အားလို့ ယားလို့ပါဗျာ..

မကျေနပ်ရင် ဆဲကြပါ

တင်ဘီ…

 

ဘောင်တခုကို ကျော် မိသောအခါ

 

 

ဘိုင်ကာလာ

 

 

ကုလားပြည်က နွေရာသီ

 

မြူ

 

 

ပျော့နေတဲ့ အမာ... လင်းနေတဲ့အမှောင်

 

 

ပြန်တို့ခြင်း

နောက်ဆုံးတင်တဲ့ ပုံက နည်းနည်း သီး လာလို့ တင်တာဗျ

အဲ့သည့်၁ဖိုင်တည်း…၂ပုံ တမင်ပေါင်းထားတာ …

သိတဲ့အတိုင်း ဆေးစားပြီးနဲ့  ဆေးမစားမီ ပုံ ဆိုပါတော့ …

retouch နဲ့ ပါတ်သတ်ရင် ကျနော်တို့ အတော် အမြင်ကျဉ်းသေးရဲ့ဗျာ…

ဒါဟာအစစ်အမှန်မဟုတ်ဘူးတို့ …

ဒါက သဘာဝမကျဘူးတို့ …

အင်း… ပြောရတော့လည်း ခက်တယ်ဗျ

nobody is perfect ဆို …

မြင်သာအောင် ပြောပါရစေနော…

ကင်မရွန်းဒီယက်ဇ် မျက်နှာက ၀က်ခြံ

ချားလိဇ်သယ်ရွန် ရဲ့ တင်းတိတ်နဲ့ …

အိန်ဂျယ်လီနာ ဂျိုလီ ထိုးချင်တိုင်းထိုးထားတဲ့ တက်တူးတွေဟာ ….

ဘယ်ဒါ့ပုံဆြာ တာဝန်ခံ ဖြစ်သင့်ပါသလဲဗျာ …။

ဒုတိယတချက် …ဒါကတော့ ဒါ့ပုံဆြာတွေ နဲ့ ပန်းချီဆြာတွေ ရန်ဖြစ်ကြတဲ့အချက်ပဲ…

ဘယ့်နှယ့် ငါတို့က ဘ၀နဲ့ရင်းပြီး သင်ယူ လေ့လာ လေ့ကျင့်လာကြတယ်….

ခလုတ်ကလေး တချက်နှိပ်တဲ့ ဒါ့ပုံပညာကို လုံးဝ အထင်မကြီးဘူးဆိုတဲ့

အစွန်းရောက် အာ့တစ်စ်တွေအတွက်ပါ….။

ပိုက်ဆံပေါလို့ ပစ္စည်းကောင်းကိုင်နိုင်တိုင်း…

အချိန်အားတိုင်း ဒါမှ မဟုတ်လည်း ..

ကံကောင်းတိုင်း

ပုံကောင်းတပုံရဖို့ ….အာမမခံဘူးဗျာ …။

သည်ပိုစ့်က post production လို့ခေါ်ရမယ့် retouching ပိုင်းကို ဇောင်းပေးပါတယ်ဗျ…

ကျနော် ဘာကောင်မှ မဟုတ် ၊ ဘာမှလည်း mastered မတတ်နိုင်သေးပေမယ့်…

တကယ့် ဒါ့ပုံသမား ဆိုတာ …

ဆိုတဲ့ အတွေး နဲ့ … ရိုက်ကူးပြီးနောက်ပိုင်း လုပ်ကြရတဲ့ အလုပ်တွေကို နည်းနည်းတူးမိတာပါ…။

တော်သေးဘီ…

ခင်တဲ့

ဂီ

 

P.P အကြောင်း သီးသန့်ရေးပါဦးမယ်…

အသေးစိတ် ဆိုရင်တော့ သိပ်သိပ် လျှိုတတ်တဲ့ …

သဂျီးတို့လို ဖိုတိုရှော့ ဆြာ့ ဆြာကြီးတွေကို မေးကြည့်ကြပါ…

ကျနော် အလုံးစုံ မတတ်ပါဘူး …

:D

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011