တတိယ အတွဲကတော့ ကောင်မလေးက ဆေးရုံမှာ ဆေးရောင်းတဲ့ နေရာမှာ အလုပ်လုပ်တယ်ဗျ … ကောင်လေးကတော့ မိဘတွေလုပ်ငန်းဖြစ်တဲ့ လ္ဘက်ရည်ဆိုင် မှာ အလုပ်လုပ်တယ် …. ကောင်မလေးတို့က ပိုက်ဆံသိပ်မရှိဘူး ကောင်လေးအိမ်ကတော့ အသင့်အတင့် ရှိတယ် …သူတို့ စတွေ့တာက သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ ပြင်ဦးလွင်သွားရင်း သူတို့ စတွေ့ကြတာ …. စတွေ့တာ တစ်ပတ်လောက်ပဲရှိမယ် ရည်စားဖြစ်သွားကြတယ် …. အင်တာနက်ခေတ်ကြီးမှာ ဒီလိုမြန်မြန်ဆန်ဆန် လက်သွက်ထားမှ မဟုတ်ရင် သူများလက်ထဲပါသွားတာတွေကများတယ်လေ ကောင်မလေးက ရွာသူ ရိုးတယ် အတယ် ဟိုကောင်က လက်သွက်တယ် တစ်ပတ်အတွင်း ရှိသမျှ အချိန်တွေ ငွေတွေ ကောင်မလေးအတွက် … ဘယ်တုန်းကမှ ငွေ မထွက်တဲ့ကောင် ဒီလို အချိန်မှာတော့ ဘယ်လောက်ကုန်ကုန် အပြုံးမပျက်ဘူး .. ရည်စားဖြစ်တာ သုံးရက်မြောက်တဲ့နေမှာ ကောင်မလေးကို ဇွတ်အတင်းခိုးပြေးတယ် ကောင်မလေးက သိပ်လိုက်ချင်ပုံ မရဘူး ….. နောက်တော့ ရွာမှာ မင်္ဂလာဆွမ်းကပ်တယ် မြို့ပေါ်မှာ မင်္ဂလာဆောင်တယ် ….. မင်္ဂလာဆောင်ပြီးတော့ အဆင်ပြေကြပါတယ် … ကောင်မလေးက ဆေးမရောင်းပဲ လင်မယားနှစ်ယောက် လ္ဘက်ရည်ဆိုင်မှာပဲ အတူတူနေတယ် … မိန်းကလေးတို့ သဘာဝ ညားကာစမှာတော့ ကိုယ်ယောက်ကျားနဲ့ အချိန်တိုင်း လက်ပွန်းတတီး နေချင်ကြမှာပဲ … လ္ဘက်ရည်ဆိုင်မှာ အလုပ်လုပ်တာဆိုတော့ မနက်လည်း အစောကြီးထရတယ် တစ်နေကုန်လည်း လုပ်ငန်းတွေ လုပ်ရတယ် ပင်ပန်းတော့ ယောက်ကျားက ညပဲကပ်တယ် ကျန်တဲ့အချိန် သိပ်မကပ်ဘူး … မိန်းကလေးက ယောက်ကျားနားကပ်ပြန်တော့ ကောင်လေးမိဘတွေ မောင်နှမတွေက သိပ်မကြည်ဘူး … ဘာလုပ်လုပ်အပြစ်မြင်နေကြတယ် … စပ်စလူးမ အရွမ ပေါ့ အဲလိုပြောကြတယ် … ကောင်လေးက မိသားစုထဲမှာ အငယ်ဆုံး အလုပ်တွေလည်း တော်တော်လုပ်ရှာပါတယ် လ္ဘက်ရည်ဆိုင်အပြင် ထော်လာဂျီ အဌားလိုက်တယ် မီးစက်တွေ မီးချောင်းတွေ အဌားလိုက်တယ် … သူပဲလုပ်ရတာ ဒါပေမယ့် သူမိသားစုက သူအလုပ်လုပ်ရင် အရင်ကထက် ပိုပြီး ပိုက်ဆံ တွေ စစ်တယ် သိပ်မသုံးရဘူး လင်မယားနှစ်ယောက် သူတို့မသိပဲ ပိုက်ဆံတွေ ခိုးစုနေတယ်ထင်နေတာ …. ကောင်မလေးကလည်း ငယ်သေးတော့ အနေအထိုင်မတက်ဘူး လှချင်ပချင်နဲ့ ယောက်ကျားနားပဲ ကပ်နေတာ … အချိန်တွေကြာလာတော့ ကောင်လေးကလည်း သိပ်မကပ်ချင်တော့ဘူး မိသားစုတွေက သွေးထိုးတာလည်းပါတယ် .. မိသားစုတွေထဲမှာ အချည်း သုံးယောက်ပါတယ် သူအမေနဲ့ဆို လေးယောက် … အဲဒီ မိန်းမကြီးလေးယောက်က ၀ိုင်းပြီး ပြောဆိုတယ် ယောက်ကျားမရှိရင်မရှိသလို လူကြားထဲမှာ အော်တယ်ငေါက်တယ် ယောက်ကျားလာရင်လည်း ဂုံးချောတယ် … အစကတော့ ကောင်မလေးဘက်မှာ သူရှိသေးတယ် အသွင်အတူတဲ့ မိန်းမ နဲ့ မိသားစုကြားမှာ ဗျာများပြီး တော်တော်စိတ်ဆင်းရဲနေတာ နောက်တော့ အိမ်မှာ မနေတော့ပဲ သူတို့ ၀ိုင်းအသစ်မှာ နေကြတယ် … သူအမကြီး လင်မယားနဲ့ တစ်ဝို်င်းထဲမှာ အတူတူနေတယ် … ကောင်မလေးကလည်း ဆေးရုံမှာ ပြန်ပြီး အလုပ်လုပ်တယ် ….. ထမင်းတော့ ချက်မစားဘူး ကောင်လေးက သူအိမ်မှာ စားတယ် ကောင်မလေးကိုတော့ နေ့ထိုင်း ထမင်းဖိုးပေးတယ် အချိန်တွေကြာလာတာနဲ့အမျှ ကောင်လေးကကောင်မလေးကို ညပဲသွားတွေတယ် .. နောက်ပိုင်းကျတော့ ညလာတာပါ စိပ်လာတယ် … နောက်ပိုစိုးလာတယ် တစ်ပတ်တစ်ခါလောက်ပဲလာတယ် ကောင်မလေးမှာ ယောက်ကျားမရှိတဲ့ အိမ်ကြီးထဲမှာ အမြဲတမ်းနေရတယ် .. မိသားစုတွေကလည်း ဘယ်သောအခါမှကောင်းကြောင်းမပြောကြဘူး .. အပြစ်မရှိမပြစ်ရှာပြီးကောင်လေးကို ကောင်မလေးဆိုးတာတွေပဲ ပြောနေတယ် .. အိမ်တစ်ခါပတ်ပြီး အတင်းပြောတယ် တံခါးပိတ်ရင်တောင် သေချာ စေ့အောင် ပိတ်မထားဘူး .. ဆံပင်ကလည်း ဖယောင်းသွင်းလိုက်သေးတယ် ရတဲ့လစာကျလည်း အ၀တ်အစားငယ်ဝတ်တယ်တဲ့ ……
ကောင်လေးက နောက်တော့ မလာတော့ပဲ ရှောင်တဲ့အဆင့်ထိပါရောက်လာတယ် .. ကောင်မလေးကလည်း အလုပ်ထွက်လိုက်တယ် .. ရွာပြန်ပြီး ရွေးစေ့ အရောင်းအ၀ယ်ပြန်လုပ်တယ် …..ပြန်လာတော့ သူယောက်ကျားက တစ်လ တစ်ခါလောက်ပဲ ပြန်လာတော့တယ် ..