မင်းကွန်းခရီး ……..

Khaing KhaingJuly 24, 20121min13066

မနေတစ်နေ့က ဘုရားဖူးသွားဖြစ်တာလေးကို ရွာသူရွာသားတွေအတွက် ဝေမျှချင်ပါတယ် …..

တခြားသူတွေလို နွေတို့ဆောင်းတို့ကို ခရီးမထွက်ပဲ မိုးတွင်းကြီးထွက်တော့ ရင်တမမနဲ့ ထွက်ခဲ့ရတယ် … ဒါပေမယ့် ပြင်ဦးလွင်နဲ့ မန်းတလေးမှာ မိုးမရွာမိုးခေါင်းနေတာကြောင့် ဆောင်းနဲ့နွေရာသီမှာ ခရီးထွက်သလို ခံစားခဲ့ရတယ် ….

ကျွန်မရဲ့ခရီးစဉ်တွေထဲက မင်းကွန်းခရီးစဉ်လေးကို တင်ပြချင်ပါတယ် …….. ကျွန်မ မန်းတလေး၊ စစ်ကိုင်းကို (၂)ခေါက်ရောက်ဖူးပါတယ် … မင်းကွန်းဘက်ကိုတော့ မရောက်ဖူးခဲ့ပါဘူး … အခုတစ်ခေါက် မင်းကွန်းစစ်ကိုင်းကို ကားနဲ့တိုက်ရိုက်သွားလို့ရတော့ ကျွန်မတို့မိသားစုနဲ့ သူငယ်ချင်းစုံတွဲက ကားနဲ့သွားဖို့စီစဉ်ကြတယ် ဒါပေမယ့် ရွာထဲက ယောက်ျားဗိုက်ကြီးသည် မန်းလေးသား ကိုဖိုးထောင် နံမည်နဲ့လူနဲ့လိုက်ပါတယ် သူထောင်လို့ ဒီခရီးစဉ်က ကားနဲ့မသွားဖြစ်ပဲ ရေလမ်းခရီးနဲ့သွားဖို့ အားလုံးကစိတ်ဝင်စားသွားတယ် ……

မန်းတလေး ဂေါဝိန်ဆိပ်ကမ်းမှ မင်းကွန်းကို လှေစီးသွားသွားရတယ် … ဂေါ်ဝိန်ဆိပ် ရောက်တော့ လှေခက တစ်ယောက် ၅၀ဝ ဆိုတော့ လူက ၄ယောက်ဆိုတော့ (၂၀၀၀) ပေးပြီးလှေပေါ်စောင့်နေခဲ့တယ် မနက်စောစောမဟုတ်တော့ လှေကိုလူတက်နည်းတယ်လေ ခဏကြာတော့ မိန်းမကြီးနှစ်ယောက်တက်လာတယ် ကျွန်မတို့မစောင့်နိုင်ဘူး လူမပြည့်ပဲထွက်ချင်ရင် ပိုက်ဆံ (၁၅၀၀၀၀) ထပ်ပေးရမယ်တဲ့ ကားနဲ့သွားရင် (၂၀၀၀၀) ပဲကုန်တာလေ ဈေးသက်သာချင်တာရယ် လှေနဲ့ဆိုတော့ပျော်စရာကောင်းတာရယ်ကြောင့်ထွက်လာတာ အခုတော့ (၁၅၀၀၀) ပေးရတော့ ဈေးကကားနဲ့သွားတာထက်ပိုကုန်ကျနေတယ် ဟိုဘက်ရောက်ရင်လည်း သွားဖို့ကားကထပ်ငှားရဦးမှာဆိုတော့ ကျွန်မတို့အင်တင်တင်လုပ်လိုက်တယ် ဒါနဲ့လှေသမားက (၁၀၀၀၀) ထပ်ပေးမလားတဲ့ ဒါဆိုအခုချက်ချင်းလှေထွက်ပေးမယ်ဆိုတော့ ကျွန်မတို့လည်း အချိန်သိပ်မစောင့်ချင်တော့ ပေးမယ်ဆိုပြီးပြောလိုက်တယ် အဲဒါနဲ့လှေလည်းစတင်ထွက်ခွာခဲ့တယ် ရေဆန်ဆိုတော့ အချိန်ကနည်းနည်းကြာတာပေ့ါ … လေ လေးကတဖြူးဖြူးနဲ့ အတော်လေးပျော်စရာကောင်းပါတယ် လှေပေါ်မှာ ကျွန်မတို့အုပ်စုက ကလေးအပါအဝင် (၅)ယောက် အဒေါ်ကြီး (၂) လှေတစ်စီးလုံးမှာ လူ(၉)ယောက်နဲ့ ထင်တိုင်းကိုကျဲနေတာပေ့ါ အောက်မှာနေလိုက် ခေါင်မိုးပေါ်တက်လိုက်နဲ့ ဘေးမှာလည်း တစ်ခြားလှေတွေကိုတွေ့နေရတယ် နိုင်ငံခြားသားတွေလိုက်ပါစီးနင်းပြီး မင်းကွန်းသွားတဲ့လှေတွေပေ့ါ …… ရေထဲမှာ အိမ်လေးတွေက ဖောင်ပေါ် မှာဆောက်ထားကြတာရော  ရေပေါ်အိမ်တွေရော ရူခင်းတွေကတော်တော်သာယာတယ် ဒီလိုနဲ့ ကျွန်မတို့ ဓာတ်ပုံတွေရိုက်ကြရင်းနဲ့ မင်းကွန်းပုထိုးကြီးရှိရာ ကမ်းဘက်ကို နီးလာတယ် အဲဒီအချိန်မှာ လှေပေါ်ကကောင်လေးက လှေမောင်းတဲ့သူကို လက်ညှိုးညွှန်ပြပြီး ကမ်းကပ်ရန် အချက်ပြလိုက်တာကို ကျွန်မတွေ့လိုက်တယ် …… ထိုနေရာက ပုထိုးတော်ကြီးနဲ့ အလွန်ဝေးသေးတယ် လှေပေါ်မှ အမျိုးသမီးတစ်ယောက်ကဆင်းသွားတယ် တစ်ယောက်ကျန်နေတယ် သူကပြောတယ် သမီးတို့က ဟိုဘက်မှာဆင်းရမှာတဲ့ ဒါနဲ့ကျွန်မလည်း လှေသမားကိုဟိုဘက်ပုထိုးတော်ကြီးနားအထိမောင်းပေးမလားလို့မေးတော့ မမောင်းဘူးဒီမှာ ဂိတ်ပဲလို့ပြောတယ် ကျွန်မအမျိုးသားကလည်းပြောပါတယ် အရင်သူတို့လာတုန်းက ဘုရားရှေ့ထိလှေရောက်တယ်တဲ့ ကျွန်မစိတ်ထဲ တစ်နှစ်နဲ့တစ်နှစ်မတူဘူးလို့ပဲ တွေးလိုက်မိတယ် …….ခဏနေကျတော့ ယောက်ျား (၄) ယောက်လောက်လှေပေါ်ကိုတက်လာတယ် ဆိုင်ကယ်ငှားမလား ကြိုက်သလိုစီးပါ (၂၀၀၀) ပဲပေး ဆိုက်ကယ်ကိုအမတို့ယူသွားပါဆိုတဲ့သူနဲ့ ….. တုတ်တုတ်ငှားတဲ့လူကျတော့ ဘုရားစုံပို့ပေးမယ် ပြီးရင်လှေဆိပ်ကိုပြန်ပို့ပေးမယ် အသွားအပြန် (၁၀၀၀) ပဲပေးပါဆိုပြီး အလုအယက်လာပြောနေကြတယ် ကျွန်မတို့လည်း မရောက်ဖူးတဲ့ဒေသဖြစ်တော့ သူတို့ပြောတာလက်ခံပြီး တုတ်တုတ်ကို အသွားအပြန်လူ(၄) (၄၀၀၀) ထောင်နဲ့ငှားစီးကြတယ် ပထမက မင်းကွန်းဘုန်းဘုန်းရဲ့ပြတိုက်ပို့ပေးတယ်……

