက်တွေက လူတွေ ကြည့်တာ မဟုတ်ပါဘူး စိတ်မပူနဲ့ ..လိပ်ပြာဖြူက ဘာမှ မဖြစ်သလို ခပ်ပေါ့ပေါ့ပဲပြောတော့ အဒေါ်ကြီး မျက်နှာ ၀င်းသွားတယ်
လူတွေ..လူတွေ ..မ..ကြည့်..တော့ ဘာတွေက ကြည့်တာလည်း ..အဒေါ်ကြီး က ပြောချင် လွန်းလို့ စကားတောင် ထစ်နေရှာတယ် လိပ်ပြာဖြူက တစ်ခွန်းထဲပြန်ပြောလိုက်တယ်
တရိ စ္ဆာန်ရယ် ဘီလူးရယ်
အဒေါ်ကြီး က လိပ်ပြာဖြူ ပြောနေတာကို လိုက်ရွတ်နေတယ် ဒါဆို မီဒီယာ ခင်မောင်က တရိစ္ဆာန် ၊ ဘီလူး..ဟုတ်ပါပြီ ဆရာမလေးပြောတာ အမှန်ပဲ ဒါဆိုပြန်မယ် ..ပြန်မှ အချိန်မှီ အိမ်ပြန်ရမယ်..ကိုမြမောင်ကိုပြောရမယ်
အဒေါ်ကြီး ကပြောပြော ဆိုဆို မပြေးရုံ တမယ် ထသွားပါတယ်။ကျွန်တော်က “ ဆရာမလေး ဖြူ .. ဒီဆိုက်တွေက တကယ် ရှိတယ်မလားဆိုတော့ ” ဆရာမလေးက ရှိတယ်လေ အဲ့ ဒါတွေကို ကာမဘီလူးတွေ တရိ စ္ဆာန်စိတ်ရှိတဲ့ လူတွေက ပဲ တင်ကြ ကြည့်ကြနဲ့ …..
လိပ်ပြာဖြူက ဒေါသသံပါနေတယ် စကားလုံးတွေက လည်း ရိုင်းနေတယ် မျက်နှာ ကြီး နီရဲလာတယ် ။ ဆရာရေ့ တလောက မြို့တစ်မြို့မှာ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလေး ချစ်သူနဲ့ တည်းခိုခန်းမှာတွေ့တဲ့
အကြောင်း အခွေ ထုတ်ရောင်းတာ ကြားမိမှာပေါ့ အဲ့ဒါ ..အဲ့ဒါ ဒေါက်တာ ချက်ကြီး ၀က်လ်ဆိုက်မှာတင်ထားတာကို ကူးပြီး ရောင်းကြ ဖြန့်ကြ တာလေ ရောင်း ကောင်းမှာပေါ့ အဲ့ဒီကောင်မလေးက ဒီမြို့ နဲ့ ကပ်လျှက် …. မြို့ကလေ..။ သူ့ချစ်သူက အမ်ပီ ဖိုးနဲ့ ရိုက်ပြီး တင်ပေးလိုက်တာ တောက်..တော်တော် မိုက်ရိုင်းတယ်။
ဆရာမလေး ဖြူက ဒေါသနဲ့ ပြောပြီး ရေနွေးကြမ်းကို ငဲ့ လို့ တစ်ချက်ထဲမော့သောက်လိုက်တယ် ပြီ ပူလွန်းလို့ ထွေး ထုတ်လိုက်တယ် ရေနွေးတွေက ထွန်းထွန်း မျက်နှာကို တေ့ထွေးလိုက်သလို ဖရူး ကနဲ ထွက်လာတာ
ထွန်းထွန်းကလည်း ..သောက်ကောင်မ လုပ်လိုက်ရင် စူးစမ်းမှု မရှိဘူး ဆိုပြီး ရှက်ကိုးရှက် ကန်းနဲ့ မျက်နှာကို တစ်ရှူးနဲ့ သုတ် လိုက်တယ် ဘေးလူတွေကလည်း ပြုံး စိစိ နဲ့ပေါ့။ လိပ်ပြာဖြူ က ဆောရီး အကို ရေနွေး ကပူ ခြစ်နေတာကိုး ။
ကိုယ့်ဆရာရေ လက်ဖက်ရည် ၀ိုင်းလေး ကနေ ကျွန်တော် စိတ်က ဦးလွန်းဆီရောက်သွားတယ် Green Card Lottery မဲပေါက်တဲ့ ကိစ္စ က သိချင်နေတယ် ဒါကြောင့်ကိုယ့်ဆရာရေ ထွန်း ထွန်း ကိုခေါ်ပြီး
ဦးလွန်း အိမ် ဘက် ထွက်ခဲ့ မိတယ် ။ ကျွန်တော် ကြားဖူး ထားတာက အင်တာနက်က နေ လိမ်တာကို ကြားဖူးထားတယ် ။ Green Card Lottery ဆိုပြီး ဖေါင် ဖြည့် ခိုင်းတယ် ။ နောက် တစ်ဆင့်မှာ
ခရက် ဒစ် ကဒ် တောင်းတယ် ။ မပေးနိုင်ရင် ဒီ အဆင့် သုံး ဆိုတာက မတက်တော့ ဘူး။ နောက် တစ်ပတ်လောက်ကြာတော့ ၃ရက် အတွင်း ငွေ ပို့ ခိုင်းတယ် ဒေါ်လာရှစ်ရာ ပို့ ခိုင်းတာပါ မသိတဲ့ လူက ပေးလိုက်တာပဲ ။ ပို့ပေးဆို သူကလည်ူ အင်္ဂလန် က ဖုန်းနံပတ်နဲ့ လိပ်စာနဲ့ မြန်မာပြည်က အင်္ဂလန်သံ ရုံးမှာ ဗီဇာ ကဒ်ပဲ ရတော့ မလိုလို ။ ယုံလောက်အောင် လုပ်ထားတာ ကိုယ့် ဆရာရေ့.
ဦး လွန်း အိမ်ရောက်တော့ ဦးလွန် မရှိဘူး သူ့ အမျိုး သမီး ပဲရှိတယ် ။ ဦးလွန်း ဇနီး ဒေါ် ရွှေ ရင် က ဖေါ်ဖေါ်ရွေရွေပဲ ကြိုဆိုပါတယ်။ ကျွန်တော်က DV ဖေါင်ကိစ္စ စလိုက်တော့
“ ဟုတ်တယ် ဆရာရေ့ အင်တာနက်ကနေ ဒီဗီ ပေါက်တာလေ အကိုလွန်းကတော့ ကံဇာတာ တက်လို့ အမေရိကန် နိုင်ငံ သား ကြီး ဖြစ်တော့မယ် ဒီမှာလေ
USAFIS Green Card Program email@usafis.ccemails.net
ဒေါ် ရွှေရင် က စာရွက်တွေ ထုတ်ပြတယ်။
စာရွက် တွေက အီးမေးပို့ ထားတာပါ မင်း အမေရိကန် ဒီဗီ ပေါက်လို့ ဂုဏ်ယူကြောင်း ဇနီး နဲ့ သားသမီး ပါခေါ်လို့ ရကြောင်း ကို ရွှန်းရွန်းဝေအောင် ပြော ပါတယ်။ ကျွန်တော်ကတော့ စိတ်မကောင်းပါဘူး ဒါ လိမ်နေတာကို သိနေလို့ပါ။ ဒေါ်ရွှေ ရင်က ဆက်ပြီးတော့ ပြောတယ်…
ဆရာရေ့ ငွေသွင်းရမယ် ဆိုလို့ ပိုက်ဆံကလည်း မရှိ သုံးရက် အတွင်း ပို့ရမယ် ဆိုတာနဲ့ မင်္ဂလာ ဦး က ဆွဲကြိုး ရယ် လက်စွပ် ရယ် ရောင်း ပြီးပေးလိုက်ရတယ်။
“ သွားပြီ ”
ကျွန်တော် ပါးစပ်က လွှတ်ကနဲ ထွက်သွားတာပါ။ ဒေါ်ရွှေရင် က အံသြ ပြီး “ဘာ သွားတာလည်း ဆရာ”လို့ မျက်မှောင်ကုတ်ပြီးမေးတယ် ဟို … ဟိုလေ .ဦးလွန်း သွားပြီ လားလို့ မေးတာပါ ဆိုပြီး ထစ်ထစ်ငေါ့ငေါ့
