***တောက်***

လောကဓံ အောက်က
“တောက် “ခတ်သံ …
ပို့ (စ် )မော်ဒန် … ဆန်နေသလား  …

မြင်းခွာတစ်ချက်ပေါက်ရင် …
မီးဟုန်းဟုန်း တောက်စေရမယ် တဲ့ 
အဲဒီ ..” တောက် “ခတ်သံ ကစခဲ့တာလေ ..

“တောက် “ခတ်သံ တွေ …
အထွဋ် အထိပ် ရောက်ခဲ့လို့ 
ရေနံမြေ သပိတ်ဆိုတာ ..ပေါ်ပေါက်ခဲ့ရ …

ကမ္ဘာ ကို မြေလှန်ရှာ ကြည့် ….
မြန်မာလူမျိုး ရဲ့.. ” တောက် “ခတ်  သံ
ဒါ ..   လွတ်လပ်ကာရန် ပါဘဲ …

စနစ်ဆိုး ကို …..ရိုက်ချိုးခဲ့ ဘူးရဲ့ ..
ဖက်ဆစ် ကို … သတ်ပစ် ခဲ့ဘူးတယ်
မခံချင် စိတ်ရဲ့ ….  ဂီတသံ
ဒါ … မြန်မာ့  ကိုယ်ပိုင်သံစဉ် ပေါ့ …

ရှစ်လေးလုံး ရဲ့ … ” တောက် “ခတ်သံ ဟာ
ဒီမိုး ကို ရေစီးစေခဲ့ ….
ဒီအမျိုး ကို ….
စုစည်းစေခဲ့  ….
မြေကြီး လက်ခတ် မလွဲ မယ့်
မနက်ဖြန် ကို …
နှင်းဆီ ရောင်သန်းစေခဲ့ တယ်လေ …

ကမ္ဘာမှ …  မြန်မာတစ်မျိုးထဲ ..
“တောက် “ခတ် တတ်တယ် တဲ့  …
ဒို့ ဂီတ …. ကို
ဘယ်သူမှ … ခိုးချလို့ မရဘူး …
ဘယ်သူမှ … ဘာသာပြန်လို့ မရ ဘူး…
ဒါကဗျာ .. တစ်ပုဒ် ရွတ်တာထက် .. ပိုလို့ ချိုတယ်

စိုးလွင်လွင် လည်း … တောက်ခတ်ရင်း ..
သီချင်းဆို ဘူးတယ် …
မင်းကိုနိုင် လည်း …. တောက်ခတ်ရင်း ..
ကဗျာ စပ်ဘူးတယ် …
ဒီ.. ဂီတ ဟာ ..
အမှန်တရား ဘက် ရပ်ခဲ့တဲ့ … ရာဇ၀င်တွေကို
သံစဉ် ရှာပေးခဲ့တာ ပ….

ခင်ဗျားး ….  မြန်မာ မှန်ရင်
ဘာသာ ပြန်တတ်ပါလိမ့်မယ် ….
ဒါ … ပို့ (စ် ) မော်ဒန် ကဗျာတစ်လို
ဖင်ကုတ် ခေါင်းကုတ် ပြီး …
အဖြေထုတ်စရာ မလိုတဲ့  …
အမျိုးသားရေး … တေးတစ်ပုဒ် ဖြစ်တယ်ဆိုတာ …။။။။။

About maung khinmin

maung khinmin has written 85 post in this Website..