ဒုတိယက မင်းကွန်းဘုန်းဘုန်းသတင်းသုံးခဲ့တဲ့ ကျောင်း….

နောက်ဆုံး မင်းကွန်းပုထိုးကြီးရှေ့ကဖြတ် မင်းကွန်းခေါင်းလောင်းနေရာကိုလိုက်ပြတယ် မင်းကွန်းခေါင်းလောင်းရှေ့မှာ လှေဆိပ်ရှိတယ်လို့ပြောပြီး မင်းကွန်းပုထိုးတော်ဘက် ကိုပြန်မောင်းပို့တယ် ထိုနေရာမှာကျွန်မတို့ကို ဆင်းခိုင်းပြီး ပုထိုးတော်ကြီးဖူးပြီးရင် ခေါင်းလောင်းကို ကိုယ့်ဘာသာကိုယ်လမ်းလျှောက်သွားပြီးလှေဆိပ်ဆင်းလိုက်ပါတဲ့ ….. အော် သူကဒါကိုများ အသွားအပြန် လှေဆိပ်ထိပို့ပေးမယ်ဆိုပြီး ကျွန်မတို့ကို ညာချခဲ့တယ် ….. ပုထိုးတော်ကြီးနဲ့ ခေါင်းလောင်းသိပ်မဝေးလှပါဘူး ဒါပေမယ့် ကျွန်မမှာ ကလေးငယ်ပါတာကတစ်ကြောင်း ခရီးတွေထွက်တဲ့ရက်တွေဆက်နေတော့ လမ်းသိပ်မလျှောက်ချင်တော့ဘူး စိတ်ထဲအနည်းငယ်ဒေါသထွက်မိပေမယ့် ဒီလိုပဲ ဖြေဖျောက်ပြီး ပုထိုးတော်ကြီးအပေါ်ထိတက်ပြီး ဖူးမျှော်ခဲ့တယ် ……. ပုထိုးတော်ကြီးကနေလှမ်းကြည့်ရင် မြသိန်းတန်စေတီကိုလည်းဖူးတွေရတယ် ဒါပေမယ့် ကျွန်မတို့ကို တုတ်တုတ်သမားကလိုက်မပို့ပေးခဲ့ပါဘူး ……… ခေါင်းလောင်းကြီးကိုကြည့်ပြီး လှေဆိပ်ဆင်းတော့ မင်းကွန်းဘိုးဘွားရိပ်သာကနေဖြတ်ဆင်းရပါတယ် ဘိုးဘွားရိပ်သာမှာ အလှူငွေထည့်ဝင်ပြီး လှေပေါ်တက်ခဲ့ကြတယ် လှေကထွက်ပြီး ဆိပ်ကမ်းတစ်ခုမှာ တစ်ခါကပ်ပါတယ် ကျွန်မတို့မင်းကွန်းစရောက်တော့ ဆင်းတဲ့ဆိပ်ကိုဝင်မှ ကျွန်မတို့ အလိမ်ခံရတာကို ထပ်သိခဲ့ရတယ် …….. အမှန်လှေက မင်းကွန်းပုထိုးတော်ကြီးအထိကို သွားပါတယ် ….. ကျွန်မတို့ကို အချဉ်ဖမ်းချင်တော့ လှေသမားကောင်လေးက ပုထိုးတော်ကြီးအနားကို မမောင်းခိုင်းပဲ ဝေးတဲ့နေရာမှာ လှေကိုကပ်ခိုင်းတယ် နောက်တစ်ချက်က ကျွန်မတို့တုတ်တုတ်ပေါ်တက်လိုက်စဉ်မှာ လှေသမားကောင်လေးနဲ့တုတ်တုတ်သမားစကားပြောနေတာ တစ်ခုကို ကျွန်မခေါင်းထဲဝင်လာတယ် တုတ်တုတ်သမားက“ ပြန်လာရင်မင်းကိုငါပေးမယ်တဲ့” အော် ကျွန်မကောင်းကောင်းသဘောပေါက်လိုက်ပါပြီ လှေသမားက ဟိုဘက်ဆိပ်ကမ်းမသွားတော့ ကျွန်မတို့တုတ်တုတ်ငှားစီးရင် သူကမုန့်ဖိုးရတယ်လေ ဒါကိုမျှော်ကိုးပြီး လုပ်လိုက်တာ …….

ကျွန်မအတော် စိတ်မကောင်းဖြစ်ခဲ့တာ တစ်ခုက နံမည်ကြီးဘုရားပုထိုး ဘုန်းတော်ကြီးကျောင်းတွေရှိတဲ့ မြို့ရွာမှာနေတဲ့ သူတွေရဲ့အကျင့်စာရိတ္တတွေကပျက်စီးနေတာကို ကောင်းကောင်းတွေ့ခဲ့ရတယ် ကူညီချင်စိတ်မရှိတော့ပဲ ရိုးသားတဲ့စိတ်တွေပျောက်ကွယ်ပြီး ငွေရဖို့အတွက် ခရီးသွားဧည့်သည်တွေဆီကနေ မရိုးမသားနည်းလမ်းတွေသုံးပြီး လိမ်လည်တတ်လာတယ် …….