ပြန်မလာလို့ သူအိမ်လိုက်သွားရင် လူကြားထဲမှာ သူအမေတွေ အမတွေက ဆူလွက်ဆဲလွတ်တယ် …. ကောင်မလေးကလည်း သူအိမ်ကို နောက်ထပ်မသွားရဲတော့ဘူး … သူယောက်ကျားနဲ့ တွေ့ချင်ရင် စကားပြောချင်ရင် သူ့သူငယ်ချင်းတွေ ဘေးနားကသိတဲ့သူတွေကိုပဲ ခေါ်ခိုင်းရတာ … အခုတော့ လူကလည်းမလာ ထမင်းဖိုးကလည်း မပေး တွေ့ရင်လည်း ကွာမယ်ပြော ဆဲတယ် ကိုယ်ထိလက်ရောက်ပါ နှိပ်စက်လာတာ ကလေးလည်းမယူရဘူး ဗိုက်ကြီးတယ်လို့ လိမ်ပြောတာတောင် ဖျက်ချခိုင်းတာ .. ကောင်မလေးကတော့ ယောက်ကျားမရှိတဲ့အိမ်မှာ စားစရာမရှိပဲ တစ်ယောက်တည်း နေလာရတာ .. ယောက်ကျားမူးပြီးပြန်လာရင်တောင် သူကျေနပ်နေတာ … ကွဲဖို့ကြလည်း မိဘတွေကို သနားနေတယ် .. သူကိုယ်တိုင် အရွယ်နှင့်မမျှအောင် ယောက်ကျားနှိပ်စက်တာ ယောက္ခမ ယောင်းမတွေ နှိပ်စက်တာကို ခံနေရတာ .. သူငယ်ချင်းတွေကို ဖျောင်းဖျခိုင်း ဟိုကောင်ကမရတော့ဘူး … ဘူးဆိုမှ ဘူးပဲ .. ကောင်မလေးက သူကို စိတ်ပျက်ပြီး ကွာရှင်းလာတဲ့နေရောက်အောင် လုပ်နေတာ .. အခုတော့ ဘယ်လိုမှ သည်းမခံနိုင်လို့ မိဘတွေကို ဖွင့်ပြေထားတယ် သူငယ်ချင်းတွေကလည်း ကောင်မလေးကို အမျိုးသမီးရေးရာ ကို တိုင်ခိုင်းတယ် …. ကွဲဖို့ကများပါတယ် …. ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ တစ်ပတ်လောက်ကြာရင် သိတော့မှာပါ .. လင် နှင့် မယား အဆက် ဇာက်သိမ်းပိုင်း ဆိုပြီး ထပ်တင်ပေးပါဦးမယ် …
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာမစုံ ပိုက်ဆံမစုံဘဲနဲ့ အိမ်ထောင်မပြုကြပါနဲ့ …. နှစ်ဖက်သော မိဘ ဆွေမျိုးတွေ ရဲ့ အကျင့်စရိုတ်တွေကိုလည်း သေချာလေ့လာပါ … မိမိယူမယ့်ယောက်ကျားကို မရခင် စိတ်မလိုမလိုက်မိပါစေနဲ့ … ယောက်ကျားတွေက အစကတော့ ဟင်္သာလေး နောက်တော့ လင်းတ လုပ်တာ ……… သေတပန်သက်ဆုံးပေါင်းဖတ်ရမယ့် ဘ၀လက်တွဲဖော်ကို သေသေချာချာ စေ့စေ့စပ်စပ် စဉ်းစားပြီး ရွေးချယ်ကြပါ … မိမိဘက်က ရသင့်ရထိုက်တာတွေကို တစ်ခါတည်း စာချုပ်စာတမ်းနဲ့ သေချာ သိမ်းထားပါ …ကျွန်တော်ကြိုးစားပြီး သင့်တောင်အောင် ရေးသားထားခြင်းဖြစ်ပါသည် … ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးကို မသိသေးတဲ့ သူတွေ သိသွားပြီး စဉ်းစားကြဖို့ပါ … သိပြီးသားသူတွေလည်း ပြင်ကြဖို့ပါ ………… အားလုံးကို ကျေးဇူးတင်ပါတယ် ..

About thihayarzar

thiha yarzar has written 76 post in this Website..