ဂနေ့ ….
ဘုန်းဘုန်းအံက မန်းဂေဇက်က ရွာသူားတွေကို တရားရေအေး အမြိုက်ဆေးကို ပေးမှာဖြစ်ပါဒယ်။
ဘုန်းဘုန်း တရားကို နာလိုသူများ ဆက်နာကြပါ။
မနာလိုသူများ ဆက်မနာကြပါနဲ့။
အကုသိုလ် အတုံးအခဲမှန်ရင် ဒီနေရာဂ လှည့်ပြန်ကြစေ ………………………. ။

အဟမ်း … အဟမ်း …
အဟွတ် … အဟွတ် …..
ဒီချောင်းကလည်း ဘာမှ မပြောရသေးဘူး။ ဆိုးနေပြန်ပြီ။
(ဒီဂျရော ငုံဆေးပြား စားလိုက်လို့ ချောင်းဆိုး ပျောက်သွားပီ။ ဒဂါဂျီး ခီများဟာ ကြော်ငြာပီးပီ။ ကျုပ်ကို ကြော်ငြာခ လာပေးဒေါ့။)

ကိုင်း … စလိုက်ကြလို့ ….
ဂနေ့ … ဘုန်းဘုန်းအံ ဟောကြားမဲ့ တရားဂဒေါ့ “ရန်ဂို ရန်ချင်း မတုံ့နှင်းနှင့်” ပဲ ဖြစ်ပါဒယ်။
တရားနာ လာကျဘာဂုန်ဒေါ အရပ်ကတို့ရေ …..
ဘုန်းဘုန်းတို့ရဲ့ ဘုရားရှင်က ခုလို ဟောကြားထားပါတယ် ….

“ချစ်သားတို့ ….
ရန်ကို ရန်ချင်း တုံ့ပြန်သဖြင့်
ရန်တို့မည်သည် မည်သည့်အခါမှ မငြိမ်းကုန် …
ရန်ကို ရန်ချင်း မတုံ့မှသာလျှင်
ရန်တို့သည် ငြိမ်းကုန်၏ ….”

အဲ့ဒီလို ဟောကြားထားတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအံ အကြောင်းလေးကို ဥပမထားလို့ ဟောချင်ပါဒယ်။
လူဒိုင်း … လူဒိုင်းရဲ့ ဘဝမှာ ရန်သူ ဆိုတာတော့ ရှိမှာပါ။ ကျုပ်တို့ရဲ့ ဘုရားရှင်တောင်မှ ရန်သူ ရှိပါတယ်။ ရန်သူဆိုတဲ့ နေရာမှာ တစ်ဖက်သတ် ရန်သူနဲ့ နှစ်ဖက်ရန်သူဆိုပြီး ရှိဒယ်။ တစ်ဖက်သတ် ရန်သူဆိုတာကဒေါ့ တစ်ဖက်သတ်ပေါ့ဗျာ။ ဥပမာ – ကိုယ်က အမြင်မကြည်တဲ့ လူတစ်ယောက်ရှိဒယ်။ အဲ့လူဂို မြင်ရဒါနဲ့ ကိုယ့်စိတ်ထဲမှာ အလိုလို ဘဝင်မကျဘူး ဖြစ်နေတတ်တယ်။ ဒေါမနဿတွေ ပွားနေဒတ်မယ်ဆိုရင် အဲ့လူဟာ ကိုယ့်ရဲ့ ရန်သူလို့ သတ်မှတ်လို့ ရပါဒယ်။ သို့ပေမယ့် အဲ့လူဂဒေါ့ ကိုယ့်အပေါ်မှာ ကိုယ့်လို စိတ်ထားမျိုး မရှိဘူးဆိုရင်တော့ တစ်ဖတ်သက်ရန်သူ ဖြစ်သွားဒယ်။

နှစ်ဖက်ရန်သူဆိုဒါကဒေါ့ သူရော ကိုယ်ရော အထက်ကလို စိတ်ထားမျိုး တူတူရှိဂျဒါကို ပြောဒါ။ ပေါက်ပီနော် အရပ်ကတို့။ မပေါက်လည်း ပေါက်တယ်လို့ မှတ်ဂျဘာ။

ဘုန်းဘုန်းအံမှာ ငယ်ငယ်လေး ကတည်းက ရန်သူရှိခဲ့တယ်။ သူနဲ့ဂ နှစ်ဖက်ရန်သူ ဖြစ်ခဲ့ဒယ်။ သူလစ်ရင် ကိုယ်က တွယ်ဒယ်။ ကိုယ်လစ်ရင် သူက တွယ်ဒယ်။ ဂလိုနဲ့ ကျင်လည် လာလိုက်ဒါ အသက်တွေ ကြီးတဲ့ထိအောင် ရန်တွေက မစဲခဲ့ဘူး။ ငြိမ်းချမ်းရေး မရခဲ့ဘူး။ ဘယ်လိုလုပ် ရမှာဒုံး။ ညှိမှ မညှိခဲ့ဒါ။ ညှိလည်း ခဏဘာဘဲ။ နောက်တော့ ထုံးစံအတိုင်း ပြန်ဆော်ကြဒါဘဲ။