ဒါကြောင့် မင်းကွန်းခေါင်းလောင်းကြီးအဝင်မှာစာတစ်ခုကပ်ထားတယ် ကလေးငယ်တွေကို မုန့်ဖိုးမပေးပဲ သူတို့အကျင့်စာရိတ္တကို မဖျက်ဆီးအောင် စောင့်ရှောက်စေချင်တဲ့ သတိပေးစာတန်းလေးကို တွေ့ခဲ့ရပါတယ် …….

 

နောက်တစ်ခုက နံမည်ကြီးအထင်ကရ နေရာတွေကို ပြုပြင်ဖို့ထက် မပျက်စီးအောင်သန့်ရှင်းအောင်စောင့်ရှောက်စေချင်တယ် ဓာတ်ပုံရိုက်တဲ့သူတွေက မှတ်တမ်းဓာတ်ပုံတွေကို ခရီးသွားတွေအတွက်ရိုက်ပေးကြတယ် အဲလိုရိုက်ပေးခြင်းထက် မိမိအသက်မွေးတဲ့နေရာမှာ သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းပေးနိုင်ရင် မိမိစားဝတ်နေရေးကို ပိုပြီး အထောက်အပံ့ဖြစ်စေမှာပါ ….. စည်းကမ်းရှိစေချင်တယ် ရိုသေစေချင်တယ် ….. ကျွန်မခရီးစဉ်တစ်လျှောက် မည်သည့်နေရာမှ အမှိုက်မပြစ်ခဲ့ပါဘူး …… အမှိုက်မှန်သမျှကို ပိုက်ဆံအိပ်ထဲထည့်ပြီး တည်းခိုတဲ့နေရာရောက်မှသာ စွန့်ပစ်ခဲ့ပါတယ် ……

ဒီပို့စ်လေးတင်ရတဲ့ ရည်ရွယ်ချက်က မင်းကွန်းဘက်ကို မရောက်ဖူးဘဲ ရေလမ်းခရီးကနေသွားချင် ကျွန်မလိုအညာမမိအောင် တင်ပြရခြင်းဖြစ်ပါတယ် …….

ခရီးသွားခဲ့တာ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ် ဒါပေမယ့် ရွာမှာတင်ဖြစ်မှာမဟုတ်ပါဘူး ဓာတ်ပုံတိုင်းမှာ ကာယကံရှင်တွေရဲ့ပုံပါတဲ့အတွက် မတင်တော့ပါဘူး နောက်တစ်ခုက အခုခရီးစဉ်တွေကို လေးပေါက်ကြီးက အားရပါးရပို့စ်တွေတင်ထားတဲ့အတွက် ရွာသူရွာသားများ ရင်းနှီးပြီးသားနေရာတွေဖြစ်နေသောကြောင့် မတင်တော့ပါဘူး ………

……..ကျွန်မခရီးသွားရတာ အတော်လေးပျော်ခဲ့ပါတယ် ………

 

ခင်မင်စွာဖြင့်

Khaing Khaing

66 comments

  • ဘဲဥ

    July 24, 2012 at 2:28 pm

    နေရာအရင်အူးထားမယ် ပီးမှ အေးချေးဖတ်မယ် ဟိဟိ

    • မမ အညာသူ

      July 24, 2012 at 3:32 pm

      ဒါကညာမှတ်ထားတဲ့နေရာလေ
      ဘာလို.သူများနေရာဝင်လုရတာလဲ
      သူကြီးတိုင်မှာနော် ဟွန်း

  • ဘဲဥ

    July 24, 2012 at 2:33 pm

    မာမီ မာမီ
    လူမပြည့်ပဲထွက်ချင်ရင် ပိုက်ဆံ (၁၅၀၀၀၀) ထပ်ပေးရမယ်တဲ့ အဲ့ဒါလေး :mrgreen: ပိုနေသလားလို့
    ပီးတော့
    တုတ်တုတ်နဲ့ ဘုတ်ဘုတ်က ဘာတော်လဲဂျ ၊ 😀

    • Khaing Khaing

      July 24, 2012 at 2:42 pm

      အေးအေး ဟုတ်တယ် သားသားဥ မာမီအလုံးထည့်ရင်း သားကိုသတိရပြီး တစ်လုံးပိုထည့်မိတယ် … ကျေးဇူးသားသား (၁၅၀၀၀) ထပ်တောင်းတာသားသား …..

      တုတ်တုတ်နဲ့ဘုတ်ဘုတ်ဘာတော်လဲ မာမီလဲမသိဘူး ..

      ဥဥနဲ့ စုစုက ဟိုဟာတော်တယ်နော် ……. ခစ်ခစ်ခစ်

  • Ma Ei

    July 24, 2012 at 2:37 pm

    ခိုင်ခိုင်ရေ…
    မင်းကွန်းခရီးစဉ်ကို ပုံလေးတွေနှင့်တစ်ကွ
    ကြည့်ချင်ပါတယ်ကွယ်…
    ဘယ်သူတွေ ဘယ်နှစ်ခါတင်တင်ပါ
    ဘယ်နှစ်ခေါက်ကြည့်ရကြည့်ရ မရိုးနိုင်တဲ့ နေရာတွေမို့ပါ…
    ငွေရဘို့အတွက် ခရီးဆုံးမပို့တဲ့ လှေသမားရယ်
    တုတ်တုတ်သမားရယ်…သူတို့လိုမျိုးလူတွေများရင်ဖြင့်
    အိမ်သာလို့ လာမည့်ဧည့်သည်တွေ ခက်ရချည့်နော်…

    • Khaing Khaing

      July 24, 2012 at 2:44 pm

      မအိရေ ……. ညီမကဓာတ်ပုံဆရာမဟုတ်ဘူး ချစ်ချစ်ကရိုက်ပေးတာဆိုတော့ သူရိုက်သမျှကို သမီးက ပို့စ်ပေးရတယ် ဒါကြောင့် ရူခင်းပုံသက်သက်မရိုက်ဖြစ်ဘူး ပုံအားလုံးကို သမီးကသရုပ်ဆောင်ထားတယ် ……… ခစ်ခစ်ခစ်

  • ဇောက် ထိုး

    July 24, 2012 at 2:42 pm

    အင်း…. အဲဒါ ဘုရားရိပ် တရားရိပ်နဲ့ နီးစပ်သူတွေလို့များပြောရမလားမသိဘူး။…
    ဝေးလွန်းရင် မှုံတတ်သလို… နီးလွန်းရင်လဲ မှုံတတ်တာပါပဲ..
    မျက်လုံးနားကို ကပ်ပြီးစာဖတ်ကြည့်ပါလား… လုံးဝကို ဖတ်မရတော့ဘူး…
    ဒါက နီးလွန်းလို့မှုံသွားတာ….
    လူတွေ တရားရှိဖို့လိုတယ် ဆိုတာ.. ဒါပဲ။ တရားဆိုတာ မတရားမှုမဟုတ်တာပဲ။
    ကျွန်တော်တို့မြန်မာတွေ တရားတွေရှာ… တရားတွေနာ.. နေကြပေမယ့် လူတွေမှာတော့ တရားရှိရောင် မမြင်ရသလိုပဲ….