နဲ့ ပြန်ဖြေ လိုက်မှ “ မသွားသေးဘူး ခု အင်္ဂလန် သံရုံးကို သွားတယ် ဗီ ဇာ ကို စုံ စမ်း ဖို့ပါ။
ကျွန်တာ် လည်း စိတ်မကောင်း ကြီး စွာ ဖြစ်မိတယ် ကိုယ့်ဆရာရေ့ ဒေါ်လာ ရှစ်ရာ ဆိုတာ မြန်မာငွေနဲ့ ခုနှစ် သိန်းနီးပါးပဲ ကျွန်တော် လည်း အမှန်ကို ပြေ ပြလိုက်ရင် ပြဿနာ တက်နိုင်တာမို့ မပြောဘဲ နုတ်ဆိတ် နေ
မိတယ်။ ဒေါ်ရွှေ ရင် က အီးမေး တစ်စောင် ထုတ်ပြတယ် ကိုယ့် ဆရာရေ
You have registered with the www.usafis.org, the world’s leading application review provider.
Your email …….com has been added to our database to receive free Green Card Lottery updates and important information about immigration to the USA.
To ensure you can receive our emails, please add usafis@usafisnews.org to your contacts list.
In order to complete your application,
နောက်တစ်ခု ဒေါ်ရွှေရင် က ထုတ်ပြသေးတယ် အီးမေးက ကူးထားတာပါ ။
Reference Number . DV 966525- 974-400619580
Acceptance Date . . Tuesday 18th of October 2011 11:30:55
Winner . .U Lunn
Country . . Myanmar
Phone number . . 9549735030
Marital Status . Marriage

ကိုယ့်ဆရာရေ ဒေါ်ရွှေ ရင် ကတော့ သူ မဖတ်တတ်တဲ့ စာတွေကို တယုတယနဲ့ ကျွန်တော်ကတော့ စိတ်မကောင်းကြီးစွာ ဖြစ်မိတယ် ကိုယ့် ဆရာရေ။ ဒါမျိုး ကို အင်းမ ဘက်က လူတစ်ယောက်ကလည်း ခံထားရတာကိုးဗျ။ ကျွန်တော် က တအံတသြ ဖြစ်နေပြီး စာရွက် ကို ပဲ တွေတွေ ကြီး စိုက်ကြည့်နေမိတယ်။ ဒေါ် ရွှေရင် ကတော့ အမေရိကန်ရောက် တော့ မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပျော်နေပုံ ရတယ်။ဒီ အချိန်မှာ
ကျွန်တော်က အမှန်ကို ပြောလိုက်ရင် ထရိုက်မလားပဲ ကိုယ့်ဆရာရေ ဒါကြောင့် နုတ်ဆိတ်နေလိုက်ရတယ်။