ဂလိုနဲ့ပေါ့ ….။
ဘုန်းဘုန်းအံ တစ်ယောက် အထက်က ဘုရားရှင်ရဲ့ အဆုံးအမကို သွားတွေ့မိခဲ့ဒယ်။ အဲ့မှာတင် “သြော် … ရန်ဆိုဒါ ဂလိုပါလား” ဆိုပြီး ပေါက်သွားခဲ့ဒယ်။ ဟိုကောင်ဂဒေါ့ ပေါက်ဘူး။ ဗာလာနံ လူမိုက်ကိုး အရပ်ကတို့ရဲ့။ ဘုန်းဘုန်းအံလည်း အဲ့အဆုံးအမကြောင့် ပေါက်သွားခဲ့ပြီး နောက်ပိုင်း သူဂ ရန်စလည်း မသိသလိုပဲ နေခဲ့ဒေါ့ဒယ်။ သူ့ဂို မြင်ရလို့ ဘဝင်မကျ ဒေါမနဿတွေ ဖြစ်ချင်ပြီဆို သူနဲ့ ဝေးရာကို သွားနေလိုက်ဒယ်။ အဲ့လို နေလို့ မရရင်လည်း မျက်စိကို မှိတ်ထားလိုက်ဒယ်။ သူ့အသံကြားရလို့ နားမချမ်းသာဘူး ဖြစ်လာရင်လည်း နားကို ပိတ်ထားလိုက်ဒယ်။ သူနဲ့ ပတ်သက်ပြီး ဥပေက္ခာ ပြုထားလိုက်ပါဒေါ့ဒယ်။

အဲ့ကောင်ဂဒေါ့ မူပြောင်းမသွားဘူး။ ကျုပ်လစ်ရင် ကျုပ်ကို ဆော်ဒယ်။ ကျုပ်က ပေါက်ထားဒဲ့လူဆိုဒေါ့ မသိကျိုးကျွံဘဲ ပြုထားလိုက်ဒယ်။ ဒါကိုဘဲ ဒီကောင်ဂ အခွင့်ကောင်းယူပြီး ထပ်ဆော်ဒယ်။ သူဘယ်လို ဆော်ဆော် ကျုပ်ကဒေါ့ ဥပေက္ခာပေါ်ကို သည်းခံခြင်း ကိုပါ ထပ်ဖြည့်ထားလိုက်ပါဒေါ့ဒယ်။ အချိုပေါ် သကာလောင်း ဆိုသလိုပေါ့။

ပတ်ဝန်းကျင် အမြင်မှာဒေါ့။ ကျုပ်က ခံဘက်ကပေါ့။ ကျုပ် သည်းခံနေဒါကို မသိဘဲ အမြဲတမ်း ခံဘက်ကပဲ ဆိုပြီး အထင်သေးတဲ့ မျက်လုံးဒွေနဲ့ ကျုပ်ဂို ကြည့်ကြဘာဒယ်။ ဒါပေသိ ကျုပ် မှုပါဘူးလေ။ သူတို့က ကျုပ်လောက်တောင် မပေါက်တဲ့ ပုထုဇဉ်ဒွေပဲ လို့ပဲ ဂရုဏာ ဖြစ်မိပါဒေးဒယ်။

တရားနာ လာဂျဒဲ့ အရပ်ကတို့မှာလည်း အဲ့လို ရန်သူရှိရင် သည်းခံပါ။ ရန်ကို ရန်ချင်း မတုံ့ပြန်ပါနဲ့လို့ ကျုပ်က ပြောချင်ဘာဒယ်။ ရန်ကို ရန်ချင်းတုံ့ပြန်ရင်ဒေါ့ ရန်ဆိုတာ ဘယ်ဒေါ့မှ ငြိမ်းမှာ ဟုတ်ဘူး။ သံသရာအထိပါ ပါလာလိမ့်မယ်။ ကိုယ်နိုင်တဲ့အချိန်မှာ ပြုံးပျော်ရပေမယ့် ကိုယ်ခံရတဲ့ အချိန်ကျပြန်တော့ ဒူးနဲ့ မျက်ရည် သုတ်ရတတ်တယ်။ ဒါတွေကို ပေါက်အောင် လုပ်ဂျဘာ။ အဲ့ဂလို ပေါက်တဲ့လူတွေဂဒါ အမှန်တကယ် ပါးနပ်ဂျသူဒွေ ဖြစ်ပါဒယ်။

ကိုင်း … ကိုင်း ..
ကျုပ်တရား နည်းနည်း ရှည်သွားပီ။
တရားဆို တိုမှ … မယားဆို … အဲလေ … ယောင်သွားလို့ … ဘုန်းဘုန်းနဲ့ မယားဆိုတာနဲ့က ဘာမှလည်း ဆိုင်ဘဲနဲ့ …
ထားဒေါ့ ….
ကျုပ်တရားပွဲဂို လာရောက်ကြဘာဂုန်ဒေါ အရပ်ကတို့ ကျမ်းမာ၊ ချမ်းသာ၊ ပေါက်နိုင်ကြပါစေလို့ ဘုန်းဘုန်းအံက ဆုပေးလိုက်ပါဒယ် …
ကျုပ်တရားပွဲ မလာကြသူဒွေဂဒေါ့ …. အဟင်း .. ဟင်း .. ဟွင်း .. ဟွင်း … သိဒယ် မီဟုတ်လား ….

နောင် … ဝေ … ဝေ …… နောင် .. ဝေ … ဝေ …..
တရားပွဲ သိမ်းပီ …

မေတ္တာ၊ ဂရုဏာ မြောက်မြားစွာဖြင့် …
ဘုန်းဘုန်းအံ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။