    • Khaing Khaing

      July 24, 2012 at 2:48 pm

      ဒေါက်တာ ဇော်ထိုး ……… ဘယ်လိုလဲရှင့် …… တရားသဘောတွေပြောလှချေလား ….. ဆရာ့ရဲ့ ဥပမာလေးတွေက အတော့်ကိုထိရောက်တယ်ရှင့် ………..

      မင်းကွန်းခေါင်းလောင်းကြီးရဲ့ပရဝုဒ်မှာ ညစ်ပတ်နေတော့ အခိုင်တောင် ရှက်သွားမိတယ် တစ်ခြားနိုင်ငံသားတွေတွေ့ရင် သူတို့စိတ်ထဲဘယ်လိုများ ထင်မိမလဲဆိုတာကိုပေ့ါ ……. ခေါင်းလောင်းအပြင်မှာလည်းစာရေးထားတယ် ခေါင်းလောင်ပေါ်တွင် စာမရေးရတဲ့ အပေါ်မှာ မရေးပါဘူး အတွင်းမှာတော့ ရစရာနေရာမရှိအောင်ရေးထားတယ် ……. လူတွေကလည်း ကော်ရရှင်ပန်တွေနဲ့ရေးတာ ဘာလို့များအကျင့်ပါနေလဲမသိပါဘူး ……..

  • Solid_Sn@ke

    July 24, 2012 at 3:05 pm

    ခရီးသွားတာ ကြွား သွားဒလယ်ပေါ့….
    သည်တခါ တိုကီယိုသွားတာ ကင်မလာ မပါလို့ ပုံမတင်တော့တာနော..
    ညင်းညင်း …နှလုံးသားရှိတဲ့အရပ် ….

    စကားမစပ် … ကျုပ်လည်း ခရီးသွားမလို့ဗျ…
    လာမယ့် စနေ …
    http://www.japan-guide.com/e/e5900.html
    ဒါ့ပုံဒွေ တဝတပြဲ ရိုက်အုံး တင်အုံးမှာ..
    ပီးရင်
    နောက်လ ခန်းတိုးဘက် ခြေစင်္ကြာလှည့်မယ်ကွယ်…
    ဟိုမီးတောင် တက်မလားလို့ … ဒန်တန့်တန် …
    http://www.japan-guide.com/e/e5200.html
    ၉လပိုင်း ကုန်ရင်တော့ ..ကမ်းစပ် …ကမ်းစပ်..
    ရှအင်းလျော်ကိုး ကွဲ့….လက်မှတ်တောင်ဖြတ်ပီးဘီ…
    http://www.japan-guide.com/list/e1247.html
    ၁ဝလပိုင်းမှာ ..မေပယ်ရွက်တွေ နီတဲ့အချိန်…
    နှလုံးသားတစ်ထောင့် က ဟောသည့်မြို့ကလေးကို
    တခေါက်ပြန်လာမယ်လို့ ..ကတိစကားထားမိပြန်တယ်ကွယ်…
    http://www.japan-guide.com/e/e2158.html

    ၁၁လပိုင်းမှာ .. တယောက်သောသူကလေးက သူရို့ဆီ ဆော့သန်းမ်လိုက်ထ် လာရိုက်တဲ့ .. ခုခိခုခိ
    http://wikitravel.org/en/New_Zealand

    နှင်းတွေကျတဲ့၁၂လပိုင်း ကျရင် ခန်းဆိုင်းက ဘော်ဒါဒွေဆီသွားပြီး
    နိဟွန်းရှု ..ပူပူလေး သွားသောက်ရဦးမယ်လေ..
    သူတို့ဆီ မရောက်ဖြစ်သေးဘူးမလား..
    http://wikitravel.org/en/New_Zealand

    သည်နှစ် ခရီးသွားရာသီကတော့ …ရက်ပြည့်နေပါပြီဗျာ…
    သိပ်ချစ်ဖို့ကောင်းတဲ့ စကီလေးဒွေရှိတဲ့ …ဟောသည့်မြို့ကိုတော့
    အားနာနာနဲ့ နောက်နှစ်ထဲ ရွှေ့လိုက်ရပါကြောင်း..
    http://wikitravel.org/en/Seoul
    ခုခိခုခိ…

    ဇဂါးမစပ် တယောက်သောသူကလေးနဲ့ သွားမှာဖြစ်ပါဂျောင်း…
    (မှတ်ပလား…)

    • Khaing Khaing

      July 24, 2012 at 3:38 pm

      မကြားချင်ဘူး မကြားချင်ဘူး နားပိတ်ထားတယ် ……… စိတ်ထိခယက်ပါတယ်အေ ….. နာကကြွားတာမဟုတ်ဘူးအေ့ နာ့လိုသူများတွေ အချဉ်ဖမ်းမခံရအောင် ပြောပြတာ ညည်းအေ မုဒိတာလေးပွားပြီး စိတ်ကောင်းလေးနဲ့ကျုပ်ပို့စ်လေးကို ဖတ်ကြည့်ပါလားအေ …. လက်မလေးကို လည်းအောက်စိုက်လိုက်ပါဦး မေ့နေမှာစိုးလို့ သတိပေးတာနော် …… မနာလိုမ တိုဂီ

      • Solid_Sn@ke

        July 24, 2012 at 3:43 pm

        ပိုစ့်ပိုင်ရှင်အိ ဆန်ဒ အရ
        😀

        • Khaing Khaing

          July 25, 2012 at 12:35 pm

          (၃) ပုဒ်တင်ပြီးမှ သတိဝင်သွားတယ် သတင်းဖြစ်လို့ အလုအယက်တင်လိုက်တာ ….. ပို့စ်(၃)ခုဖြစ် သွားတယ် ……. သိပ်ပြီးလျှာရှည်တယ် မိကျောင်းမဂီ …….. ကျုပ်က တစ်နေ့တစ်ပုဒ်တောင် အနိုင်နိုင်တင်တာအေ့ …… တင်ချင်လို့တင်တာမဟုတ်ဘူး …. တကတည်း ……..

        • Solid_Sn@ke

          July 25, 2012 at 12:41 pm

          စွာအိတာ…
          စည်းကမ်းကစည်းကမ်းဗျဲ..
          ညည်း..ပိုစ့် အက်ဒစ်လုပ်ခွင့်ရတယ် မဟုတ်လားအေ့..
          ပထမပို့စ်မှာ ပေါင်းတင်ပေါ့.. သဒင်းဒါ့ပုံကို..