အပြန်မှာ ထွန်း ထွန်းက လူနာသတင်းမေးမယ် ဆိုပြီး မီ ဒီယာ ခင်မောင် အိမ်ဘက် လှည့်ဝင် ရသေးတယ်။ ရင်ထဲရှိတဲ့ အတိုင်းပြောရရင် ကျွန်တော် တော်တော်လေး စိတ်ထိခိုက်နေမိတယ် ။ အင်တာနက်ကို သုံးပြီး တိုးတက်သွားသူတွေ အများကြီး တကယ် အသုံးဝင်တဲ့ အရာကို တလွဲ သုံးနေကြ လိမ်စားကြ ခြူစားကြ မသိတဲ့ လူက အဟုတ်မှတ်ပြီး ခံရ ကိုယ့်ဆရာရေ ထွန်းထွန်းကို ပဲ ရှင်းပြရတယ်။မီဒီယာ ခင်မောင် အိမ်
ရောက်တော့ ခင်မောင်ရယ် ပါးမှာ လည်း နနွင်းတွေ လိမ်းလို့ ပါးတစ်ဖက်က တော်တော် ရောင်နေပါတယ်။
ကို ခင်မောင် ခင်ဗျား ဆီ လာတာ လို့ ထွန်းထွန်းကပြောတော့ ခေါင်းငြိတ်ပြတယ်။ အေးဗျာ စိတ်မကောင်းပါဘူးဆိုတော့ “ရတယ် ..ရပါတယ် ပြည်သူ့ အတွက် ဒီလောက်တော့ အနစ်နာခံရမယ်
ပညာမဲ့နဲ့ ပညာရှိ ယှဉ်ရင် ဒီလိုပဲ လူမိုက်က ယာယီတော့ အနိုင်ရ စမြဲပဲ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ ကြက်ကိုတင် ဆိုတာ ခြောက်တန်းလောက်ပဲ တတ်တာ ကြက်ကို အရင်းတည်ပြီး
မိုက်သွေးကြွ ကြီးပွားနေတာ…
ကိုတင်က မကျေနပ်ချက်တွေကို လွှတ်ပြောနေတယ် ။ တစ်ချက်တစ်ချက်လည်း ပါးကို ပွတ်လို့ ကိုယ့်ဆရာရေ။
သတင်းဆိုတာ မန်းတူမန်း လူအချင်းချင်း ဆက်သွယ်ပြောဆိုနည်းနဲ့ ပြောဆိုဖြန့်ချီ လို့လည်းရတယ် အင်တာနက်မှာလည်း ဖြန့်လို့ရတယ် မီဒီယာ ဆိုတာ အရေးပါဆုံးပဲ သတင်းနဲ့ ပတ်သက်လို့ ….
ခင်မောင်က မျက်လုံးကိုမှေးပြီး တစ်ချက် စဉ်း စားသလို ပြုပြီး
သတင်းနဲ့ ပတ်သက်လို့ ပြောရရင် ခွေးက လူကို ကိုက်တာ သတင်းမဟုတ် ဘူး လူက ခွေးကို ကိုက်ပြီ ဆိုရင် သတင်းဖြစ်ပြီ ။ တောက် အခု …အား
ခင်မောင်က အားပါပြီးတောက် တစ်ချက်ခေါက်လိုက်တာ ပါးက နားသွားတယ် ထင်တယ် အားကနဲအော်လိုက်တယ် ဒီ အချိန်မှာပဲ “ ဆရာ မီဒီယာ ခင်မောင် ..ဗျို့ ဆရာ
ခင်မောင်လို့ အော်ခေါ်ပြီး ကိုမင်း တက်လာတယ် လက်ထဲမှာလည်း အထုပ် အပိုးတွေနဲ့ ခရီး ကပြန် လာတာ ထင်တယ်။ အူယားဖားယား နဲ့ ပြီးတော့ အိတ်ကို အတင်းဖွင့် လို့ ပုဆိုး တထည် ထုတ်လိုက်တာတွေ့ရတယ်။ သူ့ဆရာကို ကန်တော့ ဖို့ လို ကျွန်တော်က ထင်လိုက်မိတယ် ကိုယ့်ဆရာရေ တက်တက် စင်အောင်လွဲမှန်း နောက်မှ သိရတယ် ။
