1 ထော်လာဂျီပေါ်မှာ ပျော်ရှာပါသည်
အကွေ့အ၀ိုက်မပါ ဓလေ့စရိုက်ဖြူစင်ရှာသူ
ဈေးအပြန်လုံမေများက လက်ပြလို့သွား…………………..

2 အမူရယ်မပို
သူလိုရာခရီးရောက်ချင်တော့
ရှက်နိုင်ပေါင် လက်ခိုင်အောင်
သံတိုင်ဆွဲပါလို့
မတ်မတ်ကွယ်အဖော်တစ်သင်းရယ်နဲ့
ရွာကိုပြန်ခြင်း…………………….

3 အပြန်လမ်းမှာ တွေ့ခဲ့တဲ့ ကျနော်နဲ့တစ်လမ်းထဲခရီးသွားခဲ့တဲ့ တိုင်းရင်းသားညီအကိုတွေပါ

4 မတ်တပ်ရပ်လိုဖြစ်သလို။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

5 မိုးမှုန်မဲမဲ မှာ လုပ်ငန်းခွင်ကပြန်လာတဲ့နွားလှည်းကလေး

 

 

6 ကျောင်းအပြန်

 

7 နွားနဲ့ကျောက်ဆောင်

 

 

8 မြန်မြန်လေးအိမ်ပြန်ရောက်ဘို့ အရေးကြီးတယ်

 

9 တစ်ကိုယ်တော်ခရီးသွား

 

10 လုပ်ငန်းပြန်ချိန်တစ်

 

11 လုပ်ငန်းပြန်ချိန်2

 

“ကျနော်နှင့်ခရီးသွားဖော်များ”

 

 

 

ကျနော်တောင်ကြီးကနေ မန်းလေးကိုပြန်လာတော့ ရွာငံဘက်ကနေလှည့်ပြန်လာခဲ့ပါတယ်။

တောင်ကြီးကနေ အောင်ပန်းအရောက်မှာ ရွာငံဘက်က သွားတဲ့လမ်းနဲ့ ပုံမှန်သာစည်ဘက်ကသွားတဲ့လမ်း

လမ်းခွဲပါတယ်။

အောင်ပန်းလမ်းဆုံအရောက်  အနောက်ဘက်ကိုဆင်းသွားရင် ကလော ကိုရောက်ပါတယ်။

ကလောနဲ့အောင်ပန်းက ခြောက်မိုင်ဘဲကွာပါတယ်။

ကလောက ဆက်ဆင်းသွားရင်တော့ ၀က်ဖြူရေ ဘု၇ားငါးဆူ သာစည် မိတ္ထီလာ မန်းလေးအစဉ်အတိုင်းရောက်သွားပါတယ်။

မိတ္ထီလာရောက်ရင်တော့ အမြန်လမ်းကနေမောင်းကြတာများပါတယ်။

ရွာငံဘက်ကနေသွားမယ်ဆိုရင်တော့ အောင်ပန်းလမ်းဆုံကနေမြောက်ဘက်အတိုင်းလိုက်ရပါတယ်။

ပင်းဒယကိုသွားတဲ့လမ်းပေါ့။

အဲဒီအတိုင်းလိုက်သွားပြီး လမ်းခွဲရောက်တဲ့အခါ အနောက်ဘက်ဆင်းလိုက်ရင် ရွာငံရောက်ပါတယ်။

ရွာငံကိုဖြတ်သွားပြီးရင် သရက်သီးကောင်းတွေထွက်တဲ့ ဟန်မြင့်မိုရ် အဲဒီကမှကျောက်ဆည် စဉ့်ကိုင်

မန်းလေးပေါ့။

ခါတိုင်းလမ်းက ညမှသွားတော့လမ်းမှာအတူခရီးသွားဖော်တွေကို မတွေ့ရ။

ဒီတစ်ခါတော့နေ့လည်ခင်းသွားတဲ့အခါ လမ်းတစ်လျောက်ရွာစဉ်က ကျနော်နဲ့တစ်လမ်းထည်း

ခရီးသွားဖော်တွေကို မြင်ရတော့ မှတ်တမ်းတင်ခဲ့ပါတယ်။

ကျနော်တို့မြို့မှာ ဟိုနားမ၀င်ရ ဒီနားမ၀င်ရနဲ့အကန့်သတ်ခံရတဲ့ ထော်လာဂျီကတော့

ဒီဒေသမှာ အားထားရာ ယာဉ်တစ်စီးပါဘဲ။

ဘတ်စကားပေါ်ထိုင်စရာနေရာမရလို့မတ်တပ်ရပ်လိုက်ရင် မြို့သူားများအဖို့တော့ စိတ်ညစ်စရာတစ်ခု.

ဒီမှာတော့ ဘယ်လိုလိုက်ရ လိုက်ရ လိုရာခရီးအမြန်ရောက်ဘို့အဓိက။

ဘာစီးစရာမှမရှိတဲ့လမ်းဆိုတော့ ခြေလျှင်လျောက်တဲ့အခါ

မင်းဘူးဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်ထုတ်ထဲက “ခြေသာလျှင်ယာဉ်ရှိကုန်၏”ဆိုတဲ့

စာသားလေးကို သတိရတော့ ပြုံးမိပါတယ်။

ဘာပြောပြော ကျနော်နဲ့တစ်လမ်းထဲသွားခဲ့ကြတဲ့ ခရီးဖော်တွေပါဘဲ။

 

ကိုပေါက်လမ်းသလားနေသည်

(8-8-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။

   Send article as PDF