          ဇဂါးမစပ် ညည်းသင်္ဘောသီးလေးကို
          နောက် ကို မကောင်း မပြောတော့ဝူး လို့ ဂတိပေးပါတယ်အေ…..

          (ဂလောက် စွာတဲ့မိန်းမ ရထားလို့ ..သနားဟားဟား လို့..)

          😀
          ဒက်ဂလောက် ဒက်ဂလောက်..

        • Khaing Khaing

          July 25, 2012 at 1:22 pm

          သိဘူးအေ့ ကျုပ်က အက်ဒစ်လုပ်လို့ရတယ်မရဘူးဆိုတာကို ………. စွာတော့ဘာပြုလဲ ညည်းတောင်စွာသေးတာပဲ ……

    • သန်းထွဋ်ဦး

      July 24, 2012 at 10:19 pm

      အားကျပါဘိ ကိုဂီရေ။
      မမခိုင်ခိုင်ရေ ဒါပုံလေးတွေပါရင် သိပ်ကောင်း
      မှာဗျာ။

      • Khaing Khaing

        July 25, 2012 at 9:55 am

        အဟီး …… ဒါပုံတင်ရင်မနာလိုဖြစ်ပြီး ကြွားတယ်အပြောခံရဦးမယ် ….. မယ်ဂီတို့က ရူခင်းပုံချည်း သက်သက်ကမရိုက်ဖြစ်ဘူးရှင့် …… ကိုယ်ကကင်မလာမကိုင်တော့ ကိုင်တဲ့သူရိုက်ပေးတာကို ခံနေရလို့ပါ …….

        • Solid_Sn@ke

          July 25, 2012 at 9:58 am

          မယ်ဂီကဘယ်နားကပါလာပြန်ရသတုန်း
          ဇဂါးမစပ် မနေ့ကဂျီးတော် ၃ပုဒ်တင်တယ်နော
          မအားလို့ခုမှမန့်လိုက်ပါရဲ့
          နောက်ကျုဆင်ဂျင်ဘာ
          ဒါဗျဲ

    • Foreign Resident

      July 25, 2012 at 8:05 am

      ဂီဂီ ၊ ဩဇီ ကိုရော ဘယ်တော့ လာမလဲ ။

  • mamanoyar

    July 24, 2012 at 3:17 pm

    အင်း အခုခေတ်ကလဲ အချောင်ပဲလိုချင်နေကြတာ
    ဘယ်မှကိုမသွားရဲလောက်အောင်ပါပဲ

    • Khaing Khaing

      July 25, 2012 at 9:57 am

      ဟုတ်တယ် မမနိုရာရေ ….. လူတွေကစိတ်ထားလေးတွေမဖြူစင်တော့ဘူးရယ် ….

  • snow white

    July 24, 2012 at 3:54 pm

    ဒိပို့စ်လေးကိုဖတ်ခြင်းဖြင့် ညီမလေးတို့သွားဖြစ်ခဲ့ရင်လည်း အညာမခံရအောင် ကိုယ့်ကပြန်ပြီး ညာချခဲ့မယ် ဟိဟိ မမခရီးသွားရတာ ပျော်တယ်ဆိုရင်ညီမလေးတို့လည်းပျော်ပါတယ် အေးချမ်းစွာပြန်ရောက်လာပြီပေါ့ဒါဆို ရန်ကုန်ကို။။

    • Khaing Khaing

      July 25, 2012 at 10:01 am

      ပြန်ရောက်လာပြီစနိုးရေ ….. အမှန်ပြောရရင်တော့ မပျော်တဝက်ပျော်တဝက်နဲ့သွားခဲ့တာ အမြန်လမ်းကို မသွားဖူးတော့ ကြောက်တယ်စနိုးရယ် … ဒါနဲ့ကားစထွက်တာနဲ့အမကလက်အုပ်ချီ ပြီး မေတ္တာပို့တဲ့အလုပ်ကို လုပ်တယ် ခရီးလမ်းတလျှောက်အန္တရာယ်ကင်းအောင်ပေ့ါ ……… လမ်းမှာ အိပ်တောင်မအိပ်ဘူး ကြောက်လို့ …….

  • ko khin kha

    July 24, 2012 at 4:31 pm

    မခိုင်ခိုင်ရေ။ မန်းရောက်တုံးဧည့်ဝတ်မပြုလိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။
    မင်းကွန်း ကားလမ်းကထက် ရေလမ်းကသွားရတာလဲ တစ်မျိုးအရသာပါဗျာ။

    • Khaing Khaing

      July 25, 2012 at 10:03 am

      ကိုခင်ခက မန်းလေးကလား အခိုင်က ဘယ်သူတွေဘယ်ကမှန်းမသိဘူးရယ် … ရေလမ်းသွားရတာ အချဉ်ဖမ်းခံရလို့ စိတ်အနှောင့်အယှက်ဖြစ်တာတစ်ခုကလွဲရင် ပျော်စရာကောင်းပါတယ် ……….

  • မခိုင်
    ကျနော်တင်ပြီးသားလဲထပ်တင်ပေါ့။
    ကိုယ်ရောက်ချိန်နဲ့သူရောက်ချိန် တူတာမှမဟုတ်တာ.။
    ကျနော်ဆိုသူများတင်ပြီးသားကိုတင်ခြင်ရင်

    …………………………..နောက်ကလိုက်ခြင်းဆို တင်ထည့်လိုက်တာပဲ။
    သမုဒ္ဒရာရေ တစ်ယောက်ထဲသောက်လို့ကုန်တာမှမဟုတ်တာနော်။

  • ကျနော်က ဆောင်းတွင်းဆိုရင် ရေလမ်းကသွားရတာ ပိုသဘောကျတယ်။
    မြစ်ပြင်မှာဆောင်းနှင်းငွေ့တွေထနေတတ်တာလေ။.
    နွေမှာဆိုရင်တော့ ကားလမ်းက ဆိုင်ကယ်နဲ့သွားတယ်။
    အန္တရာယ်များတဲ့နေရာ နှစ်နေရာတော့ရှိတယ်။
    ရွာအဝင်ကုန်းဆင်းလမ်းကြီးတစ်ခုရယ်
    တစ်ဆစ်ချိုးကွေ့တွေရှိတဲ့နေရာရယ်။
    ကားလမ်းက သွားရင်းကြက်ဒေါင့်ကန်ကိုပါရောက်တယ်။
    နောက်ပြီးဧရာဝတီမြစ်နံဘေးက ကပ်သွားရတာမိုက်တယ်။

    • Khaing Khaing

      July 25, 2012 at 10:05 am

      မင်းကွန်းခရီးမှာ လေးပေါက်တို့ နယ်ခံတစ်ယောက်ယောက်ပါရင် ပိုကောင်းမှာနော် ……… ဓာတ်ပုံမတင်တာက လူပုံတွေပါနေလို့ …. နောက်တစ်ခုက လေးပေါက်တို့လို လွတ်လွတ်လပ်လပ် မရိုက်နိုင်ဘူးလေ တိုးလိုးတွဲလောင်းနဲ့ ထင်တိုင်းကျဲလို့မရဘူး ……..

