တိတ်တဆိတ် ခြေသံဖော့ဖော့ နဲ့  …
နှလုံးသားသော့ ကို ရိုက်ချိုး
နတ်ဆိုးတစ်ကာင်လို … ရင်ခုန်သံကို
ခိုးယူ သွားပေါ့ ….၊

အိပ်မက်ထဲကို … ကျူးကျော် နယ်ချဲ့ 
စိတ်ကူးပုံရိပ်တိုင်း မှာ …. ကိုယ်ထင်ပြ
အဲဒီက  ……..  စပြီး
ငါ့ … အချိန် ဇယားမှာ  ….
မင်း …. အာဏာရ လာခဲ့တာလေ ….၊

ကျောက်ချထားတဲ့  …. ကြိုးကိုမှ
တည့်တည့် ကြီး ၀င်တိုးခဲ့တော့ ….
ယိမ်းထိုး ခါရမ်း လို့ နေ ……………..ပေါ့
သံယောဇဉ် ရဲ့ ..  ရေအလျင် မှာ
ပဲ့ကိုင်ရှင် ဟာ …. …………
ချစ်ခြင်း ရဲ့ရာဇ၀င် ကို  …. မှတ်တမ်းတင်ဖို့ 
ခရီးစဉ် … ရေးဆွဲနေ ပေါ့ ….၊

မုန်တိုင်းအရိုင်းအစိုင်း တွေ ရဲ့ …
ငါ့ အလွမ်းတွေကို  ….. သယ် သွားစမ်းပါ
နှလုံးခုန်သံ  …. စည်းချက်မြန်မြန် နဲ့  …
မာယာ ပင်လယ်ကို …. ကျော်ဖြတ်ပြီးရင်
သာယာ ယစ်မူးချင်စရာ …
ချစ်သူ့ မျက်နှာလေး …  လို
ကြည်လင် ကောင်းကင်မှာ …
ရင်ခုန်သံ ကို ….ဖြိုချ လိုက်ချင်ရဲ့ …။။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF