Skincare နဲ့ makeup တွေဝယ်တော့မယ်ဆို ကိုယ့်အသားအရေအမျိုးအစား(skin type) ကဘာအမျိုးအစားလဲ သိဖို့လိုပါတယ်။ ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲပါလဲ သိဖို့ထက် အသားအရေအမျိုးအစား ဘယ်နှစ်မျိုး ရှိတယ်၊ ၎င်းတို့ရဲ့ အားသာချက်၊ အားနည်းချက် တွေကိုအရင် သိဖို့လိုပါတယ်။ ကဲကြည့်လိုက်ရအောင်နော်…

ခြောက်သွေ့အသားအရေ(Dry Skin)
ခြောက်သွေ့အသားအရေပိုင်ဆိုင်ရင်တော့ ဝမ်းသာရတော့မှာပါဘဲ။ အသားအရေက ခြောက်သွေ့နေလို့ ထိန်းသိမ်းရတာ နည်းနည်း သက်သာပါတယ်။ ဒါပေမယ့် ခြောက်သွေ့ အသားအရေကို ထိန်းသိမ်းမှု မလုပ်ဘဲ ဒီအတိုင်းထားရင် အသားအက်ကွဲမှု၊ ပါရေတွန့်မှု နဲ့ အသားအရေ ပျက်ဆီးမှုတွေဖြစ်နိုင်ပါတယ်။

အဆီပြန်သောအသားအရေ(Oily Skin)
တချို့ကျပြန်တော့ ဒီအသားအရေအမျိုးအစားကို ကြိုက်ပါတယ်။ သူက အမြဲပြောင်ပြောင်လေး ဖြစ်နေလို့ပါ။ ပြောင်ပြောင်လေး ဖြစ်နေတိုင်းလဲကောင်းတာ မဟုတ်သလို အမြဲဂရုစိုက်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေက အမြဲပွင့်နေလို့ ပိုးမွှားနဲ့ ဖုန်တွေအလွယ်တကူ ဝင်နိုင်ပီး ဝက်ခြံအလွယ်ထွက်နိုင်လို့ပါ။ ဒါကို sensitive skin လို့ခေါ်ပါတယ်။ မျက်နှာဟာ အမြဲအဆီတွေပြန်ပီး ရွစိရွစိ နဲ့ယားနေတတ်ပီး အမြဲစီးကပ်ကပ်ကြီးဖြစ်နေတတ်ပါတယ်။

သာမန်အသားအရေ(Normal/Mixed Skin)
အကောင်းဆုံးအသားအရေပါဘဲ။ အသားအရေက အမြဲ လင်းနေပီး မျက်နှာကို ကိုင်လိုင်ရင် နူးညံ့မှုကို အလွယ်တကူခံစားနိုင်ပါတယ်။ ပြဿနာဖြစ်မှု အနည်းဆုံး အသားအရေအမျိုးအစားပါ။ သုံးနေကျ skincare ကိုဘဲ အထူးတလည်ထိန်းသိမ်းမှု မလုပ်ဘဲသုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီအသားအရေကို မိန်းကလေး ၅ယောက်မှာ ၁ယောက်ဘဲပါနိုင်တယ် လို့research တွေကပြောပါတယ်။ စာရေးသူကတော့ ကံကောင်းပါတယ် normal skin type ကိုပိုင်ဆိုင်ထားလို့ပါ။ အများကြီး ဂရုစိုက်စရာမလိုဘဲ ရာသီနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပီး skincare ကိုရွေးလိမ်းသွားရုံပါဘဲ။

About May Beaute

May Beaute has written 2 post in this Website..