  • etone

    July 24, 2012 at 4:48 pm

    မခိုင်ရေ… အသေးစိတ်ရေးပြတာ ကျေးဇူးပါနော် … ။ ကိုယ်တိုင်သွားရောက်သလို ခံစားမိပါတယ် ။
    တနပ်စားကျန်သူတွေ များလာတာ မဖြစ်သင့်ပါဘူး …ဘုရားဖူးလာတဲ့ခရီး … ဒီလိုလူတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတာာပေါ့ … ။လူခံမပါတော့လည်း .. အချဉ်ပဲဆိုပြီး … လုပ်လိုက်တာ နေမှာပါ… ။
    စိတ်ဓါတ်တွေ သိမ်ဖျင်းနေသမျှ ဘာလုပ်စားစား ၊ မကြီးပွားပါဘူး …. ။

    • Khaing Khaing

      July 25, 2012 at 10:07 am

      နောက်ဆို သူငယ်ချင်းတွေစုပြီးသွားချင်တယ် မမတုံ …….. မမတုံအပျိုကြီးဘဝက ကျွတ်တဲ့အချိန်ပေ့ါလေ ……….

      • etone

        July 25, 2012 at 3:04 pm

        အွန် … ကိုကြောင်ဝတုတ်နဲ ့အကြံတူနေပါလားအေ ………။ 🙁

        ခရီးသွားချင်လွန်းလို့ ….. မနက်ဖြန် ၊ သဘက်ခါ ဆို……… ယောကျာ်းယူရတော့မယ်ကိန်းပဲ …… ။
        ထူးပါဘူးအေ .. နောက်လည်း ယူရမယ့် အတူတူ …စောစောယူထားလျှင် အိမ်ကရှာကျွေးရ သက်သာတာပေါ့ ….. ခွိခွိ …. ။ 😛

        • Khaing Khaing

          July 25, 2012 at 3:18 pm

          အမြင်မှန်တွေ တစ်ယောက်တာ့ရသွားပ …… အောက်က ဒေါ်ပန်ပန်တို့ ဒေါ်ရို့စ်မင်းတို့ အတုခိုးစေသတည်း ……..

        • Solid_Sn@ke

          July 25, 2012 at 3:23 pm

          ဇဂါးမစပ် ..ဒါ ဘုရားဖူးပိုစ့်နော်…
          မေ့သွားမှာစိုးလို့ပါ….

        • pan pan chit

          July 25, 2012 at 3:43 pm

          ပြောပလိုက် ကိုဂီ
          ပြောပလိုက် :mrgreen:

      • Rose Minn

        July 25, 2012 at 4:15 pm

        ဟေ့ ဂီ ဘုရားဖူးရင်းလိပ်ဥတူးတဲ့ စကားပုံမေ့နေမှာစိုးလို့ သတိပေးလိုက်တာ နော်။ 😛

        • Solid_Sn@ke

          July 25, 2012 at 4:20 pm

          အလုပ်ခေါ်စာလည်းတူး
          ဘုရားသွားလည်းတူး
          သစ်ကိုင်းကျိုးကျလည်းတူး
          မိုရွာလည်းတူး
          နေပူလည်းတူး

          တူး. တူးနိုင်လွန်းပါတယ်အေ. အနှီပိုစ့်ပိုင်ရှင်ကတော့

  • ဘုဂလန့်

    July 24, 2012 at 7:36 pm

    ကျေးဇူးပါရှင့် အခုလိုအသိပေးတော့ သမီးတို့လို မရောက်ဖူးသေးတဲ့သူတွေ
    သွားရလာရ အဆင်ပြေသွာတာပေါ့။ကိုယ်ကသိထားရင် ဘတ်ကီးရိုက်လို့မရတော့ဘူးပေါ့နော်။

    • Khaing Khaing

      July 25, 2012 at 10:09 am

      သမီး လန့်လန့်ရေ ….. သေချာမှတ်ထားနော် အန်တီပြောတာကို ……. သမီးတို့လို လူငယ်တွေက ပိုသတိထားရတယ်ကွဲ့ ………..

  • မဟာရာဇာ အံစာတုံး

    July 24, 2012 at 8:21 pm

    မာမီရေ ..
    (ဘဲဥမ ကို အားကျလို့ .. ခွီခွိ 😀 )
    မာမီရဲ့ ခရီးသွားပို့စ်ကို အားပေးသွားပါဒယ် …
    မာမီကြောင့် သများဒို့ သွားရင် အညာမခံရတော့ဘူးပေါ့ ..
    အဲ့ အင်ဖော်မေးရှင်းအတွက် ရှဲရှဲပါဂျ ..
    ဂယ်ဒေါ့ .. ဘုရားဖူး ခရီးတွေမှာ အဲ့လိုတွေ ဖြစ်သင့်ဘူးရယ် ..

    • Khaing Khaing

      July 25, 2012 at 10:10 am

      မာမီတွေခေါ်တာများရင် နောက်ထပ်သမီးတစ်ယောက်မာမီမွေးရတော့မယ် ……… သားသား အံ ကိုမာမီစိတ်ဇိုးတယ် ….. မာမီခရီးသွားတုန်း ပို့စ်အသစ်တင်တယ် မာမီမနည်းမှီအောင်လိုက်ဖတ် နေရတယ်ကွယ် …….

    • ဘဲဥ

      July 25, 2012 at 10:13 am

      မာမီဆိုတဲ့ စကားလုံးကို ရုတ်သိမ်းပေးဖို့ ရာဇသံပေးဘာဒယ်
      အဲ့ဒီစကားလုံးက ဥဥတစ်အူးထဲအတွက် မူပိုင်ပေးထားဘာဒယ် 😆

  • မောင်ပေ

    July 24, 2012 at 9:54 pm

    တုတ်တုတ် နဲ ့ဘုတ်ဘုတ်
    ဂလုတ်ဂလုတ် နဲ ့လှုပ်တုတ်
    အိုးပုတ် နဲ ့ချိုးရုပ်
    ဖိုးတုတ် နဲ ့မိုးကုတ်
    မျိုးထုပ် နဲ ့ပျိုးလုပ်

    • Khaing Khaing

      July 25, 2012 at 10:11 am

      အူးအူးပေ …… အူးအူးရဲ့ဂုဏ်ပုဒ်တွေကို သမီးကြွားပေးမယ်နော် …… အခုက နေကြာစေ့စားရင် ဖက်ကြမ်းကိုင်ကာ မန့်နေပါသည် ………..

  • TTNU

    July 24, 2012 at 10:50 pm

    ခိုင်ခိုင်ရေ…
    မန ္တလေးရောက်ခဲ့တာလား။
    ကိုပေါက်တို့လည်းဧည့်သည်လာရင် ဖုန်းဆက်ပြီး
    ရောက်လာတတ်ကြပါတယ်။
    တီချာအတန်းချိန်လေးတွေ ရှောင်ပြီးရောက်အောင်
    လာလိုက်ကြတာပါ။

    အားချိန်တွေမတိုက်ဆိုင်သွားလို့ ရှိရင်တော့ ကိုပေါက်
    ဖုန်းဆက်သတင်းပေးတတ်ပါတယ်။ တီချာတို့လည်း
    သူ့ပဲနှိပ်စက်နေရတာပါပဲ။ အလှူငွေကောက်ခံချိန်ဆိုလည်း
    သူခန္ဓာကိုဝဝကြီးအားမနာပဲ လိုက်ကောက်၊ဘဏ်အပ်လုပ်ရရှာတာ။
    ကချင်မူလတန်းကျောင်းလေးအတွက်လည်းမောင်ပေနဲ့ နှစ်ယောက်သားလှုပ်ရှား
    နေကြတယ်ထင်ပါရဲ ့။

    ဒီတစ်ခါလာရင် ဝင်လာပါနော်။
    မေတ္တာဖြင့်
    TTNU

    • Khaing Khaing

      July 25, 2012 at 10:14 am

      ဆရာမ မောင်လေးပေါက်က ဆရာမမန်းလေးမှာရှိတာမပြောဘူးရယ် သိလား ……. တပည့်မ ရန်ကုန်ရောက်မှ ဆရာမကမန်းလေးကဆိုတာကိုသိခဲ့တယ် …… မောင်လေးပေါက်ကို နာနာလေး ရိုက်ပေးပါဆရာမ …….

      မန်းလေးက သူငယ်ချင်းတွေရဲ့ဖော်ရွေမှုကို အရမ်းဝမ်းသာကြည်နူးမိတယ် ….. လေးပေါက်ဆို အလုပ်မအားတဲ့ကြားက သမီးတို့ဘယ်ရောက်ရောက်အပြေးလေးရောက်လာနိုင်တာကို အရမ်းကျေးဇူးတင်အားနာမိတယ် …… ရန်ကုန်ရောက်ရင် ကိုယ်ကအဲသလိုဧည့်ဝတ်မကျေနိုင်မှာ ကိုပဲစိုးရိမ်မိတယ် ………

    • pooch

      July 25, 2012 at 10:28 am

      တီချယ်ရေ အနော်ကတော့ သိပါရဲ့ နဲ့ မတွေ့ဖြစ်လိုက်ဖူး ။ အကြောင်းကြောင်းကြောင့်။
      ခွင့်လွှတ်ပါ ခိုင်ခိုင်ရေ။

      နောက်ပြီး ဒီလို အချဉ်ဖမ်းခံလိုက်ရတယ် ဆိုတော့ စိတ်မကောင်းဘူး ။ အမသာဆိုရင် လည်း သွားနေကျ မဟုတ်လို့ သိမယ် မထင်ပါဘူး ညီမရေ။

      • Khaing Khaing

        July 25, 2012 at 12:38 pm

        အမပု လူကိုပဲတွေ့ချင်တာပါ …… ဒါပေမယ့် ညီမလေးတွေက ဓာတ်ပုံကိုပြပါတယ် မမပုပုံလေ ……. လက်ဆောင်ပေးတာ ကျေးဇူးပါ အားလည်းနာပါရဲ့လက်ခံလိုက်ရတာ …….

  • pan pan chit

    July 25, 2012 at 11:04 am

    မမခိုင်လေး
    အနော့်တွက် ဘာမုန့်တွေများဝယ်လာခဲ့လဲ 😀
    ဒါနဲ့ တို့လို့တွဲလောင်းတွေနဲ့ ထင်တိုင်းကျဲမရဘူးဆိုတော့ ထင်တိုင်းကျဲချင်ရင် တို့လို့တွဲလောင်းဖြစ်အောင်မလုပ်နဲ့ပေါ့
    အနော်တို့ဆို ဘယ်လောက်လွတ်လပ်လိုက်သလဲ 😛
    နောက်တခု၊ မမတုံအပျိုကြီးဘွကကျွတ်မှဆိုတော့၊ အဲ့ဒါဘာသဘောဒုန်း
    မမတုံ မင်ဂါမဆောင်သရွေ့ သယ်ဂျင်းတွေစုပြီး ခရီးမထွက်ဘူးလို့ပြောချင်တာလား
    ဒါမှမှုတ် မင်ဂါဆောင်ပြီးသားစုံတွဲတွေချည်းပဲ ခရီးသွားချင်တာလား
    တစ်ယောက်သမားတွေကိုနှိမ်ချင်တဲ့ ဆန္ဒလား
    အဆင့်အတန်းခွဲတဲ့သဘောလား
    ရှင်းရှင်းလုပ်ဘာာ 👿

    • Khaing Khaing

      July 25, 2012 at 12:48 pm

      သူများအပြောမခံနိုင်ရင် ကြိုးစားလိုက် ကလေးနောက်တစ်ယောက်ထပ်မွေးပြီးစောင့်နေမယ် … ဒါပဲ …….. မမတုံကိုစောင့်ပြီး ခရီးထွက်ချင်တာတော်သေးတယ် ….. မမအုံဆိုရင်တော့ တသက် မထွက်ရဘူးမှတ်ဘာ …….