ကျွန်တော် ချစ်သူလေးနဲ့ ရန်ကုန်မှာ သွားတွေ့ခဲ့တယ်ဆရာ မြို့ ထဲကနေ ဖုန်းနဲ့ခေါ်တော့ ထွက်လာတယ်ဆရာေ၇့ ကျွန်တော်တို့ေ၇ှ့ဆောင်ရုပ်ရှင် ရုံအောက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်တယ်
ပြီးတော့ ကုန်တိုက်တစ်ခုကို သူကခေါ်သွားတယ် ပုဆိုးတစ်ထည်ဝယ်ပေးတယ်ဆရာ ဒီပုဆိုးလေးပါ။
ကိုမင်း စကားဆုံးတော့ ခင်မောင်က ကိုမင်း လက်ကို စူးစိုက်ကြည့်တယ် ။ပြီးမှ “ ကိုမင်း မင်းရဲ့ ဟန်းချိန်းရော ..နောက် လက်စွပ်လည်း မမြင်ပါလားကွ ဆိုတော့ မှ ကျွန်တော်တို့ လည်း လက်ကလေး ခါခါ
ပြီး စကားပြောရင် သူ့ ဟန်းချိန်းလေးကို ပြသလို ပြောတတ်တဲ့ ကိုမင်း လက်ကလေးကို ကြည့် မိတယ်။ မတွေ့တော့ ဘူး ကိုယ့်ဆရာရေ ။
ကိုမင်းက ညောင်နာနာ သံနဲ့ မရှိတော့ဘူးဆရာ..တဲ့
ကျွန်တ်ာလည်း သူတို့ပြောတာကို စူးစမ်းသလို နားထောင်နေလိုက်တယ်။ကိုမင်းက ဆက်ပြော တယ်
ဆရာရယ် ဂမုန်းပွင့်တို့ စိးတီးမတ်တို့ အကုန်ေ၇ာက်တယ် သူလိုချင်တာလေးတွေ ကိုယ်က ၀ယ်ပေးရတာပေါ့ ၀ယ်ရင်း လက်လွန် သွားတော့ ပါတာလေးတွေ ရောင်းလိုက်ရတယ် ဆရာတပည့်ပဲ ဘယ် အညံ့ ခံပါ့မလဲ ဆရာရယ်။ ၀ယ်ချမ်းပြီးတော့ ချစ်သူလေး ဖုန်းက မြည်လာတယ် အိမ်က အရေးကြီးလို့ ပြန်ခေါ်တာတဲ့ ။ ပြန်သွားတယ် ကောင်မလေးက မပြန်ချင်ဘူး ငိုမဲ့မဲ့နဲ့ ကျွန်တော် မျက်စိထဲက မထွက်ဘူးဆရာ
ကိုမင်း ကပြောရင်း ငိုသံပါလာတယ်။ ကျွန်တော်က တော့ ဒီအရှုးဆရာတပည့်နှစ်ယောက်ကို တော်တော်အံ့သြနေပါပြီ။ စိတ်လည်းပျက်မိတယ် အမှန်ပြောရရင် ဒီလို ခပ်ကြောင်ကြောင် လူတွေ မများဖို့ ဘယ်လို လုပ်ရမယ် ကိုတွေးမိတယ် ကိုယ့်ဆရာရေ။
အေးကွာ ခင်မောင်တပည့် မညံ့စေနဲ့ ခေသူမဖြစ်စေနဲ့လို့ပြော တယ် ကျွန်တော်တို့ လည်း နုတ်ဆက်ပြီး အိမ်ပေါ်က ဆင်းလာတော့ ကိုမင်း အသံ ကြားမိလိုက်သေးတယ် ဆရာ့ ပါးက ရောင်ကိုင်းနေတာ ဘာဖြစ်တာလဲ ပါးချိတ် ရောင် တာလားဆရာတဲ့ …။
ကိုယ့်ဆရာရေ မီဒီယာ ခင်မောင် တို့ ဘယ်တော့ အမြင်မှန်ရမလဲ မသိဘူး သေချာတာကတော့ ဦးလွန်း ကတော့ ဗီဇာအတွက် ငွေ ပုံတာ ကုန်မှာသေချာ နေပြီ ။
အော် အင်တာနက် …အင်တာနက်။

About htet way

has written 133 post in this Website..