အလှပေါ် အယဉ်ဆင့်ပါလို့

ပန်းတော်ဝင်  သဇင်ပွင့်တွေက

ပင်မြင့်မှာ…စံ

 

တောဂနိုင် နံနက်ခင်းမှာလ

ပန်းရောင်စုံ  ကတ္တီပါခင်း တွေနှင့်

အလှချင်း လည်းပြိုင်

 

ဘယ်မနိုင် ပြိုင်စံရှားပါပေ့..

မော်ကြွားကာ လှဂုဏ်မောက်မာတယ်..

ကွယ်…….တစ်နေ့ တော့ ရင်ဖြင့်..

ကြွေလွင့်မှာ ဓမ္မတာ…သူမသိပေ သမို့ 

ဝေပွင့်ပါ….ပင်ယံထက်ဆီမှာ

စွမ်းကုန် ၀င့်ဝါလို့ …

ပန်းတို့  သဘော…..။။။။

About maung khinmin

maung khinmin has written 85 post in this Website..