      • Rose Minn

        July 25, 2012 at 1:11 pm

        အတွဲတွေပဲ ခရီးထွက်ရမယ်ဆိုရင် ငါမလိုက်တော့ပါဘူး။ ငါ့ကို ချွင်းချက်အဖြစ်လိုက်ခွင့်ပေးရင်တော့လိုက်မယ်။ ငါ့ကိုတစ်ယောက်ထဲတော့မထားနဲ့ နော်။သယ်ရင်းတို့ရယ်။ သနားစရာလေသံဖြင့်ပြောခြင်း 😀

      • pan pan chit

        July 25, 2012 at 1:12 pm

        မမအုံရေ..
        ဒီမှာ မမခိုင် မမအုံကို တုတ်နဲ့ထိုးနေဘီ
        အထင်သေးချက်တော် :mrgreen:

        • Khaing Khaing

          July 25, 2012 at 1:32 pm

          ဘယ်သူ့ကိုမှ ဒုတ်နဲ့မထိုးဘူး ……. အပြောမခံနိုင်ရင် ကြိုးစားကြ …..ဒါပဲ

        • pan pan chit

          July 25, 2012 at 1:52 pm

          ဘာာာာ!!!
          ကတောက်စ်စ်!!!!!
          ကလေးတွဲလောင်းနဲ့ဆိုတော့ ပြောအားရှိတယ်ပေ့ါ :mrgreen:

  • ပင်လယ် ပျော်

    July 25, 2012 at 12:55 pm

    ရန်ကုန်ရောက်ရင် အကောင်းဆုံးပြုစုပါ့မယ်

    • Khaing Khaing

      July 25, 2012 at 1:00 pm

      ဘယ်သူ့ကို ပြုစုမှာလဲ တိုတိုပျော် …… သများကိုလား …. အဟိ

    • သူရဇော်

      July 25, 2012 at 1:09 pm

      နပေါကြီး ပင်လယ်ပျော်ကြီး……

  • သူရဇော်

    July 25, 2012 at 1:10 pm

    တစ်ခုမေ့ခဲ့တယ်ဗျ ပင်လယ်ပျော် နှာဂိုဒေါင်ကြီး ခုခုခိခိ

  • သူရဇော်

    July 25, 2012 at 1:11 pm

    မေ့ခဲ့လို့ဗျ ကုန်သည်ညီနောင်အကြီးကောင်ကြီး ခိခိ

    • Khaing Khaing

      July 25, 2012 at 1:16 pm

      ဒီမယ် ကိုသူရဇော် (ငမဲကတုံးငပြောင်တုံး) အားအားယားယား စာတစ်ကြောင်းစီမန့်ပြီး သူကြီးစီ ကအမှတ်မယူပါနဲ့ ……. တန်ဖိုးရှိတာကိုမန့်ပါ ….
      9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
      11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
      12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊
      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      ဒါတွေကို သေချာနားလည်အောင် ဖတ်ပါ ကိုသူရဇော် ….. (နှာဘူး)

      • သူရဇော်

        July 25, 2012 at 1:22 pm

        ဒီမယ် ဒေါ်ခိုင်ခိုင် ဒေါ်ကြိုင်ကြိုင်နဲ့ နာမည်ခပ်ဆင်ဆင်ဆိုပီး လာမပြောပါနဲ့……. ကျုပ်က သူရဗျ သူရဆိုတဲ့နာမည်ကလဲ ဘယ်နေရာမှာ ဘာဆိုတာ သိတယ်မဟုတ်လား….. သူကြီးနဲ့ ကျုပ်က အမျိုးတော်သဗျ….. သူကြီးက ကျုပ်ကို ဒီဆိုဒ်ထဲမှာ လုပ်ကိုင်ခွင့်အပြည့်အဝပေးထားတယ်…… ဘာပဲလုပ်လုပ်တဲ့….. ဒီတော့ ဒီမယ် ဒေါ်ခိုင်ခိုင် အစနရှာမရတဲ့ပြဿနာတက်သွားချင်သလားပဲပြောပါ…… ဟွင်းဟွင်းဟွင်း……

      • Solid_Sn@ke

        July 25, 2012 at 1:22 pm

        အစကတည်းက ထင်တော့ထင်သား…
        စကားမစပ် ..
        အူးလေး ပင်လယ်ပျော်ရေ ….
        နဂိုယား ကို ကမ်းကပ်ရင်ပြော…
        အူးလေးကို ပြုစုမယ်….
        မောင်ဂျီး မပြန်နိုင်ဖြစ်သွားဘာဘီကွယ် …
        ဆိုတဲ့ အထိ…
        (မပြန်ချင်ရင်လည်းပြော..မပြန်ရအောင် ဟီဟိ…
        နောက်မှ ဆက်ပါမယ်လေ..)

        ခိခိ….
        ခေးမလေးဒွေ သိပ်..ဟိတ်ဟိတ် သဘောကောင်းကြပါတယ်ဗျာ..
        သည်မှာ ယမ်းပုံမီးကျ ဒေါသအိုးဂျီးတွေ မရှိဘူးခည ….
        :mrgreen:

        • Khaing Khaing

          July 25, 2012 at 1:30 pm

          ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ……….

  • ပင်လယ် ပျော်

    July 25, 2012 at 2:30 pm

    ုုရိုးရိုးလေး တွေးပြီး ဘုရားဒကာ လို ့ပြောတာ ကျေးဇူးပါ………..

  • amatmin

    July 25, 2012 at 3:41 pm

    ရောက်ဖူးချင်နေတဲ့ မင်းကွန်းခရီးစဉ်အကြောင်းလေးလည်းဖတ်ရင်း..
    ဆော်ကြ နှက်ကြကိုလည်း အားပေးရင်း..
    ဖတ်သွားပါတယ်ဗျနော် (အမုန်းဆုံးစကားကိုတမင်ထဲ့ပြောပါ၏.) 😛
    ဒါနဲ့ တုတ်ထိုးဆိုင်ဘယ်တော့ ဖွင့်မလဲ ဟင်င် 🙂

    • Khaing Khaing

      July 25, 2012 at 4:09 pm

      ပို့စ်တင်တာ အားလုံးကို ကိုယ့်လိုမဖြစ်အောင်စေတနာပါ …. အောက်ကနေ မုဒိတာပွားကြတာတော့ မတတ်နိုင်ဘူး ……..

      တုတ်ထိုးဆိုင်ဖွင့်ရင်ရှင်အားပေးမှာလား ..

  • k h

    July 26, 2012 at 1:40 pm

    လှေသမားညာချခံရတာက ကိုအလို့ပါ။တုတ်တုတ်သမားကူညီတာလည်းထည့်ရေးစေချင်တယ်။ကိုမေ့ခဲ့တဲ့အထုပ်ကိုရှာပြီးပြန်ပေးတာတော့ထည့်ရေးသင့်တာပေါ့။ဒေသတစ်ခုအကြောင်းရေးရင်ကောင်းတာဆိုးတာမျှတအောင်ရေးသင့်တယ်။

    • Khaing Khaing

      July 26, 2012 at 2:14 pm

      အဲ ……. တန်အောင်လုပ်တာလေ တန်အောင် ……. အထုပ်သွားရှာပေးတော့ သူ့ကိုပေးရတဲ့ တစ်ထောင်က တန်သွားတာပေ့ါ သိတယ်မှတ်လား ……..

Leave a Reply