ဟေ့ကောင် မောင်ကျောက် ဆေးပေါ့လိပ်ရှိသေးလား?
အေးရှိတယ် ဒါပေမည့်ကုန်တော့မှာ မနက်ဖြန်ရွာထဲဆင်းရင်ဝယ်ဖို့သတိပေးအုန်း
အေးပါကွ အခုတော့ ပေးပါအုန်းတစ်လိပ် ငါ့လခွီး  ဆေးပေါ့လိပ် မရှိပဲအရက်သောက်ရတာ ဖီလင်မလာဘူး
လဒ တိုးတိုးပြောပါကွ မင်းသောက်သံပြဲကြီးနဲ့ ဘုန်းကြီးနိုးရင် ဇရပ်ပေါ်ကကန်ချခံရလိမ့်မယ်

ဟဲ ဟဲ မကြောက်ပါနဲ့ကွ  ဘုန်းကြီးဒီညကျောင်းမှာ မကျိန်းဘူး၊ မနက်က ဆရာ့ကိုခေါ်ပြောသံကြားတယ်၊ ပင်းဒယ ကြွစရာရှိသတဲ့
အေးဒါဆိုလဲပြီးရော။ ဟို လဒ တိုက်ကြီး ကလဲ အမြည်းသွားရှာတာ ကြာလိုက်တာ။ ဒီမှာ လိမ်မော်ဖြူ တလုံးက ကုန်တော့မယ်၊ ကျော်သန်း ခွီး လူသောက် သောက်ကွာ
ဟဲ ဟဲ ဒါကတော့ ငါ့မှာရခိုင်လဲ ဖြစ်ပြန်၊ Geology ကျောင်းသားလဲ ဖြစ်ပြန် ဆိုတော့
အေပေး ဆင်ချေ ချည်းဘဲ၊ ဟိုမှာ တိုက်ကြီး လာပြီ
ဟေး သူငယ်ချင်း ငတိုက် ဖွယ်ဖွယ်ရာရာ ဘာမြည်းစရာတုန်း?
ထုံးစံ အတိုင်း အာပြဲခြောက် နဲ့ လဖက်။ နှာခေါင်းမရှုံ့နဲ့ မောင်ကျောက်၊ Field ဆင်းလာတာ တောထဲဒီလောက်ရတာ ကံကောင်း
အေးပါကွာ ရရာပေါ့၊ လှည်းတန်း နဲ့ ကန်ဘောင်တော့ လွမ်းသား၊ ဪ…. လူဖြစ်ရတဲ့ဒုက္ခ၊ သောက်ရ ပေအုန်းတော့မည်
အောင်မာ၊ သောက်ကြီးသောက်ကျယ်၊ လူဘယ်လိုဖြစ်တုန်းမင်းသိလို့လား?
ဟဲ ဟဲ လုပ်ပါအုံး အမောင်ကျော်သန်း ရဲ့

ကဲ ကဲ ရခိုင်ပညာရှိ စကား နားထောင်ကြ

ဒီလိုကွ ကမ္ဘာဦးအစက နေနဲ့လ ဘဲရှိတာ၊ အဲသည်မှာ နေကြတ်တဲ့ ရောက်တော့ နေနဲ့လ မှားယွင်းမိကြပါလေရော
ဒီလိုနဲ့ အချိန်တန်တော့ လ ကဥ ဥ ပါလေ၊ အဲသည့် လ ဥ ကနေ လူဖြစ်တာကွ

ဟား ဟား မအေပေး၊ ပေါက်ကရ
မဟုတ်လို့လားကွ? လ ဥ ကနေလူဖြစ်တာ၊ ကောင်း ကောင်း နားထောင်၊ ယောက်ျား မိန်းမ ဘယ်လိုဖြစ်တယ် ဆက်ပြောပြမယ်

အဲသည့် လ ဥ ဟာ ကမ္ဘာကြီးပေါ်က ရေအိုင်ထဲ ပြုတ်ကျလာသတဲ့
အဲဒီမှာ အိုင်ထဲက လောက်တွေက ဝိုင်းတွယ်ကြတာပေါ့ကွာ
တချို့ဥတွေက လောက်ထိုးလို့မရဘူး၊ ဆရာစံတို့ ခေတ်က ဓားပြီးတယ် လှံပြီးတယ် ဆိုသလိုပေါ့ကွာ
သူတို့က ” လောက်ပြီး” တယ်ပေါ့၊ အဲသည့် ” လောက်ပြီး” တဲ့ ဥ တွေ က အချိန်တန်တော့ ” ယောက်ျား” ဖြစ်ရော
အဲ ” လောက်မပြီး” တဲ့ဥတွေကတိုယ့် “မိန်းမ”  ဖြစ်ရော
လောက်မပြီး တဲ့ဥတွေထဲကမှ ” လောက်ကြီး” တွေအတွယ် ခံရတဲ့ဥက “အပျိုကြီး” ဖြစ်သကွ

ဟား ဟား မအေပေး ကျော်သန်း ခွီး အရက်တောင် သီးတယ်။

ဦးကျောက်ခဲ

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 55 post in this Website..